Thursday, January 22, 2009

မမေ့နိုင်တဲ့ တမ်းချင်း



တစ်ကြိမ်ထဲ မကတော့ဘူး

မကြာ မကြာ ဒဏ်ရာတွေ ဗလပွနဲ့ ငါ့အသည်း

မနာဘဲ ဘယ်နေမလဲနော် .. ..




ဒါပေမဲ့လည်း


ရင်းနေတဲ့ ဒဏ်ရာလေး


အနာကျက်မြန်မှာစိုးလို့


ဒဏ်ရာတွေ ပေးပေးတတ်တဲ့ မင်းလေးကို


ပိုပိုပြီး အမှတ်ရနေမိတယ် .. .. ။



20 comments:

မောင်မျိုး said...

ဒဏ်ရာတွေ ဗလပွနဲ့ ငါ့အသည်း
မနာဘဲ ဘယ်နေမလဲနော် .. ..

သေချာပြီး ဆေးမတိုးတော့ဘူးဖြစ်မယ်း) အပေါ်ကပုံနဲ့ တော်တော်လိုက်တယ် ဟဟား လက်တွေနာကုန်မယ်ဗျ စိတ်လျှော့ ။

mirror said...

ဒါမျိုးလဲ ဖြစ်တာပဲ...။

နုနေလိုက်တာ..။

ပုလဲ said...

ဒဏ်ရာတွေ ဗလပွနဲ့ ငါ့အသည်း
မနာဘဲ ဘယ်နေမလဲနော် .. ..
နာနေပြီလား ....
သက်သာပါစေနော်
ကဗျာလေးဖတ်သွားပါတယ် :)

မယု said...

ရောက်တတ်ရာရာ ကဗျာတော့ မဟုတ်လောက်ဘူး။ တကယ်နာလို့ နာတယ်ဖြစ်မယ်။ စာနာနားလည်မိပါရဲ့။

Heart Breaker said...

ပြန်အမှတ်စရာတွေ
အဆုံးသတ်နိုင်ဖို့
အချိန်နဲ့ပဲ ကုစားနိုင်ပါစေ။
ကိုယ့်လို စုတ်ပြတ်နေတဲ့ အသဲလို မဖြစ်ပါစေနဲ့လို့ ဆန္ဒပြုလိုက်တယ်။

loyallove said...

ဒဏ်ရာပေးခဲ့တဲ့ မင်းကို ပိုပြီးသတိရနေတယ်..မိုက်တယ် အကိုရေ
အဆင်ပြေပါစေဗျာ

စိုင်းနောင့် said...

အင်တာနက် လိုင်းကောင်းတုန်း အကုန်ဖတ်သွားတယ်အစ်ကိုဝင်းဇော်ရေ၊ မန့်ရတာလည်း တစ်ခါတစ်လေ ကြာလိုက်တာ။ အဆင်ပြေပါစေ.
http://s456.photobucket.com/albums/qq289/welcomeU2009/?action=view&current=000201C5.gif

မောင်သစ်ဆင်း said...

အော်.. ဒီလို မွေးမြူချင်မိတဲ့ ဒဏ်ရာမျိုးလဲ ရှိတတ်ပါလား..။ ဘယ်လိုမျိုးလဲ သိချင်တယ်ဂျာ.။ ကြုံချင်သေးတော့..။ ( ဟဲဟဲ..) ..။ အဆင်ပြေပါစေ..။

ရွှေညာသူ said...

တစ်ရက်မရောက်ဖြစ်တာနဲ့ ဖတ်စရာတွေ ပုံသွားပြီ၊ ချမ်းမြေ့ပါစေ။
ဒဏ်ရာတွေ သက်သာပါစေ။

ဝါ၀ါခိုင်မင်း said...

မောင်ဝင်းဇော်ရေ..
ခံစားချက်တွေရှိနေတော့လဲ ကဗျာကောင်းလေးတွေ
ဖတ်ရတာပေါ့ကွယ်။ :D
ဒဏ်ရာတွေက မကျက်နိုင်သေးဘူးပေါ့။
အဆင်ပြေပါစေနော်။

အစ်မ၀ါ

မျှော်လင့်ခြင်း said...

အချစ်ကြောင့်ဖြစ်တည်ကျန်ခဲ့တဲ့
ဒဏ်ရာက ခံစားလို့ပိုကောင်းနေတဲ့ဟန်လေးပါလား
ရေးထားပုံကတော့တော်တော်လေးကိုထိထားတယ်နဲ့
တူတယ်ဗျ :) ဘာပဲဖြစ်ဖြစ်ကဗျာကကောင်းနေတော့
အနားကျက်လောက်ပါတယ် :)
အလည်လာသွားပါတယ်ဗျို့ ........

reddevillover said...

အင်း နာနေတာလေး ကိုက စွဲလမ်းစရာ ဘယ်တော့မှ မမေ့ နိုင်စရာ ဖြစ်နေတာကိုးဗျ.။

sait phay yar said...

ကဗျာလေးအရမ်းကောင်းတယ်နော် လေ့လာသွားတယ်နော်

ကိုတိုး said...

ကဗျာလေးက အရမ်းကောင်းတယ်နော်။ဒဏ်ရာ ဗလပွနဲ့အသည်းနာနေတာတောင်မမေ့နိုင်ပဲ ထပ်ပြီးတော့ တောင်းတနေတယ်ဆိုပါလား။ အချစ်ဆိုတာကို တကယ်ခံစားတတ်သွားပြီလားမသိဘူးနော် အဟီး............ စတာနော်အကို။ ကဗျာလေးကောင်းပါတယ်ဗျာ နောက်လည်းများများရေးနိုင်ပါစေဗျာ။

Shwe said...

ကဗျာရေးကောင်းတဲ့ အစ်ကိုဝင်းဇော်
လာဖတ်သွားတယ်
ဒဏ်ရာတွေ အမြန် သက်သာပါစေ

ကမာနီလာ said...

ဘော်ဒါကြီး
ငါးကြီးကိုက်လို့ ရတဲ့ဒဏ်ရာဆိုတော့ တော်တော်နဲ့ ပျောက်မှာမဟုတ်ဘူး၊ အကိုက်ခံရတာလည်း မကြာသေးတဲပုံဘဲ၊ အခု ဆောင်းတွင်းဆိုတော့ အနာကပိုကိုက်မှာပေါ့၊ ခံစားဘူးလို့ ကိုယ်ချင်းစာ နားလည်ပေးလို့ ရတယ်။

နွေသူရ said...

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲကျုဝင်းဇော်ရေ...
အထူးနှစ်ချိုက်မိပါတယ်....

Sai said...

ဒီပို့စ်နဲ့တော့ မပတ်သက်ပါဘူး။ အပေါ်က နောက်ဆုံးပို့စ် အတွက်ပါ။ ဘယ်သူနဲ့များ အဆင်မပြေဖြစ်ခဲ့သလဲ ပေါ့နော်။
ဆီဘောက်မှာ ကိုကိုမောင် ပြောသွားသလိုပဲ
စေတနာက ဝေဒနာဖြစ်တယ်။ စေတနာကို လက်မခံတတ်သူ ဖြစ်တယ် ဆိုတာပါ။ ဘလောဂ့်လောကထဲက အချင်းချင်းပဲ။
ညီအစ်ကိုမောင်နှမတွေလို ရင်း၂နှီး၂ ဖြစ်သင့် တာပေါ့နော်။
မနှစ်သက်ရင်လည်း ရေးထားတဲ့ ကွန်မင့်ကို ဖျက်ပစ်လိုက်ပေါ့။ ဒီလို မနှစ်သက်ကြောင်း ပြောတာကိုတော့ ဆိုးလွန်းပါတယ်။
ဒါကြောင့် ကျွန်တော်လည်း ဘလောဂ့် မလုပ်ဖြစ်ဘူး။ မေးလ်ပဲ သုံးဖြစ်တယ်။
အဆင်ပြေပါစေ။

ဖိုးဂျယ် said...

ကိုဝင်းဇော်ရေ အစိတ်လျော့ အစိတ်လျော့
အဲ့လောက် နာနေတာကို ကြမ်းပြင်ကို
လက်သီးနဲ့ ထုနိုင်သေးတယ်ပေါ့

နှင်းဆီနီ said...

ကဗျာလေးဖတ်သွားတယ်။
ဖြစ်တတ်တဲ့သဘောလေးပေါ့နော်။
ဒဏ်ရာကျက်မှာ ကြောက်နေမဲ့အတူတူ
ဆားဖြူးထားလိုက်၊ နို့မဟုတ်ရင် လောက်တက်တော့မယ် အဟီး၊ ။