Wednesday, May 8, 2024

ရေကိုမဖြုန်းချွေတာသုံးအကျိုးရှိလှဆုံး

 



ရေကိုမဖြုန်းချွေတာသုံးအကျိုးရှိလှဆုံး 

          နွေဂိမှာန် ရာသီဥတု ပူပြင်းလာသည့် အချိန်တွင် သဘာဝ တရားအရ ရေ ခန်းခြောက်မှုတွေ ရှိလာတတ်သလို၊ ယခုလို အယ်လ်နီညို အပူလှိုင်းဖြတ်သော နေ့အပူချိန်မြင့်တက်နေသည့် ကာလများမှာလည်း ယခင်ထက်ပို၍ ရေကို အတတ်နိုင်ဆုံး ချွေချွေတာတာနှင့် စည်းကမ်းတကျ သုံးတတ်သော အလေ့အကျင့် ကောင်းများ ရှိဖို့လိုပါသည်။ 


ရေအကြောင်း သိကောင်းစရာ

          လူမှုဘ၀ အရေးသုံးပါး ဖြစ်သည့်စားဝတ်နေရေး” များစွာထဲမှာ သောက်သုံးရေ အလုံအလောက် ရရှိမှုကလည်း အခြေခံလိုအပ်ချက် တစ်ခုဖြစ်ပါသည်။ ခန္ဓာကိုယ်ကြီး အတွက်မရှိမဖြစ် လိုအပ်လျက်ရှိသော ရေနှင့် ပတ်သက်သည့် ဗဟုသုတ ဖြစ်ဖွယ် အချို့ကိုမျှဝေလိုပါသည်။ 

·         ဟိုက်ဒရိုဂျင် အက်တမ်နှစ်ခုနှင့် အောက်စီဂျင်အက်တမ် တစ်ခုတို ပေါင်းစပ်ခြင်းဖြင့် ရရှိလာသော ဒြပ်ပေါင်းတစ်မျိုး ဖြစ်သောရေသည် လူ၊တရိစ္ဆာန် များအတွက် သာမက သက်ရှိအပင်များ အားလုံးအတွက် ကိုလည်း အရေးကြီးဆုံး အရာဖြစ်သည်

·         ကမ္ဘာမြေမျက်နှာပြင် ရိယာအများစုကို ရေဖြင့်ဖုံးလွှမ်း ထားသောကြောင့် နေရာ အနှံအပြားတွင် ရေကိုလွယ်ကူစွာ မြင်တွေ့နိုင်သည်။

·         ရေကို အရည်ပုံဆောင် ရေအဖြစ် လည်းကောင်း၊ အစိုင်အခဲ ပုံဆောင်ရေခဲ အဖြစ် လည်းကောင်း၊ အငွေပုံဆောင်ရေငွေ့” အဖြစ် လည်းကောင်း ပုံသဏ္ဍာန်() မျိုးဖြင့် တွေသည်။

·         ကမ္ဘာပေါ်ရှိ ရေများ၏ ၉၇ ရာခိုင်နှုန်းမှာ ဆားငံရည်များ ဖြစ်ကြပြီး သောက်သုံး၍ မရနိုင်ပါ။ ကျန်ရေချို ပမာဏ ၃ ရာခိုင်နှုန်းတွင် ၂ ရာခိုင်နှုန်းမှာလည်း ရေခဲဖြင့် ဖုံးအုပ်ထားခြင်း ကြောင့်လူသားတိုမသုံးစွဲနိုင်ကြပေ။ ထို့ကြောင့် လူတိုအတွက် အမှန်တကယ် သုံးစွဲနိုင်သော ရေချိုပမာဏမှာ ရာခိုင်နှုန်းမျှသာ ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါး သော်လည်း အဆိုပါရေများက ဂါလန်အားဖြင့် အမြောက်အများ ဖြစ်နေသဖြင့် ကမ္ဘာ့လူသားတိုနေ့စဉ်သုံးစွဲ နေနိုင်ခြင်း ဖြစ်ပါသည်။

·         ရေ၏ သဘောသဘာဝ အရ စဉ်ဆက်မပြတ် အငွေ့ပြန်ခြင်း၊ မိုးရွာချခြင်း နှင့် မြစ်များမှ တစ်ဆင့် စီးဆင်းခြင်း စသည်ဖြင့် သံသရာ လည်ပတ်လျက် ရှိကာ လေနှင့်အတူ ပါသွားသော ကုန်းပေါ်မှ ရေငွေပမာဏ များသည် မြစ်များတွင် စီးဆင်းနေသည့် ပမာဏနှင့် တူညီကြသည်။

·         အသံလှိုင်း များသည် လေတွင်သွားသော အမြန်နှုန်းထက်၊ ရေတွင် သုံးဆမျှပို၍ လျှင်မြန်စွာ ဖြတ်သန်း နိုင်စွမ်းရှိသည်

·         ရေ၏ ထူးခြားချက်မှာ ခဲသွားသည့် အခါ ထုထည်ကြီးလာပြီး အလေးချိန် ပေါ့သွားလေ့ ရှိသည်။ ထို့ကြောင့်ရေခဲက ရေပေါ်မှာ ပေါလောပေါ် နေခြင်း ဖြစ်သည်·          

လူသားတိုင်းအတွက်မရှိမဖြစ် ရေ

          လူ့ခန္ဓာကိုယ်သုံးပုံနှစ်ပုံသော အလေးချိန်သည် ရေဖြစ်သည်။ ဥပမာပေါင် ၁ဝဝ ကိုယ်အလေးချိန် ရှိသော လူတစ်ယောက်တွင် ရေအလေးချိန်က ၆၅ ပေါင် ပါရှိနေသည်။ သွေးထဲတွင် အရည် ၉၂ ရာခိုင်နှုန်း ပါဝင်ပြီး ဦးနှောက်နှင့် ကြွက်သားတို့မှာ ရေ ၇၅ ရာခိုင်နှုန်း နှင့် အရိုးထဲတွင် ရေဓာတ် ၂၂ ရာခိုင်နှုန်း အသီးသီးဖွဲ့စည်း ပါရှိနေကြသည်။ ခန္ဓာကိုယ်မှ တစ်နေတာ အတွင်းပျမ်းမျှ အရည်ဓာတ် ဒသမ ၆ လီတာခန်ဆုံးရှုံးနေသည်။ ၄င်းတို့မှာ ၀မ်း(မစင်) မှ သုံည ဒသမ ၂ လီတာ၊ အသက်ရှုလမ်းကြောင်း မှသုံည ဒသမ ၃ လီတာ၊ အရေပြား ချွေးထွက်ခြင်းမှ သုံည ဒသမ ၆ လီတာ၊ ဆီးမှ ၁ ဒသမ ၅ လီတာပမာဏ ရှိသော အရည်ဓာတ်များ နေ့စဉ် ဆုံးရှုံးနေပါသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းရှိ ရေပမာဏသည် တစ်ရာခိုင်နှုန် လျော့သွားသည်နှင့် တပြိုင်ည်း ရေသောက်ချင်စိတ် (ရေငတ်ခြင်း) ကို ဖြစ်ပေါ်ခံစား ရပါသည်။

          လူတိုအစာမစားရဘဲ ပျမ်းမျှ တစ်လ စွန်းစွန်း အသက်ရှင်သန် နိုင်သော်လည်း၊ ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ရက်သတ္တပတ်) ထက်ပို၍ အသက်မရှင် နိုင်ကြပေထို့ကြောင့် ရေလိုအပ်နေသူ တစ်ဦး ရေမရလျှင် ချက်ချင်းသေနိုင်၍ “ရေအသက် တစ်မနက်” ဟု ဆိုရိုးစကား ရှိပါသည်။ ပျမ်းမျှအားဖြင့် လူသားတစ်ယောက် နှစ် ၈၀ ခန်သက်တမ်းကာလ အတွင်းမှာရေ ၇၅,၀၀၀ (ခုနှစ်သောင်း ငါးထောင်) လီတာမျှ သောက်သုံးခဲ့သည်။ မြေပေါ်မြေအောက် ရေများက ကမ္ဘာကြီးအပူချိန်ကို ထိန်းညှိပေးနိုင် သလို လူတို့၏ ခန္ဓာကိုယ်ကိုလည်း အပူချိန် ညီညွတ်မျှတအောင် ထိန်းသိမ်းပေး နိုင်ပါသည်။ ထိုမျှမက ခန္ဓာကိုယ်ထဲရှိ အာဟာရ ပစ္စည်းများ၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဟော်မုန်းများ နှင့် အညစ်အကြေး များကို တစ်နေရာမှ တစ်နေရာသိုသယ်ယူပို့ဆောင် ပေးသူကလည်း ရေသာလျှင် ဖြစ်ပါသည်

          ရေ၏ အခြားလုပ်ဆောင်ချက် များမှာ ခန္ဓာကိုယ်ထဲသိုရောက်ရှိလာသော အစားအစာများကို ခွန်အားအဖြစ် ပြောင်းလဲပေးခြင်း၊ ခန္ဓာကိုယ်ထဲက ပိုလျှံပြီး မလိုလားအပ်သော အရည်များနှင့် အဆိပ်အတောက် တွေကိုဆီး၊ ၀မ်း၊ သွေး၊ ချွေး၊ ချွဲသလိပ် အဖြစ် စွန်ထုတ်ပေးခြင်း၊ အသက်ရှုခြင်းကို အထောက်အပံ့ ဖြစ်စေခြင်း၊ အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှ သက်သာစေခြင်း၊ ခန္ဓာကိုယ်တွင်း ဆဲလ်များကို အောက်စီဂျင် မပြတ်လပ်အောင် ထိန်းသိမ်းပေးခြင်း၊ သက်လုံကောင်း စေခြင်း၊ ခေါင်းကိုက်ရောဂါ သက် သာခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေကာ စိတ်ကြည်လင် လန်းဆန်းစေခြင်း၊ ကင်ဆာဖြစ်နိုင်ချေ အလားအလာကို လျော့ပါးသွား စေခင်း၊ အမောအပမ်း ခံနိုင်ပြီး လေ့ကျင့်ခန်းကြာကြာ လုပ်နိုင်ခြင်း၊ အသားအရေ ကောင်းမွန်ပြီး အရွယ်တင် နုပျိုစေခြင်း၊ ၀က်ရူးပျံ၊ တီဘီ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊၀မ်းချုပ်၊ လိပ်ခေါင်းရောဂါ စသည်တို့ကို သက်သာစေ ခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန် စေခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြု နိုင်သဖြင့်ရေသည် လူသားတိုအတွက် မရှိမဖြစ်အရာ ဖြစ်ပေသည်။ 

ရေဓာတ်ခမ်းခြောက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ

          ရေဓာတ် အလွန်များပြားစွာ ဆုံးရှုံးသွားချိန်တွင် ခန္ဓာကိုယ်က ထိန်းညှိနိုင်မှု မရှိတော့ခြင်း သိုမဟုတ် ရေဓာတ် ခမ်းခြောက် လာခြင်းကို ဖြစ်စေသည်။ အသေးစား ရေဓာတ် ခန်းခြောက်မှုမှ ပြင်းထန်သောာ ရေဓာတ်ခန်းခြောက်မှု အထိ ရောဂါလက္ခဏာ များတွင် ရေဆာလောင်မှု ပိုမိုဆိုးလာခြင်း၊ ခံတွင်း ခြောက်သွေခြင်း နှင့် လျှာရောင်ရမ်းခြင်း၊ အားနည်းခြင်း၊ ခေါင်းမူးခြင်း၊ ရင်တလှပ် လှပဖြစ်ခြင်း၊ စိတ်အာရုံ ရှုပ်ထွေးခြင်း၊ ရင်တုန်ခြင်း၊ ဆီးပမာဏ လျော့နည်းခြင်း စသည်တို့ ဖြစ်စေနိုင် ပါသည်။ ရေဓာတ်ခမ်းခြောက် မှု ခံစားနေရသူ အတွက် တစ်ရက်ထက်ကျော်၍ အော့အန်ခြင်း၊ ကိုယ်အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက်ထက် ပို၍များခြင်း၊ နှစ်ရက် ကျော်လွန်ည် ထိ ၀မ်းလျောခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ ဆီးနည်းခြင်း၊ အားနည်းခြင်းနှင့် အာရုံရှုပ်ထွေးခြင်း စသည် တိုကြုံရပါက ဆရာဝန်နှင့် အဆောတလျင် ပြသပါ။ အကယ်၍ ကိုယ်အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက်ထက် ပို၍ ဖျားနားပါက ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အသက်ရှုရ ခက်ခဲခြင်း၊ ပြီးခဲ့သော ၁၂ နာရီအတွင်း ဆီးမသွားခြင်း ကဲ့သိုပြဿနာများ ကြုံတွေရပါက ၄င်းလူနာကို အရေးပေါ်ဌာနသိုပိုဆောင်ပေးရပါမည် 

အရေးပါသောရေသယံဇာတ

          ရေတွင် အာဟာရ နှင့် ကယ်လိုရီ မပါရှိသော်လည်း သန့်ရှင်း ဘေးကင်းသော ရေသည် လူသားနှင့် သက်ရှိများအတွက် အထက်ပါ အတိုင်းအလွန် အရေးပါလှသည်။ ထို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ၏ နေ့တစ်နေ့ ဆောင်ပုဒ်တွင် “ဘ၀အတွက် ရေ” ဟု သတ်မှတ်ခဲ့ကြောင်း လေ့လာသိရသည်။ ယနေ့အထိ ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ မဖူလုံသော လူသားများ ရှိနေသလို သန့်ရှင်းသော သောက်သုံးရေ မရသည့် နိုင်ငံ နှင့် လူသားများ ရှိနေဆဲ ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်ထဲတွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေကိုအခြေခံသော ရောဂါများကို ရင်ဆိုင်ရဖွယ် ရှိကြောင်း ပညာရှင်များက သုံးသပ်ထားသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ၂၀၅၀ ပြည့် နှစ်မှာ လူဦးရေ သန်းပေါင်း ၃၅၀၀ ခန့် ရေရှားပါး ပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ကြိုတင် ခန့်မှန်းထားသည်။

          ထို့ကြောင့် မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီက ကြီးမှူး၍ရေ နှင့် သဘာဝ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ များကိုကျင်းပ ပြုလုပ်လေ့ ရှိပါသည်။ ထိုသို့ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်များမှာ ရေသယံဇာတ ထိန်းသိမ်းရန်၊ ရေအခက် မကြုံစေရန်၊ ရေကိုစနစ် တကျသုံးစွဲကြရန်၊ လုံခြုံဘေးကင်း သည့်ရေ၊ ကောင်းမွန်သည့် ရေ နှင့် သန့်ရှင်းမှုစနစ်တို့ကို လက်လှမ်းမမီဘဲ ကျန်ရှိခဲ့သူ များစွာအတွက် အကြောင်းအရင်းများ အလေးထား ရှာဖွေ ဖြေရှင်းပေး ကြရန်နှင့် ရေသယံဇာတ၏ အရေးပါမှုကို ဂရုပြုမိလာကြ စေရန် ဖြစ်သည်။

          မှန်ပါပေသည်။ ရေချိုသည် လူနှင့် တိရစ္ဆာန်များ၊ အပင်များ ရှင်သန်ရေး အတွက် မရှိမဖြစ် အရေးပါသည့် လိုအပ်ချက် တစ် ရပ်ဖြစ်သည်။ ထို့အတူရေသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု တွင်လည်း အဓိကအခန်းကဏ္ဍ တွင် ပါဝင်နေပါသည်။ လက်ရှိတွင် ကမ္ဘာ့လူဦးရေ တစ်ဘီလီယံခန့် သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့် အတွက် ၄င်းတို့၏ ကျန်းမာရေး၊ ပညာရေး နှင့် အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိနေသည်။ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၃ ဘီလီယံခန့် သည်လည်း ကောင်းမွန်သည့် မိလ္လာစနစ်ဖြင့် အလှမ်းဝေးနေဆဲ ဖြစ်သည့်အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ၂၀၁၈ - ၂၀၂၈ ခုနှစ်အထိကို ရေသယံဇာတ ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု များအတွက် အကောင်အထည် ဖော်ဆောင်ရွက်ရန် ဆယ်စုနှစ်အဖြစ် သတ်မှတ်ထားသည်။

          ရေချို ရှားပါးရခြင်း၏ အကြောင်းရင်းများတွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာပြီး ကမ္ဘာကြီး ပူနွေးလာခြင်း၊ သဘာဝပတ် ၀န်းကျင်များ ထိခိုက်ပျက်စီး လာခြင်း၊ ရှိရင်းစွဲ ရေချို အရင်းအမြစ်များကို ရေရှည် တည်တံ့အောင် ထိန်းသိမ်း မထားနိုင်ခြင်း၊ မြို့ပြများတွင် ရေဆိုးများ စွန့်ပစ်မှု စနစ်တကျ မပြုလုပ်ခြင်း၊ မိလ္လာစနစ်များ စနစ်မကျခြင်း၊ အမှိုက်များကို မဆင်မခြင် စွန့်ပစ်ခြင်း၊ ဖြစ်ရိုးဖြစ် စဉ် မဟုတ်သော ရေချို အရင်းအမြစ် ပျက်စီးမှုများ ဖြစ်ပေါ်ခြင်းတို့က အဓိကကျသည်။ ထို့ကြောင့် နှစ်စဉ် ရွာသွန်းသည့် မိုးရေကို သိုလှောင် ထိန်းသိမ်းခြင်း၊ မြေအောက်ရေ စိမ့်ဝင်နိုင်ရေး အတွက် သစ်ပင် သစ်တောများ ပြုစု ပျိုးထောင်ခြင်း၊ မြို့ပြများတွင် ရေစိမ့်ဝင်နိုင်မည့် ဧရိယာများနှင့် ရေကန်များ ဖန်တီး တည်ဆောက်ခြင်း၊ အမှိုက်၊ ရေဆိုးနှင့် မိလ္လာစွန့်ပစ်မှုများ စနစ်တကျ တည်ထောင်ခြင်း စသည့် နည်းလမ်းများဖြင့် ရေသယံဇာတ ထိန်းသိမ်းရေး ဆောင်ရွက်မှုများဖြင့် ရာသီဥတု ပြောင်းလဲမှု အပေါ် ရင်ဆိုင်တုံ့ပြန် နိုင်ပါလိမ့်မည်

          အချုပ်အားဖြင့် ဆိုသော် ရာသီဥတု ဖောက်ပြန် ပြောင်းလဲလာမှုက အဓိက အချက်ဖြစ်နေပြီး “မမြင်ရတဲ့ သယံဇာတ” ဟု ခေါ်ကြသည့် မြေအောက်ရေ (အ၀ီစိရေ) များ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကလည်း သတိပြုရမည့် အချက်တစ်ချက် ဖြစ်ပါသည်။ မျက်မှောက် ကာလတွင် ရာသီဥတု ပြောင်းလဲခြင်းနှင့် စားနပ်ရိက္ခာ ရရှိနိုင်ခြေ နည်းပါးလာခြင်း တို့၏ အရင်းခံမှာ ရေအရင်းအမြစ်ပင် ဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးပွားနေခြင်း၊ လူမှုဘ၀ ဖွံ့ဖြိုးလာခြင်းကြောင့် ရေသုံးစွဲမှု ပိုမိုများပြား လာခြင်း၊ စီမံခန့်ခွဲမှု အားနည်းသော နိုင်ငံများတွင် ရေပြုန်းတီးမှု များပြားလာခြင်း၊ ရေကို လိုအပ်သည်ထက် သုံးစွဲမှုပိုမို များပြားလာခြင်း၊ ဖွံ့ဖြိုးမှုအတွက် စက်ရုံ၊ အလုပ်ရုံများမှ ရေကိုပိုမို သုံးစွဲရခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာကြီး၌ ရေအရင်းအမြစ်များ တဖြည်းဖြည်း လျော့ပါး နေပါသည်။

          ထို့ကြောင့် ကမ္ဘာသူ၊ ကမ္ဘာသားများ အနေဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း၊ ရေကိုချွေတာ သုံးစွဲခြင်းများကို အလေးထား လုပ်ဆောင်နိုင်မှသာ ရေသယံဇာတများ ရေရှည် တည်တံ့ရေးနှင့် ရေအရင်းအမြစ်များ ရရှိရေးအတွက် ယှဉ်ပြိုင်နေရသည့် ပဋိပက္ခများ လျော့ပါးရေးကို အထောက်အကူ ပြုမည်ဖြစ်သည်။ သို့ပါ၍ ရေသယံဇာတကို ထိန်းသိမ်းရန် တစ်ဦးတစ်ယောက်၊ တစ်မိသားစု မှသည် ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၊ တိုင်းနှင့် ပြည်နယ်ရှိ လူသားအားလုံးတွင် ကိုယ်စီကိုယ်ငှ တာဝန်ရှိ ပါကြောင်း နှင့် ယနေ့ယခုအချိန်မှ စပြီး အလေ့အကျင့်ကောင်း တစ်ခုပြု၍ ရေတစ်တစ်ပေါက် မျှကိုပင် မိမိကြောင့် အလေ့အလွင့် မဖြစ်ရလေအောင် အဖိုးတန်ရေကို ချွေတာသုံးစွဲကြ ပါရန် အကြံပြုလိုက်ရ ပါသည်။ 

စေတနာများစွာ

ဆောင်းပါးရှင် တင်ထက်ထက်ဇော်ရေးသားသည်။

 

 

 


No comments: