Thursday, January 8, 2009

ကမ္ဘာကျော်တို့ရဲ့ ဖန်တီးမှု

ကမ္ဘာပေါ်မှာရှိတဲ့ ကုန်ပစ္စည်း တွေကို တီထွင်ခဲ့သူတွေနဲ့ ၄င်းတို့ရဲ့ တီထွင်မှုတွေ အကြောင်းကို ဖော်ပြထားပါတယ်။ အက္ခရာစဉ် အလိုက် (A to Z) အလိုက် ဖော်ပြထား ပါတယ်။ ကုန်ပစ္စည်းတွေရဲ့ ကုန်အမှတ် တံဆိပ် ဆိုတာဘာလဲ Trade Mark နဲ့ Service Mark ဘာကွာသလဲ၊ Copy right နဲ့ Padent ဘာကွာသလဲ စတာတွေကို ရှင်းပြထား ပါတယ်။

ကလေးတွေ အတွက် သိပ္ပံဆိုင်ရာ ဖန်တီးမှု သင်ခန်းစာတွေ Kid Inventor များအကြောင်းနဲ့ သိပ္ပံတီထွင်မှုကို ကလေးတွေ ဘယ်အတိုင်းအတာထိ နားလည် တယ်ဆိုတာကို ဆန်းစစ် လေ့လာနိုင် ပါတယ်။ မိမိသိထားသမျှ တီထွင်မှုတွေကိုလည်း ဖိုရမ် ပေါ်မှာ ဆွေးနွေးနိုင် ပါသေးတယ်။ ဒီဝက်ဘ်ဆိုက်မှာ အလုပ်သစ်ရှာဖွေ နိုင်ဖို့ Job Search ပါဝင်ပြီး ကျောင်းသားတွေ အတွက် အခမဲ့ Download တွေ ဂိမ်းတွေ ပါဝင်ပါတယ်။ လိပ်စာကတော့ http://inventors.about.com ဖြစ်ပါတယ်။

8 comments:

Anonymous said...

ကိုဝင်းဇော်..သိတာတွေအရမ်းများနေတယ် မနာလိုတော့ဘူးး ဘာတွေသိထားသေးလဲ နောက်လည်းပြောပြအုံးး =)

စိုင်းနောင့် said...

လိုင်းမကောင်းလို့ နက်ပေါ်မရောက်တာ ကြာပြီ လေ့လာသွားပါတယ်။ ချက်ချင်းတော့ မသိနိုင်သေးဘူး။ မှတ်ထားလိုက်ပါတယ်။

ကိုရုပ်ဆိုး said...

ကိုဝင်းဇော်ရေ .......... ကျနော့ဘလော့ဂ်မှာလည်း မျှဝေခွင့်ပြုပါခင်ဗျာ ... လေးစားစွာဖြင့် .. ကိုရုပ်ဆိုး

Heart Breaker said...

သွားလေ့လာဖြစ်ခဲ့တယ်။ ကောင်းတယ်။ ဖော်ပြပေးလို့ ကျေးဇူးညီလေး ။

မြတ်သွယ် said...

ပစ္စည်းတွေက စိတ်ဝင်စားစရာကောင်းတယ်
မျှဝေတဲ့အတွက် ကျေးဇူးအထူးပါ ကိုဝင်းဇော် :)

Anonymous said...

အကိုရေ စိတ်ဝင်စားစရာကောင်းပါတယ်မျှဝေပေးတဲ့အတွက်ကျေးဇူးပါပဲအကိုဝင်းဇော်။ လာလည်သွားတယ်နော်အကိုဝင်းဇော်။

www.toetoelay.blogspot.com

Anonymous said...

အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးပါ
ပျော်ရွှင်ပါစေဗျာ

Myo Win Zaw said...

ကျေးဇူးဘဲ လျှောက်ကြည့်မယ်