Thursday, November 12, 2020

အေအက်စ်အို (ASO) နှင့် ပိုးလေးဖက်နာရောဂါ

 

အအက်စ်အို (ASO) နှင့် ပိုးလေးဖက်နာရောဂါ 

 


အဆစ်အမျက် နာကျင်ခြင်းသည်   ကျွန်ုပ်တို့ လူသားများ အများဆုံး ခံစားရသောဝဒနာ တစ်ခုဖြစ်သည်။ အစဉ်မပြတ် လှုပ်ရှားသွားလာ နေရသောကြောင့် အခန့်မသင့် ပါက ကိုက်ခဲနာကင် တတ်သည်က ပုံမှန် ဖစ်သည်။ နားနားနေနေ နေလိုက်ခြင်း၊ အကိုက်အခဲ ပျာက်ဆေး တစ်ကြိမ်မျှ သောက်ခြင်း တို့ဖြင့် သက်သာ သွားပါကရာဂါကြီးကြီး မားမား ဖြစ်နိုင်မှု ခက်ခဲနိုင်သည်။

အဆစ်အမျက် ကိုက်ခဲခြင်း သာမကဘဲ အဆစ်အမျက် ရာင်ရမ်း ကိုက်ခဲခြင်း၊ နံနက်အိပ်ရာ နိုးနိုးချင်းတွင် မထနိုင်အောင်၊ အရာဝတ္ထများကို ကိုင်တွယ်လို့ မရနိုင်အာင် ကိုက်ခဲနာကျင် နေခြင်း၊ အဆစ်အမျက်များ သာမကကျာရိုးများ နာကျင် ကိုက်ခဲခြင်း၊ အဆစ်အမျက် နာကျင် ကိုက်ခဲခြင်းက  ရက်သတ္တ နှစ်ပတ်ကျော် သည့်တိုင် မသက်သာဘဲ ပိုပိုဆိုးလာလျှင်  အရေးကြီးသည်။ နီးစပ်ရာ ဆေးရုံ၊ဆးခန်းများကို သွားရောက်၍ ဆရာဝန် တစ်ဦးဦးနှင့်သသေချာချာ တိုင်ပင် ဆွးနွေး သင့်သည်။

Wednesday, November 11, 2020

အကိုက်အခဲပျောက်ဆေး နှင့် အန္တရာယ်

 

အကိုက်အခဲပျောက်ဆေး နှင့် အန္တရာယ်

 


အကိုက်အခဲ ပျောက်ဆေးမှာ စတီးရွိက် မဟုတ်တဲ့ အကိုက်အခဲ ဆေးတွေဟာ ကမ္ဘာတစ်ဝန်း အသုံး အများဆုံးဆေး တွေမှာ ပါဝင်တယ်။ အမေရိကန်နိုင်ငံ မှာ လူဦးရေရဲ့ ၅ ဒသမ ၄ ရာခိုင်နှုန်း လူ ၁၃ သန်း ကျော်မှာ အကိုက်အခဲ ပျောက်ဆေး တစ်မျိုးမျိုး သောက်သုံး နေရပြီး လူ ၁၀၀၀၀ - ၂၀၀၀၀ ဟာ အကိုက်အခဲ ပျောက်ဆေးရဲ့ ဘေးထွက် ဆိုးကျိုးကြောင့် နှစ်စဉ် သေဆုံးလျက် ရှိတယ်လို့ ဆိုတယ်။

          အကိုက်အခဲ ဆေးအုပ်စုထဲမှာ ရှေးယခင်က စတင် ပေါ်ထွက်ခဲ့တဲ့ အကိုက်အခဲ ပျောက်ဆေးနဲ့ ယခု နောက်ပိုင်း ပေါ်ထွက်ခဲ့တဲ့ အကိုက်အခဲ ဆေးနဲ့ စတီးရွိက်ဆေး တွေ ပါဝင်ပါတယ်။

Tuesday, November 10, 2020

ကျန်းမာရေးအတွက် လိုအပ်သော သောက်သုံးရေ

 

ကျန်းမာရေးအတွက် လိုအပ်သော သောက်သုံးရေ 

 


