Internet အသုံးပြုသူတိုင်း e-Mail နဲ့ မကင်းကြပါဘူး။ ကိုယ်နဲ့ သက်ဆိုင်တဲ့ Personal Data တွေ ဘယ်လောက်အထိ လုံခြုံစိတ်ချ ရတယ်ဆိုတာ ကိုယ်အသုံးပြုတဲ့ e-Mail ရဲ့ Security ဘယ်လောက်ရှိတယ် ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ခုချိန်မှာ Hacker တွေ ၀င်ရောက် တိုက်ခိုက်တာတွေ၊ Privacy ချိုးဖောက်ခံရတဲ့ ပြဿနာတွေ ရှိလာပါတယ်။ ကိုယ့် e-Mail စစ်ရာကနေ Mail Password ပျောက်ဆုံးမှုတွေ၊ ကိုယ့်ရဲ့ e-Mail ၀င်ဖတ်သွားတာတွေ မကြာခဏ ကြားနေရပါတယ်။ ဒီထက် ဆိုးတာက ကိုယ့် Password ကို သူများ ရသွားပြီဆိုတာ မသိဘဲနဲ့ အဲဒီ e-Mail ကိုပဲ ယုံကြည်စွာနဲ့ ဆက်သုံးနေတဲ့ ကိစ္စဖြစ်ပါတယ်။
ကျွန်တော်တို့ဆီမှာ အများဆုံး အသုံးပြုတာက Free Mail ဖြစ်တဲ့ g-Mail ဖြစ်ပါတယ်။ g-Mail နဲ့ပတ်သတ်ပြီး Security နဲ့ဆိုင်တဲ့ ကာကွယ်နည်းလေး တစ်ခုတင်ပြ ချင်ပါတယ်။ မိမိ အီးမေးလ်ကို တစ်ခြားသူ တစ်ယောက်ယောက်က ၀င်ဖတ်ထားသလား။ ဘယ်အချိန်က ၀င်ဖတ်ထားသလဲ။ ဘယ်နေရာကနေ သုံးနေသလဲ ဆိုတာကို သိနိုင်တဲ့ နည်းလေးပါ။ ဒါက g-Mail ရဲ့ Original Function တစ်ခုအနေနဲ့ ပါပြီးသား ဖြစ်ပါတယ်။ သိပြီးသားသူတွေ အတွက်ထက် မသိသေးတဲ့ သူတွေကို သတိထားပြီး ကာကွယ်နိုင်ဖို့ အတွက်ဖြစ်ပါတယ်။ လုပ်နည်းကတော ...
g-Mail ကို Sign in လုပ်လို့ မေးလ်ထဲ ရောက်သွားရင် အောက်ဆုံးက Last account activity: (--) minutes ago on this computer. Details ဆိုတဲ့ စာကြောင်းရဲ့ နောက်ဆုံးက Details ဆိုတာလေးကို နှိပ်လိုက်ရင် Window အသစ်တစ်ခု တက်လာပါမယ်။

ဒါက ကိုယ်သုံးနေတဲ့ အင်တာနက်လိပ်စာနဲ့ IP Address ၀င်ထားတဲ့ အချိန်ကာလတွေ ဖြစ်ပါတယ်။ ဒီနေရာကိုကြည့်ပြီး ကိုယ်နောက်ဆုံး ၀င်ထားတဲ့ အချိန်နဲ့ ခုအချိန်ကြားမှာ ၀င်သုံး ထားတာရှိရင် သိနိုင်ပါတယ်။ လောလောဆယ် ကိုယ်တစ်ယောက်ထဲပဲ ၀င်ထားတယ်။ တစ်ခြားသူ ၀င်နေတာ မရှိဘူးဆိုရင်လည်း အဲဒီနေရာမှာ စာရေးထားပေး ပါတယ်။ ကိုယ့်ရဲ့ IP Address ဘေးမှာ ( * ) လေးပြထားတာက အခု ကိုယ်ဝင်ထားတာကို ပြထားတာ ဖြစ်ပါတယ်။
တကယ်လို့ ကိုယ်အသုံးပြုနေတဲ့ အချိန်မှာ နောက်တစ်ယောက်က တစ်ချိန်တည်း သုံးလာတယ်ဆိုရင်လည်း ဒီ Details ကို နှိပ်ကြည့်ရင် သိနိုင်ပါတယ်။ တစ်ခြား တစ်နေရာရာကနေ တစ်ဦးဦးက (ဒါမှမဟုတ်) မိုဘိုင်း တစ်ခုခုကို သုံးပြီး ၀င်လာနိုင်ပါတယ်။ ဘယ် IP Address နဲ့ ၀င်လာတယ် ဆိုတာလည်း သိနိုင်ပါတယ်။ သူစိမ်းတစ်ယောက် ၀င်သုံးနေတာကို သိရင် သူ့ကို လှမ်းတား နိုင်ပါတယ်။ Sign out of all other sessions ဆိုတဲ့ buttom လေးကို နှိပ်လိုက်ယုံပါပဲ။ ဒါဆိုရင် တစ်ဖက်လူ သုံးနေတဲ့ အီးမေးလ်ဟာ အလိုလို Off ဖြစ်သွားပါမယ်။ အဲဒီအချိန်မှာ ပေါ်နေတဲ့ Window ဟာ တစ်ဖက်က သူပြန်ဝင်လာနိုင်ကြောင်း တကယ်လို့ သင့်အကောင့်နဲ့ ပတ်သက်ပြီး သူများ မသုံးစေချင်ရင် Password ကို ပြောင်းလိုက်ပါဆိုတဲ့ စာတန်းလေး ပေါ်လာပါလိမ့်မယ်။
