Saturday, August 31, 2024

ဆေးဘက်အသုံးဝင် ယာကွန်ပင်

 

 


ဆေးဘက်အသုံးဝင် ယာကွန်ပင်

(SmallanthusSonchifolius)

ဒေါက်တာလပြည့်ခင်

နှစ်ရှည်ခံအပင် ဖြစ်သော ယာကွန်ပင် သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ဒေသအများစုတွင် အများအပြား ပေါက်ရောက်သည်။ ယာကွန်ပင် မျိုးရင်းသည်  Asteraceae ဖြစ်ပြီး ရုက္ခဗေဒအခေါ် (SmallanthusSonchifolius) ဖြစ်သည်။ မူလစိုက်ပျိုးရာ ဒေသမှာ တောင်အမေရိကတိုက် ဖြစ်ပြီး ကိုလံဘီယာနှင့် အာဂျင်တီးနား တွင်လည်း စိုက်ပျိုးကြသည်။ ယာကွန်ပင် သည် အပေါ်ပိုင်း အပင်ခြောက်၍ အရွက်ကြွေကျ ချိန်တွင် မြေအောက်ရှိ ပင်စည်ဥကို တူးဖော်စားသုံး နိုင်ပြီဖြစ်သည်။ တူးဖော်ရာတွင် ယာကွန်ဥ များကို ထိခိုက်မှု မရှိစေရန် အထူးဂရုစိုက် ရမည်ဖြစ်သည်။ ယာကွန်ဥ သည် ပျမ်းမျှ အလေးချိန် (၃၀၀)ဂရမ် ခန့်ဖြစ်ပြီး ကြီးထွား သန်မာပါက (၂၀၀၀)ဂရမ်ခန့် ထိရှိသည်ကို တွေ့နိုင်သည်။ 

Monday, August 19, 2024

အိပ်စက်ခြင်း

 


 

     အိပ်စက်ခြင်း

ဒေါက်တာလွင်သန့်       

ညအချိန် ရောက်လာတဲ့အခါ မီးမှိတ်ပြီး အိပ်လိုက်တာ အလွယ်လေးလို့ တွေးထင်ကြမှာပါ။ တကယ်တော့ ပက်လက် အိပ်တာလား။ မှောက်လျက် အိပ်တာလား။ ဘေးစောင်း အိပ်တာလား၊ ပေါ်မူတည်ပြီး ခါးနာတာ၊ ဟောက်သံထွက်တာ မကြာခဏ ပုံစံပြောင်းနိုင်တာ တွေဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အိပ်စက်မှုပုံစံက ကိုယ်ရည် ကိုယ်သွေးကိုလည်း ဖော်ပြနေ ပါတယ်။

Tuesday, August 13, 2024

အမျိုးသမီးဆီးကျောက်နှင့် နှလုံးရောဂါ

 

အမျိုးသမီးဆီးကျောက်နှင့် နှလုံးရောဂါ

ဒေါက်တာလွင်သန့်

         


ကျောက်ကပ်မှာ ကျောက်တည်နေတဲ့ အမျိုးသမီး အများစုက နှလုံးရောဂါနဲ့ နှလုံးနဲ့ပက်သက်တဲ့ ရောဂါတွေ ဖြစ်ပွါးနိုင်ခြေ များတယ်လို့ လေ့လာမှု အသစ်အရ ဆိုတယ်။ ဒါပေမယ့် အမျိုးသားတွေ မှာတော့ ကျောက်ကပ်မှာ ကျောက်ရှိ နေပေမယ့် နှလုံးရောဂါ ဖြစ်ပွါးမှုနဲ့ ပက်သက်ပြီး သိသိသာသာထူးခြားမှု မတွေ့ရပါဘူး။ လေ့လာသူတွေက အမျိုးသားနဲ့ အအမျိုးသမီးတွေမှာ ဟော်မုန်းမတူညီမှုနဲ့ ကယ်လဆီယမ် ဇီဝဖြစ်ပျက်မှု မတူညီမှု တွေကြောင့်လို့ ဆိုကြပါတယ်။

Saturday, August 10, 2024

အရွယ်မတိုင်မီ မျက်စိအဝေးမှုန်ပြဿနာအဖြေရှာ

 


 အရွယ်မတိုင်မီ မျက်စိအဝေးမှုန်ပြဿနာအဖြေရှာ 

စမတ်ဖုန်း၊ကွန်ပြူတာများ ကြည့်ရှုချိန်လွန်ကဲခြင်းနှင့် မျက်စိအဝေးမှုန်ပြဿနာ

          မျက်စိအဝေးမှုန် ပြဿနာသည် ကလေးဘ၀အရွယ်၊ မြီးကောက်ပေါက် အရွယ်များတွင် ဖြစ်ပွားတတ် သော်လည်း မည်သည့် အသက်အရွယ်မျိုး မဆို ရင်ဆိုင်ရနိုင် ကြောင်း၊ သို့သော် စမတ်ဖုန်း ကြည့်ခြင်းကဲ့သို့ ရုပ်သံ မှန်သားပြင် ကြည့်ရှုချိန် ပုံမှန်ထက် လွန်ကဲပါက မျက်စိအဝေးမှုန် ပြဿနာ ပေါ်လာနိုင်ခြေ ပုံမှန်ထက် ၃၉ ရာခိုင်နှုန်း မြင့်မားပြီး ကွန်ပြူတာ အသုံးပြု ချိန် လွန်ကဲမှုကိုပါ ထည့်ပေါင်းပါက ၈၀ ရာခိုင်နှုန်း အထိ မြင့်မား လာနိုင်ကြောင်း၊ လက်ရှိ အခြေအနေအရ အမေရိကန် ပြည်ထောင်စု အပါအ၀င် ကမ္ဘာ့နိုင်ငံ အချို့တွင် ပြည်သူများ အကြား မျက်စိအဝေးမှုန် ပြဿနာ ပေါ်ပေါက်နှုန်းမှာ ပုံမှန်ထက် ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက် လာကြောင်း၊ လက်ရှိနှုန်းထား အတိုင်း အဝေးမှုန် ပြဿနာ ဖြစ်ပွားနှုန်း မြင့်တက်လာခဲ့ ပါက ၂၀၅၀ ပြည့်နှစ် အရောက်တွင် ကမ္ဘာ့ပြည်သူ လေးဘီလီယံ အထိ မျက်မှန်တပ်ရန် လိုလာမည် ဖြစ်ကြောင်း နှင့် ၂၀၅၀ ပြည့်နှစ် အရောက်တွင် တစ်ကမ္ဘာလုံး ဆိုင်ရာ အမြင်အာရုံ ကျန်းမာရေး ပြဿနာကပ်ဘေး ပေါ်ထွက် လာနိုင်ကြောင်း စသည်တို့ကို အမေရိကန် ပြည်ထောင်စု ရိုချက်စတာ နည်းပညာ အင်စတီကျုမှ သုတေသန ပညာရှင်များက ဧပြီ ၂၅ တွင် သတိပေး ထားသည်။

Thursday, August 8, 2024

မျက်လုံးဓာတ်မတည့်ခြင်း

 



မျက်လုံးဓာတ်မတည့်ခြင်း

ဒေါက်တာလွင်သန့်

       ဓာတ်မတည့် တာကြောင့် မျက်လုံးနီရဲပြီး မျက်ရည်တွေကျ နေပါသလား။ ဒီလိုမျိုးခံစားရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာ လူပေါင်းသန်းနဲ့ချီပြီး ဓာတ်မတည့် တာကြောင့် မျက်ကြည်လွှာ ရောင်ရမ်းမှုကို ခံစားရပါတယ်။ ရေခဲပတ် ကပ်ပေးရင် သက်သာစေ ပါတယ်။ ပျောက်ကင်းဖို့အတွက် ဆိုရင်တော့ ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာပြီး ကုသဖို့ လိုပါတယ်။

Saturday, August 3, 2024

ဆေးလိပ်အစား Vape သောက်ကြတာ ပိုလို့တောင် အန္တရာယ်မကင်းပါ

 


ဆေးလိပ်အစား Vape သောက်ကြတာ ပိုလို့တောင် အန္တရာယ်မကင်းပါ

      Vape လို့ခေါ်တဲ့ အီး-စီးကရက်တွေကို သောက်ခြင်းက ဆေးလိပ်သောက်တာထက် ပိုပြီးတော့ ဘေးကင်းစိတ်ချရမှု ရှိတယ်ဆိုပြီး ပြောဆိုနေကြတာတွေ ရှိပါတယ်။

အထူးသဖြင့် လူငယ်များကြားမှာ Vape သောက်ခြင်းက   ရေပန်းစားလာသလို လူကြားသူကြားထဲမှာ ဆိုရင်လည်း စတိုင်တစ်ခုလိုမျိုး ဖြစ်လာနေတယ်ဆိုပြီး လက်ခံလာကြတာပါ။

Friday, August 2, 2024

အဏ္ဏဝါဂေဟစနစ်အတွက်အရေးပါသော အစိမ်းရောင်တံတိုင်းကြီးများ သို့မဟုတ် ဒီရေတော

 



 အဏ္ဏဝါဂေဟစနစ်အတွက်အရေးပါသော အစိမ်းရောင်တံတိုင်းကြီးများ သို့မဟုတ် ဒီရေတော

          ဒီရေရောက်သစ်တော (ခေါ်) ဒီရေတော (Mangrove Forest) ဆိုသည်မှာ လမုတောများ အစုအဖွဲ့ တည်ရှိသည့် ကမ်းရိုးတန်းဒေသရှိ ရေဝပ်ဒေသ သို့မဟုတ် ရေတိမ်ဒေသ (Wetland) များကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသ များတွင် သဘာဝ ဒီရေတောများ ထိန်းသိမ်းရေး နှင့် ဒီရေတော စိုက်ခင်းများ တည်ထောင်ရေးသည် လွန်စွာ အရေးကြီးသည့်ပြင် ဒီရေတောများကို စနစ်တကျ ကာကွယ်ခြင်းသည် အဏ္ဏဝါဂေဟစနစ် တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ် တစ်ခုလည်း ဖြစ်ပါသည်။