
သွားလာရင်းနဲ့ ဖတ်ဖြစ်တဲ့ စာအုပ်ကနေ ကိုယ်နှစ်သက်တဲ့ ဆောင်းပါးဖြစ်စေ၊ ဓာတ်ပုံဖြစ်စေ အလွယ်တကူ Scanner ဖတ်ယူနိုင်ဖို့ ဘောလ်ပင်အရွယ်ပဲရှိတဲ့ Docupen RC 800 Scanner ကို မျှဝေပေးချင်ပါတယ်။ ကိုးလက်မအရွယ်ရှိတဲ့ ဒီ Scanner Pen ဟာ Scan လုပ်ချင်တဲ့ စာတစ်ခုလုံးကို အလျားလိုက်ဆွဲပြီး Scan လုပ်သွားပြီး USB Connection နဲ့ ကွန်ပျူတာထဲ ပြန်ထည့်ပြီး အဲဒီဖိုင်ကို Edit လုပ်နိုင်တဲ့ ဆော့ဝဲလ် လဲပါဝင် ပါတယ်။ Memory က 8 MB ရှိပါတယ်။ ရိုးရိုးစာရွက်အဖြူ ဆိုရင် စာမျက်နှာရာကျော် သိမ်းနိုင်ပြီး၊ အရောင်ပါတဲ့ ပုံတွေ၊ ဘောက်ချာတွေကို ဖတ်သိမ်းနိုင်ပါတယ်။ Scanner Pen ချည်းသက်သက်ဆိုရင် US$ 300 ရှိပြီး Software Package နဲ့ဆို 350 လောက်သင့်ပါမယ်။ www.planon.com မှာ ကြည့်ရှုနိုင်ပါတယ်။




5 comments:
300 တောင်ဈေးကြီးတယ်နော် ၀ယ်နိုင်သေးဘူး ကိုဝင်းဇော် ဒါပေမယ့် သိရအောင်မျှပေးတာ ကျေးဇူးပါ.
ဘောပန်ကလေးက မိုက်လှချည်လားဗျာ ... ၃၀၀ တောင်ဆိုတော့ တကယ်လိုအပ်တဲ့သူအတွက်တော့ သင့်တော်အဆင်ပြေမယ်ထင်တယ် ... ပေါ်တေဘယ် ဖြစ်တာတော့ သုံးတဲ့သူအတွက် သိပ်ကို အံဝင်ခွင်ကျဖြစ်မယ် ထင်မိတယ်ဗျာ ...။ ကျေးဇူးပါ ကိုဝင်းဇော်ရေ ... ။
မြန်မာငွေ သုံးသောင်းခွဲလောက်ဆို ဘယ်လောက်ကောင်းမလဲ ... ဟဲဟဲ .. ဖြစ်ချင်တာကိုပြောတာပါ။ တော်တော် အသုံးဝင်မယ့်ပစ္စည်းဗျ...။ နိုင်ငံခြားရုပ်ရှင်တွေထဲမှာတော့ တွေ့ဖူးပါရဲ့။ သူလျှိုတွေ သုံးတာလေ....။
ဈေးလေးက မဆိုးပါဘူးဗျ။
Post a Comment