Saturday, August 3, 2024

ေဆးလိပ္အစား Vape ေသာက္ၾကတာ ပိုလို႔ေတာင္ အႏၲရာယ္မကင္းပါ

 


ေဆးလိပ္အစား Vape ေသာက္ၾကတာ ပိုလို႔ေတာင္ အႏၲရာယ္မကင္းပါ

      Vape လို႔ေခၚတဲ့ အီး-စီးကရက္ေတြကို ေသာက္ျခင္းက ေဆးလိပ္ေသာက္တာထက္ ပိုၿပီးေတာ့ ေဘးကင္းစိတ္ခ်ရမႈ ရွိတယ္ဆိုၿပီး ေျပာဆိုေနၾကတာေတြ ရွိပါတယ္။

အထူးသျဖင့္ လူငယ္မ်ားၾကားမွာ Vape ေသာက္ျခင္းက   ေရပန္းစားလာသလို လူၾကားသူၾကားထဲမွာ ဆိုရင္လည္း စတိုင္တစ္ခုလိုမ်ိဳး ျဖစ္လာေနတယ္ဆိုၿပီး လက္ခံလာၾကတာပါ။

ဒါေပမဲ့  ေဆးလိပ္အစား  Vape ေသာက္ေနၾကတာက  မ်ားျပားလွစြာေသာ ေဘးအႏၲရာယ္မ်ားနဲ႔ က်န္းမာေရး ဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚေစတယ္ ဆိုတာကို ပညာရွင္မ်ားက အရင္တုန္းကလည္း သတိေပးခဲ့ၾကသလို အခုလည္းသူတို႔ရဲ႕ ထပ္မံေတြ႕ရွိခ်က္ ေတြကို ထုတ္ျပန္လာပါတယ္။

Vape ေသာက္ဖို႔အတြက္ သီးသန္႔ဖန္တီးထားတဲ့ အရည္တစ္မ်ိဳးကို အသုံးျပဳရပါတယ္။ အဲဒီအရည္မွာ ပါဝင္တဲ့ အရာေတြက   အလြန္ေသးငယ္ ေပမယ့္လည္း က်န္းမာေရး အတြက္ေတာ့ ႀကီးႀကီးမားမား ဆိုးက်ိဳးျဖစ္ေပၚ ေစတာပါ။

ေဆးလိပ္ေသာက္တဲ့ အခါမွာ ဓာတုေဗဒ နည္းအရ ေလာင္ကြၽမ္း ဓာတ္ျပဳမႈဆိုတာ ရွိပါတယ္။ အဲဒီဓာတ္ျပဳမႈက အႏၲရာယ္ရွိတဲ့ ေဘးထြက္ပစၥည္း မ်ားကို ထြက္ေပၚေစပါတယ္။ Vape  ေသာက္တဲ့ေနရာ မွာေတာ့ အဲဒါမ်ိဳးမရွိပါဘူး။

Vape  ေသာက္တယ္ ဆိုတာ  သူတို႔အတြက္   သီးသန္႔ ထုတ္လုပ္ထားတဲ့ အရည္တစ္မ်ိဳးကို   အပူေပးလိုက္ျခင္း ျဖစ္ၿပီး ထြက္ေပၚလာတဲ့ အခိုးအေငြ႕ေတြကို ႐ွဴရႈိက္ရတာပါ။ ဒါေၾကာင့္လည္း Vape ေသာက္ျခင္းက    ပိုၿပီးအႏၲရာယ္ ကင္းတယ္လို႔ အမ်ားက ယူဆၾကတာ ျဖစ္ပါတယ္။

တကယ္တမ္းမွာေတာ့ Vape အရည္ကိုပူေစတဲ့   သတၱဳ အစိတ္အပိုင္းေတြက အႏၲရာယ္မ်ားတဲ့   ဓာတ္ပစၥည္းေတြကို ထြက္ေပၚေစပါတယ္။ အဲဒီထဲမွာ  နီကယ္၊ ခ႐ိုမီယံနဲ႔ ခဲဓာတ္ တို႔လည္း အပါအဝင္ပါ။