လူတို့၏ ခန္ဓာကိုယ်ထဲတွင် အများဆုံး ပါဝင်ဖွဲ့စည်း ထားသော ဓာတ်သည် ရေဓာတ် ဖြစ်သည်။ ရေသည် ခန္ဓာကိုယ် အလေးချိန် ၏ ၆၀ ရာခိုင်နှုန်း အထိ ပါဝင်သည်။ လူတို့၏ ခန္ဓာကိုယ်တွင် အလွန် မာကျောသည် ဟု ထင်ရသည့် အရိုးထဲမှာပင် ရေပါဝင်မှု ၂၀ ရာခိုင်နှုန်း ရှိသည်ဟု မှတ်သားရသည်။ သွေးထဲတွင် ရေဓာတ် ၉၅ ရာခိုင်နှုန်း ပါဝင်နေသည်။ ခန္ဓာကိုယ်၏ ကလာပ်စည်း တိုင်းတွင် ရေရှိသည်။ ရေမရှိလျှင် ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းမျှ ရှင်သန်နိုင်မည် မဟုတ်ပေ။

          လူ၏ ခန္ဓာကိုယ်တွင် အာဟာရ ပြည့်ဝစေရေး အတွက် နေ့စဉ် အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးပေးရန် လိုအပ် သကဲ့သို့ ရေကိုလည်း နေ့စဉ် အပြည့်အ၀ သောက်သုံး ပေးရန် လိုသည်။ ပုံမှန်အားဖြင့် လူတစ်ဦးသည် တစ်ရက်လျှင် ရေဖြစ်စေ ၊ ဖျော်ရည်ဖြစ်စေ ဂါလန်ဝက်ခန့် သောက်သုံးပေးရန် လိုအပ်သည်။ တခြား အစားအစာ များထဲမှ ဂါလန် တစ်စိတ် ( လေးပုံတစ်ပုံခန့်) ရသည် ဖြစ်သော်လည်း ရေဂါလန်ဝက် ခန့် (ရေသုံးပုလင်း) ပြည့်အောင် နေ့စဉ် ပုံမှန် သောက်သုံးပေး သင့်သည်။

Monday, November 9, 2020

ကလေးမွေးဖွားမှုကိုပါ ဒုက္ခပေးနေတဲ့ ကမ္ဘာကြီးပူနွေးမှု

 

ကလေးမွေးဖွားမှုကိုပါ ဒုကပေးနေတဲ့ ကမာကြီးပူနွေးမှု

 


ကမ္ဘာကြီး ပူနွေးမှုဆိုတာ တဖြည်းဖြည်း နဲ့ သိပ်ကို ကြောက်စရာ ကောင်းတဲ့ အခြေအနေ ဆိုးကြီးအဖြစ်ကို  ရောက်မှန်းမသိ ရောက်လာပါပြီ။ လူတွေက   ဖန်လုံအိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်တယ်။ ကမ္ဘာကြီးက ဖန်ပေါင်းချောင်ထဲ ရောက်နေသလို   အပူချိန်တွေ မြင့်တက်လာတယ်။ အကျိုးဆက်က တောမီးတွေ လောင်တယ်။  ထွက်လာတဲ့ မီးခိုးငွေ့ တွေကြောင့် ကမ္ဘာ့ အပူချိန်ကို  မြင့်တက်စေ ပြန်တယ်။

တောမီး လောင်မှုကြောင့်   သစ်ပင်တွေ ပျက်စီးဆုံးရှုံးပြီး သက်ရှိတွေ အသက်ရှင်သန် ဖို့အတွက်  လိုအပ်တဲ့ အောက်ဆီဂျင် ထုတ်လုပ်မှု နည်းပါးလာပြန်တယ်။ ဂေဟစနစ် တွေလည်း  ပျက်စီးလာပြီး ရာသီဥတုတွေ ကလည်း ကမောက်ကမ ဖြစ်ပြန်ပါတယ်။ ဒီတော့ ကမ္ဘာကြီး ပူနွေးမှုရဲ့ အကျိုးဆက်က  သိပ်ကို ပြင်းထန်လွန်း ပါတယ်။

Saturday, November 7, 2020

အစားလျှော့စားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

 

အစားလျှော့စားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ 


တစ်ရက်မှာ ပါမောက္ခချုပ် ဆရာတော်ကြီးဒါက်တာ နန္ဒမာလာဘိဝ တရားတစ်ပုဒ်မှာ ကြားလိုက်ရ၏။ မတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး တရားတော် များထဲမှာ အစားအသောက်နှင့် ပတ်သက်ပြီးလာကသား တို့အတွက် မှာကြားခဲ့တာ ရှိသည်။ ငါဘုရားသည် တစ်ရက်လျှင် ဆွမ်းတစ်နပ်သာ ဘုဉ်းပေး၏။ ထို့အတွက် ကျန်းမာသည်။ပါ့ပါးသွက်လက် သည်ဟုဖစ်ပါသည်။ န့လွှဲညစာ မစားသည့် အလေ့အထကို  သံဃာတောများစာင့်ထိန်းခဲ့ သည်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ။ ဘာသာရေး ကိုင်းရှိုင်းသည့် ဗုဒ္ဓ ဘာသာဝင်များ သည်လည်း အခါကြီး ရကကြီး များမှာ ဥပုသ်သီလစာင့်ထိန်း ကြသည်။

Thursday, November 5, 2020

အရိုးသန်မာအောင် စားသောက်နည်း

 

အရိုးသန်မာအောင် စားသောက်နည်း 


လူ့ခန္ဓာကိုယ် တစ်ခုလုံး နိစ္စဓူဝမှာ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်၊ သွားလာနိုင်ရေး အတွက် အရိုးနှင့် အရိုးဆက် (အဆစ်အမျက်) များ၏ အခန်းကဏ္ဍ ကလည်း လွန်စွာ အရေးပါလှ ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ ကျန်းမာရေး သုတေသီ များက အောက်တိုဘာ ၁၂ မှ ၂ဝ World Bone and Joint Week အဖြစ် ကျန်းမာသုတ သတိပေးထား ပါတယ်။ အရိုးနှင့် အရိုးဆက် ကျန်းမာရေး ရက်သတ္တပတ် ဆိုသည်မှာ အောက်ဖော်ပြပါ အကြောင်းအရာ ငါးမျိုးကို ရည်ရွယ် ထားခြင်း ဖြစ်ပါတယ်။

          အောက်တိုဘာ ၁၂  - ကမ္ဘာ့အဆစ်ရောင် ရောဂါနေ့  

( World Arthritis Day )

Wednesday, November 4, 2020

ကလေးအသေမွေးနှုန်း ပိုတိုးလာစေနိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါ

 

ကလေးအသေမွေးနှုန်း ပိုတိုးလာစေနိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါ

 


ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ဖို့ ဆိုရင် စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာ အရရော များစွာရင်းနှီး ပေးဆပ်ရ ပါတယ်။ ဒီလို ရင်းနှီးပြီးကာမှ မွေးလာတဲ့ ကလေးက အသေ ဖြစ်နေတယ်၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင် နေစဉ်မှာပဲ ကလေးက သေဆုံးသွားတယ် ဆိုရင် ပထမဆုံး ရင်ကွဲမတတ် ခံစားရတာ မိခင်ပါ။ ပြီးမှသာ မိသားစုက ၀မ်းနည်း ပူးဆွေး ရတာ ဖြစ်ပါတယ်။

          ကလေး အသေမွေးတယ် ဆိုတာ ကိုယ်ဝန်အပတ် ၂၀ အောက်ပိုင်းမှာ သေဆုံးတဲ့ ကလေး မွေးဖွားမှုကို ဆိုလိုပါတယ်။ ကိုယ်ဝန်ဆောင် အယောက် ၂၀၀ မှာ တစ်ယောက် က ကလေးအသေ မွေးနိုင်ပါတယ်။

Tuesday, November 3, 2020

နားကိုက် နားပြည်ယိုခြင်း နှင့် အစားအစာ

 

နားကိုက် နားပြည်ယိုခြင်း နှင့် အစားအစာ 



 နားကိုက်၊ နားပြည်ယိုတာ နားအတွင်း ရောဂါပိုး ၀င်ရောက်လို့ပဲ ဖြစ်ပါတယ်။ နားမှာ အပြင်နား ၊ အလယ်နား ၊ အတွင်းနား ၊ သုံးခုရှိပြီး အားလုံး ရောဂါပိုး ၀င်ရောက်နိုင် ပါတယ်။ နားအတွင်း ရောဂါပိုး ၀င်ရောက်ခြင်းကို ကလေးတွေမှာ အတွေ့ရများ ပါတယ်။ အရွယ်ရောက် သူတွေမှာ အပြင်နား ယားနာ ၊ နှင်းခူ ဖြစ်တတ် ပါတယ်။

          အပြင်နားမှာ နှင်းခူနဲ့ မှိုစွဲခြင်းလို အရေပြား ပြဿနာ ပိုဖြစ်နိုင်တယ်။ ယားယံခြင်း ၊ အရည်ယို စီးခြင်း နဲ့အတူ နားမြောင် ကနေ နားထဲထိ ရောဂါပျံ့နှံ့ နိုင်တယ်။ အနာစိမ်းတွေ တွေ့ရပြီး သေးငယ်ပေမယ့် အလွန် နာကျင် ကိုက်ခဲတယ်။ ပဋိဇီဝဆေး သို့မဟုတ် မှိုသတ်ဆေးရည် တွေကို အပျော့စား ရောဂါနဲ့ နှင်းခူ အတွက် သုံးနိုင်တယ်။ ရောဂါပိုး ၀င်ရောက် ခဲ့ရင် ၊ အနာစိမ်း ဖြစ်လာခဲ့ရင် ပဋိဇီဝဆေး တွေ သောက်သုံးဖို့ လိုအပ်ပါတယ်။ နှင်းခူလို ရေရှည်ရောဂါ ဖြစ်နေရင် အနာ အစအနတွေ ဖယ်ရှားဖို့ ဂရုစိုက် ကုသပေးရမယ်။ နားအတွင်းပိုင်း ရောက်အောင် နားကို ဂွမ်းနဲ့ပိတ်ကာ သန့်စင် ပေးနိုင်ပါတယ်။

Monday, November 2, 2020

ရာသီစက်ဝန်း ကိုက်ခဲခြင်း ဝေဒနာ

 

ရာသီစက်ဝန်း ကိုက်ခဲခြင်း ဝေဒနာ

 


အမျိုးသမီးထုကြီး ၁၀ ဦးတွင် ရှစ်ဦးက ရာသီစက်ဝန်း နာကျင် ကိုက်ခဲခြင်း ဆိုသော ဝေဒနာကို ခံစားကြ ရသည်။ ထိုဝေဒနာ ဖြစ်ရခြင်းမှာ သားအိမ် အတွင်းတွင် ပရော့စတာဂလင်ဒင် ခေါ် မဟော်မုန်း အဆမတန် များပြား လာခြင်းကြောင့် ဖြစ်သည်။ ယင်း အချိန်တွင် ပရိုဂျက် စတိရုန်း ခေါ် မဟော်မုန်း တစ်မျိုး နည်းပါး လာသည်ကို တွေ့ရသည်။ ရာသီစက်ဝန်း နာကျင် ကိုက်ခဲခြင်း ကို Dysmenorrhoea ဟု ခေါ်သည်။

          သားအိမ်နံရံလွှာ တွေကနေ Prostablandin နှင့် Bradykinin ဆိုသော မဟော်မုန်း များ ထုတ်ပေးသည်။ ထိုပစ္စည်း နှစ်မျိုးသည် သားအိမ် ကြွက်သားများကို ညှစ်စေ ၊ ကျုံ့စေခြင်း ကြောင့် သားအိမ် တည်ရှိသော ဆီးစပ်တစ်ဝိုက်မှာ ညှစ်သလို ခံစားရခြင်း ဖြစ်သည်။

Sunday, November 1, 2020

မျှော်လင့်ချက်အတွက် ရှင်သန်နေရဦးမယ့် ဦးနှောက်များ

 

မျှော်လင့်ချက်အတွက် ရှင်သန်နေရဦးမယ့် ဦးနှောက်များ

 


နှလုံးခုန် ရပ်သွားတဲ့ လူတစ်ယောက်ကို သေဆုံးသွား သူလို့ ဆေးပညာအရ သတ်မှတ်ပါတယ်။ အဲဒီနောက် မှာတော့ သေသူရဲ့ ဦးနှောက် ကလည်း လျှပ်စီးပတ်လမ်း လည်ပတ်မှု မရှိတော့ဘဲ သေဆုံးသွား ပါတယ်။

          သာမန်အားဖြင့် ဆိုရင်တော့ လူတစ်ဦး သေဆုံးသွားပြီ ဆိုရင် မြေမြုပ်လိုက်မယ်။ မီးသဂြိုဟ် လိုက်မယ်။ သူ့အတွက် ရည်စူးပြီး ကောင်းမှု ကုသိုလ် တစ်ခုခု လုပ်ပေးလိုက်မယ်။ ဒါဆိုရင် လူတစ်ယောက်ရဲ့ ဘ၀ ဇာတ်သိမ်း က ပြီးသွားပါပြီ။

          ကိုယ်ချစ်ခင် မြတ်နိုးရသူ သေဆုံးသွားတဲ့ အတွက်တော့ ကျန်ရစ်သူ တွေက အကြောင်း တိုက်ဆိုင်တိုင်း လွမ်းမိ နေဦးမှာပါ။ ဖြစ်နိုင်ရန် သေဆုံးသွားသူ တွေကို အသက်ပြန်ရှင် လာစေချင်တဲ့ စိတ်က ကျန်ရစ်သူ တွေမှာ အနည်းနဲ့ အများ ရှိကြပါတယ်။