Tuesday, June 18, 2024

မနက်စာအတွက်သစ်သီးများ

 



     မနက်စာအတွက်သစ်သီးများ 

ဒေါက်တာလွင်သန့်

        မနက်စာအတွက် ကြက်ဉနဲ့ပေါင်မုန့် မီးကင်ပြီး စားနေတာလား။ အံ့အားသင့်ဖွယ် ကောင်းကျိုးပေးတဲ့ သစ်သီးတွေကို ပေါင်းစပ်စားသုံးကြည့် သင့်ပါတယ်။ သစ်သီးတွေရဲ့ အရောင်၊ ပုံသဏ္ဍန်နဲ့ အသားအနုအကြမ်း စတာတွေပေါ် မှုတည်ပြီး၊ အင်တီအောက်စီဒင့် နဲ့ ဖိုင်တိုကယ်မီကယ် (phyto chemical) တွေပါဝင်မှု ကွဲပြားပါတယ်။ စားသုံးလိုက်တဲ့ သစ်သီးအမျိုးအစား ပေါ်မှုတည်ပြီး ကိုယ့်ကိုပေးတဲ့ ကောင်းကျိုးတွေလည်း မတူညီပါဘူး။ သစ်သီးသုံးမျိုးကို မနက်စာအဖြစ် ပေါင်းစပ်စားသုံးမယ် ဆိုရင် ရရှိလာနိုင်တဲ့ ကောင်းကျိုးတွေ အံ့မခန်းပါပဲ။ ကျန်းမာစေတဲ့ပြင် အလှအပအတွက် အထောက်အကူ ဖြစ်စေတာကြောင့် ကိုယ့်မနက်စာမှာ အတွဲအစပ်အတိုင်း စားသုံးကြ စေလိုပါတယ်။


        ရောင်ရမ်းမှု လျော့စေဖို့ ချယ်ရီသီး၊ နာနတ်သီး၊ ဘလူးဘယ်ရီသီး (၃)မျိုးစားသင့်တယ်။ နာနတ်သီးမှာ ဗီတာမင်စီနဲ့ ဘရိုမီလင် (bromelin) အင်ဇိုင်းတွေပါဝင်လို့ အူလမ်းကြောင်း ရောင်ရမ်းမှုကို ကောင်းမွန်စေတယ်။ ခုခံအားစနစ်ကို အားကောင်းစေတယ်။ အသားဓာတ် ချေဖျက်ဖို့ လှုံ့ဆော်ပေးတယ် စတဲ့အာနိသင်တွေ ပေးနိုင်ပါတယ် ။ စတဲ့အာနိသင်တွေ ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီသီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး စတဲ့အင်တီအောက်စီဒင့် တွေများစွာပါဝင်တယ်။ ဘလူးဘယ်ရီသီးနဲ့ ချယ်ရီသီးမှာ နက်ပြာရောင်၊ အနီရောင်တွေကို ပေးစွမ်းနိုင်တဲ့ အဓိက အင်တီအောက်စီဒင့် (Antioxidants) ဖြစ်တဲ့ အန်သိုစိုင်ယာနင် (anthocyanin) ပါဝင်ပါတယ်။

         အဆိပ်အတောက် ပြေစေတဲ့မနက်စာ အတွက် ဂိုဂျီဘယ်ရီ (Gojiberi) သီး၊ဖရဲသီးနဲ့ သံပုရာသီး စားသင့်တယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အထောက် တွေကိုဖယ်ရှားဖို့ ဆိုရင်ရေဓာတ် ပြည့်ဝဖို့လိုအပ်ပြီး အဆိုပါ အဆိပ်အ တောက်တွေကို စွန့်ပစ်ဖို့လိုပါတယ်။ ဖရဲသီးမှာရေဓာတ် (၉၂%) ပါဝင်ပြီး၊ ဖရဲသီးမှာ အဆိပ်အတောက် ကင်းစင်စေတဲ့ဒြပ်ပေါင်း တွေပါဝင်ပါတယ်။ လိုင်ကိုပင်း (Licopin)နဲ့ ဗီတာမင်အေ၊ ဗီတာမင်စီတွေ ပါဝင်လို့ ဓာတ်တိုးပစ္စည်း တွေကိုဓာတ်ပြယ် စေပြီး အဆိပ်အထောက် ကင်းစင်စေပါတယ်။

