Thursday, May 23, 2024

စနစ်တကျ ချွေတာသုံးစွဲသင့်သောရေနှင့်မီး

 


 

စနစ်တကျ ချွေတာသုံးစွဲသင့်သောရေနှင့်မီး

 

          ပူးပြင်းခြောက်သွေ့ ရာသီတွင် သောက်ရေသုံးရေ ပိုမိုလိုအပ်လာသည် နှင့်တပြိုင်နက် ရေရရှိရန် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏမှာလည်း ပိုမိုများပြားလျက် ရှိပါသည်။ နေ့စဉ် လူနေမှုဘ၀တွင် ရေနှင့်မီး(လျှပ်စစ်) တို့က မရှိမဖြစ် အရေးကြီးသည်။ သန့်ရှင်း၍ ဘေးကင်းသည့် သောက်သုံးရေနှင့် လျှပ်စစ်မီးတို့ကို မိမိတို့နိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသ အသီးသီးတို့ရှိ အိမ်ထောင်စုများ အားလုံးသုံးစွဲခွင့် မရရှိသေးပေ။ အိမ်တိုင်း၊ မိသားစုတိုင်း သောက်သုံးရေ ရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး တို့အတွက် ကြိုးပမ်းနေရဆဲ အခြေအနေတွင်သာ ရှိသေးသည်။

Tuesday, May 21, 2024

နွေရာသီမှာရေချိုးစနစ်မှန်စေချင်



 

 နွေရာသီမှာရေချိုးစနစ်မှန်စေချင်

          အိုဇုန်းလွှာ ပြဿနာကြောင့် ကမ္ဘာကြီးပူနွေးလျက် ရှိရာ၊ မြန်မာနိုင်ငံ၏ ရာသီဥတုမှာလည်း တစ်နေ့ထက် တစ်နေ့ အပူရှိန်မြင့်တက် လျက်ရှိသည်။ နေ့ရောညပါ ချွေးထွက်ကြရသည်။ ထိုအခါ ရေများများ သောက်ပေးဖို့ လိုအပ်လာသည်။ အဘယ်ကြောင့် ဆိုသော် အပူဒဏ်ကို ရင်ဆိုင်ရာတွင် လူတို့၏ ဇီဝပြောင်းလဲမှု ဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန် အတွက် “ရေ” က မရှိမဖြစ် အရာဖြစ်ပါသည်။ အပူဒဏ်ကြောင့် တစ်နာရီကြာ ချွေးထွက်ခြင်း အတွက် သန့်ရှင်းသော သောက်ရေကို ဌက်ပျောဖူးနှစ်ပုလင်း (တစ်လီတာခန့်) သောက်သုံး ပေးသင့်ပါသည်။ ချွေးထွက်လွန် နေသော အရွယ်ရောက်ပြီးသူ လူတစ်ဦးတွက် တစ်နေ့လျှင် သန့်ရှင်းသော သောက်ရေကို ဌက်ပျောဖူး ၁၀ ပုလင်း မှ ၁၆ ပုလင်း (ငါးလီတာမှ ရှစ်လီတာခန့်)ကို ဓာတ်ဆားရည်နှင့် ရော၍ သောက်သုံးပေး သင့်သည်။

Monday, May 13, 2024

ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုပါလား




ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုပါလား

ဒေါက်တာဥမ္မာစော

၁။       ကျွန်မတို့အားလုံး ခေါင်းကိုက်ဝေဒနာကို တစ်ခါမဟုတ် တစ်ခါတော့ ခံစားဘူး ကြပါတယ်။ ပါရာစီတမော့ လေးသောက်ပြီး သက်သာပျောက်ကင်း ကြတာများပါတယ်။ ဆေးမသောက်ပဲ သက်သာသွားတာလဲ ရှိပါတယ်။ ဒါပေမဲ့ ဝေဒနာပြင်းထန်ပြီး ရက်ကြာရှည် လာရင်တော့ စိတ်ပူလာကြစမြဲပါ။ အားလုံးစိတ်ထဲမှာ ဦးနှောက်အကြိတ် ဖြစ်မှာကို ပူပန်ကြတာများပါတယ်။ တကယ်တော့ ခေါင်းကိုက် ဝေဒနာဟာ လူအများကြားမှာ  အဖြစ်များတဲ့ ဝေဒနာတစ်ခု ဖြစ်ပြီးတော့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ခေါင်းကိုက်ဝေဒနာ ခံစားဘူးကြပါတယ်။ ခေါင်းကိုက်ဝေဒနာ ခံစားရသူတွေရဲ့ တစ်ဝက်ဟာ ပြင်းထန်တဲ့ ဝေဒနာကို ခံစားကြရသလို လေးပုံတစ်ပုံလောက် ဟာလဲ မကြာခဏ ခေါင်းကိုက်ဝေဒနာ ခံစားကြရပါတယ်။

Sunday, May 12, 2024

ဒိန်ချဉ် နှင့် ကျန်းမာရေး

 



ဒိန်ချဉ် နှင့် ကျန်းမာရေး

ဒေါက်တာသိင်္ဂီကျော်

ဒိန်ချဉ်သည် ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင်များ နှင့်ပရိုဘိုင်အိုတစ်များစွာ ပါဝင်သော ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံးဆေးဖက်ဝင်အာဟာရ တစ်မျိုးဖြစ်ပါသည်။ လူသား အားလုံးကျန်းမာပြီး ကမ္ဘာမြေကြီး ရေရှည်တည်တံ့မည့် အစားအသောက်ပုံစံ  planetary health diet”  တွင် နို့ထွက်ပစ္စည်း အစားအစာကို တစ်နေ့ ၂၅၀ ဂရမ် (တစ်နေ့လျှင် ၀ မှ ၅၀၀ ဂရမ်အထိ) ပါဝင်ရန် ရည်မှန်းထားကာ တစ်ရက်လျှင် ဒိန်ချဉ် ၁ ခွက် (၈အောင်စခန့်) စားသုံးရန် အကြံပြုထား ပါသည်။ သုတေသနပြု လေ့လာမှုများအရ ဒိန်ချဉ်သည် နှလုံးကျန်းမာရေး အတွက်အထူး ကောင်းမွန်ကြောင်း၊ ဒိန်ချဉ်စားသုံးသ များသည် နှလုံးသွေး ကြောဆိုင်ရာရောဂါ များကြောင့် သေဆုံးနိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိရသည်။ ဒိန်ချဉ်ကိုကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် အဖြစ်ရေရှည် စားသုံးလျှင် သွေးပေါင်ချိန် နှင့် ကိုလက်စထရော ကိုထိန်းညှိနိုင်ပြီး ကိုယ်အလေးချိန် တိုးခြင်းမှ တားဆီးပေး နိုင်ကြောင်း တွေ့ရှိရသည်။

Wednesday, May 8, 2024

ရေကိုမဖြုန်းချွေတာသုံးအကျိုးရှိလှဆုံး

 



ရေကိုမဖြုန်းချွေတာသုံးအကျိုးရှိလှဆုံး 

          နွေဂိမှာန် ရာသီဥတု ပူပြင်းလာသည့် အချိန်တွင် သဘာဝ တရားအရ ရေ ခန်းခြောက်မှုတွေ ရှိလာတတ်သလို၊ ယခုလို အယ်လ်နီညို အပူလှိုင်းဖြတ်သော နေ့အပူချိန်မြင့်တက်နေသည့် ကာလများမှာလည်း ယခင်ထက်ပို၍ ရေကို အတတ်နိုင်ဆုံး ချွေချွေတာတာနှင့် စည်းကမ်းတကျ သုံးတတ်သော အလေ့အကျင့် ကောင်းများ ရှိဖို့လိုပါသည်။ 

Monday, May 6, 2024

သွေးချိုဆီးချိုရောဂါနှင့်သတိပြုစရာအပူလွန်ကဲခြင်းပြဿနာ

 



