Thursday, August 8, 2024

မျက်လုံးဓာတ်မတည့်ခြင်း

 



မျက်လုံးဓာတ်မတည့်ခြင်း

ဒေါက်တာလွင်သန့်

       ဓာတ်မတည့် တာကြောင့် မျက်လုံးနီရဲပြီး မျက်ရည်တွေကျ နေပါသလား။ ဒီလိုမျိုးခံစားရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာ လူပေါင်းသန်းနဲ့ချီပြီး ဓာတ်မတည့် တာကြောင့် မျက်ကြည်လွှာ ရောင်ရမ်းမှုကို ခံစားရပါတယ်။ ရေခဲပတ် ကပ်ပေးရင် သက်သာစေ ပါတယ်။ ပျောက်ကင်းဖို့အတွက် ဆိုရင်တော့ ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာပြီး ကုသဖို့ လိုပါတယ်။


        အဖြစ်များတဲ့ လက္ခဏာရပ်များ ရှိပါတယ်။ မျက်ခွံအတွင်းဘက်နဲ့ မျက်လုံးရဲ့ အဖြူသားထဲမှာ နီရဲနေတတ် ပါတယ်။ မျက်လုံး ယားယံတာ၊ မျက်ရည်ကျတာ၊ အမြင်ဝေဝါးတာ၊ မျက်လုံးက ပူစပ်ပူလောင် ဖြစ်တာ၊ မျက်ခွံ ရောင်ရမ်းတာနဲ့ အလင်းရောင်ကို ကောင်းစွာ ကြည့်မရတာတွေ ဖြစ်တတ်ပါတယ်။ မျက်လုံးမှာ ဓာတ်မတည့်မှု ဖြစ်တာက မျက်လုံး တစ်ခုတည်း ဖြစ်နိုင်သလို၊ နား၊ အရေပြား၊ နှာခေါင်းတွေ ဓာတ်မတည့် တာနဲ့လည်း တွဲပြီး ဖြစ်တတ်ပါတယ်။

          ပန်းဝတ်မှုန်ကို ရှောင်ရှားသင့် ပါတယ်။ ကိုယ်က ပန်းဝတ်မှုန့်နဲ့ ဓာတ်မတည့်သူ ဖြစ်ပါက ကိုယ်နဲ့မတည့်တဲ့ ပန်းတွေဖူးပွင့်တဲ့ အချိန်၊ အိမ်အပြင်ထွက်တဲ့ အခါ သတိထားဖို့ လိုတယ်။ ဥပမာ မလေးရှား ပိတောက်ပန်းဟာ ရင်ကျပ်ရောဂါကို ဆိုးစေလို့ နောက်ပိုင်း မစိုက်ခိုင်းတော့ ပါဘူး။ အိမ်အပြင်ကို မဖြစ်မနေ ထွက်စရာရှိတဲ့ အခါ မျက်မှန်တပ် သွားဖို့ မမေ့သင့်ပါ။

        မျက်လုံး အနီရောင်ဖြစ်ခြင်း ဖြစ်တတ်ပါတယ်။ မျက်လုံးမှာ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ ဓာတ်မတည့်မှု ဖြစ်စေတဲ့ အမှုန့်အမွှား (သို့) ပန်းဝတ်မှုန့်နဲ့ မျက်ဝန်းက ထိတွေ့မှု ရှိတာကြောင့် နီရဲစေတာ ဖြစ်တယ်။ မျက်လုံးထဲမှာ ရှိတဲ့ဆဲလ်တွေက ရောင်ရမ်းမှု ဖြစ်စေတဲ့ ဟစ္စတမင်း (histamins)နဲ့ အခြားဓာတု ပစ္စည်းတွေကို ထုတ်မပေး တာကြောင့် မျက်လုံး ယားယံတာ၊ နီရဲတာ၊ မျက်ရည်ကျ တာတွေ ဖြစ်‌စေပါတယ်။