ဒီနည်းလမ်းလေးဟာ မိမိမေးလ်ကို အခြားသူတစ်ဦးဦး ရယူနိုင်ခြင်း မရှိအောင် ကာကွယ်နိုင်စွမ်း မရှိပေမယ့် ကိုယ့်မေးလ်ရဲ့ Password ကို တစ်ခြားသူ သိရှိပြီး သုံးစွဲနေပြီလား မိမိမသိဘဲ Personal Data တွေကို သူစိမ်းက သိနေပြီလား ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်လာရင် အီးမေးလ် Password ကို ပြောင်းလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ Internet Security နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတို့ရဲ့ လမ်းညွှန်ချက်အရတော့ Password တွေကို စာလုံးရေ များများထားပါ။ စာလုံးတွေကြားမှာ ဂဏန်းတွေကို ရောနှောပြီး သုံးပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ပြင်ပက ထိုးဖောက်ဝင်ရောက်မှု Hacking တွေလုပ်ဖို့ အခက်အခဲ ဖြစ်စေတယ်လို့ သိရှိရပါတယ်။
ကိုယ့် Account ထဲကို ၀င်ရောက်လာတဲ့ သူစိမ်းရဲ့ IP Address ကို သိပြီးတဲ့နောက် သူသုံးတဲ့ နေရာ Location ကို သိချင်တယ်ဆိုရင် www.ip2location.com လို IP Address ကနေ တည်နေရာပြပေးတဲ့ ဝက်ဘ်ဆိုက်ကနေ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ တဖက်လူက Proxy ကျော်ပြီး သုံးထားတယ်ဆိုရင်တော့ တည်နေရာ အမှန်ကို သိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မသင်္ကာစရာ တစ်ခုခု တွေ့ခဲ့ရင်တော့ e-Mail Password ကို ပြောင်းလဲ အသုံးပြုလိုက်တာက အကောင်းဆုံးနဲ့ စိတ်အချရဆုံး ဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။

14 comments:
အရမ်းကောင်းတဲ့မျှဝေမှုအတွက်ကျေးဇူးပါ
သိသွားပီ ၊၊ ကျေးဇူး ၊၊ :)
ခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်ရှင်
ကျေးဇူးတင်ပြီးရင်းတင်သွားတယ်ဗျာ..
လေးစားလျက်
မိုးကြယ်
interesting.. will try and see
လူတိုင်းသိထားသင့်တာလေး ကို မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကိုဝင်းဇော် ရေ နောက်လဲ ဒီလို မျိုးလေးတွေ ဝေမျှ နိုင်ပါ စေလို့..။
သိပြီးသားလေးလည်း ပြန်သိရသလို မသိတာတွေလည်း ထပ်မံသိရှိရပါတယ်...။
သိပ်တန်ဖိုးရှိတဲ့ နည်းပညာပိုစ့်လေးပါပဲ၊ အသေအချာ မှတ်သားသွားပါတယ်။
သူငယ်ချင်းတစ်ယောက်က အဲလို အဟက်ခံရတဲ့ အဖြစ်မျိုးကြုံနေရတယ်။
အရမ်းကျေးဇူးတင်သွားတယ်ဗျာ .... တကယ်ပါ ..။
ဖတ်သွားပါတယ်...
မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ် အကိုဝင်းဇော်ရေ...
အခုပဲပြန်ပြီးစမ်းသပ်လိုက်ပါတယ်ချင့် ကျေးဇူးပဲမောင်လေးရေ
ကျေးဇူးပါ
ဖတ်သွားတယ် မောင်ဝင်းဇော်ရေ..
ကျေးဇူးပါနော်.
ကျေးဇူးတင်ပါ၏
Thanks very much!
Post a Comment