Friday, January 9, 2009

အားလုံးလှသည်

" ဣတ္ထိ ရူပံ ဓနံ " မိန်းမတို့ အဆင်းသည် ချမ်းသာမည်၏ ဟု ပညာရှိတွေက ပြောခဲ့ကြတာ အပြော သက်သက် မဟုတ်ပါဘူး။ ရုပ်လှလျှင် ချစ်သူ ခင်သူ ပေါမည်။ ဂရုစိုက်မယ့်သူ များမည်။ ယုတ်စွအဆုံး ရုပ်ရည် ရူပကာ လှလျှင် အလုပ်ပါရမည်။ ရုပ်လှသူက ဦးစားပေးခံရ စမြဲမဟုတ်ပါလား။ ဒါကြောင့် မိန်းကလေးတို့က ရုပ်ကို လှအောင် ပြုပြင် ဆင်ယင် ခြယ်သကြသည်။ နဂို အရည်အသွေးထက် ပိုမို တင့်တယ် လန်းဆန်းအောင် ပြုပြင်ကြသည်။ သဘာဝနည်းနဲ့ရော သဘာဝ မဟုတ်တဲ့ အစားထိုး ခွဲစိတ်တဲ့ နည်းတွေကိုပါ အသုံးပြု လာကြပါတယ်။ ယခုခေတ်မှာ ခန္ဓာကိုယ်ကို အမျိုးမျိုး အဖုံဖုံ လိမ်းခြယ် ပြင်ဆင် ပြုပြင် ခွဲစိတ် ဖြတ်တောက် ပုံဖော်နိုင်တဲ့ ခေတ်မို့လို့ မိန်းကလေးများ လှချင်တိုင်း လှနိုင်ကြပါတယ်။ လှကြပါတယ်။

မိန်းကလေးတိုင်း မလှသူ ဟူ၍မရှိပါ။ အနည်းဆုံးတော့ တစ်နေနေရာတွင် လှနေတတ်ပါတယ်။ အချို့က ရုပ်ရည်တင် လှပသည် သာမကဘဲ စိတ်ထားလေးပါ လှပကြပါတယ်။ ရုပ်ရော စိတ်ပါ လှရင်ဖြင့် မိန်းမမြတ် လေးပေါ့။ လှချင် ပချင်သော မိန်းကလေးများ လှကြပါတယ်။ လှနိုင်ကြပါတယ်။ မလှသော မိန်းကလေး ဆိုတာမရှိ ပါဘူး။ ဒါတွေကြောင့် မိန်းမလို့ ခေါ်ပါတယ်။

(ဘရာဇီးမော်ဒယ် Fabiana_Semprebom)

10 comments:

Anonymous said...

ချစ်စရာလေး ဗျး) လူလှတာထက် ကြည့်ပျော် ရှူ့ပျော်လေးဖြစ်ပြီး စိတ်ကလေးလှတာကို ပိုသဘောကျတယ် ။

ဗီလိန် said...

ကိုမျိုးကတော့လာပြီး ကြော်ငြာဝင်နေပြန်ပြီ။ လှတာမက်လို့ ညစာခက်နေပါဦးမယ်။ ဟဲဟဲ။ ညစာမငတ်အောင် နေ့ခင်းဘက်ပဲ လှတာမက်တယ်။ ညဘက်ဆိုအိပ်တယ်။ ခွိခွိ

ကိုတိုး said...

လှတယ်နော်.......... လူလှတာထက် စိတ်ထားလေးလှဖို့က အရေးကြီးတယ်လို့ညီတော့ထင်တယ်။ အားလုံးအထင်တော့ညီလည်းမသိ။ အဆင်ပြေပါစေအကိုရေ။

Anonymous said...

စိတ်ထားလှ တာလေးက ပိုမက်စရာပါ။

Anonymous said...

" ဣတ္ထိ ရူပံ ဓနံ " မိန်းမတို့ အဆင်းသည် ချမ်းသာမည်၏ ဆိုတာ မှန်ပေမယ့် ကျွန်တော်ကတော့ မိန်းမဆိုရင် စိတ်ထားလှမှ လှတယ်လို့ မြင်မိ၊ သဘောထားမိတယ် ကိုဝင်းဇော် ... ။

Anonymous said...

နှစ်ခုစလုံးလှတော့ ပိုကောင်းတယ် ...

ရုပ်ရည်လှတာကတော့တော်တော်လေးကောင်းတယ်

စိတ်ထားကတော့လူတိုင်းမလှနိုင်တော့

ရုပ်ရည်လှတာလေးကို ဥိးစားပေးလိုက်မယ်

ဟီးဟိး

မီးမီးငယ် said...

ရုပ်လှတာကအိုသွားရင် မရတော့ပါဘူး
ဇရာအိုကို ဘယ်လိုမှကာကွယ်လို့ မရပါဘူး

ဒါမယ့်

စိတ်အလှကသေတဲ့အထိပါတယ်
ဒါကြောင့်စိတ်အလှကိုပိုကြိုက်ပါတယ်

း)

Anonymous said...

ရုပ်ရည်အလှ၊ စိတ်ထား အလှ.. ဒါတော့ သိရပီ.. အပြောအဆို ဟန်ပန် မူယာ အကြောင်းလေးတွေ သိချင် သေးတယ် အစ်ကိုရေ.. သိသလောက် ပြောပါဦး..

Anonymous said...

ရုပ်အလှထက်စိတ်အလှက ပိုအရေးကြီးတယ်လို့ထင်ပါတယ်...
စိတ်ထားလှတဲ့လူဟာ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ကြည့်ကောင်းပြီး ရုပ်ပါ အလိုလိုလှလာတယ် လို့ဖတ်ဘူးပါတယ်။ ပျော်ရွင်ပါစေ.

Anonymous said...

မိန်းမ တွေတင်မက ယောက်ျားသားများလည်း စိတ်ထားလှစေချင်တယ် ...။
မိန်းမတစ်ယောက်ဖြစ်တဲ့ ကိုယ့်အနေနဲ့လည်း စိတ်ထားလေးလှပ ဖြူစင်ဖို့ သတိနဲ့ နေထိုင်ထိန်းသိမ်း ရပေဦးမယ်။