Thursday, May 8, 2008

မိခင်များသို့ . . .

















ချမ်းသာ၊ ဆင်းရဲ အလှမ်းကွာလည်း
ဘာသာမတူ အယူကွဲပြား လူမျိုးခြားလည်း
အားလုံးသော မိခင် ကျေးဇူးရှင်တို့
အသွင်ခြားနားခြင်း အလျင်းမရှိ . . . ။

မိခင်များ၏ မြတ်မေတ္တာသည်
လမင်းပမာ ကြည်သာလှပါဘိ၊

မိခင်များ၏ ဂရုဏာသည်
ရွာသွန်းမိုးပမာ အေးမြလှပါဘိ၊

မိခင်များ၏ စေတနာသည်
ပင်လယ်သမျှ ကျယ်ပြောလှပါဘိ၊

မိခင်များ၏ အားမာန်သည်
ကျောက်ဆောင်သဖွယ် မာကျောလှပါဘိ၊

မြတ်သောမိခင် အို...မိခင်များကို
ကြည်ညိုညွှတ်နူး မြတ်နိုးပိုလျက်
ဦးခိုက် ပူဇော် ပါ၏ . . . . ။ ။

(မေလရဲ့ ဒုတိယမြောက်တနင်္ဂနွေနေ့မှာ ကျရောက်မယ့်
Mother's Day ကိုကြိုဆို၊ ဂုဏ်ပြုပါသည်။
မွေးမိခင်နှင့် မြင့်မြတ်သော မိခင်တိုင်းအတွက် ပျော်ရွှင်ချမ်းမြေ့ကြပါစေ..။)

3 comments:

Apprenticeship said...

အမေများ အားလုံး ကျန်းမာ စိတ်ပျော်ရွင်စေ...

အညာသား said...

ကဗျာလေး ကောင်းတယ်ဗျာ။ ကြိုက်တယ်။
အမေအားလုံးနှင့်တကွ မြန်မာပြည်သူပြည်သားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

မေသစ္စာမောင် said...

ဒီကဗျာလေးကို ကြိုက်နှစ်သက်မိပါတယ်..။