       ကွန်ပြူတာ ကြည့်ရင် (၁)နာရီ ကြည့်ပြီး (၁၀)မိနစ် နားသင့်ပါတယ်။ ကွန်ပြူတာ ကြည့်တဲ့အခါ မျက်လုံးညောင်းတာ၊ အပြင်ဝေဝါးတာ၊ အဝေးက အရာတွေကို ကြည့်ဖို့ ခက်ခဲတာ၊ မျက်လုံးခြောက်တာ၊ ခေါင်းကိုက်တာ၊ လည်ပင်း နောက်ကျောနဲ့ ပခုံးတွေ နာကျင်တာ မကြာခဏ ခံစားရတယ် ဆိုရင် အောက်ပါ အချက်တွေ လိုက်နာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

(၁) ကိုယ်တပ်ဆင် ထားတဲ့မျက်မှန် (သို့) မျက်ကပ်မှန်ကို ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးပြီး အသစ်လဲသင့်ရင် လဲပါမယ်။

(၂) အမြင်ကြည်လင်ဖို့၊ ဇက်ကြောတက်တာ သက်သာဖို့ အတွက် လိုအပ်ပါက မျက်မှန် တပ်ဆင်သင့် ပါတယ်။

(၃) မျက်လုံးနဲ့ ကွန်ပြူတာ စခရင်(screen) ဟာ တစ်တန်းတည်း အကွာအဝေးမှာ ထားရှိသင့် ပါတယ်။

(၄) ကွန်ပြူတာ ထားရှိရာနေရာမှာ စူးရှတဲ့ အလင်းရောင် မကျရောက်စေဖို့‌ ပြတင်းပေါက် နေရာနဲ့ အလင်းတိုက်ရိုက် ကျနိုင်တဲ့နေရာ တွေကို ရှောင်သင့်ပါတယ်။

(၅) ကွန်ပြူတာကို (၁)နာရီကြည့်ပြီး တိုင်းအဝေးကို (၁၀)မိနစ်ခန့် ကြည့်ပြီး မျက်စိအညောင်းဖြေ သင့်ပါတယ်။

(၆) နှစ်နာရီဆက်တိုက် ကွန်ပြူတာရှေ့မှာ ထိုင်ပြီးရင်တော့ (၁၅)မိနစ်လောက် နားပြီး လမ်းထလျှောက်‌ သင့်ပါတယ်။

         မျက်လုံးကို မပွတ်သင့်ပါဘူး။ ဓာတ်မတည့်မှု ဖြစ်နေတဲ့ ကိုယ့်မျက်လုံးကို လက်နဲ့ ပွတ်မိပါက၊ ပိုဆိုးသွား စေတယ်။ ကိုယ့်လက်နဲ့ ပွတ်သပ်မိတာကြောင့် မျက်လုံးမှာရှိတဲ့ ဆဲလ်တွေက ရောင်ရမ်းမှု ဖြစ်စေတဲ့ ဓာတုပစ္စည်း တွေကို ပိုမိုထုတ်တာကြောင့် ဖြစ်တယ်။ ဓာတ်မတည့်မှု ဖြစ်တဲ့ချိန်မှာ မျက်ကပ်မှန် တပ်ဆင်ထားသူ ဖြစ်ရင် ခဏချွတ်ထားသင့် ပါတယ်။ မျက်လုံးနား တစ်ဝိုက်ကို မိတ်ကပ် လိမ်းတာမျိုး မလုပ်သင့်ပါဘူး။ ရေခဲကပ်ပေး နိုင်ပါတယ်။ ကိုယ်လက်တွေ သန့်ရှင်းနေစေဖို့ အရေးကြီး တာကြောင့် မကြာခဏ လက်ဆေးပေးသင့် ပါတယ်။

           အိမ်မွေးတိရစ္ဆာန် မမွေးသင့်ပါဘူး။ ကိုယ်အိမ်တွင်းမှာ ရှိတဲ့ အိမ်မွေးခွေး အပါဝင် တိရစ္ဆာန်တွေရဲ့ အမွေးတွေ၊ သန်းတွေကြောင့်လည်း ဓာတ်မတည့်မှုကို ဖြစ်စေပါတယ်။ ကိုယ်အိမ်ခန်းထဲ ဝင်တာ၊ အိပ်ရာပေါ် တတ်တာတွေ မလုပ်အောင် တားမြစ်သင့် ပါတယ်။ တိရစ္ဆာန်လေးတွေကို လက်နဲ့ကိုင်တွယ် ခဲ့ရင်လည်း ချက်ချင်း လက်ဆေးသင့် ပါတယ်။ ချီမီိတယ် ဆိုရင်တော့ ကိုယ့်အဝတ်အစားတွေ လဲပစ်သင့်ပါတယ်။

        ဓာတ်မတည့်မှုကြောင့် မျက်လုံးအောက်မှာ ညိုနေမယ် ဆိုရင်တော့ ကျန်ဆယ်လာ လိမ်းပြီး ဖုံးကွယ်ဖို့တော့ မကြိုးစားသင့် ပါဘူး။ ကိုယ့်မျက်လုံး နီရဲနေတာ၊ မျက်ရည်ကျနေတာ တွေကိုပိုပြီး သိသာတာကြောင့် ဖြစ်တယ်။ မျက်လုံးကို အာရုံစိုက်မိနိုင်တဲ့ ထင်ထင်ရှားရှား ခြယ်သတာကို ရှောင်ပြီး ကိုယ့်နှုတ်ခမ်း တွေကို ဆွဲဆောင်မှုရှိတဲ့ နူတ်ခမ်းနီကို ရွေးချယ်ဆိုးကာ အာရုံမပြောင်း လိုက်သင့်ပါဘူး။

          အခန်းအတွင်း - အပြင် သန့်ရှင်းသင့် ပါတယ်။ ဖုန့်မှုန့်တွေကြောင့် နှာစေးကာ မျက်ရည်ကျတာတွေ ဖြစ်ခဲ့တယ် ဆိုရင်တော့ ကိုယ်အိမ်တွင်း သန့်ရှင်းရေးကို ဂရုစိုက် လုပ်ဆောင်ဖို့ လိုပါတယ်။ အိမ်ခန်းတွင်းပါ သန့်ရှင်းအောင် လုပ်ဆောင်သင့် ပါတယ်။ ခေါင်းအုံးတွေကို နေထုတ်လှမ်းသင့် ပါတယ်။ အိပ်ရာခင်းတွေ ရေနွေးနဲ့ ပြုတ်လျှော်သင့် ပါတယ်။

        မှိုကင်းစင်သင့် ပါတယ်။ စိုစွတ်တဲ့ ရာသီဥတုမှာ အိမ်တွင်း ရှိနေတတ်တဲ့ မှိုတွေက မျက်လုံးကို ဒုက္ခပေးပါတယ်။ အိမ်ရဲ့ ရေအဆိုများပြီး စိုစွတ်နေတတ်တဲ့ ရေချိုးခန်း၊ မီးဖိုချောင် တွေမှာမှိုတွေ ရှိနေတတ်ပါတယ်။ မကြာခဏ သန့်ရှင်းရေး လုပ်ပေးသင့် ပါတယ်။

           မျက်လုံးမှာ ဓာတ်မတည့် ဖြစ်တာကို ကုသရာမှာသုံးတဲ့ အစက်ချဆေးရည် တွေက နှာခေါင်းမှာ ဓာတ်မတည့်ဖြစ်တဲ့ ကုသရာမှာ သုံးတဲ့ ဟစ္စတမင်း ဆန့်ကျင်ဆေး (Cetrine, Burmeton) နှာပွင့်ဆေးနဲ့ မတ်ဆဲလ် တည်ငြိမ်ဆေး (mast cells stabilizer) တွေနဲ့ ကုသရပါတယ်။ ဟစ္စကမင်း ဆန့်ကျင်သော ကုသဆေးတွေက ဟစ္စတမင်း ဆေးရဲ့ အာနိသင်ကို တားဆီးပေးပါတယ်။ (mast cells stabilizer) ကမတ်ဆဲ (mast Cells) ကနေ ဟစ္စတမင်း တွေထွက်တာကို တားဆီးပေး ပါတယ်။

           သောက်ဆေး သောက်နိုင် ပါတယ်။ ဟစ္စတမင်း တားတဲ့ သောက်ဆေး (Cetrine ,Burmeton) တွေက မျက်လုံးမှာ ဓာတ်မတည့်ဖြစ်တဲ့ ရောဂါလက္ခဏာ တွေကို သက်သာစေ ပါတယ်။ ဟစ္စတမင်း ဆေးရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ အိမ်ချင် ငိုက်ချင်တတ် ပါတယ်။ ဆရာဝန် ညွှန်ကြားချက် မလိုဘဲ သောက်သုံးလို့ရတဲ့ နှာပွင့်ဆေးတွေ ကတော့ ပူစေတာ (သို့) စိတ်လှုပ်ရှား စေတာတွေ ဖြစ်စေပါတယ်။

            အစက်ချဆေးရည် သုံးနိုင်ပါတယ်။ မျက်ရည်တု ထည့်ပေးထား ပါက မျက်လုံးအတွင်း မှာရှိတဲ့ ဓာတ်မတည့်တဲ့ အရာဝတ္ထုကို ဖယ်ရှားပေးပြီး မျက်လုံးကို စွတ်စိုစေ ပါတယ်။ မျက်လုံးမှာ ဓာတ်မတည့်တာ မဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့လည်း အသုံးပြုနိုင်ပါ တယ်။ ဟစ္စတမင်း တားဆေးပါဝင်တဲ့ အစက်ချဆေးရည် တွေက မျက်လုံးနီရဲတာ၊ ယားယံတာနဲ့ ရောင်ရမ်းတာ တွေကို သက်သာပျောက်ကင်း စေပါတယ်။

           မျက်လုံး ဓာတ်မတည့်မှု ဖြစ်ရတာက ကိုယ်ခံအားစနစ်က ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာပေါ်မှာ အလွန်အကျွံ တုံ့ပြန်မှုကြောင့် ဖြစ်ရပါတယ်။ သည်လို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေထဲမှာ မြက်ပင်တွေ (၁) ခေါင်းတွေ၊ ဝက်မှုန်၊ ဖုန်မှုန့်၊ တိရစ္ဆာန်အမွေးတွေ၊ အညစ်အကြေး တွေစတာတွေလည်း ပါဝင်နေတတ် ပါတယ်။ သည်လို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာ‌တွေနဲ့ ထိတွေ့မိတဲ့အခါ မျက်လုံးက ဓာတ်မတည့်မှုကို ခုခံကာကွယ်ဖို့ (histamine)ရှိ အခြားဓာတုပစ္စည်း တွေကို ထုတ်လွှတ်လိုက် ပါတယ်။ သည်လိုခုခံမှု ကြောင့် မျက်လုံးထဲက သွေးကြောလေးတွေ ရောင်ရမ်းတာ၊ မျက်သား ယားယံတာ၊ မျက်သား နီမြန်းတာ၊ မျက်ရည်ငိုဖို့ အတွက် ပြင်တာတွေ ဖြစ်လာရ ပါတယ်။

             မျက်လုံး ဓာတ်မတည့်မှု အမျိုးအစားကို (၂)မျိုးခွဲထားရာ (၁)ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ မျက်လုံး ဓာတ်မတည့်မှု ဖုန်မှုန့်တွေနဲ့၊ (၂) တိရစ္ဆာန် အမွေးတွေ အညစ်အကြေးတွေ၊ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကြောင့် ဖြစ်တဲ့ မျက်လုံး ဓာတ်မတည့်မှု (PAC)ဆိုပြီး ခွဲထားတယ်။ အဆိုပါဓာ တ်မတည့်မှုတွေက မျက်လုံးကို ကသိကအောင့် ဖြစ်စေပေမယ့် အများအားဖြင့် မျက်လုံးကို ထိခိုက်စေတာမျိုး မရှိစေပါဘူး။

     မျက်လုံး ဓာတ်မတည့်ခြင်း လက္ခဏာတွေမှာ (၁) မျက်လုံး ယားယံတယ်။ (၂) မျက်သား နီမြန်းမယ်။ (၃) မျက်ရည် ကျဆင်းမယ်။ (၄) မျက်လုံး သွေးကြောတွေ ရောင်ရမ်းမယ်။ မျက်လုံးက ပူစပ်ပူလောင် ဖြစ်မယ်။ အမြင်တွ ဝေဝါးမယ်။ မျက်ဝတ်တွေ ထွက်မယ် စတဲ့လက္ခဏာ တွေကိုခံစား ရနိုင်ပါတယ်။

       မျက်လုံး ဓာတ်မတည့်မှု သက်သာစေဖို့ အိမ်တွင်း ကုထုံးတွေက၊ မျက်စဉ်းဆေး ခပ်တတ်ကြ ပါတယ် ။ မျက်ရည်တု ခပ်ပေးတာက မျက်လုံးထဲက ဓာတ်မတည့် ဖြစ်တဲ့ ပစ္စည်းတွေကို ဆေးလိုက်သလို ဖြစ်စေပါတယ်။ မျက်လုံး ရောင်ရမ်း တာကိုလည်း သက်သာစေတယ်။ မျက်ရည်တု မျက်စဉ်း မရှိဘူးဆိုရင် ရေသန့်သန့်နဲ့ ဆေးနိုင်တယ်။

            ပန်းသီး ရှာလကာရှည် သုံးနိုင်တယ်။ ပန်းသီးရှာလကာရှည် က မျက်လုံးထဲက ဓာတ်မတည့်မှုကို ဖယ်ရှားပေးခြင်း၊ မျက်လုံးကို သန့်စင်စေနိုင် ပါတယ်။ ရောင်ရမ်းတာကို သက်သာစေနိုင် စေပါတယ်။

            ရေအေးဝတ် ကပ်သင့်ပါတယ်။ မျက်လုံး ဓာတ်မတည့်မှု ဖြစ်တဲ့အခါ အလွယ်ကူဆုံး နည်းလမ်းတစ်ရပ် အနေနဲ့ မျက်လုံးကို ရေအေးဝတ် ကပ်ပေးလို့ ရပါတယ်။ တဘက်စသန့် တို့ကို ရေအေးအေးထဲမှာ စိမ်ညှစ်ပြီး မျက်လုံးပေါ်မှာ ကပ်ထားပေး တာ ဖြစ်တယ်။ ရေအေးအေးနဲ့ ဆေးကြောပေးတာ မျိုးလည်း ရတယ်။ မျက်လုံး ဓာတ်မတည့်မှု သက်သာသင့် ပါတယ်။

            ပျားရည် သုံးနိုင်တယ်။ ပျားရည်က မျက်လုံး ဓာတ်မတည့်မှုကို သက်သာနိုင် သလို အခြား ဓာတ်မတည့်မှု တွေကိုလည်း သက်သာစေနိုင် ပါတယ်။ ဒါကြောင့် မျက်လုံး ဓာတ်မတည့်မှု ဖြစ်တဲ့အခါ ပျားရည်ကို ရေနဲ့ရောပြီး လက်ဖက်ရည် တစ်ဇွန်းစာ စားသင့်တယ်။

           လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ လူတိုင်း နေ့စဉ်နာရီဝက်မှ တစ်နာရီ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး ပြုသင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ဓာတ်မတည့်မှုကြောင့် ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပြီး ဓာတ်မတည့်မှု လက္ခဏာ သက်သာစေပါတယ်။ အိမ်တွင်းမှာပဲ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ 

ဓာတ်ပုံ - အင်တာနက်

 


No comments: