Monday, May 13, 2024

ေခါင္းကိုက္တိုင္း စိတ္ပူစရာလိုပါလား




ေခါင္းကိုက္တိုင္း စိတ္ပူစရာလိုပါလား

ေဒါက္တာဥမၼာေစာ

၁။       ကြၽန္မတို႔အားလုံး ေခါင္းကိုက္ေဝဒနာကို တစ္ခါမဟုတ္ တစ္ခါေတာ့ ခံစားဘူး ၾကပါတယ္။ ပါရာစီတေမာ့ ေလးေသာက္ၿပီး သက္သာေပ်ာက္ကင္း ၾကတာမ်ားပါတယ္။ ေဆးမေသာက္ပဲ သက္သာသြားတာလဲ ရွိပါတယ္။ ဒါေပမဲ့ ေဝဒနာျပင္းထန္ၿပီး ရက္ၾကာရွည္ လာရင္ေတာ့ စိတ္ပူလာၾကစၿမဲပါ။ အားလုံးစိတ္ထဲမွာ ဦးေႏွာက္အႀကိတ္ ျဖစ္မွာကို ပူပန္ၾကတာမ်ားပါတယ္။ တကယ္ေတာ့ ေခါင္းကိုက္ ေဝဒနာဟာ လူအမ်ားၾကားမွာ  အျဖစ္မ်ားတဲ့ ေဝဒနာတစ္ခု ျဖစ္ၿပီးေတာ့ ၉၀ ရာခိုင္ႏႈန္းေလာက္ဟာ ေခါင္းကိုက္ေဝဒနာ ခံစားဘူးၾကပါတယ္။ ေခါင္းကိုက္ေဝဒနာ ခံစားရသူေတြရဲ႕ တစ္ဝက္ဟာ ျပင္းထန္တဲ့ ေဝဒနာကို ခံစားၾကရသလို ေလးပုံတစ္ပုံေလာက္ ဟာလဲ မၾကာခဏ ေခါင္းကိုက္ေဝဒနာ ခံစားၾကရပါတယ္။


၂။       ဦးေႏွာက္အာ႐ုံေၾကာ ေရာဂါေတြျဖစ္တဲ့ ဦးေႏွာက္အေျမႇးေရာင္ ေရာဂါ (Meningitis)၊ ဦးေႏွာက္ အသားေရာင္ေရာဂါ (Encephalitis)၊ ဦးေႏွာက္အႀကိတ္ (Brain Tumor)၊ ေသြးတိုး ဒါမွမဟုတ္ ထိခိုက္ဒဏ္ရာရလို႔ ဦးေႏွာက္ထဲ ေသြးယိုစီးတဲ့ ေရာဂါေတြမွာ  ေခါင္းကိုက္ေဝဒနာ ျပင္းထန္စြာခံစား ၾကရပါတယ္။ ဦးေႏွာက္အတြင္း အလုံးအႀကိတ္ေတြ၊ ေသြးခဲေတြ၊ ဦးေႏွာက္ေရာင္ရမ္းမႈ ေတြေၾကာင့္ ဦးေႏွာက္ထဲမွာ ဖိအားျမင့္တက္လာၿပီး ေခါင္းကိုက္ေဝဒနာ ႏွင့္အတူ ထိုးအန္တာ၊ သတိေမ့တာ၊ တက္တာ၊ ေျခလက္အားနည္း တာေတြပါ တြဲၿပီး ခံစားရတတ္ပါတယ္။ လူနာေရာ၊ ဆရာဝန္ေတြကပါ ဦးေႏွာက္တြင္း ဖိအားမ်ားတဲ့ လကၡဏာေတြ ရွိလာၿပီဆိုရင္ စနစ္တက် ေရာဂါရွာေဖြတာ၊ ကုသတာေတြ ေဆာင္ရြက္ဖို႔ လိုပါတယ္။

၃။       ဆရာဝန္ စမ္းသပ္ခ်ိန္မွာလည္း ဦးေႏွာက္အေျမႇးေရာင္ လကၡဏာႏွင့္ ေျခလက္တစ္ျခမ္း မလႈပ္ႏိုင္တာ၊ သတိေလ်ာ့တာ ေတြရွိရင္ေတာ့ အေရးႀကီးျခင္းပါပဲ။ ဒါေပမဲ့ ေခါင္းကိုက္တိုင္း ေရာဂါႀကီး မဟုတ္ပါဘူး။ ခႏၶာကိုယ္ေအာက္ပိုင္း ခြဲစိတ္ကုသဖို႔ ခါးဆစ္႐ိုး ထုံေဆးေပးထားတဲ့ လူနာေတြမွာလည္း အခန္႔မသင့္ရင္ ခါးဆစ္႐ိုးမွ ဦးေႏွာက္အရည္ စိမ့္ထြက္မႈေၾကာင့္ ဦးေႏွာက္တြင္း ဖိအားေလ်ာ့နည္း သြားကာ ေခါင္းကိုက္ ေဝဒနာခံစား ရတတ္ပါတယ္။ အိပ္ရာမွ ထလိုက္ခ်ိန္ ျပင္းထန္စြာခံစားရၿပီး လမ္းမေလွ်ာက္ ႏိုင္ျဖစ္တတ္ပါတယ္။ လိုအပ္တဲ့ ကုထုံးေတြ ေပးလိုက္ရင္ေတာ့ ရက္ပိုင္းအတြင္း ျပန္လည္ သက္သာသြား တတ္ပါတယ္။ နားအတြင္း ပိုးဝင္ေရာင္ရမ္းတာ၊ မ်က္ႏွာႏွင့္ ဦးေခါင္းခြံ႐ိုး ေတြထဲက အေခါင္းပြ ေလအိပ္ေတြ ပိုးဝင္ေရာင္ရမ္းတာ၊ သြားနာတာ၊ မ်က္လုံးေရတိမ္ ဖိအားမ်ားတာေတြ ေၾကာင့္လည္း ေခါင္းကိုက္ႏိုင္ပါတယ္။ တစ္ခါတစ္ရံ ႏွာစီးေခ်ာင္းဆိုး တုတ္ေကြး ျဖစ္ရင္ေတာင္ ေခါင္းကိုက္ေဝဒနာ ခံစားၾကရပါတယ္။

၄။       ငွက္ဖ်ား၊ အဆုတ္ေရာင္၊ အူေရာင္ စတဲ့ ခႏၶာကိုယ္တြင္း ပိုးဝင္ေရာင္ရမ္းမႈ ေတြရွိရင္လဲ အဖ်ားေဝဒနာႏွင့္ အတူ ေခါင္းကိုက္ေဝဒနာ ခံစားၾကရပါတယ္။ ေသြးေပါင္တက္ လာခ်ိန္၊ ကြန္ျပဴတာ၊ ဖုန္း အသုံးမ်ားခ်ိန္၊ စာဖတ္မ်ားခ်ိန္ေတြ မွာလည္း ဇက္ေၾကာတက္ ေခါင္းထိုးႏိုင္သလို လည္ပင္း က်ီးေပါင္းရွိတာ၊ လည္ပင္းေၾကာညႇပ္ တာေတြကလည္း ဒီလိုေဝဒနာေတြ ခံစားရေစပါတယ္။ အသက္ႀကီးတဲ့ သူေတြမွာ နားထင္မွာရွိတဲ့ ေသြးေၾကာ ေရာင္ရမ္းျခင္း (Temporal Arteritis) ေၾကာင့္ ေခါင္းကိုက္ေဝဒနာ ျပင္းထန္စြာခံစားရၿပီး ႐ုတ္တရက္ မ်က္စိေတာင္ ကြယ္သြားႏိုင္ပါတယ္။ ႏွလုံးေသြးေၾကာ က်ဉ္းေရာဂါ၊ ေသြးတိုးေရာဂါ အတြက္ ေသာက္ေနတဲ့ ေသြးေၾကာခ်ဲ႕ ေဆးေတြကလည္း ဦးေႏွာက္ ေသြးေၾကာေတြ က်ယ္ၿပီး ေခါင္းကိုက္ေဝဒနာ ခံစားရေစပါတယ္။ ေခါင္းကိုက္တိုင္း အကိုက္အခဲ ေပ်ာက္ေဆးေတြ မၾကာခဏ ေသာက္တဲ့ အက်င့္ေၾကာင့္ ေခါင္းျပန္ကိုက္ရတဲ့ Analgesic induced headache ကိုလည္း သတိထားဖို႔ လိုပါတယ္။

၅။       ေခါင္းကိုက္ေဝဒနာဟာ အေရးႀကီးတဲ့ ေရာဂါေတြေၾကာင့္ ျဖစ္တတ္တယ္ ဆိုေပမဲ့ လူနာအမ်ားစုဟာ သာမန္ေရာဂါ ေတြေၾကာင့္သာ ေခါင္းကိုက္ၾကရတာ မ်ားပါတယ္။ အထူးသျဖင့္ ေက်ာင္းစာဖိစီးေနတဲ့ ေက်ာင္းသားေတြ၊ လုပ္ငန္းခြင္ ဖိစီးမႈမ်ားတဲ့ လူငယ္ လူလတ္ပိုင္းေတြ၊ မိသားစုအိမ္တြင္းေရး ျပႆနာေတြေၾကာင့္ စိတ္ဖိစီးမႈ ခံစားရတဲ့သူေတြမွာ စိတ္ဖိစီးမႈေၾကာင့္ ဦးေခါင္းတစ္ဝိုက္ ႂကြက္သားေတ ေတာင့္တင္းၿပီး ျဖစ္ရတဲ့ ေခါင္းကိုက္ ေဝဒနာ Tension headache ကို ခံစားၾကရၿပီး ေခါင္းတစ္ခုလုံး စည္းထားသလို တင္းက်ပ္ ကိုက္ခဲေနတယ္လို႔ ေျပာတတ္ၾကပါတယ္။ သာမန္ အကိုက္အခဲ ေပ်ာက္ေဆးေတြ ေပးလည္း မသက္သာတတ္လို႔ ဆရာဝန္ေတြအေနနဲ႔ အျခားအေရးႀကီးတဲ့ ေရာဂါေတြ မ်ားလားလို႔ ေတြးမိတတ္ပါတယ္။ တစ္ခါတစ္ရံ ဦးေႏွာက္ကြန္ျပဴတာ ဓာတ္မွန္႐ိုက္ၾကည့္ၿပီး ေရာဂါႀကီးေတြ မရွိေၾကာင္း ရွင္းျပေျဖသိမ့္ေပး ရပါတယ္။ စိတ္ဖိစီးမႈေလ်ာ့ခ် ေစတဲ့ နည္းလမ္း ေတြျဖစ္တဲ့ ကိုယ္လက္ လႈပ္ရွားကစားတာ၊ သီခ်င္း နားေထာင္တာ၊ ပုတီးစိပ္၊ တရားထိုင္တာ၊ မိသားစုမိတ္ေဆြ သူငယ္ခ်င္းမ်ားနဲ႔ ေပ်ာ္ရႊင္စြာသြားလာ တာေတြကိုလုပ္ေစဖို႔ အႀကံျပဳရပါတယ္။ လိုအပ္ရင္ေတာ့ စိတ္ကို ကုတဲ့ ေဆးေတြလည္း ျဖည့္စြက္ေပးရ တတ္ပါတယ္။

၆။       ေခါင္းကိုက္ေဝဒနာ ခံစားရသူေတြရဲ႕ ၆၀ ရာခိုင္ႏႈန္းဟာ Migraine လို႔ေခၚတဲ့ ေခါင္းတစ္ျခမ္းကိုက္ေရာဂါနဲ႔ Tension headache လို႔ေခၚတဲ့ စိတ္ဖိစီးမႈေၾကာင့္ျဖစ္ရတဲ့ ေခါင္းကိုက္ေရာဂါေတြျဖစ္ၾကတယ္။ Migraine လို႔ေခၚတဲ့ ေခါင္းတစ္ျခမ္းကိုက္ေရာဂါဟာ သက္ငယ္သက္လတ္ပိုင္း အမ်ိဳးသမီးေတြမွာအျဖစ္မ်ားပါတယ္။ ေခါင္းကိုက္တာနဲ႔အတူ မ်က္စိအျမင္ဝါးလာတာ၊ ပ်ိဳ႕ခ်င္အန္ခ်င္တာပါတြဲျဖစ္တတ္ၿပီး တခ်ိဳ႕လူနာေတြမွာ မ်က္စိ သိပ္မလႈပ္ႏိုင္တာ၊ မ်က္ခြံက်တာ၊ ကိုယ္လက္တစ္ျခမ္းအားနည္းတာေတြပါတြဲၿပီး ခံစားရတတ္ပါတယ္။

၇။       ဦးေႏွာက္တြင္း အလုံးအႀကိတ္ ရွိလို႔ျဖစ္ရတဲ့ လကၡဏာေတြနဲ႔ မတူတဲ့ အခ်က္ကေတာ့ ေခါင္းကိုက္သက္သာသြားခ်ိန္၊ တြဲဖက္ေဝဒနာ ေတြလည္း ေလ်ာ့သြားတာပါပဲ။ စိတ္ဖိစီးမႈမ်ားတာ၊ အိပ္ေရးမဝတာ၊ ဗိုက္ဆာတာ ေတြေၾကာင့္ ေခါင္းကိုက္ ေဝဒနာပိုခံစား ရႏိုင္သလို ကဖင္းဓာတ္မ်ားတဲ့ အစားအစာ၊ ေခ်ာကလက္၊ အနီေရာင္ဝိုင္၊ ဒိန္ခဲ၊ သစ္သီးအေစ့အဆံ ေလးေတြစားရင္လဲ ပိုဆိုးႏိုင္ပါတယ္။ တာရွည္ခံေအာင္ ဓာတုပစၥည္းေတြ ထည့္ထားတဲ့ စားစရာေတြ ကလည္း ေခါင္းတစ္ျခမ္း ကိုက္ေရာဂါကို ပိုခံစားရေစ ပါတယ္။ အမ်ိဳးသမီးငယ္ ေတြအဖို႔ ရာသီလာခါနီးမွာ ျပင္းထန္စြာ ေခါင္းကိုက္တာ ခံစားၾကရပါတယ္။

၈။       အမ်ိဳးသားေတြမွာ အျဖစ္မ်ားတဲ့ Cluster headache လို႔ေခၚတဲ့ ေခါင္းကိုက္ေရာဂါ ကေတာ့ မ်က္ရည္၊ ႏွာရည္က်တာ၊ ႏွာေခါင္းပိတ္တာတို႔နဲ႔ တြဲေနတတ္ၿပီး ညဖက္အိပ္ရာက လန္႔ႏိုးတဲ့ အထိေတာင္ ကိုက္တတ္ပါတယ္။ ေဝဒနာလည္း ျပင္းထန္ပါတယ္။ ဒီေခါင္းကိုက္ ေရာဂါေတြကေတာ့ hormone အေျပာင္းအလဲ ေတြျဖစ္ၿပီး ဦးေႏွာက္နဲ႔ အာ႐ုံေၾကာမ်ား အတြင္းမွာရွိတဲ့ ဓာတ္သဘာဝ အေျပာင္းအလဲေၾကာင့္ ဦးေခါင္းတြင္းမွာ ရွိတဲ့ ေသြးေၾကာေလးေတြ ႐ုတ္တရက္ က်ဉ္းျခင္း၊ က်ယ္ျခင္းတို႔ေၾကာင့္ ျဖစ္ရတာျဖစ္ပါတယ္။

၉။       ယခုေျပာတဲ့ ေခါင္းကိုက္ေဝဒနာ ေတြကိုေတာ့ ေခါင္းကိုက္ခ်ိန္မွာ ေဝဒနာသက္သာ ေစမဲ့ အကိုက္အခဲ ေပ်ာက္ေဆးေတြ၊ ဦးေႏွာက္ေသြးေၾကာ က်ဉ္းေစမဲ့ ေဆးေတြနဲ႔ ကုသၾကပါတယ္။ အျဖစ္က်ဲေအာင္၊ မၾကာခဏ မခံစားရေအာင္ ကာကြယ္တဲ့ ေဆးေတြကိုလည္း တတ္ကြၽမ္း နားလည္တဲ့ ဆရာဝန္ေတြနဲ႔ ျပသၿပီး ေသာက္သင့္ပါတယ္။ စိတ္ဖိစီးမႈကို ေလ်ာ့ခ်ၿပီး၊ အစားကို အခ်ိန္မွန္မွန္စား၊ အိပ္ေရးဝဝအိပ္၊ ပုံမွန္ကိုယ္လက္ လႈပ္ရွားမႈမ်ား လုပ္ေဆာင္သင့္ပါတယ္။  သန္႔ရွင္း လတ္ဆတ္တဲ့ အသီးအႏွံ၊ အသီးအရြက္ေတြ စားသုံးတာ၊ ဓာတုဆိုးေဆး မပါတဲ့ အစားအေသာက္ေတြ ေရြးခ်ယ္စားသုံး တာအျပင္ ကဖင္းဓာတ္မ်ားတဲ့ အစားအစာေတြ၊ အရက္ေသစာ ေသာက္သုံးမႈေတြကို ေရွာင္ၾကဉ္သင့္ ပါတယ္။ လြန္ကဲစြာ အေအးခံတာ၊ အပူအေအး ႐ုတ္တရက္ ေျပာင္းလဲတဲ့ ေနရာမွာ သြားလာတာ ေတြတို႔ သတိျပဳရပါမယ္။

၁၀။     သာမန္အေအးမိ ဖ်ားနာကိုက္ခဲတာ၊ မ်က္ႏွာနဲ႔ ဦးေခါင္းတစ္ဝိုက္ ပိုးဝင္ေရာင္ရမ္း၊ ခႏၶာကိုယ္ မမာမက်န္းျဖစ္တာ ကိုလည္း ရွာေဖြကုသ ရပါမယ္။ ေရတိမ္ျဖစ္လို႔ ေခါင္းကိုက္တာ၊ နားထင္မွာရွိတဲ့ ေသြးေၾကာ ေရာင္ရမ္းလို႔ ေခါင္းကိုက္တာေတြ ကလည္း သတိမထားမိရင္ မ်က္စိကြယ္တဲ့အထိ ဒုကၡေပးႏိုင္တဲ့ အတြက္ တတ္ကြၽမ္းနားလည္တဲ့ ဆရာဝန္ေတြနဲ႔ ျပသကုသမႈခံယူ သင့္ပါတယ္။ မနက္ေစာေစာ အိပ္ရာထ ေခါင္းထိုးကိုက္ၿပီး ေခ်ာင္းဆိုး၊ ႏွာေစးတဲ့အခ်ိန္၊ ဝမ္းညႇစ္တဲ့အခ်ိန္ေတြ ပိုဆိုးမယ္ဆိုရင္ေတာ့ အေရးႀကီးပါတယ္။ ထိုးအန္တာ၊ မွိန္းတာ၊ ေျခလက္အားနည္းတာ၊ တက္တာေတြနဲ႔ တြဲမယ္ဆိုရင္ေတာ့ ဦးေႏွာက္အရည္ကို ခါးဆစ္႐ိုးမွတစ္ဆင့္ ေဖာက္ထုတ္ စစ္ေဆးတာ၊ ဦးေႏွာက္ကြန္ျပဴတာ ႐ိုက္တာ စတဲ့စမ္းသပ္မႈ့ေတြ ေဆာင္ရြက္သင့္ ပါတယ္။ ျဖစ္ရတဲ့ အေၾကာင္းအရင္းကို ေသေသခ်ာခ်ာ ရွာေဖြကုသဖို႔ လိုအပ္ပါတယ္။ ေခါင္းကိုက္တိုင္း စိတ္ပူစရာ မလိုေပမဲ့လည္း ေဝဒနာျပင္းထန္ၿပီး တြဲဖက္လကၡဏာ ေတြရွိရင္ေတာ့ သက္ဆိုင္ရာ ကြၽမ္းက်င္သူေတြနဲ႔ ျပသတိုင္ပင္ သင့္ေၾကာင္း အႀကံျပဳ ေရးသားအပ္ပါတယ္။

 photo - Internet

(Pyidaungsu)

ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုပါလား

ဒေါက်တာဥမ္မာစော

၁။           ကျွန်မတို့အားလုံး ခေါင်းကိုက်ဝေဒနာကို တစ်ခါမဟုတ် တစ်ခါတော့ ခံစားဘူး ကြပါတယ်။ ပါရာစီတမော့လေးသောက်ပြီး သက်သာပျောက်ကင်းကြတာများပါတယ်။ ဆေးမသောက်ပဲ သက်သာသွားတာလဲရှိပါတယ်။ ဒါပေမဲ့ ဝေဒနာပြင်းထန်ပြီး ရက်ကြာရှည်လာရင်တော့ စိတ်ပူလာကြစမြဲပါ။ အားလုံးစိတ်ထဲမှာ ဦးနှောက်အကြိတ်ဖြစ်မှာကို ပူပန်ကြတာများပါတယ်။ တကယ်တော့ ခေါင်းကိုက်ဝေဒနာဟာ လူအများကြားမှာ  အဖြစ်များတဲ့ဝေဒနာတစ်ခုဖြစ်ပြီးတော့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ခေါင်းကိုက်ဝေဒနာခံစားဘူးကြပါတယ်။ ခေါင်းကိုက်ဝေဒနာခံစားရသူတွေရဲ့ တစ်ဝက်ဟာ ပြင်းထန်တဲ့ ဝေဒနာကို ခံစားကြရသလို လေးပုံတစ်ပုံလောက်ဟာလဲ မကြာခဏ ခေါင်းကိုက်ဝေဒနာခံစားကြရပါတယ်။

၂။           ဦးနှောက်အာရုံကြောရောဂါတွေဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis)၊ ဦးနှောက်အသားရောင်ရောဂါ(Encephalitis)၊ ဦးနှောက်အကြိတ်(Brain Tumor)၊ သွေးတိုး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရလို့ ဦးနှောက်ထဲသွေးယိုစီးတဲ့ ရောဂါတွေမှာ  ခေါင်းကိုက်ဝေဒနာပြင်းထန်စွာခံစားကြရပါတယ်။ ဦးနှောက်အတွင်း အလုံးအကြိတ်တွေ၊ သွေးခဲတွေ၊ ဦးနှောက်ရောင်ရမ်းမှုတွေကြောင့် ဦးနှောက်ထဲမှာ ဖိအားမြင့်တက်လာပြီး ခေါင်းကိုက်ဝေဒနာနှင့်အတူ ထိုးအန်တာ၊ သတိမေ့တာ၊ တက်တာ၊ ခြေလက်အားနည်းတာတွေပါ တွဲပြီး ခံစားရတတ်ပါတယ်။ လူနာရော၊ ဆရာဝန်တွေကပါ ဦးနှောက်တွင်းဖိအားများတဲ့ လက္ခဏာတွေရှိလာပြီဆိုရင် စနစ်တကျရောဂါရှာဖွေတာ၊ ကုသတာတွေဆောင်ရွက်ဖို့လိုပါတယ်။

၃။              ဆရာဝန် စမ်းသပ်ချိန်မှာလည်း ဦးနှောက်အမြှေးရောင်လက္ခဏာနှင့် ခြေလက်တစ်ခြမ်းမလှုပ်နိုင်တာ၊ သတိလျော့တာ တွေရှိရင်တော့ အရေးကြီးခြင်းပါပဲ။ ဒါပေမဲ့ ခေါင်းကိုက်တိုင်းရောဂါကြီး မဟုတ်ပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်းခွဲစိတ်ကုသဖို့ ခါးဆစ်ရိုးထုံဆေးပေးထားတဲ့ လူနာတွေမှာလည်း အခန့်မသင့်ရင် ခါးစ်ရိုးမှ ဦးနှောက်အရည်စိမ့်ထွက်မှုကြောင့် ဦးနှောက်တွင်းဖိအားလျော့နည်းသွားကာ ခေါင်းကိုက် ဝေဒနာခံစားရတတ်ပါတယ်။ အိပ်ရာမှ ထလိုက်ချိန် ပြင်းထန်စွာခံစားရပြီး လမ်းမလျှောက်နိုင်ဖြစ်တတ်ပါတယ်။ လိုအပ်တဲ့ ကုထုံးတွေပေးလိုက်ရင်တော့ ရက်ပိုင်းအတွင်း ပြန်လည် သက်သာသွားတတ်ပါတယ်။ နားအတွင်း ပိုးဝင်ရောင်ရမ်းတာ၊ မျက်နှာနှင့်ဦးခေါင်းခွံရိုးတွေထဲက အခေါင်းပွလေအိပ်တွေ ပိုးဝင်ရောင်ရမ်းတာ၊ သွားနာတာ၊ မျက်လုံးရေတိမ်ဖိအားများတာတွေကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ တစ်ခါတစ်ရံ နှာစီးချောင်းဆိုးတုတ်ကွေးဖြစ်ရင်တောင် ခေါင်းကိုက်ဝေဒနာခံစားကြရပါတယ်။

၄။           ငှက်ဖျား၊ အဆုတ်ရောင်၊ အူရောင် စတဲ့ ခန္ဓာကိုယ်တွင်း ပိုးဝင်ရောင်မ်းမှုတွေရှိရင်လဲ အဖျားဝေဒနာနှင့်အတူ ခေါင်းကိုက်ဝေဒနာခံစားကြရပါတယ်။ သွေးပေါင်တက်လာချိန်၊ ကွန်ပြူတာ၊ ဖုန်း အသုံးများချိန်၊ စာဖတ်များချိန်တွေမှာလည်း ဇက်ကြောတက်ခေါင်းထိုးနိုင်သလို လည်ပင်းကျီးပေါင်းရှိတာ၊ လည်ပင်းကြောညှပ်တာတွေကလည်း ဒီလိုဝေဒနာတွေခံစားရစေပါတယ်။ အသက်ကြီးတဲ့သူတွေမှာ နားထင်မှာရှိတဲ့ သွေးကြောရောင်ရမ်းခြင်း(Temporal Arteritis)ကြောင့် ခေါင်းကိုက်ဝေဒနာပြင်းထန်စွာခံစားရပြီး ရုတ်တရက် မျက်စိတောင်ကွယ်သွားနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါအတွက် သောက်နေတဲ့ သွေးကြောချဲ့ ဆေးတွေကလည်း ဦးနှောက်သွေးကြောတွေ ကျယ်ပြီး ခေါင်းကိုက်ဝေဒနာခံစားရစေပါတယ်။ ခေါင်းကိုက်တိုင်း အကိုက်အခဲပျောက်ဆေးတွေ မကြာခဏသောက်တဲ့ အကျင့်ကြောင့် ခေါင်းပြန်ကိုက်ရတဲ့ Analgesic induced headache ကိုလည်း သတိထားဖို့လိုပါတယ်။

၅။           ခေါင်းကိုက်ဝေဒနာဟာအရေးကြီးတဲ့ ရောဂါတွေကြောင့် ဖြစ်တတ်တယ်ဆိုပေမဲ့ လူနာအများစုဟာ သာမန်ရောဂါတွေကြောင့်သာ ခေါင်းကိုက်ကြရတာများပါတယ်။ အထူးသဖြင့် ကျောင်းစာဖိစီးနေတဲ့ ကျောင်းသားတွေ၊ လုပ်ငန်းခွင်ဖိစီးမှုများတဲ့ လူငယ် လူလတ်ပိုင်းတွေ၊ မိသားစုအိမ်တွင်းရေးပြဿနာတွေကြောင့် စိတ်ဖိစီးမှုခံစားရတဲ့သူတွေမှာ စိတ်ဖိစီးမှုကြောင့် ဦးခေါင်းတစ်ဝိုက်ကြွက်သားတွေတောင့်တင်းပြီး ဖြစ်ရတဲ့ ခေါင်းကိုက် ဝေဒနာ Tension headache ကို ခံစားကြရပြီး ခေါင်းတစ်ခုလုံးစည်းထားသလို တင်းကျပ် ကိုက်ခဲနေတယ်လို့ ပြောတတ်ကြပါတယ်။ သာမန် အကိုက်အခဲပျောက်ဆေးတွေပေးလည်း မသက်သာတတ်လို့ ဆရာဝန်တွေအနေနဲ့ အခြားအရေးကြီးတဲ့ရောဂါတွေများလားလို့ တွေးမိတတ်ပါတယ်။ တစ်ခါတစ်ရံ ဦးနှောက်ကွန်ပြူတာဓာတ်မှန်ရိုက်ကြည့်ပြီး ရောဂါကြီးတွေမရှိကြောင်း ရှင်းပြဖြေသိမ့်ပေးရပါတယ်။ စိတ်ဖိစီးမှုလျော့ချစေတဲ့ နည်းလမ်း တွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားကစားတာ၊ သီချင်းနားထောင်တာ၊ ပုတီးစိပ်၊ တရားထိုင်တာ၊ မိသားစုမိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ရွှင်စွာသွားလာတာတွေကိုလုပ်စေဖို့ အကြံပြုရပါတယ်။ လိုအပ်ရင်တော့ စိတ်ကို ကုတဲ့ဆေးတွေလည်း ဖြည့်စွက်ပေးရတတ်ပါတယ်။

၆။     ခေါင်းကိုက်ဝေဒနာခံစားရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ Migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ Tension headache လို့ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်ရတဲ့ ခေါင်းကိုက်ရောဂါတွေဖြစ်ကြတယ်။ Migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါဟာ သက်ငယ်သက်လတ်ပိုင်း အမျိုးသမီးတွေမှာအဖြစ်များပါတယ်။ ခေါင်းကိုက်တာနဲ့အတူ မျက်စိအမြင်ဝါးလာတာ၊ ပျို့ချင်အန်ချင်တာပါတွဲဖြစ်တတ်ပြီး တချို့လူနာတွေမှာ မျက်စိ သိပ်မလှုပ်နိုင်တာ၊ မျက်ခွံကျတာ၊ ကိုယ်လက်တစ်ခြမ်းအားနည်းတာတွေပါတွဲပြီး ခံစားရတတ်ပါတယ်။

၇။           ဦးနှောက်တွင်း အလုံးအကြိတ်ရှိလို့ဖြစ်ရတဲ့ လက္ခဏာတွေနဲ့ မတူတဲ့ အချက်ကတော့ ခေါင်းကိုက်သက်သာသွားချိန်၊ တွဲဖက်ဝေဒနာတွေလည်း လျော့သွားတာပါပဲ။ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးမဝတာ၊ ဗိုက်ဆာတာတွေကြောင့် ခေါင်းကိုက် ဝေဒနာပိုခံစားရနိုင်သလို ကဖင်းဓာတ်များတဲ့ အစားအစာ၊ ချောကလက်၊ အနီရောင်ဝိုင်၊ ဒိန်ခဲ၊ သစ်သီးအစေ့အဆံလေးတွေစားရင်လဲ ပိုဆိုးနိုင်ပါတယ်။ တာရှည်ခံအောင် ဓာတုပစ္စည်းတွေထည့်ထားတဲ့ စားစရာတွေကလည်း ခေါင်းတစ်ခြမ်း ကိုက်ရောဂါကို ပိုခံစားရစေပါတယ်။ အမျိုးသမီးငယ်တွေအဖို့ ရာသီလာခါနီးမှာ ပြင်းထန်စွာ ခေါင်းကိုက်တာ ခံစားကြရပါတယ်။

၈။           အမျိုးသားတွေမှာ အဖြစ်များတဲ့ Cluster headache လို့ခေါ်တဲ့ ခေါင်းကိုက်ရောဂါ ကတော့ မျက်ရည်၊ နှာရည်ကျတာ၊ နှာခေါင်းပိတ်တာတို့နဲ့တွဲနေတတ်ပြီး ညဖက်အိပ်ရာက လန့်နိုးတဲ့အထိတောင် ကိုက်တတ်ပါတယ်။ ဝေဒနာလည်း ပြင်းထန်ပါတယ်။ ဒီခေါင်းကိုက် ရောဂါတွေကတော့ hormone အပြောင်းအလဲတွေဖြစ်ပြီး ဦးနှောက်နဲ့ အာရုံကြောများ အတွင်းမှာရှိတဲ့ ဓာတ်သဘာဝအပြောင်းအလဲကြောင့် ဦးခေါင်းတွင်းမှာရှိတဲ့ သွေးကြောလေးတွေ ရုတ်တရက်ကျဉ်းခြင်း၊ ကျယ်ခြင်းတို့ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။

၉။           ယခုပြောတဲ့ ခေါင်းကိုက်ဝေဒနာတွေကိုတော့ ခေါင်းကိုက်ချိန်မှာ ဝေဒနာသက်သာ စေမဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ ဦးနှောက်သွေးကြောကျဉ်းစေမဲ့ ဆေးတွေနဲ့ ကုသကြပါတယ်။ အဖြစ်ကျဲအောင်၊ မကြာခဏ မခံစားရအောင်ကာကွယ်တဲ့ဆေးတွေကိုလည်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီး သောက်သင့်ပါတယ်။ စိတ်ဖိစီးမှုကို လျော့ချပြီး၊ အစားကို အချိန်မှန်မှန်စား၊ အိပ်ရေးဝဝအိပ်၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများလုပ်ဆောင်သင့်ပါတယ်။  သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံ၊ အသီးအရွက်တွေစားသုံးတာ၊ ဓာတုဆိုးဆေးမပါတဲ့ အစားအသောက်တွေရွေးချယ်စားသုံးတာအပြင် ကဖင်းဓာတ်များတဲ့ အစားအစာတွေ၊ အရက်သေစာ သောက်သုံးမှုတွေကို ရှောင်ကြဉ်သင့်ပါတယ်။ လွန်ကဲစွာ အအေးခံတာ၊ အပူအအေးရုတ်တရက် ပြောင်းလဲတဲ့နေရာမှာ သွားလာတာတွေတို့ သတိပြုရပါမယ်။

၁၀။        သာမန်အအေးမိဖျားနာကိုက်ခဲတာ၊ မျက်နှာနဲ့ ဦးခေါင်းတစ်ဝိုက်ပိုးဝင်ရောင်ရမ်း ခန္ဓာကိုယ်မမာမကျန်းဖြစ်တာကိုလည်း ရှာဖွေကုသရပါမယ်။ ရေတိမ်ဖြစ်လို့ခေါင်းကိုက်တာ၊ နားထင်မှာရှိတဲ့ သွေးကြော ရောင်ရမ်းလို့ခေါင်းကိုက်တာတွေကလည်း သတိမထားမိရင်မျက်စိကွယ်တဲ့အထိ ဒုက္ခပေးနိုင်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသကုသမှုခံယူသင့်ပါတယ်။ မနက်စောစောအိပ်ရာထ ခေါင်းထိုးကိုက်ပြီး ချောင်းဆိုး၊ နှာစေးတဲ့အချိန်၊ ဝမ်းညှစ်တဲ့အချိန်တွေပိုဆိုးမယ်ဆိုရင်တော့ အရေးကြီးပါတယ်။ ထိုးအန်တာ၊ မှိန်းတာ၊ ခြေလက်အားနည်းတာ၊ တက်တာတွေနဲ့ တွဲမယ်ဆိုရင်တော့ ဦးနှောက်အရည်ကို ခါးစ်ရိုးမှတစ်ဆင့် ဖောက်ထုတ် စစ်ဆေးတာ၊ ဦးနှောက်ကွန်ပြူတာရိုက်တာစတဲ့စမ်းသပ်မှု့တွေ ဆောင်ရွက်သင့်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာရှာဖွေကုသဖို့လိုအပ်ပါတယ်။ ခေါင်းကိုက်တိုင်း စိတ်ပူစရာ မလိုပေမဲ့လည်း ဝေဒနာပြင်းထန်ပြီး တွဲဖက်လက္ခဏာတွေရှိရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြသတိုင်ပင်သင့်ကြောင်း အကြံပြုရေးသားအပ်ပါတယ်။

 

No comments: