Monday, August 11, 2008

ပန်းသီးကို ဒီအတိုင်းစားရအောင်


ငယ်ကတည်းက အသီးထဲမှာ ပန်းသီးကို အနှစ်သက် ဆုံးပါပဲ။ ဈေးကြီးရင်လည်း ၀ယ်စား လိုက်တာ ပါပဲ။ အသီးမှာ သရက် ဆိုတာထက် အသီးမှာ ပန်းသီးရယ်လို့ ကိုယ့်ဒဿန ကို ကိုယ်ပြင်မိပါတယ်။ ပန်းသီးကို စားလိုက်ပြန်ရင် လည်း အခွံမနွှာပါဘူး။ အလုံးလိုက် ရေဆေးပြီးတာနဲ့ ဒီလိုပဲ အခွံပါ စားလိုက်မိပါတယ်။ ဘေးက ကြည့်နေတဲ့ သူရှိနေရင်တော့ တော်တော်လေးကို ငတ်ကြီးကျတာပဲလို့ အပြောခံရမှာ အသေအချာ ပါပဲ။ ဈေးကြီးပေးဝယ် စားတာမို့ အခွံပါ နှမြောတာတော့ မဟုတ်ပါဘူး။ အရသာရှိတဲ့ ပန်းသီးနီ Red Delicious တွေမှာ အခြားပန်းသီး ခုနှစ်မျိုးထက် Antioxidant တွေ ပိုမိုပါဝင်တယ်လို့ လေ့လာ သိရှိရ ပါတယ်။ အနီရောင် ပန်းသီးကို အမေရိကန်မှာ အတွေ့ရ အများဆုံးဖြစ်ပြီး အာနိသင်လည်း အထက်ဆုံးလို့ ဆိုထားပါတယ်။ မျိုးကွဲ ပန်းသီး ရှစ်မျိုးတို့ရဲ့ Antioxidant ပါဝင်မှုကို တိုင်းတာရာမှာ ပန်းသီးနီမှာ ကျန်းမာရေး ကို ဖွံ့ဖြိုးစေတဲ့ဓာတ်တွေ အမြင့်ဆုံး ဖြစ်ကြောင်းနဲ့ များသော အားဖြင့် ပန်းသီးရဲ့ အသားမှာထက် အခွံမှာ ပိုမိုပါဝင်တယ်လို့ သိရှိရပါတယ်။

ဒါကြောင့် ပန်းသီးစားရင် အခွံနွှာမစားဖို့ အသိပေးချင်ပါတယ်။ အခွံမှာ Antioxidant ပိုမိုပါဝင်ပါတယ်။ Antioxidant ဟာ အချို့ရောဂါများကို ဟန့်တားနိုင်သော်လည်း အရေအတွက် တစ်ခုတည်းက အရေးကြီး၊ မကြီး ဆိုတာကိုတော့ ပညာရှင်တွေကသာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဖြည့်စွက် အကြံပြုနိုင်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။

ဝန်ခံချက်။ Mind your body, July, 20, 2005 .

7 comments:

မသက်ဇင် said...

နောက်ဆိုရင် ပန်းသီးကို အလုံးလိုက်ကိုက်စားတော့မယ်။

ဇနိ said...

အခွံမနွှာဘဲ စားတဲ့ မဇနိရဲ့မောင်ကလေးကို ဒီပို့စ်လေးအကြောင်း သတင်းကောင်းပါးလိုက်အုံးမယ်။ ကျေးဇူးပါနော်
မဇနိ

ပန်းခရမ်းပြာ said...

မှန်၏။ အခွံနဲ့ စားမှ ပန်းသီး အ၇သာပိုကောင်းသလိုပဲ။

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီး ပန်းသီးစားချင်စိတ် ပေါက်လာတယ် မောင်လေးရေ။ ဗဟုသုတ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်း)

Dream said...

ဟုတ်တယ်..Dreamလည်းးပန်းသီးကိုအခွံမနွှာပဲအလုံးလိုက်စား
ရတာပဲကြိုက်တယ်..သူနဲ့ပတ်သတ်တဲ့ဗဟုတုတလေးကိုမျှ
ပေးတာကျေးဇူးပါနော်..မှတ်သားသွားပါတယ်

သက်တန့် said...

သိလို့တော့ ဟုတ်ဘူး... ပန်းသီးစားရင် သေချာရေဆေးပြီး အခွံမနွှာဘဲ စားနေကျ... :)

Nge Naing said...

ပန်းသီးအနီကိုတော့ သိပ်မကြိုက်လို့ မစားဖြစ်ဘူး။ ပန်းသီးအစိမ်းကိုတော့ သိပ်ကြိုက်တယ်။ ဒီအတိုင်းလည်း စားဖြစ်တယ်၊ သရက်သီးအစိမ်း မရှိတဲ့ရာသီတွေမှာ သရက်သီးအစိမ်းကို စားသလို ငန်ပြာရည်၊ ငရုပ်သီးမှုန့်နဲ့လည်း အချဉ်သီးစားသလိုစားတယ်။ ပြီးတော့ သင်္ဘောသီး ရှားတဲ့ရာသီတွေမှာ ပန်းသီးအစိမ်းရောင်ကို ထိုင်းသင်္ဘောသီး ထောင်းတဲ့နည်းအတိုင်းထောင်းပြီး ကောက်ညှင်း၊ ထမင်း ဒါမှမဟုတ် မုန့်တီဖတ်နဲ့ စားလို့ရတယ်။ ကျန်းမာရေးအတွက် မဟုတ်ပေမယ့် အချဉ်ကြိုက်တဲ့သူတွေအတွက် အချဉ်စားစရာ တခုတိုးအောင် အကြံပြုလိုက်တာဖြစ်ပါတယ်။