ထြက္ေပၚလာတဲ့  ဒီသတၱဳအမႈန္မ်ားက အသက္႐ွဴ လမ္းေၾကာင္းကေန တစ္ဆင့္ Vape ေသာက္သူရဲ႕ ခႏၶာကိုယ္ထဲ ဝင္သြားၿပီး အထဲမွာ အနည္ထိုင္ သြားပါတယ္။

ကေနဒါ က်န္းမာေရး ဌာနတစ္ခုမွ သုေတသန ပညာရွင္မ်ားက Vape အရည္ထဲမွာပါတဲ့ ဓာတ္ပစၥည္းေတြကိုလည္း   ဓာတ္ခြဲစမ္းသပ္မႈေတြ လုပ္ခဲ့ပါေသးတယ္။  သူတို႔စမ္းသပ္တဲ့ အထဲမွာ တရားဝင္ ခြင့္ျပဳခ်က္ရ Vape အရည္မ်ားလည္း ပါသလို တရားမဝင္ ေရာင္းခ်ေနတဲ့ Vape အရည္မ်ားလည္း ပါဝင္ပါတယ္။

သူတို႔ရဲ႕ စမ္းသပ္ခ်က္ကို ၾကည့္မယ္ဆိုရင္ တရားဝင္ ခြင့္ျပဳခ်က္ရ Vape အရည္မ်ားမွာ အာဆင္းနစ္၊ မာက်ဴရီနဲ႔ ကတ္မီယံဓာတ္ တို႔က လက္ခံႏိုင္တဲ့ အတိုင္းအတာ ရွိေပမယ့္ တျခား ဓာတ္ပစၥည္းေတြ ကေတာ့ ပါဝင္မႈပမာဏ ေတာ္ေတာ္ေလး ျမင့္မားတာကို ေတြ႕ရပါတယ္။

အဲဒါေတြထက္ ပိုဆိုးတာက တရားမဝင္ ေရာင္းခ်ေနတဲ့ Vape ေဆးရည္မ်ားပါ။ အဲဒီေဆးရည္ ေတြထဲမွာ တျခားဓာတ္ပစၥည္း ေတြထက္ ခဲဓာတ္ပါဝင္မႈ ႏႈန္းက တရားဝင္ Vape ေဆးရည္မ်ားမွာ ပါဝင္မႈထက္ အဆ ၁၀၀ ေက်ာ္ျမင့္မား ေနတာကို ေတြ႕ရပါတယ္။ အလားတူ   တျခားဓာတ္ပစၥည္း ပါဝင္မႈ ပမာဏကလည္း   ေတာ္ေတာ္ေလးကို ျမင့္မားေနတာပါ။

Vape ေဆးရည္ေတြထဲမွာ အခုလိုမ်ိဳး ဓာတ္သတၱဳ ပစၥည္းေတြ ပါဝင္ျခင္းက ထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ ပစၥည္းမ်ားေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ တစ္ခ်ိန္တည္းမွာပဲ Vape  ေသာက္တဲ့ ကိရိယာက သန္႔ရွင္းမႈ မရွိႏိုင္တဲ့အခါမွာ  အဲဒီပစၥည္းေတြရဲ႕ အပူနဲ႔ ဓာတ္ျပဳမႈက Vape  ေသာက္သူအတြက္ အႏၲရာယ္ျဖစ္မႈကို ပိုမိုျမင့္တက္ လာေစႏိုင္တာ ျဖစ္ပါတယ္။

ဒါ႔အျပင္ အဲဒီဓာတ္သတၱဳ ပစၥည္းမ်ားရဲ႕ အရြယ္အစားဟာ နာႏို အရြယ္အစားေတြ ျဖစ္ေနတဲ့အတြက္ Vape ေသာက္သူေတြရဲ႕ အဆုတ္ထဲကို အလြယ္တကူ ဝင္ေရာက္ႏိုင္စြမ္း ရွိပါတယ္။

အခုလိုမ်ိဳး သုေတသန လုပ္ျခင္းဟာ Vape ေသာက္ျခင္းနဲ႔ ေဆးလိပ္ ေသာက္ျခင္းမွာ ဘယ္အရာကပိုၿပီး အႏၲရာယ္မ်ားတယ္၊ မမ်ားဘူး ဆိုတာထက္    Vape ေသာက္ျခင္းေၾကာင့္ ရလာႏိုင္တဲ့ က်န္းမာေရး ဆိုးက်ိဳးမ်ားကိုသာ   ေဖာ္ထုတ္ျခင္းျဖ စ္တယ္လို႔   သုေတသနပညာရွင္ မ်ားက သူတို႔ရဲ႕စာတမ္းမွာ ထည့္သြင္းေဖာ္ျပ ထားပါတယ္။

(Pyidaungsu)

ဆေးလိပ်အစား Vape သောက်ကြတာ ပိုလို့တောင် အန္တရာယ်မကင်းပါ

      Vape လို့ခေါ်တဲ့ အီး-စီးကရက်တွေကို သောက်ခြင်းက ဆေးလိပ်သောက်တာထက် ပိုပြီးတော့ ဘေးကင်းစိတ်ချရမှု ရှိတယ်ဆိုပြီး ပြောဆိုနေကြတာတွေ ရှိပါတယ်။

အထူးသဖြင့် လူငယ်များကြားမှာ Vape သောက်ခြင်းက  ရေပန်းစားလာသလို လူကြားသူကြားထဲမှာဆိုရင်လည်း စတိုင်တစ်ခုလိုမျိုး ဖြစ်လာနေတယ်ဆိုပြီး လက်ခံလာကြတာပါ။

ဒါပေမဲ့ ဆေးလိပ်အစား  Vape သောက်နေကြတာက များပြားလှစွာသော ဘေးအန္တရာယ်များနဲ့ ကျန်းမာရေးဆိုးကျိုးများစွာ ဖြစ်ပေါ်စေတယ်ဆိုတာကို ပညာရှင်များက အရင်တုန်းကလည်း သတိပေးခဲ့ကြသလို အခုလည်းသူတို့ရဲ့ ထပ်မံတွေ့ရှိချက်တွေကို ထုတ်ပြန်လာပါတယ်။

Vape သောက်ဖို့အတွက် သီးသန့်ဖန်တီးထားတဲ့ အရည်တစ်မျိုးကို အသုံးပြုရပါတယ်။ အဲဒီအရည်မှာပါဝင်တဲ့ အရာတွေက  အလွန်သေးငယ်ပေမယ့်လည်း ကျန်းမာရေးအတွက်တော့ ကြီးကြီးမားမား ဆိုးကျိုးဖြစ်ပေါ်စေတာပါ။

ဆေးလိပ်သောက်တဲ့အခါမှာ ဓာတုဗေဒနည်းအရ လောင်ကျွမ်းဓာတ်ပြုမှုဆိုတာ ရှိပါတယ်။ အဲဒီဓာတ်ပြုမှုက အန္တရာယ်ရှိတဲ့ ဘေးထွက်ပစ္စည်းများကို ထွက်ပေါ်စေပါတယ်။ Vape သောက်တဲ့နေရာမှာတော့ အဲဒါမျိုးမရှိပါဘူး။

Vape သောက်တယ်ဆိုတာ သူတို့အတွက်  သီးသန့်ထုတ်လုပ်ထားတဲ့ အရည်တစ်မျိုးကို  အပူပေးလိုက်ခြင်းဖြစ်ပြီး ထွက်ပေါ်လာတဲ့ အခိုးအငွေ့တွေကို ရှူရှိုက်ရတာပါ။ ဒါကြောင့်လည်း  Vape သောက်ခြင်းက   ပိုပြီးအန္တရာယ်ကင်းတယ်လို့ အများက ယူဆကြတာဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ Vape အရည်ကိုပူစေတဲ့  သတ္တုအစိတ်အပိုင်းတွေက အန္တရာယ်များတဲ့  ဓာတ်ပစ္စည်းတွေကို ထွက်ပေါ်စေပါတယ်။ အဲဒီထဲမှာ နီကယ်၊ ခရိုမီယံနဲ့ ခဲဓာတ်တို့လည်း အပါအဝင်ပါ။

ထွက်ပေါ်လာတဲ့ ဒီသတ္တုအမှုန်များက အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် Vape သောက်သူရဲ့ခန္ဓာကိုယ်ထဲ ဝင်သွားပြီး အထဲမှာ အနည်ထိုင်သွားပါတယ်။

ကနေဒါကျန်းမာရေး ဌာနတစ်ခုမှ သုတေသနပညာရှင်များက Vape အရည်ထဲမှာပါတဲ့ ဓာတ်ပစ္စည်းတွေကိုလည်း  ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ခဲ့ပါသေးတယ်။ သူတို့စမ်းသပ်တဲ့အထဲမှာ တရားဝင်ခွင့်ပြုချက်ရ Vape အရည်များလည်း ပါသလို တရားမဝင် ရောင်းချနေတဲ့ Vape အရည်များလည်းပါဝင်ပါတယ်။

သူတို့ရဲ့စမ်းသပ်ချက်ကိုကြည့်မယ်ဆိုရင် တရားဝင်ခွင့်ပြုချက်ရ Vape အရည်များမှာ အာဆင်းနစ်၊ မာကျူရီနဲ့ ကတ်မီယံဓာတ် တို့က လက်ခံနိုင်တဲ့ အတိုင်းအတာရှိပေမယ့် တခြားဓာတ်ပစ္စည်းတွေကတော့ ပါဝင်မှုပမာဏ တော်တော်လေးမြင့်မားတာကို တွေ့ရပါတယ်။

အဲဒါတွေထက်ပိုဆိုးတာက တရားမဝင်ရောင်းချနေတဲ့ Vape ဆေးရည်များပါ။ အဲဒီဆေးရည်တွေထဲမှာ တခြားဓာတ်ပစ္စည်းတွေထက် ခဲဓာတ်ပါဝင်မှုနှုန်းက တရားဝင် Vape ဆေးရည်များမှာပါဝင်မှုထက် အဆ ၁၀၀ ကျော်မြင့်မားနေတာကို တွေ့ရပါတယ်။ အလားတူ  တခြားဓာတ်ပစ္စည်းပါဝင်မှု ပမာဏကလည်း  တော်တော်လေးကို မြင့်မားနေတာပါ။

Vape ဆေးရည်တွေထဲမှာ အခုလိုမျိုး ဓာတ်သတ္တုပစ္စည်းတွေ ပါဝင်ခြင်းက ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းများကြောင့်ဖြစ် နိုင်တယ်လို့ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ Vape သောက်တဲ့ကိရိယာကသန့်ရှင်းမှု မရှိနိုင်တဲ့အခါမှာ အဲဒီပစ္စည်းတွေရဲ့အပူနဲ့ ဓာတ်ပြုမှုက Vape သောက်သူအတွက်အန္တရာယ်ဖြစ်မှုကို ပိုမိုမြင့်တက်လာစေနိုင်တာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီဓာတ်သတ္တုပစ္စည်းများရဲ့ အရွယ်အစားဟာ နာနိုအရွယ်အစားတွေ ဖြစ်နေတဲ့အတွက် Vape သောက်သူတွေရဲ့ အဆုတ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်စွမ်းရှိပါတယ်။

အခုလိုမျိုးသုတေသနလုပ်ခြင်းဟာ Vape သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းမှာ ဘယ်အရာကပိုပြီး အန္တရာယ်များတယ်၊ မများဘူးဆိုတာထက်    Vape သောက်ခြင်းကြောင့် ရလာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများကိုသာ  ဖော်ထုတ်ခြင်းဖြစ်တယ်လို့  သုတေသနပညာရှင်များက သူတို့ရဲ့စာတမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

 

 

 


No comments: