Friday, November 28, 2008

ကိုယ့်ကိုယ်ကို မုန်းမိတဲ့ အချက်(၁၀)ချက်


ကိုယ့်ကိုယ်ကို မုန်းမိတဲ့ အချက်တွေကို ညီမ ငှက်ငယ်လေး က Tag ထားတာပါ။ ကိုယ့်ကိုယ်ကို မုန်းမိတယ် ဆိုတာထက် ကိုယ့်ရဲ့ အားနည်းချက်တွေ၊ ကိုယ့်ရဲ့ အလိုမကျမှုတွေ၊ ကိုယ့်ရဲ့မပြည့်စုံမှုတွေလို့ပဲ ဖြစ်မယ် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ နားလည်မှု လွဲမှာစိုးလို့ပါ။ အရင်တစ်ခါ Tag ခဲ့တုန်းက နားလည်မှု အတော့်ကို လွဲခဲ့ ပါတယ်။ ဒါကြောင့် Tag ခံရမှာ စိုးကြောက်မိတယ်။ များသောအားဖြင့် Tag တွေက ကိုယ့်ရဲ့ ဘဝအစိတ်အပိုင်း တစ်စိတ်တစ်ဒေသကို ဖော်ပြလိုက်သလို ဖြစ်နေတတ်လို့ပါ။ ဒါပေမယ့် သူငယ်ချင်းရဲ့ ရင်းနှီးမှုအတွက် ပြန်ဖြေပေးလိုက်ပါတယ်။

(တစ်)
တစ်ပါးသူကို အားနာတတ်တဲ့အတွက် .. ကိုယ့်ကိုယ်ကို မုန်းမိတယ်
(နှစ်)
တစ်ကိုယ်ကောင်းဆန်တတ် လွန်းတဲ့အတွက် .. ကိုယ့်ကိုယ်ကို မုန်းမိတယ်
(သုံး)
ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ဆိုတဲ့ ခေါင်းမာတတ်လွန်းလို့ .. ကိုယ့်ကိုယ်ကို မုန်းမိတယ်
(လေး)
အိမ်ပြင်ထွက်လည်ရတာမနှစ်သက်တဲ့ အိမ်ပုန်းဘဝကို မုန်းမိတယ်
(ငါး)
ခရီးထွက်တိုင်း အရေးကြီးတဲ့ သွားတိုက်တံနဲ့ သွားတိုက်ဆေး အပြင် under-ware တွေ မေ့ကျန်တတ် တာကိုလည်း မုန်းမိတယ်
(ခြောက်)
မဆိုင်တဲ့ကိစ္စတွေနဲ့ စွပ်စွဲချက်တွေကို လိုက်ဖြေရှင်းနေရတဲ့ အချိန်တွေကို မုန်းမိတယ်
(ခုနစ်)
တစ်ယောက်ဆို တစ်ယောက်ထဲအတွက် အစွဲအလမ်း ကြီးလွန်းတဲ့ ကိုယ့်ကိုယ်ကို မုန်းမိတယ်
(ရှစ်)
လိုတာမရ ရတာမလို ဖြစ်နေတဲ့ လက်ရှိအချိန်လေးကို မုန်းမိတယ်
(ကိုး)
အင်တာနက်တက်တိုင်း ကွန်နက်ရှင်မကောင်းရင် စိတ်မသက်မသာ ဖြစ်နေတတ်တဲ့ ကိုယ့်ကိုယ်ကို မုန်းမိတယ်
(တစ်ဆယ်)
ဂျီတော့ပ်ထဲ ဘားကလစ်နဲ့ရေးလာတဲ့ စာကို ခဏခဏ နားလည်မှုလွဲ လွဲနေတာကိုလည်း ကိုယ့်ကိုယ်ကို မုန်းမိတယ်

တစ်ကယ်တမ်း ချရေးလိုက်တော့ ကိုယ့်ကိုယ်ကို အလိုမကျတာတွေ၊ အားနည်းချက်တွေ၊ မုန်းမိတာတွေက အများသားပါ။ ရှေ့ဆက် ရေးမယ်ဆိုရင်လည်း ကိုယ့်ကောင်းကွက်တွေက နည်းလေတော့ ဘယ်သူမှတောင် အနားကပ်တော့မှာ မဟုတ်ပါဘူး။ ညီမ ငှက်ငယ်လေး ရေဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေလို့။ ဒီ Tag အတွက် မျက်ခုံးလှုပ်နေတဲ့ သူငယ်ချင်း တွေကိုတော့ ဆက်မ Tag တော့ပါဘူး။ ပျော်ရွှင်နိုင်ကြပါစေ။

15 comments:

:P said...

