Wednesday, January 28, 2009

Epinions Top 10

ပစ္စည်းအသစ်အဆန်း ပေါ်တိုင်း ၀ယ်ယူ သုံးစွဲတတ်သူ အိမ်ရှင်မတွေ အတွက် အကောင်းဆုံး ပစ္စည်းတွေရဲ့ Top 10 ကို ဖော်ပြပေးထားတဲ့ ၀က်ဘ်ဆိုက်လေး တစ်ခုကို မျှဝေပေး ချင်ပါတယ်။ ဘယ်ပစ္စည်းက သုံးရတာ အကောင်းဆုံး ဖြစ်တယ်။ ဘယ်ပစ္စည်း ကတော့ ဘယ်လို ဘယ်ချမ်းသာ မကောင်းဘူးဆိုတဲ့ အတွေ့အကြုံတွေ၊ သတင်းအချက် အလက်တွေကို စုစည်း ဖော်ပြထားတဲ့ ၀က်ဘ်ဆိုက်လေးပါ။ လျှပ်စစ်ပစ္စည်းနဲ့ Digital ထုတ်ကုန်များ ဖြစ်တဲ့ ကင်မရာကစလို့  DVD, PDAs, Monitor, Printers, Car Stereos, Microwaves, Flat Panel TVs, GPS Devices တွေအဆုံး ထိပ်တန်းဝင် ပစ္စည်းတွေကို ဖော်ပြပေးထားပါတယ်။ ပစ္စည်းတစ်ခု ၀ယ်ယူသုံးစွဲ တော့မယ် ဆိုရင် ဒီဝက်ဘ်ဆိုက်လေးကို မသွားကြည့်ဘဲနဲ့ အလျင်စလို ဆုံးဖြတ်ချက်ချ မစောလိုက်ပါနဲ့။ မိမိဝယ်လိုတဲ့ ပစ္စည်းနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေ၊ အတွေ့အကြုံတွေ သိရှိနိုင်တဲ့အပြင် ဘယ်ဆိုင်က ဘယ်ဈေး ဆိုတာကိုပါ နှိုင်းယှဉ်ဖော်ပြထားတာ တွေ့ရှိရပါတယ်။ လိပ်စာကတော့ www.epinions.com ပဲဖြစ်ပါတယ်။

6 comments:

တောင်ပေါ်သား said...

အကိုရေ ကျေးဇူးတင်ပါတယ် အိမ်က မဒီလေးကို ပြရမယ် ဟီးးးးး


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

အိမ်ရှင်မတွေ အတွက်ပဲလားဗျ တားတားတို့
ယောကျာင်္းတွေ အတွက်ရော ရှာပေးဗျာ။

လင်းထက် said...

တစ်ခါမှ အဲလို မစမ်းစစ် ကြည့်ဖူးဘူး ကြိုက်တယ် ဆို ဝယ်လိုက်တာပဲ ဟီး နောက်ဆို ရင်တော့ အရင် လေ့လာရမယ် ကျေးဇူး ကိုဝင်းဇော်

pandora said...

စီးပွားရေး အကျပ်အတည်းတွေနဲ့ အသုံးအစွဲတွေ လျှော့မလားလို့ :)
သိပ်ဝယ်နိုင်မယ် မထင်တော့ဘူး

မီယာ said...

လောလောဆယ်တော့ ၀ယ်ဖို့ အစီအစဉ် မရှိ။ ၀က်ဆိုဒ်လေးတော့ မှတ်ထားလိုက်တယ်.. အိမ်က တယောက်က မေးခွန်းမေးရင် ဈေးကိုင်လွန်းလို့။ technology နဲ့ ပတ်သက်တာဆို ပိုတောင် ဆိုးသေး။ ခုတော့ သူ့ မေးစရာမလိုတော့ဘူး။ သိုင်း ခရု

Anonymous said...

လေ့လာဖို့ ကောင်းတဲ့ ဆိုက်လေးပါ။
မ၀ယ်ဖြစ်တောင် ပစ္စည်းတွေထဲမှာ ဘယ်ပစ္စည်းက ပိုကောင်းတယ်ဆိုတာကို သိနိုင်တဲ့အတွက် အကျိုးမယုတ်ပါဘူး