သွေးချိုဆီးချိုရောဂါနှင့်သတိပြုစရာအပူလွန်ကဲခြင်းပြဿနာ

ဒေါက်တာသိင်္ဂီကျော်

သွေးချိုဆီးချိုရောဂါ ရှိသူများသည် အပူလွန်ကဲခြင်းနှင့် ဆက်စပ်သော ကျန်းမာရေးပြဿနာ များကို ရောဂါမရှိသူ များထက် ပို၍ခံစားကြရပါသည်။ နွေရာသီတွင် သွေးချိုဆီးချို ဝေဒနာရှင်များ ကြုံတွေ့ရနိုင် သည့်ပြဿနာ များကို ကာကွယ်ရန် လူနာများ၊ မိသားစုဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ အထူးသတိပြုရန် လိုအပ်ပါသည်။ နွေရာသီတွင် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင် အပူချိန်လွန်ကဲမှု ကြောင့်သွေးချိုဆီးချို ရောဂါရှိသူများတွင် သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ရန်ပို၍ ခက်ခဲတတ်ပါသည်။ ပူပြင်းသော နွေရာသီတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်မှု ပိုမိုမြင့်မားပြီး အင်ဆူလင်ကို ပိုမိုစုပ်ယူ နိုင်သောကြောင့်  hypoglycemia (သကြားဓာတ်နည်းခြင်း) ဖြစ်နိုင်ခြေ များပါသည်။ နေပူထဲတွင် ကြာကြာ ထိုင်ခြင်းသည် သွေးတွင်း သကြားဓာတ်ကို ပုံမှန်ထက်ပို၍ မြင့်တက် စေသောကြောင့် သွေးချိုဆီးချို ရောဂါကို ပိုဆိုးစေနိုင်ပါသည်။ ပူပြင်းသော ရာသီဥတုတွင် သွေးချိုဆီးချို ရောဂါ ရှိသူများသည် ပြင်းထန်သော သွေးတွင်း သကြားဓာတ် နည်းခြင်း၊ သွေးတွင်း သကြားဓာတ် များခြင်းကြောင့် အက်စစ်ဓာတ် လွန်ကဲခြင်း (Diabetic Ketoacidosis)၊ နှလုံးခုန်နှုန်း အလွန်မြန်ခြင်း (ventricular  arrhythmia) နှင့် ရုတ်တရက် နှလုံးရပ်ခြင်း (Cardiac arrest) တို့ကို ခံစားရတတ်ပါသည်။

Saturday, May 4, 2024

ငါးမွေးကန်များနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက် အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနည်းလမ်းကောင်းများ


 

 ငါးမွေးကန်များနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက် အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနည်းလမ်းကောင်းများ

          မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလစ်ြသည့် ဧပြီလ နှင့် မေလများအတွင်းနေ့အပူချိန်များတညြ်းညြ်း မြင့်တက်လာရာမှ အင်အားအသင့်အတင့်ရှိသောအယ်လ်နီညိုဖြစ်စဉ်ကြောင့်လည်း မြန်ပြည်တစ်ဝှမ်း တနေ့တခြားပိုမိုပူပြင်းလျက် ရှိသည်။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) ၏ ဧပြီလ၆ရက်နေ့ ထုတ်ပြန်ချက်အရထူးခြားသည့် နေ့အပူချိန်များအဖြစ် -

·         ချောက်မြို့တွင် ၄၆ ဒီဂရီဆဲလ်စီးယပ်စ်၊

·         မြင်းခြံမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့နှင့် တောင်တွင်းကြီးမြို့များတွင် ၄၄ ဒီဂရီဆဲလ်စီးယပ်စ်၊ 

Tuesday, April 30, 2024

ယောဂကျင့်စဉ်နှင့် ကျန်းမာရေး

 

 

ယောဂကျင့်စဉ်နှင့် ကျန်းမာရေး

ဒေါက်တာ သိင်္ဂီကျော်

 

ခေတ်သစ်လူနေမှုပုံစံတွင် စိတ်ဖိစီးမှုများခြင်းသည် သွေးတိုး၊နှလုံးရောဂါ အပါအဝင် အထွေထွေ ကျန်းမာရေးကို ထိခိုက်စေသော အဓိကအကြောင်းရင်း တစ်ခုဖြစ်သည်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊လေဖြတ်ခြင်း၊ ကင်ဆာနှင့် သွေးချိုဆီးချိုရောဂါ ကဲ့သို့သော မကူးစက်နိုင်သော ရောဂါများသည် ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်သေဆုံးရခြင်း၏ အဓိက အကြောင်းအရင်းများ ဖြစ်ပြီးယောဂကျင့်စဉ်ကို နေ့စဉ်ပုံမှန်ပြုလုပ်ခြင်း အားဖြင့် သိသာစွာလျှော့ချ နိုင်ကြောင်း သိရှိလာကြသည်။

Thursday, April 25, 2024

အာသီးရောင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ထိပ်ကပ်နာရောဂါ

 



အာသီးရောင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ထိပ်ကပ်နာရောဂါ

ဒေါက်တာလွင်သန့်

            နှား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါတွေနဲ့ ပက်သက်ပြီး အာသီးရောင်ခြင်း၊ နှာခေါင်းပိတ်ခြင်းနဲ့ ထိပ်ကပ်နာတို့ ဆိုးရွားပါတယ်။ အာသီးရောင်ခြင်း (sore throat) က ပါးစပ်မှာအပူဖု ပေါက်တာနဲ့ ကွာပါတယ်။ ဘက်တီးရီးယား ပိုးတွေ၊ ဗိုင်းရပ်ပိုးတွေကြောင့်ဖြစ်နိုင်ပြီး၊ ဗိုင်းရပ်ပိုးကြောင့် ပိုဖြစ်နိုင်ပါတယ်။ အအေးမိ၊နှာစေး၊ ချောင်းဆိုး ဖြစ်တာကြောင့်လည်း အာသီးရောင် တတ်ပါတယ်။ ခဏခဏ ရောင်တတ်တယ်ဆိုရင်၊ ဘက်တီးရီးယားပိုး တွေကြောင့်ဖြစ်တယ်။ ဘက်တီးရီးယား ကြောင့်ဖြစ်တယ်ဆိုရင်ပိုးသတ်ဆေး (Antibiotics) သောက်ရပါမယ်။ ဖုန်ထူတဲ့နေရာ၊ လူများပြီး၊ လေဝင်လေထွက် မကောင်းတဲ့ နေရာတွေကို မသွားသင့်ပါဘူး။ နောက်တစ်ခုက အစာအိမ်ထဲက အက်ဆစ်တွေ၊ အာခေါင်ထဲ ကိုပြန်ထွက်လာဖြစ်တဲ့ စားချဉ်ပြန်တာ၊ မကြာခဏ လေချဉ်တတ်တာတွေ မှာလည်းအာသီး ရောင်နိုင်ပါတယ်။ အာသီးရောင်တာဖြစ်စေတဲ့ အဓိကအကြောင်းကို ကုသရာမှာဖြစ်တယ်။ ဖုန်ထူတဲ့နေရာသွားရင် သတိထားသွားရပါမယ်။ အာခေါင်ခြောက်အောင် မနေပဲ၊ မကြာခဏ ရေသောက်ပေးသင့်ပါတယ်။ အစာအိမ်ရောဂါရှိရင် ဆေးသောက်မယ်။ ကွမ်း၊ ဆေးလိပ်၊ အရက်စတာတွေ ရှောင်ရပါမယ်။ ရေခဲရေကတော့၊ အာသီးရောင်တာ မဖြစ်စေဘူး။ ရေခဲရေသောက်ပြီး တော့အာသီးရောင် တတ်တယ်ဆိုရင်တော့၊ မသောက်တာ ကောင်းပါတယ်။

Thursday, April 11, 2024

ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ ထိန်းသိမ်းစောင့်ရှောက်သင့်သော သန္တာကျောက်တန်းလေးများ

 


 ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ ထိန်းသိမ်းစောင့်ရှောက်သင့်သော သန္တာကျောက်တန်းလေးများ 

          သန္တာကျောက်တန်းဆိုသည်မှာ သန္တာကောင်လေးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ကျောက်ဆောင် ကျောက် တန်းကဲ့သို့ သွင်ပြင်လက္ခဏာရှိနေသောရေအောက် ဂေဟစနစ် တစ်ခုဖြစ်သည်။ သန္တာကျောက်တန်းများသည် ကယ်လ်စီယမ် ကာဗွန်နိတ်ဖြင့် ဖွဲ့စည်းထားသော သန္တာကောင် အသိုက်အုံများစွာ၏ ဖွဲ့စည်းဖြစ်တည်နေမှု ဖြစ်ပါသည်။ တစ်နည်းဆိုသော် သန္တာ ကျောက်တန်းဆိုသည်မှာကျောက်သား သန္တာမျိုး၏ အကောင်ငယ်လေးများအုပ်စုလိုက် စုပုံကြခြင်းဖြင့် ဖွဲ့စည်းဖြစ်တည် နေခြင်း ဖြစ်ပါသည်။

          သန္တာသည် ပင်လယ် အနီမိုနီနှင့် ပင်လယ်ရေခူများနှင့်အတူမျိုးပေါင်းစု Cnidaria ထဲ၌ ပါဝင်သောမျိုးပေါင်း Anthozoa နှင့်သက်ဆိုင်သည့် သတ္တဝါတစ်မျိုးဖြစ်သည်။ သို့သော် ထူးခြားသည်မှာသန္တာကောင်များသည် ပင်လယ် အနီမိုနီများနှင့်မတူဘဲ သန္တာကျောက်တန်းများကိုထောက်ပံ့ကာကွယ်ရန် မာကျောသောကာဗွန်နိတ် ပြင်ပအခွံမာများထုတ်ပေးနိုင်စွမ်းရှိကြသည်။ သန္တာကျောက်တန်းအများစုသည် ပူနွေး၍ ရေတိမ်ကာ ကြည်လင်​ပြီးနေရောင်တဖိတ်ဖိတ် ရောင်ပြန်ဟပ်နေသောရေတွင် အကောင်းဆုံးပေါက်ဖွားရှင်သန်ကြပါသည်။