Thursday, April 25, 2024

အာသီးရောင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ထိပ်ကပ်နာရောဂါ

 



အာသီးရောင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ထိပ်ကပ်နာရောဂါ

ဒေါက်တာလွင်သန့်

            နှား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါတွေနဲ့ ပက်သက်ပြီး အာသီးရောင်ခြင်း၊ နှာခေါင်းပိတ်ခြင်းနဲ့ ထိပ်ကပ်နာတို့ ဆိုးရွားပါတယ်။ အာသီးရောင်ခြင်း (sore throat) က ပါးစပ်မှာအပူဖု ပေါက်တာနဲ့ ကွာပါတယ်။ ဘက်တီးရီးယား ပိုးတွေ၊ ဗိုင်းရပ်ပိုးတွေကြောင့်ဖြစ်နိုင်ပြီး၊ ဗိုင်းရပ်ပိုးကြောင့် ပိုဖြစ်နိုင်ပါတယ်။ အအေးမိ၊နှာစေး၊ ချောင်းဆိုး ဖြစ်တာကြောင့်လည်း အာသီးရောင် တတ်ပါတယ်။ ခဏခဏ ရောင်တတ်တယ်ဆိုရင်၊ ဘက်တီးရီးယားပိုး တွေကြောင့်ဖြစ်တယ်။ ဘက်တီးရီးယား ကြောင့်ဖြစ်တယ်ဆိုရင်ပိုးသတ်ဆေး (Antibiotics) သောက်ရပါမယ်။ ဖုန်ထူတဲ့နေရာ၊ လူများပြီး၊ လေဝင်လေထွက် မကောင်းတဲ့ နေရာတွေကို မသွားသင့်ပါဘူး။ နောက်တစ်ခုက အစာအိမ်ထဲက အက်ဆစ်တွေ၊ အာခေါင်ထဲ ကိုပြန်ထွက်လာဖြစ်တဲ့ စားချဉ်ပြန်တာ၊ မကြာခဏ လေချဉ်တတ်တာတွေ မှာလည်းအာသီး ရောင်နိုင်ပါတယ်။ အာသီးရောင်တာဖြစ်စေတဲ့ အဓိကအကြောင်းကို ကုသရာမှာဖြစ်တယ်။ ဖုန်ထူတဲ့နေရာသွားရင် သတိထားသွားရပါမယ်။ အာခေါင်ခြောက်အောင် မနေပဲ၊ မကြာခဏ ရေသောက်ပေးသင့်ပါတယ်။ အစာအိမ်ရောဂါရှိရင် ဆေးသောက်မယ်။ ကွမ်း၊ ဆေးလိပ်၊ အရက်စတာတွေ ရှောင်ရပါမယ်။ ရေခဲရေကတော့၊ အာသီးရောင်တာ မဖြစ်စေဘူး။ ရေခဲရေသောက်ပြီး တော့အာသီးရောင် တတ်တယ်ဆိုရင်တော့၊ မသောက်တာ ကောင်းပါတယ်။


            အာသီးရောင်တာ စထရပ်ကို ကော့ယ်ဘက်တီရီယား (streptococcus bacteria) ကြောင့်ဖြစ်တယ်။ ဗိုင်းရပ်(virus) ကြောင့် လည်း ဖြစ်နိုင်ပါတယ်။ အာသီးရောင်တာ တစ်လတစ်ခါ ရောင်တာလား။ ငါးလတစ်ခါ ရောင်တာလား။ တစ်နှစ်တစ်ခါ ရောင်တာလား ဆိုတာကြည့်ပြီး၊ တစ်နှစ်မှာငါးခါ၊ ခြောက်ခါလောက် ဖြစ်တတ်ပါတယ်။ လည်ပင်းနာပြီးဖျားတယ် ဆိုရင်၊ နာတာရှည် အာသီးရောင် ရောဂါကြောင့်လို့ သတ်မှတ်ပါတယ်။ လေးဖက်နာဖြစ်တယ် ဆိုရင်၊ အာသီးခဏခဏ ရောင်ပါတယ်။ အချို့လည်း အာသီးခဏခဏ ရောင်ပြီး၊ အာသီးထဲမှာရှိတဲ့ ဖွဲ့စည်းပုံတွေ ပျက်သွားပြီး၊ ရောဂါပိုး ခိုအောင်းဖို့နေရာ ဖြစ်လာပါတယ်။ အာသီးရောင်တာ က တစ်နှစ်ကို ငါးခါ၊ခြောက်ခါ လောက်ဖြစ်နေတယ်။ ခဏခဏလည်း ဒုက္ခပေးတယ် ဆိုရင်ခွဲရပါမယ်။ ဆေးသောက်လို့ မရတော့ဘူးဆိုမှ ခွဲရပါမယ်။ အစားအသောက်၊ အနေအထိုင်နဲ့ ပက်သက်ပြီး၊ ပြောရရင် မကြာခဏဖြစ်တတ်တယ် ဆိုရင်၊ လူထူတဲ့နေရာ၊ ဖုန်တွေထူတဲ့နေရာ ရှောင်ရပါမယ်။ ရေခဲရေနဲ့မထည့်ဘူး ထင်ရင် မသောက်သင့်ပါဘူး။ မကြာခဏ ဒုက္ခပေးရင်တော့ အာသီးကို ခွဲစိတ်ဖယ်ရှား ကုသသင့်ပါတယ်။

            နှာခေါင်းပိတ်တဲ့အခါ အမြန်ဆုံး ပျောက်ကင်းအောင် ကုသမှုခံယူသင့်တယ်။ ရုတ်တရက်အအေးမိ၊ နှာစေး၊ဖြစ်ပြီး၊ နှာခေါင်းပိတ် တယ်ဆိုရင်နှာခေါင်းပွင့်တဲ့ အစက်ချဆေး ထည့်လို့ရပါတယ်။ ဒါပေမယ့် ဒီဆေးက နေရာတိုင်းမှာဝယ်လို့ မရဘူး။ရေနွေးထဲကို ပရုပ်ဆီထည့်ပြီး ရှူသင့်တယ်။ ဒီနည်းက သာမန် အအေးမိ၊ နှာစေး၊ ချောင်းဆိုးတာ အတွက်ပဲဖြစ်တယ်။ အချို့က ရောဂါကြောင့် နှာခေါင်းပိတ်တာလည်း ရှိတတ်တယ်။ အဲဒါက နှာခေါင်းဓာတ်မတည့်လို့ ဖြစ်တယ်။ နာတာရှည် နှာခေါင်းရောင် ရောဂါတွေဖြစ်ရင်လည်း နှာခေါင်းပိတ်တတ် ပါတယ်။ နှာခေါင်းဓာတ်မထည့် တာကတော့ နှာခေါင်းဖျန်းဆေး အသုံးပြုရပါမယ်။ နာတာရှည် နှာခေါင်းရောင်တာ ကတော့ ဆေးစွဲသောက်သင့် ပါတယ်။

               ထိပ်ကပ်နာ(sinusitis)က နှာခေါင်းဘေးမှာရှိတဲ့ လေအိတ်တွေကို ကာထားတဲ့ အမြှေးပါးတွေ ရောင်လို့ဖြစ်တယ်။ ဒီရောဂါက အပူ၊အအေး ပြောင်းလဲမှုများရင် နှာခေါင်းပိတ်သွား တတ်ပါတယ်။ အချို့က နှာရည်ကျတယ်။ အချို့ကတော့ အပူ၊ အအေးနည်းနည်း ပြောင်းတာနဲ့ နှာခေါင်းပိတ်တာကို အရမ်းဆိုးဆိုးရွားရွား ခံစားရပါတယ်။ အချို့သိပ်မဆိုးတာ လည်းရှိတယ်။ ထိပ်ကပ်နာမှာက ဘက်တီရီယားပိုး ဝင်လို့ဖြစ်တာနဲ့ ဓာတ်တုံ့ပြန်မှု များတာကြောင့် ဖြစ်တယ်။ ပိုးဝင်တာကြောင့် ဖြစ်တဲ့ထိပ်ကပ်နာမှာ နှာရည်တွေ ကျလာပြီး၊ အဆိုပါနာရည်တွေက အကြည်ရောင် မဟုတ်ဘဲ ၊အဝါရောင်၊ အစိမ်းရောင်တွေ ဖြစ်တတ်ပါတယ်။ ပိုးဝင်တာကြောင့် ဖြစ်တဲ့ထိပ်ကပ်နာ ဆိုရင်တော့ သေသေချာချာ ကုသဖို့လိုတယ်။ ဆရာဝန် တစ်ယောက်တည်း နဲ့ပဲ၊နှစ်လသုံးလ ကုသမယ်ဆိုရင်တော့ ပျောက်ကင်းနိုင်မယ်။ ဓာတ်တုံ့ပြန်တာ ကြောင့်ဖြစ်တဲ့ ထိပ်ကပ်နာ ကတော့ ဓာတ်မထည့်တာ တွေကို ရှောင်ရပါတယ်။ အပူ၊အအေး ပြောင်းလဲမှုတွေမှာ ဂရုစိုက်ရပါမယ်။ ရာသီဥတု ပူတဲ့အခါ အေးတဲ့အချိန်ကနေ အပြင်ထွက်မယ် ဆိုရင် စတိုင်ကျကာထီး၊ ဦးထုပ်ဆောင်း တာမျိုး လုပ်ပေးသင့် ပါတယ်။ ရေခဲရေ ရှောင်သင့်ပါတယ်။ ရေခဲရေမှ မဟုတ်ဘူး။ အအေး၊ ရေခဲထဲ၊ ထည့်ထားတဲ့ အအေးဗူး၊ အချိုရည်ဗူး တွေလည်း မသောက်သင့်ပါဘူး။ ထိပ်ကပ်နာ ပိုဆိုးစေပါတယ်။

            အခုလိုမျိုး အရမ်းပူနေတဲ့ ရာသီဥတုမှာ ပေါ့ပေါ့ပါးပါး ပွပွချောင်ချောင် အဝတ်အစားတွေ ဝတ်ဆင်မယ်ဆိုရင် ထိပ်ကပ်နာက သိပ်မဆိုးပါဘူး။ ဓာတ်မတည့်လို့ ဖြစ်တဲ့ထိပ်ကပ်နာကို ထိန်းထားဖို့အတွက် နှာခေါင်းဖျန်းဆေး အသုံးပြုနိုင် ပါတယ်။ နှာခေါင်းဖျန်းဆေး ဖျန်းထားရင်တော့၊ အပူ၊ အအေးပြောင်းလဲလို့ ဖြစ်တဲ့ ထိပ်ကပ်နာ မခံစားရအောင် ကာကွယ်လို့ ရပါတယ်။

           ထိပ်ခပ်နာဆိုတာ လူဦးခေါင်ခွံမှာ နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ လေလမ်းကြောင်း၊ နှာခေါင်းဝ (sinus)ပိတ်ဆို့ရာ ကနေ၊ တစ်ခု(သို့) တစ်ခုထက်ပိုတဲ့ နှာခေါင်းလှိုဏ်တွေ ပိုးဝင်ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ အချိန်တို လေးပတ်အတွင်း ဖြစ်ရင်ရုတ်တရက် လက်တလော ထိပ်ကပ်နာခေါ်ပြီး၊ ()လထက်ကြာပြီး ထပ်ခါထပ်ခါဖြစ်ရင် နာတာရှည် ထိပ်ကပ်နာလို့ ခေါ်ပါတယ်။ ထိပ်ကပ်နာက အဖြစ်များတယ်။ အသက်အရွယ် မရွေးဖြစ်နိုင် ပါတယ်။ ရောဂါဖြစ်ပွါးနိုင်တဲ့ အချက်အလက်တွေ လျော့ချခြင်းက စီမံနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ညဖက်မှာ ပိုဆိုးခြင်း၊ ဖျားနာခြင်း၊ နဖူး(သို့)မျက်နှာ တဝိုက်လေးလံ နာကျင်ခြင်း၊ နှာပိတ်ခြင်း၊ နှာစေးခြင်း၊ အဝါ၊အစိမ်း၊ အပြာရောင် အရည်များ ထွက်ခြင်း၊ လည်ချောင်းနာခြင်း ကို(-၂၁)ရက်အထိ ဖြစ်နိုင်တယ်။ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားလက္ခဏာ တွေလည်း ရှိပါတယ်။ ရောဂါရှိလို့ စိုးရိမ်နေမယ် ဆိုရင်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်တယ်။

              မျက်ကွင်းညိုပြီး၊ ရောင်ရမ်းနာကျင်ခြင်း၊ နဖူးရောင်ခြင်း၊ အပြင်းအထန် ခေါင်းကိုက်ခြင်း၊ ကယောင်ကတမ်း ဖြစ်ခြင်း၊ လည်ပင်း တောင့်တင်းခြင်း၊ အသက်ရှူပုံ မမှန်ခြင်း၊ ပြတ်တောင်းပြတ်တောင်း အသက်ရှူရပ်ခြင်း၊ လက္ခဏာတွေထဲက တစ်ခုခုဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးသင့်တယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ ကိုယ့်အခြေအနေ အတွက် ဘာအကောင်းဆုံးလဲ သိအောင်မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

              ထိပ်ခပ်နာဟာ ဘက်တီးရီးယား (streptococcus)၊ ဓာတ်မထည့်ခြင်း၊ လေထုညစ်ညမ်းခြင်း နဲ့နှာခေါင်းအသားပို (Nasal polyp)နှာခေါင်းမှာ အသားပိုကြောင့် နှာပိတ်ခြင်း ဖြစ်စေတယ်။ တို့ဟာ ထိပ်ကပ်နာဖြစ်စေ ပါတယ်။ ထိပ်ကပ်နာဟာ တုပ်ကွေးမိပြီးနောက်၊ ဓာတ်မထည့်ပစ္စည်းတွေနဲ့ ထိတွေ့ပြီးနောက်မှာ ဖြစ်လေ့ရှိတယ်။ မွေးရာပါ နှာခေါင်း လှိုဏ်ကျဉ်းခြင်း၊ နှာခေါင်းခြောက်သွေ့ လွန်ခြင်းတို့ကလည်း နာတာရှည် ထိပ်ကပ်နာဖြစ် စေပါတယ်။ ထိပ်ကပ်နာ ဖြစ်ပွါးနိုင်ခြေမြင့် စေတဲ့ အကြောင်းရင်းက

() ‌ဓာတ်မထည့်ပစ္စည်းများနဲ့ အမြဲထိတွေနေခြင်း

() အိပ်ချအိုင်ဗီ( HIV/AIDS)၊ စစ်ထရစ်ဖိုင် ဗလိုစစ် (cystic Fibrosis)လို့ ကိုယ်ခံအားစနစ် ချို့ယွင်းမှုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်နိုင် ပါတယ်။ မှိုပိုးကြောင့်ဖြစ်တဲ့ ထိပ်ကပ်နာ(Fungus Sinusitis )(သို့) အကျိတ်များ ရှိတယ်လို့ သံသယရှိရင် နှာခေါင်း မှန်ပြောင်းကြည့်ခြင်း ကွန်ပြူတာ ဓာတ်မှန် (CT scan)ရိုက်ခြင်း၊ အမ်အာအိုင်(MRI) ရိုက်ခြင်း ပြုလုပ်သင့်ပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ဆန်းစစ်ဖို့ ဆရာဝန်ကတစ်နှစ်မှာ ထိပ်ကပ်နာဖြစ်တဲ့ အကြိမ်အရေတွက်၊ ရောဂါလက္ခဏာ မပေါ်ခင်ပြုလုပ်ခဲ့တဲ့ လုပ်ဆောင်ချက်များ မေးကာစမ်းသပ် ပါမယ်။ မွေးရာပါ နှာခေါင်းကောက်နေ၊ နှာခေါင်းရိုးကွေးကောက် နေရင်ထိပ်ကပ်နာ မကြာခဏဖြစ်လို့၊ ခွဲစိတ်ကုသ ရတတ်ပါတယ်။

           ပါးစပ်ထဲမှာ အဖြူရောင်အပူဖုတွေ ပေါက်ပြီး၊ အရမ်းနာတာမျိုး ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ သက်သာအောင် ဘယ်လိုလုပ်သင့် သလဲ။ မဖြစ်အောင် ကာကွယ်သင့်သလဲ ဆိုရင် ပါးစပ်ထဲမှာရှိနေတာက ခံတွင်းနဲ့ အာခေါင်းမြှေးပါး လေးတွေ၊ တံတွေးထွက်တဲ့ အကျိတ်လေးတွေ ရှိပါတယ်။ အဲဒါတွေ ရောင်ရမ်းနာကျင်မှုကို ခံစားရတတ်တယ်။ မြန်မာလိုအပူဖု ပေါက်တယ်လို့ ခေါ်ကြပါတယ်။ အာသီးရောင် တာလည်း ရောဂါတစ်ခု အနေနဲ့ပြ တတ်တယ်။ အပူဖုပေါက်တာက ပါးစပ်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေ ပေါက်ပွါးလို့ဖြစ်တာ များတယ်။ အရမ်းပူတဲ့ အစားအစာကို စားမိလို့၊ အာခေါင်ပေါက်သွားတဲ့ အခါမှာလည်း နာတတ်တယ်။ အပူ၊အအေး မျှတတဲ့ အစာစားရပါမယ်။

              ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ဖို့ လိုပါတယ်။ ရေခဲရေ သောက်တာ၊ နေပူပြင်းက ပြန်လာပြီး၊ အအေးသောက်တာမျိုး အဲယားကွန်းခံတာ မျိုးရှောင်သင့် ပါတယ်။ ဒါဆိုရင်အပူဖု ပေါက်တာသက်သာ သွားပါမယ်။ တကယ်လို့ပေါက်ခဲ့ ရင်လည်း အနာပျောက်ဆေး၊ ပိုးသတ်ဆေးတွေ သောက်ရပါမယ်။ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ ရှောင်သင့်ပါတယ်။ ကွမ်းနဲ့ဆေးလိပ်မှာ နီကိုတင်း အခြေခံထားတဲ့ ဆေးရွက်ကြီးကုန်ကြမ်း ပါဝင်လို့လူကို စွဲလန်းစေကာ၊ အဆမတန် သောက်သုံးရာသုံးမယ် ဆိုရင် အပူဖု ပေါက်တတ်တယ်။ အရက်ပြင်းတွေ နေ့စဉ်သောက် နေရင်လည်းသည့် လက္ခဏာပြသတဲ့ အပူဖု ပေါက်တတ်ပါတယ် ။။

ဓာတ်ပုံ - အင်တာနက်


No comments: