Monday, June 24, 2024

တောက်ပြောင်သည့်ဆံကေသာနှင့် သန်မာသော လက်သည်းခြေသည်း

 



တောက်ပြောင်သည့်ဆံကေသာနှင့် သန်မာသော လက်သည်းခြေသည်း

ဒေါက်တာလွင်သန့်

          ကိုယ်ခန္ဓာကြည့်ကောင်း စေဖို့ကျန်းမာတဲ့ ဆံကေသာနဲ့ လက်သည်းခြေသည်း တွေရှိနေတတ် တာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တယ်။ သည်လိုဖြစ်အောင် ဂရုစိုက်ပေးတာက လှပနေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရရှိတဲ့ အကျိုးကျေးဇူး တစ်မျိုးတည်းရတာ မဟုတ်ဘူး။ ကိုယ်ရဲ့ကျန်းမာရေး အခြေအနေတွေပါ မှန်းဆနိုင် ပါတယ်။

         ဆံကေသာကို ဂရုစိုက်သင့် ပါတယ်။ ခပ်ကြမ်းကြမ်း ခေါင်းမဖြီးသင့် ပါဘူး။ ဘီးနဲ့ဆံပင်ကို ခပ်ကြမ်းကြမ်း ဆွဲပြီး လိုက်တာကြောင့် ဆံပင်ကျွတ်တာ၊ ဆံသားကျိုးလွယ်တာ နဲ့ဦးရေပြားပွန်းပဲ့ နိုင်ပါတယ်။ ဆံကေသာပုံသွင်းဖို့ အတွက်သာ ဖွဖွလေး ခေါင်းဖြီးသင့် ပါတယ်။


             သဘာဝဆိုးဆေးကို အသုံးပြုသင့် ပါတယ်။ အလှအပအတွက် ကိုယ့်ဆံပင်ကို ဆေးဆိုးမယ်ဆိုရင် ဓာတုပစ္စည်း မပါဝင်တဲ့ ဆိုးဆေးတွေကို အသုံးပြုသင့်ပါတယ်။ အညိုရောင်ရဖို့ ဒန်းကိုသုံးပြီး၊ ရွှေအိုရောင်ရဖို့ ချာမိုခိုင် (Chamomine) အသုံးပြုသင့် ပါတယ်။ ဆိုးဆေး ထုတ်ကုန်တွေ ဝယ်ပြီး အသုံးပြုဖို့ ဆုံးဖြတ်ထားရင် ယာယီ(သို့) အချိန်အကန့် တစ်ခု (Semi permanent) အမျိုးစားရွေး ချယ်သင့်တယ်။ အမြဲ(Permanent) အမျိုးစားကို ရေရှည်အသုံးပြု တာကြောင့် ဖြစ်တတ်တဲ့ သားမြတ်နဲ့ဆီးအိတ် ကင်ဆာ ဖြစ်နိုင်ခြေ လျော့စေပါတယ်။

            တရော်ကင်ပွန်း သုံးပြီးခေါင်းလျှော် သင့်ပါတယ်။ အဆီပြန်တတ်တဲ့ ဆံကေသာ အတွက် တရော်ခင်ပွန်းရဲ့ ခေါင်းလျှော်တာက အကောင်းဆုံး ဖြစ်တယ်။ မွှေးညှင်းပေါက်နဲ့ အဆီထုတ်ဂလင်းမှ အဆီထွက်နည်းအောင် ကူညီပေးသင့်တယ်။

           လက်သည်းခြေသည်း တွေဂရုစိုက်သင့် ပါတယ်။ ကရက်တင်(keratin) ခေါ်မာကျောတဲ့ ပရိုတင်းတွေနဲ့ ပြုံထားတဲ့ လက်သည်းခြေသည်း တွေက လက်ချောင်း ခြေချောင်း ထိပ်တွေကို အကာကွယ် ပေးထားတာ အထိတွေ့အာရုံနဲ့ လှုပ်ရှားမှု (Fine motor skill) တွေကိုပိုမို ကောင်းမွန်စေနိုင် ပါတယ်။ ဒါမှမဟုတ် ရောဂါပိုးကူးစက် ခံရရင် အတူဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လက်သည်းခြေသည်း သန်မာပြီး ကျန်းမာဖို့ ပြုလုပ်သင့် ပါတယ်။

            မှိုပိုး ကိုလက်ဖက်ဆီ (Tea Tree oil) နဲ့တိုက်ထုတ်သင့် ပါတယ်။ လက်သည်းခြေသည်း မှိုပိုးကူးစက်ခံရရင် (Tea Tree oil) နဲ့ လက်သည်းခြေသည်း ပန်ကုံးနေရာကို တစ်နေ့နှစ်ကြိမ် လိမ်းပေးသင့် ပါတယ်။

        ချည်သားခြေစွပ် ဝတ်သင့်ပါတယ်။ မှိုပိုးတွေက စွက်စိုမှုရှိတဲ့ ပတ်ဝန်းကျင်မှာ ပွါးများတတ်ပါတယ်။ ခြေထောက်တွေ ခြောက်သွေ့မှု ရှိနေအောင် ချည်သားခြေစွပ်ကိုသာ ဝတ်ဆင်ပြီး တစ်နေ့တစ်စုံ လဲပေးသင့်တယ်။ ရေချိုးအပြီးနဲ့ ရေကူးအပြီးမှာ ခြေထောက်ခြောက်သွေ့ အောင်အနည်းဆုံး (၂)မိနစ်လောက် ပြုလုပ်ပေး သင့်တယ်။

            ရေသန့်များများ သောက်ပေးသင့် ပါတယ်။ ကလိုရင်းပါတဲ့ ရေတွေက လက်သည်းခြေသည်း အားပျော့စေနိုင်တဲ့ အတွက် သောက်ရေသန့် သောက်သင့်ပါတယ်။ မီးယပ်သွေးဆုံးချိန်မှာ လျော့ကျလာတဲ့ အီစကြိုဂျင် ကြောင့် လက်သည်းခြေသည်း ကြွပ်ဆတ်နိုင်ဖို့ အတွက် ရေဓာတ် ပြည့်ပြည့်ဝဝ ရရှိဖို့ အရေးကြီးပါတယ်။

           အဝတ်လျှော်၊ ပန်းကန်ဆေးဖို့ အတွက် လက်အိတ်ကို အသုံးပြုသင့်ပါတယ်။ အဝတ်လျှော်၊ ပန်းကန်ဆေးတာ လိုမျိုးတစ်ချိန်လုံး ရေကိုင်နေရသူတွေက လက်သည်းခြေသည်း မှအစိုဓာတ်တွေ လျော့နည်းသွားနိုင်ပြီး၊ အာပျော့နိုင် ပါတယ်။ ရေကိုင်ရမယ့် အလုပ်တွေအတွက် ရော်ဘာလက်အိတ်ဝတ် ဆင်သင့်ပါတယ်။

             ဗက်ဆလင်းအဆီ လိမ်းသင့်ပါတယ်။ အိပ်ရာမဝင်ခင် ညစဉ်ညတိုင်း လက်သည်းခြေသည်း ပန်းကုံးနဲ့ လက်သည်းခြေသည်း တစ်ဝိုက်က အရေပြားကို ဗက်ဆလင်းအဆီ (Vaseline oil)နဲ့ ပွတ်တိုက်ပေး သင့်တယ်။ အစိုဓာတ် ထိန်းနိုင်တဲ့ပြင် ဗီတာမင်အီး ပါ ရရှိတဲ့အတွက် လက်သည်းခြေသည်း ပျော့ပျောင်းပြီး ကွဲအက်မှုမရှိအောင် ကာကွယ်နိုင်ပါတယ်။

           လက်သည်းခြေသည်း သန်မာအောင် သတ္တုဓာတ် မှီဝဲသင့်ပါတယ်။ လက်သည်းခြေသည်း သန်မာအောင် ကိုယ်စားနေတဲ့ အစာတွေမှာ သတ္တုဓာတ်တွေ ပါဝင်သင့်ပါတယ်။

          ကယ်လဆီယမ် ပါဝင်သင့်တယ်။ လက်သည်းခြေသည်း ရဲ့မရှိမဖြစ် ပါဝင်ပစ္စည်း ဖြစ်တယ်။ နွားနို့၊ နို့ထွက်ပစ္စည်းနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်မှာ ပါဝင်ပြီး၊ နေရောင်ခြည်မှ ရရှိနိုင်တဲ့ ဗီတာမင်ဒီနဲ့၊ ပဲအမျိုးမျိုး၊ ပဲပိစပ်မှာပါဝင်တဲ့ လိုင်ဆင်(L_Lysine) ကြောင့် ခန္ဓာကိုယ်က စုပ်ယူမှုကောင်းမွန် နိုင်ပါတယ်။

              သွပ်(Zinc)ဓာတ် လိုအပ်ပါတယ်။ လက်သည်းပန်း မပွင့်အောင် ကာကွယ်ပေးနိုင်တဲ့ သတ္တုဓာတ်ဖြစ်တယ်။ အသား၊ ပင်လယ်စာ၊ေ ကာက်နှံတစ်ခုလုံး ပါတဲ့ ကွေကာနဲ့ နို့ထွက်ပစ္စည်း တွေမှာသွပ်ဓာတ် (Zinc) ပါဝင်ပါတယ်။

           လက်သည်းကို ပုတ်ပေးသင့်တယ်။ ကိုယ့်လက်ထိပ်နဲ့ လက်သည်း အခြေနေရာကို ပုတ်ပေးတာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်ပြီး ကြီးထွားသန်မာ နိုင်ပါတယ်။ ကိုယ့်လက်သည်း တွေက သန့်ရှင်းပြီးခြောက်သွေ့ နေရာမှာဖြစ်ကာ ပုံစံ(Duration) တစ်ခုတည်းသာ ပုတ်ပေးရမှာ ဖြစ်ပါတယ်။ လက်သည်းပူနွေး လာရင်၊ ပုတ်တာ ရပ်သင့်တယ်။ ဘိုင်အိုတင်ရဲ့ အကျိုးကျေးဇူး ရယူသင့်ပါတယ်။ ဗီတာမင်အိပ် (Vit H) ခေါ်တဲ့ ဘိုင်အိုတင် (Biotin) က လက်သည်းကြွပ်ဆက် တာအတွက် ကောင်းမွန်နိုင်ပါတယ်။ အမေရိကန်မှ လေ့လာမှုမှာ ဘိုင်အိုတင်(၂.၅) မီလီဂရမ်ကို နေ့စဉ်(၆)လ လောက်ရရှိတဲ့ အမျိုးသမီးတွေရဲ့ လက်သည်းခြေသည်း တွေက (၂၅%)လောက် ထူထပ်လာပြီး ကွဲအက်ကာ လျော့နည်းတာကို တွေရှိခဲ့ပါတယ်။ ဘိုင်အိုတင်ဟာ အသစ်တွေ ထုတ်လုပ်ပေးတဲ့ လက်သည်းပန်းကုံး ထဲစိမ့်ဝင်ပြီး အလုပ်လုပ် ပေးတာကြောင့်လို့ ထင်မှတ်ကြပါတယ်။ ဘိုင်အိုတင် ရရှိအောင် အခွံမာသီး၊ အုတ်စပါး၊ ပဲအမျိုးမျိုး၊ ဆန်လုံးညိုနဲ့ ကလီစာ စားပေးသင့်တယ်။

        အသည်း စားပေးသင့်တယ်။ တိရစ္ဆာန်အသည်းတွေမှာ ဗီတာမင်အေ ပေါကြွယ်စွာပါဝင်တဲ့ အတွက် လက်သည်းပေါ်မှာ အဖြူရောင် အစက်အပြောက်တွေ မဖြစ်ပေါ်အောင် ကာကွယ်နိုင်ပါတယ်။ အဆီများတဲ့အခါ ကြက်ဥ၊ နို့နဲ့ ဒိန်ခဲတွေမှာလည်း ဗီတာမင်အေ ပေါကြွယ်စွာ ပါဝင်တယ်။ တန်ဆေးလွန်ဘေး ကိုဆိုတဲ့အတိုင်း ဗီတာမင်အေကို ပမာဏအများကြီး မရယူသင့်ပါဘူး။ ကိုယ်တွင်းမှာ ဗီတာမင်အေ ရရှိတဲ့ပမာဏ များလွန်းရင် အရိုးအားနည်း နိုင်တယ်။ တစ်ပတ်ကို တစ်ကြိမ်ထက်ပို မစားသင့်ဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း အသည်း မစားသုံးသင့်ပါဘူး။

            လက်သည်းခြေသည်း ကနေ ကျန်းမာရေး အခြေအနေ ပြောပြနိုင်ပါတယ်။ ပြောင်းလဲမှု တစ်စုံတစ်ရာ ဖြစ်တတ်တယ်။ လက်သည်းပေါ် ချင့်ခွက်ငယ်ရှိခြင်း ဖြစ်တတ်တယ်။ ဂျွတ်၊ နှင်းခူ၊ ထိပ်ထွက်ပြီး ပြောင်းတဲ့ အရေပြား ပြဿနာ (သို့) ခုခံအားစနစ် မှားယွင်း တိုက်ခိုက်ခံရ တာကြောင့်ဖြစ်တဲ့ အဆစ်ရောင် ရောဂါရှိနေတာကို ညွှန်ပြနေတာ ဖြစ်တယ်။

         ကန့်လတ်ဖြတ် အစင်းကြောင်းနဲ့ လက်သည်း ဖြစ်နိုင်တယ်။ ကင်ဆာဆေးဝါး ကုထုံးနဲ့ကုသခံ ရတာ(သို့) သွေးလှည့်ပတ်မှု ပြဿနာရှိသူတွေမှာ ဖြစ်တတ်ပါတယ်။

             တစ်ဝက်ဖြူ၊ တစ်ဝက်ညိုတဲ့ လက်သည်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ပျက်စီး နေတာကို ညွှန်ပြနေပါတယ်။ သွေးထဲမှာ ဓာတုပြောင်းလဲမှု ဖြစ်လာပြီး ရောင်ခြယ်ပစ္စည်းများ ၊မက်လနင်ကို ထုတ်ပေးလိုက် တာကြောင့်ဖြစ်တယ်။ သည်လို ပြောင်းလဲမှုတွေ ခံစားနေရရင် ချက်ချင်းဆေးကုသမှု ခံယူသင့်ပါတယ်။

             ဒေါင်လိုက် အစင်းကြောင်း ပေါ်ခြင်းဖြစ်နိုင်ပါတယ်။ အသားမည်းသူတွေမှာ အတွေ့ရများ တတ်ပြီး ပုံမှန်အခြေအနေ ဖြစ်ပါတယ်။ လက်သည်း အောက်ဖက်မှာ စတင်ဖြစ်ပေါ်တဲ့ အရေပြားကင်ဆာ လည်းဖြစ်နိုင်လို့ ဆရာဝန်နဲ့ပြသ သင့်ပါတယ်။

          လက်သည်း အောက်ဖက်မှ အနီ(သို့) အညိုရောင် အစင်းကြောင်းလည်း ရှိနိုင်ပါတယ်။ သွေးကြောငယ်လေးတွေ ပျက်စီးလို့ ဖြစ်တယ်။ နှလုံးအဆို့ရှင် ရောဂါပိုးကူးစက်ခံ ရတာကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် လျစ်လျူမရူထား သင့်ပါဘူး။

           အောက်ဖက် ခွက်နေတဲ့ လက်သည်း ဖြစ်နိုင်ပါတယ်။ နှလုံး(သို့) အဆုတ်ရောဂါ ကြောင့် လက်သည်းအတွင်း သွေးလှည့်ပတ်မှု လျော့နည်းနေတာကို ညွှန်ပြနေတာပဲ ဖြစ်တယ်။

            ဇွန်းပုံသဏ္ဍာန် လက်သည်း ဖြစ်နိုင်ပါတယ်။ သံဓာတ်(သို့မဟုတ်) ဗီတာမင်ဘီတွဲ ချိုတဲ့တာကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါလက္ခဏာ ဖြစ်ပါတယ်။

             လက်ဖက်ရည်ကြမ်းကို ဆံကေသာအတွက် အသုံးပြုနိုင်ပါတယ်။ လက်ဖက်ရွက်မှာ ပါတဲ့ဓာတ်တိုး ဆန့်ကျင်ပစ္စည်းက မွှေးညှင်းပေါက်ကို လှုံ့ဆော်နိုင် တာကြောင့် ဆံသားသန်မာပြီး အုံထူလာနိုင် ပါတယ်။ လက်ဖက်ခြောက် နှစ်ထုပ်ကို ဆူပွတ်နေတဲ့ ရေတစ်ခွက်ထဲစိမ်ပြီး နွေးနေတဲ့အချိန်မှာ ဦးရေပြားပေါ် လိမ်းသင့်တယ်။ တစ်နာရီကြာမှာ ခေါင်းလျှော်သင့်တယ်။

           အချို စုံအောင်စားသင့် ပါတယ်။ အရောင်တောက်ပတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးတာကြောင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကို ရရှိနိုင်ပြီး ဆံပင်ပါးပေါက်ဖွားမှု အထူးကောင်းမွန် စေပါတယ်။။

ဓာတ်ပုံ - အင်တာနက်






No comments: