Sunday, January 4, 2009

ခွင့်တောင်းတယ် .. ..


အမှတ်ရနေပါတယ်. . . ဆိုတဲ့
ပါးလျလျ သံယောဇဉ်လေး အတွက်နဲ့
အချစ်တစ်ခုကို
ကြီးမားတဲ့ မျှော်လင့်ချက်ရဲ့
ဆိုးညစ်မဲ့ သားကောင်
မဖြစ်စေချင်တာ ရင်ထဲအသိပါ။

မိန်းမလှလေးရယ် .. ..

မရေရာတဲ့ ကိုယ်ချစ် ကိုလည်း
မထွေးရစ်နေစေချင်ပါဘူး။

သေချာတဲ့ သူချစ် ကိုလည်း
စိုးရိမ်စိတ်နဲ့ မထားရစ်ခဲ့နိုင်ပြန်ဘူး။

တွေဝေမှုတွေ အနန္တနဲ့
မင်းလေးဘ၀ မနစ်မွန်းစေဖို့
ကိုယ်လေ
လက်ပြဖို့ အားယူကြည့်ချင်တယ်
နှောင်ကြိုးတွေ မတင်းခင်
ကျောခိုင်း ခွင့်ပြုပါ .. ..
လျှောက်လှမ်း ခွင့်ပြုပါတော့ .. ..
ကျမျက်ရည် စမ်းနဲ့
နှုတ်ဆက် အလွမ်းနဲ့ ကိုယ် . . ဖြစ်ပါရစေ .. ..

19 comments:

WWKM said...

ကဗျာလေး အလွန်ကောင်းပါတယ် မောင်ဝင်းဇော် ရေ.
အဆင်ပြေပါစေ။

:P said...

ဟိုနေ့က ကဗျာရဲ့ အဆက်ပေါ့...
ပြသနာမရှိရင်လည်း.. ပြန်ချစ်လိုက်ပေါ့ဗျာ...
ကျောခိုင်းရင်လည်း ကိုဝင်းဇော်က
ကျမျက်ရည်စမ်း နဲ့ လွမ်းဦးမှာပဲဟာ..

Heart Breaker said...

စားပြန်တော့လည်း
သဲကတရှပ်ရှပ်
လွှင့်ပစ်မယ်ဆိုပြန်တော့လည်း
အဆီကတ၀င်းဝင်းနဲ့
ဖြစ်နေတဲ့ ကိုယ့်ညီရဲ့ ဖြစ်အင်ကို
ခံစားသွားတယ်။
အဆင်ပြေပါစေ

s said...

ိတို့ အကိုကြီး ခံစားချက်တွေများနေတယ်ထင်တယ်။ ကဗျာကောင်းလေးတစ်ပုဒ်ဖတ်သွားတယ်နော်။

Anonymous said...

အကိုရေ ခံစားချက်တွေများနေတယ်နဲ့တူတယ်နော်။ ရေးထားတဲကဗျာလေးက အရမ်းကိုခံစားလို့ကောင်းတယ်ဗျာ အဆင်ပြေပျော်ရွင်ပါစေဗျာ။ ကဗျာလေးတစ်ကယ်လန်းတယ်ဗျာအကို။

khin oo may said...

:D

ညီအကိုများ said...

ကိုဝင်းဇော်ရေတစ်ကယ်ပဲ လွမ်းချင်နေပြီလားဗျ..
လွမ်းရတဲ့ အရသာ မကောင်းဘူးနော်... :)

ရင်ဘတ်နဲ့ခံစားသွားကြောင်း

မိုးကြယ်

Anonymous said...

ကဗျာကောင်းလေးတစ်ပုဒ်ပါဗျာ။
ဘာတဲ့....

တွေဝေမှုတွေ အနန္တနဲ့
မင်းလေးဘ၀ မနစ်မွန်းစေဖို့
ကိုယ်လေ
လက်ပြဖို့ အားယူကြည့်ချင်တယ်
နှောင်ကြိုးတွေ မတင်းခင်
ကျောခိုင်း ခွင့်ပြုပါ .. ..

ကိုဝင်းဇော်ရေ..တကယ်မလုပ်လိုက်ပါနဲ့ဗျာ....။

Anonymous said...

ချစ်သူတစ်ယောက်ရဲ့ ချစ်ခြင်းဆန္ဒကို ရိုးရိုးလေးနဲ့ ဆန်းပြားအောင် ဖွဲ့ဆိုသီကုံးထားနိုင်တဲ့ ကဗျာချိုလေး တစ်ပုဒ်ပါ ...ပေးဆပ်ခြင်းဆိုတာ မလွယ်ကူတဲ့ အဖြစ်မို့ ချစ်သူအတွက်ဆို ... ပိုလို့တောင် ခက်လှချည်ရဲ့ဗျာ ... ။

Unknown said...

အစ်ကို ရေ နှစ်သစ်ကိုတော့ကြိုပြီးတော့ အဲ့လိုကြီးတော့လုပ်နဲ့လေဗျာနှစ်သစ်နဲ့အတူခေါ်သွားပါ :)
ရေးသားချက်လေးတွေနှစ်သက်မိပါတယ် အဆင်ပြေပါစေဗျာ ကောင်းသောနေ့ပါ :)

Anonymous said...

ရှမ်းကလေးရေ---
နေမကောင်းတာကြာပြီ---
အခုမှ လာလည်နိုင်တယ်---
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ---

Anonymous said...

မျှမျှတတ စဉ်းစားပေးနိုင်ရင် နှစ်ဦးနှစ်ဘက် အတွက် ကောင်းတာပေါ့နော်။ ချို့ယွင်းချက် မရှိရင် လက်ခံပေးသင့်ပါတယ်။ ဒါမှမဟုတ် ငါ့မောင်ရဲ့ ချို့ယွင်းချက်လား။ သေချာစဉ်းစားပါ။

Anonymous said...

ကောင်မလေး သနားပါတယ်နော် ...။

Anonymous said...

ခုတလော ဒီလိုကဗျာလေးတွေဖတ်ရရင် ၀မ်းနည်းသလိုလိုပဲ ...
ကဗျာကောင်းလေး လာခံစားသွားပါတယ် ....

Anonymous said...

မျက်ရည်တွေ မကျပါနဲ့
အလွမ်းမှာလည်း မျှော်လင့်ချက် သဲ့သဲ့လေးတော့ ရှိပါသေးတယ် ။

Anonymous said...

အစ်ကိုကလည်း ကိုယ်ကလည်း ချစ်တယ် သူကလည်း ချစ်နေမှတော့ ဘာလို့ ကျောခိုင်း မှာလဲ.။ အခြေ အနေ မပေးလို့လား.။ အဆင် ပြေပါစေ ဗျာ.....

Anonymous said...

ကိုဝင်းဇော်သိပ်မလွမ်းနဲ့
အလွမ်းဓာတ်ခံရှိနေတော့ဆွေးရတယ် ဗျာ . ဟီး၂

စိုင်းနောင့် said...

ကိုယ်ကစေတနာနဲ့ ဖြစ်ပေမယ့်
တစ်ပါးသူအတွက် ဝေဒနာဖြစ်နေအုန်းမယ်
အစ်ကိုဝင်းဇော်ရေ့။
ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေနော့။

mgnge said...

ရာရားးး

ဘာတွေ ဖြစ်တုန်း..။
ကြည့်ရတာ တကယ့် အဖြစ်ကြီးနဲ့ တူတယ်..။