နံပါတ် ၅ ဟားဟားဟား....ရီရတာ အားနာတယ်...ဒါပေမယ့်အရမ်းရီချင်တယ်....
မိန်းကလေးဆို မေ့ကျန်တဲ့ပစ်စည်း အထက်အောက်ရှာဝယ်ရပိုခက်မှာပဲ...
ဟားဟားဟား

ငှက်ငယ်လေး said...

(လေး)
အိမ်ပြင်ထွက်လည်ရတာမနှစ်သက်တဲ့ အိမ်ပုန်းဘဝကို မုန်းမိတယ်
ဟီး အချက်ကတူရယ်တိလား တကယ်တူတာ..ကောင်းဘူး အဲဒါလျှောက်လည်တော့ လည်း ကောင်းဘူး ပိုက်ချန် ကုန်ရယ် ...ချိတ်အားကြီးညစ်ရယ်

Dr Phyo Wai Kyaw said...

:D ဖတ်သွားကြောင်း....

သက်တန့် said...

နက်မကောင်းရင် စိတ်မသက်မသာဖြစ်တတ်တာချင်း တူတယ်ဗျို့... :)

မသက်ဇင် said...

နံပါတ် လေး က တူ နေပြန်ရော--

မြတ်သွယ် said...

ကိုဝင်းဇော် ဖတ်တွားပီတိလား
နံပါတ် ၈ ကတော့ဖြစ်တတ်တယ်နော်
လိုတာမရ ရတာမလို
အင်းးးးး
ကိုဝင်းဇော် အဆင်ပြေပါစေနော် :D

ဗီလိန် said...

နံပါတ် ၅ ကို အကြိုက်ဆုံးပဲ ဟိဟိ။

Chaos said...

ကိုဝင်းဇော်အကြောင်းလေး ဖတ်သွားတယ်။
အားနာတတ်တယ်ပေါ့။
တစ်ယောက်ဆိုတစ်ယောက် အစွဲအလမ်း ကြီးတော့လားခက်သား အစ်ကိုကြီးရ။

Unknown said...

စိတ်ဆတ် ပြီး အ စွဲအလမ်း ကြီး တဲ့ ကို ဝင်းဇော် အချစ် ရေး ကံကောင်း ပါစေ။

Heart Breaker said...

အခု (၂၀)လောက် သတ်မှတ်သင့်တယ်၊ ဒါမှ နောက်မလာရဲ အောင်။ အိုကေပါ အဆင်ပြေပါစေ။

Dream said...

နံပါတ်ငါးက ရယ်ရတယ်.. ဟိဟိ... သတိထားပေါ့..

ဟတ်ဟတ်... အားရပါးရကို ရယ်လိုက်တယ်.. ငါးကလွဲရင် အကုန်
တူနေလို့.... ဟတ်ဟတ်..:P တကယ်ရေးရင် 100လောက်ရှိမလား
မသိဘူးနော်... :P

Anonymous said...

Blogger တွေ အခု ကိုယ့်ကိုကိုယ်မုန်းနေကြတာ ကိုဝင်းဇော်ရဲ့ အမုန်းတွေကိုလည်း အားပေးသွားတယ် ... အမုန်းစိတ်ကူးလည်း တော်တော် ကောင်းပေတာပဲဗျ ...။

ပန်းခရမ်းပြာ said...

နံပါတ်၅ ကိုတော့ ဂရုစိုက်နော်။
လုံးဝ လုံးဝ မမေ့သင့်ဘူး ... :P

အိပ်မက်နိဒါန်း said...

နံပါတ် ခုနစ် ကတူနေပြီ...

စိုင်းနောင့် said...

မု,သုင်ခု;
အစ်ကို့အကြောင်းတော့ နည်းနည်း သိသွားပြီ။ အဟီး နံပါတ်(၅) ကိုဂရုစိုက်မှပေါ့။ နံပါတ်(၉)နဲ့တော့ တူတယ်ဗျ။