        သံပုရာသီးရဲ့ အဆိပ်အထောက် ဖယ်ရှားပေးနိုင်တဲ့ အာနိသင်က အမြင်မားဆုံးဖြစ်ပြီး ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်ပိုးတွေ ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သခွါးသီး၊မုန်လာရွတ် တို့ထဲ သံပုရာရည်ညှစ်ပြီး စားသုံးတာ၊ မနက်ခင်းမှာ ရေနွေးနွေးထဲ သံပရာရည်ညှစ်ထည့်ပြီး စားသောက်တာတွေ လုပ်နိုင်ပါတယ်။

       ဂူဂျီဘယ်ရီ(goji beri) သီးမှာဗီတာမင်အေ၊ ဘီ၊စီနဲ့အီးစတဲ့ အင်တီအောက်စီဒင့် တွေအပြင် သံဓာတ်ကိုလစ် (Colin) စတဲ့အသည်းမှာ ရှိတဲ့ အဆိပ်အထောက် တွေကိုဖယ်ရှား ရှင်းလင်းနိုင်ပါတယ်။

        ခုခံအားကောင်းစေဖို့ ဂရိတ်ဖရုသီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီး စားသင့်ပါတယ်။ ကီဝီသီး၊ ဂရိတ်ဖရုသီးနဲ့ စတော်ဘယ်ရီသီး တွေက၊ကိုယ့်ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကျန်းမာစေပါတယ်။ ကီဝီသီးမှာ ဗီတာမင်စီကြွယ်ဝပြီး ခုခံအားစနစ်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဓာတ်တိုးပစ္စည်း တွေကို ဓာတ်ပြယ်စေပြီး ကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့ချပေးပါတယ်။ ဂရိတ်ဖရုသီးနဲ့ စတော်ဘယ်ရီသီး တွေမှာဗီတာမင်စီ က လိမ္မော်သီးထက် ပိုမိုပါဝင်ပါတယ်။ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး၊ ဖျားနာတာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဗီတာမင်အေနဲ့ စီနှစ်မျိုးစလုံး ပါဝင်တဲ့ပြင် စတော်ဘယ်ရီသီး အစေ့ထဲမှာ သတ္တုဓာတ်တွေပါဝင်လို့ ခုခံအားစနစ်အတွက် အထောက်အကူ ဖြစ်စေပါတယ်။

       အလှအပအတွက် မနက်စာကို ဘလက်ဘယ်ရီ (Black beri)သီး၊ သဘော်သီး၊ သခွါးမွှေးသီး စားသင့်ပါတယ်။ သဘော်သီးမှာ အင်တီအောက်စီဒင့် (Antioxidants)တွေ များစွာပါဝင်ပြီး၊ ကော်လာဂျင် ထုက်လုပ်မှုကို ကောင်းမွန်စေတဲ့ အာဟာရဓာတ် တွေလည်းပါဝင် ပါတယ်။ ပက်ပိန်း (Peppaine) အင်ဇိုင်းပါဝင်ပြီး အရေပြားပျက်စီးမှုကို ပြန်လည် ကောင်းမွန် စေပါတယ်။

       ဘရက်ဘယ်ရီးသီး က သကြားပါဝင်မှုနည်းပြီး အရသာရှိတဲ့ သစ်သီးတစ်မျိုး ဖြစ်တယ်။ ဗီတာမင်အေနဲ့ ဗီတာမင်စီ တို့ကိုအင်တီအောက်စီဒင့် တွေလည်း များစွာပါဝင်ပါတယ်။

       သခွါမွှေးသီးမှာ သီကာကယ်ရိုတင်း ပါဝင်ပြီး ခန္ဓာကိုယ်ထဲရောက်တဲ့ အခါ ဗီတာမင်အေ အဖြစ်ပြောင်းလဲ သွားပါတယ်။ အသားအရေ တောက်ပစေတာ၊ ဆံသားသန်မာစေပြီး၊ တောက်ပြောင်စေတာ စတဲ့ကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။

       အင်တီအောက်စီဒင့် (Antioxidants) ကြွယ်ဝစေတဲ့ မနက်စာမှာ သဖန်းသီး၊ စပျစ်သီးအနီနဲ့ သလဲသီး တို့ပါဝင်ပါတယ်။ အဆိုပါ အသီးသုံးမျိုးမှာ အင်တီအောက်စီဒင့် (Antioxidants) တွေကြွယ်ဝစွာပါဝင်ပြီး၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင် ပါတယ်။ ဓာတ်တိုးပစ္စည်း‌တွေရဲ့ ခန္ဓာကိုယ်တွင်း ပျက်စီးမှုတွေ မဖြစ်အောင် ကာကွယ်ပေးပြီး အသားအရေ လှပစေဖို့ အရွယ်တင်နုပျိုစေ ပါတယ်။ အနီရောင်စပျစ်သီးမှာ အားကောင်းတဲ့ အင်တီအောက်စီဒင့် ဖြစ်တဲ့ ရက်ဗာရက်ထရော (Resverectrol) ပါဝင်ပြီး အသက်အရွယ် ကြီးရင့်မှုကို တာဆီးပေးပါတယ်။ စပျစ်သီးမှာပါဝင်တဲ့ လူတင်(Luton)နဲ့ ဇီဇမ်သင်း (Zeaxanthine) ကအမြင်အာရုံကို ကောင်းမွန်စေပြီး ခရမ်းလွန်ရောင်ခြည် ကြောင့်၊မျက်ကြည်လွှာ ပျက်စီးမှုမရှိအောင် ထားဆီးပေးပါတယ်။

       သလဲသီးမှာလည်း အားကောင်းတဲ့ အင်တီအောက်စီဒင့် တွေပါဝင်ပြီး အရေပြားကို ဓာတ်တိုးပစ္စည်းတွေရဲ့ ဖျက်ဆီးမှုမှ တားဆီးပေး ပါတယ်။

        သဖန်သီးမှာ သတ္တုဓာတ်တွေ ဖြစ်တဲ့ ပိုတတ်စီယမ်၊ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်၊ သံဓာတ်၊ ကြေးနီဓာတ် တွေအပြင် ဗီတာမင်ဓာတ် တွေဖြစ်တဲ့ ဗီတာမင်အေ၊ ကေ၊ အီး စတာတွေလည်း ပါဝင်ပါတယ်။

       မနက်စာမှာ အဆိုပါအသီးသုံးမျိုးကို စားသုံးမယ်ဆိုရင် ရောဂါကာယတွေ ကင်းဝေးမယ်။ သန်မာ အားကောင်းပြီး အရွယ်တင်နုပျို လှပစေမှာ ဖြစ်ပါတယ်။ စွမ်းအင်ရရှိစေတဲ့ မနက်စာမှာ ငှက်ပျောသီး၊ ထောပတ်သီးနဲ့ ပန်သီးတို့ ပါဝင်ပါတယ်။

       မနက်စာမှာ စွမ်းအင်အပြည့်အဝ ရရှိအောင် စားသုံးထားမှသာ တစ်နေ့တာလုံးအတွက် စွမ်းအားအပြည့်နဲ့ လုပ်ကိုင်နိုင်မှာ ဖြစ်တယ်။ အာဟာရဓာတ် ကြွယ်ဝတဲ့သစ်သီး တွေထဲမှာ တောပတ်သီးက ထိပ်ဆုံးကပါဝင် ပါတယ်။ ထောပတ်သီးကို မနက်စာမှာ စားသုံးထားမယ် ဆိုရင် နာရီပေါင်းများစွာ ကြာအောင် စွမ်းအင်ပြည့်ဝ စေတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့အဆီတွေက အစာချေစနစ်ကို နှေးစေတာကြောင့် လေ့ကျင့်ခန်း လုပ်ပြီးမှသာ စားသုံးသင့် ပါတယ်။

       ငှက်ပျောသီးက စွမ်းအင်တွေ မြန်မြန်ပြည့်ဝ နေစေပြီး၊ အားကစားမလုပ်ခင်မှာ စားသုံးဖို့ သင့်တော်တယ်။ ပန်းသီးမှာတော့ အမျှင်ဓာတ်တွေ မြင့်မားစွာ ပါဝင်လို့ ပန်းသီးစားသုံး ထားမယ်ဆိုရင် အချိန်အတော်ကြာကြာ ဗိုက်ပြည့်တင်း နေစေပါတယ်။ အဆိုပါသစ်သီး (၃)မျိုးကို မနက်စာမှာ စားသုံးမယ်ဆိုရင် တစ်နေ့တာလုံး စွမ်းအင်အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်တယ်။

       ဖျော်ရည်လုပ်ပြီး တိုက်သင့်ပါတယ်။ လက်ဆတ်တဲ့ သစ်သီးတွေကို အဆိပ်ပါဝင်မှုနည်းတဲ့ ဒိန်ချဉ်(သို့)နို့နဲ့ ရောဖျော်ပြီး တိုက်နိုင်ပါတယ်။ စတော်ဘယ်ရီဖျော်ရည်၊ ငှက်ပျောသီးဖျော်ရည် တို့လို ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့ ဗီတာမင်အပြင် အိုမီဂါ(၃) ဖက်တီးအက်ဆစ် (Fatty acid) ပါဝင်တဲ့ဒသီးတွေဆို ပိုကောင်းပါတယ်။ (DNA_Docosahexuenoic acid) ဆိုတဲ့အိုမီဂါ-၃ (omega_3) ဖက်တီးအက်ဆစ် (Fatty acid) ပါဝင်တဲ့အသီးတွေကို ပိုကောင်းပါတယ်။ သူတို့ကကလေးတွေ အတွက်ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှု အတွက် အရေးပါတာကြောင့် ကလေးတွေ စားသုံးမယ့် အစားအသောက် တွေထဲမှာ (DNA)မျှတစွာ ပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည် တိုးတတ်စေပါတယ်။

       အသီးအရောင် အသွေးစုံအောင် ကျွေးနိုင်ပါတယ်။ ပန်းသီး၊ လိမ္မော်သီး၊ ဇီးသီး၊ ဖရဲသီး စတဲ့အရောင်စုံ သစ်သီးတွေအားလုံး ရောစပ်ပြီး၊ သီးစုံကျွေးနိုင် ပါတယ်။ အသီးတွေကို အသည်းပုံ၊ ကြယ်ပုံစံအကောင်း လေးတွေပုံစံ၊ လှီးဖြတ်ရတဲ့ ပုံစံခွက်လေး တွေနဲ့ကလေးအကြိုက် ဖန်တီးပြင်ဆင် ကျွေးသင့်ပါတယ်။

        အေးခဲပြီးထားတဲ့ အသီးကျွေးသင့် ပါတယ်။ ငှက်ပျောသီး၊ ပန်းသီး၊ ဖရဲသီး၊ ထောပတ်သီး စတာတွေပါဝင်တဲ့ ရေခဲမုန့်၊ ရေခဲချောင်းလုပ်ပြီး ကျွေးနိုင်ပါသေးတယ်။ အသီးနဲ့ပက်သက်တဲ့ သရေစာ အလွယ်ပြုလုပ်နည်း တွေအင်တာနက်ထဲမှာ အများကြီးရှိပါတယ်။ မနက်စာအတွက် သစ်သီးများ ထည့်ကျွေးတာက ကျန်းမာရေးအတွက် သာမက မှတ်ဉာဏ်ကိုပါ ကောင်းမွန်စေပါတယ်။။

 

ဓာတ်ပုံ - အင်တာနက်


No comments: