Sunday, January 25, 2009

Charles Robert Darwin (1809-1882)

www.darwin-online.org.uk
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဆိုရင် သမိုင်းမှာ အထင်ရှားဆုံး သိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ ချားလ်စ်ဒါဝင်ရဲ့ နှစ် ၂၀၀ ပြည့် မွေးနေ့ဖြစ်ပါတယ်။ အမှတ်ရနေစေဖို့ တင်ပြလိုက်ပါတယ်။ ချားလ်စ်ဒါဝင်ရဲ့ စာပေပေါင်းချုပ်ကို အွန်လိုင်းပေါ်မှာ ဖတ်ရှု လေ့လာနိုင် ပါတယ်။ ချားလ်စ်ဒါဝင်ရဲ့ အွန်လိုင်း ပရောဂျက်ကို ကိန်းဘရစ် တက္ကသိုလ်က ဆောင်ရွက်ခဲ့ပါတယ်။ မူရင်း စာမျက်နှာပေါင်း ၅၀၀၀၀ နဲ့ ရုပ်ပုံပေါင်း ၄၀၀၀၀ တို့ကို Digital format ပြောင်းပြီး အားလုံးကို အင်တာနက် ပေါ်မှာ ဖတ်ရှုနိုင် ပါတယ်။ ဘ၀ဆင့်ကဲ ပြောင်းလဲပုံနဲ့ စပ်လျဉ်းတဲ့ ဒါဝင်ရဲ့ သီအိုရီနဲ့ ဒါဝင်အကြောင်း စိတ်ဝင်စားသူတိုင်း လေ့လာနိုင်ပါတယ်။ ချားလ်စ်ဒါဝင်ရဲ့ ဝက်ဘ်ဆိုက်ကို သမိုင်းပညာရှင် Dr. Van Wyhe က လေးနှစ်ကြာ ကမ္ဘာပတ်ပြီး ဒါဝင်ရဲ့ ကိုယ်ပိုင် စာမူပွားများနဲ့ သူ့ရဲ့ အတွေးအခေါ်နဲ့ သူ့အကြောင်း ရေးသားထားတဲ့ စာပေများကို ရှာဖွေခဲ့ပါတယ်။ ချားလ်စ်ဒါဝင်ရဲ့ ဝက်ဘ်ဆိုက်မှာ ယင်းပညာရှင်ကြီးကိုယ်တိုင် ရေးတဲ့ တစ်ခါမျှထုတ်ဝေရခြင်း မရှိသေးတဲ့ စာမူများလည်း ဖော်ပြပေးထား ပါတယ်။ ဂျာမန်၊ ဒိန်းမတ်နဲ့ ရုရှာဘာသာပြန် များကိုလည်း တွေ့ရှိရပါတယ်။ ချားလ်စ်ဒါဝင်ရဲ့ အွန်လိုင်းလိပ်စာကတော့ www.darwin-online.org.uk ဖြစ်ပါတယ်။

darwin-online.org.uk

5 comments:

လင်းထက် said...

ရှားပါးစာအုပ်လင့်လေး အတွက် ကျေးဇူးပဲ ကိုဝင်းဇော်ရေ..။

pandora said...

ကျေးဇူးပဲ ကိုဝင်းဇော်ရေ

Anonymous said...

bookmark ထဲထည့်လိုက်ပြီ၊
ကျေးဇူးနော်

စိုင်းနောင့် said...

translate လုပ်ထားတဲ့ စာအုပ်များရှိရင် ကောင်းမှာပဲ၊ အများကြီး လေ့လာစရာရှိတယ်

နှင်းဆီနီ said...

နေရာကောင်းလေးအတွက် ၀မ်းသာတယ်။
ထပ်ပြီး မျှဝေပေးပါအုန်းလို့ ။