Wednesday, January 14, 2009

ကိုယ့်စတိုင်လ်လေး ပြင်မယ်

အွန်လိုင်းမှာ ဓာတ်ပုံ တည်းဖြတ်တဲ့ ၀က်ဘ်ဆိုက်တွေထဲမှာ စိတ်ကို ကျေနပ်စွာနဲ့ ရွှင်ပြုံး ပျော်ရွှင် စေတဲ့ ၀က်ဘ်ဆိုက် တစ်ခု မျှဝေပေး ချင်ပါတယ်။ ကိုယ့်မျက်နှာကို မိုနာလီဇာရဲ့ အ၀တ်အစားနဲ့ မြင်ရရင် ဘယ်လို ခံစားရမလဲ စမ်းသပ်နိုင်ပါတယ်။ ဒီလို ပုံပြောင်းဖို့ ဒီမှာ effect ပေါင်း ၇၀ ကျော် ပေးထားပါတယ်။ ကိုယ်ရွေးလိုက်တဲ့ effect ပေါ် မူတည်ပြီး ကိုယ့်ဓာတ်ပုံလေး ပြုံးချင်စရာ ဖြစ်စေမှာပါ။ ပြုပြင်ပြီး ပုံကို သိမ်းလို့ရသလို အခြား ဆိုက်တွေမှာ avator အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။ ဒီ effect တွေက မျက်နှာကိုပဲ အဓိကထား ပြုပြင် ပြောင်းလဲ ပေးတာမို့ အသုံးပြုမယ့် ဓာတ်ပုံဟာ passpost ပုံဆိုရင် ပိုကောင်းမွန်ပါတယ်။ ဓာတ်ပုံအရွယ်အစားကို 500 KB အထိ လက်ခံပါတယ်။ လိပ်စာကတော့ www.photofunia.com ဖြစ်ပါတယ်။ ပျော်ရွှင် အဆင်ပြေကြ ပါစေ။

6 comments:

WWKM said...

လုပ်ကြည့်ချင်သား....း)
ကိုယ့်ပုံကိုယ်ကြည့်ပြီး ရယ်စရာလေးဖြစ်အောင်လေ. :D

Anonymous said...

အမြဲလည်း Share နေတာပဲ.. ကျေးဇူး
စမ်းကြည့်မယ်လေ နော်..

Anonymous said...

ကိုယ်တိုင်စမ်းပြီး ပြုံးဖြစ်သေးလား :P

စိုင်းနောင့် said...

အမိုက်စားပဲ ဒီလို လုပ်ချင်နေတာ ဆော့ဝဲလ် သွားဝယ်လုပ်တော့လည်း အဆင်မပြေဘူး။ ကျေးဇူးပါကိုဝင်းဇော်။ အကောင်းဆုံးတွေ ရှာရှာ ပေးလို့ ရောက်တိုင်းလည်း ယူယူသွားဖြစ်တယ်

Anonymous said...

ဘုတ်မှတ် လုပ်ထားလိုက်တယ်။
အသုံးလိုတဲ့ အချိန်သုံးဖြစ်အောင်လို့။

Anonymous said...

ကျေးဇူး ကိုဝင်းဇော် ကျနော် ညတည်းက ကလိပြီး ရယ်နေရတယ်း)