Monday, June 24, 2024

တောက်ပြောင်သည့်ဆံကေသာနှင့် သန်မာသော လက်သည်းခြေသည်း

 



တောက်ပြောင်သည့်ဆံကေသာနှင့် သန်မာသော လက်သည်းခြေသည်း

ဒေါက်တာလွင်သန့်

          ကိုယ်ခန္ဓာကြည့်ကောင်း စေဖို့ကျန်းမာတဲ့ ဆံကေသာနဲ့ လက်သည်းခြေသည်း တွေရှိနေတတ် တာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တယ်။ သည်လိုဖြစ်အောင် ဂရုစိုက်ပေးတာက လှပနေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရရှိတဲ့ အကျိုးကျေးဇူး တစ်မျိုးတည်းရတာ မဟုတ်ဘူး။ ကိုယ်ရဲ့ကျန်းမာရေး အခြေအနေတွေပါ မှန်းဆနိုင် ပါတယ်။

         ဆံကေသာကို ဂရုစိုက်သင့် ပါတယ်။ ခပ်ကြမ်းကြမ်း ခေါင်းမဖြီးသင့် ပါဘူး။ ဘီးနဲ့ဆံပင်ကို ခပ်ကြမ်းကြမ်း ဆွဲပြီး လိုက်တာကြောင့် ဆံပင်ကျွတ်တာ၊ ဆံသားကျိုးလွယ်တာ နဲ့ဦးရေပြားပွန်းပဲ့ နိုင်ပါတယ်။ ဆံကေသာပုံသွင်းဖို့ အတွက်သာ ဖွဖွလေး ခေါင်းဖြီးသင့် ပါတယ်။

Sunday, June 23, 2024

ပဲပုပ်စေ့၊ ပဲပုပ်ဆီနှင့် ကျန်းမာရေး

 


 ပဲပုပ်စေ့၊ ပဲပုပ်ဆီနှင့် ကျန်းမာရေး

ပဲပုပ်သည် နိုင်ငံတကာသုံး အစားအစာဖြစ်၍ ပဲပုပ်ကို Soybean, Soja Bean, Soya Bean ဟု အမျိုးမျိုးခေါ်ကြသည်။ Fabaceae မျိုးရင်းဝင်ဖြစ်ပြီး ပဲပုပ်၏ သိပ္ပံအမည်မှာ Glycine max ဖြစ်ပါသည်။ ပဲပုပ်သည် အရသာကောင်းပြီး စားသုံးမှုများပြားသော သီးနှံတစ်မျိုး ဖြစ်ပါသည်။ လေ့လာမှုမှတ်တမ်းများအရ ပဲပုပ်သည် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ (၁၀) မျိုးအနက်၊အမှတ်စဉ် (၆) တွင် ချိတ်သော သီးနှံဖြစ်ကြောင်း နှင့် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ (၁၀) မျိုးမှာပြောင်း၊ ဂျုံ၊ ဆန်၊ အာလူး၊ ပီလောပီနမ်၊ ပဲပုပ်၊ ကန်စွန်းဥ၊ နှံစားပြောင်း၊ ၀ဥနှင့်  Plantains (ခေါ်) ချက်စားရသော ငှက်ပျောသီး တစ်မျိုးတို့ ဖြစ်ကြောင်း သိရသည်။

Tuesday, June 18, 2024

မနက်စာအတွက်သစ်သီးများ

 



     မနက်စာအတွက်သစ်သီးများ 

ဒေါက်တာလွင်သန့်

        မနက်စာအတွက် ကြက်ဉနဲ့ပေါင်မုန့် မီးကင်ပြီး စားနေတာလား။ အံ့အားသင့်ဖွယ် ကောင်းကျိုးပေးတဲ့ သစ်သီးတွေကို ပေါင်းစပ်စားသုံးကြည့် သင့်ပါတယ်။ သစ်သီးတွေရဲ့ အရောင်၊ ပုံသဏ္ဍန်နဲ့ အသားအနုအကြမ်း စတာတွေပေါ် မှုတည်ပြီး၊ အင်တီအောက်စီဒင့် နဲ့ ဖိုင်တိုကယ်မီကယ် (phyto chemical) တွေပါဝင်မှု ကွဲပြားပါတယ်။ စားသုံးလိုက်တဲ့ သစ်သီးအမျိုးအစား ပေါ်မှုတည်ပြီး ကိုယ့်ကိုပေးတဲ့ ကောင်းကျိုးတွေလည်း မတူညီပါဘူး။ သစ်သီးသုံးမျိုးကို မနက်စာအဖြစ် ပေါင်းစပ်စားသုံးမယ် ဆိုရင် ရရှိလာနိုင်တဲ့ ကောင်းကျိုးတွေ အံ့မခန်းပါပဲ။ ကျန်းမာစေတဲ့ပြင် အလှအပအတွက် အထောက်အကူ ဖြစ်စေတာကြောင့် ကိုယ့်မနက်စာမှာ အတွဲအစပ်အတိုင်း စားသုံးကြ စေလိုပါတယ်။

Sunday, June 16, 2024

အဆုတ်ကင်ဆာရောဂါ အကြောင်း သိကောင်းစရာများ



 

အဆုတ်ကင်ဆာရောဂါ အကြောင်း သိကောင်းစရာများ

          အဆုတ်ကင်ဆာ ရောဂါသည် ကမ္ဘာတလွှား ကင်ဆာရောဂါ များကြောင့် သေဆုံးရမှုများ၏ အဓိကနောက်ခံ အကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အဆုတ်ကင်ဆာ ရောဂါ ခံစားရပါက တခြားကင်ဆာ ရောဂါများနှင့် ယှဉ်လျှင် သေဆုံးနိုင်ချေ ပိုများသည်။ အဆုတ်ကင်ဆာ လူနာများ၏ ၈၅ ရာခိုင်နှုန်းမှာ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်ရသည်။ အဆုတ်ကင်ဆာ ရောဂါဖြစ်ပွား နေကြောင်း သိရပြီဆိုရင်လည်း အချိန် နောက်ကျ နေသည်က များသည်။ ရောဂါက ဟိုပျံ့သည်ပျံ့ ဖြစ်နေပြီး ကင်ဆာအဆင့်မြင့် နေပြီဆိုရင် ကုသမှုနည်းလမ်း ရွေးချယ်စရာလည်း နည်းသွားသည်။ အဆုတ်ကင်ဆာကို စောစော သိနိုင်စေရေး ကြိုတင်ရှာဖွေဖို့က ဆေးလိပ် မသောက်တတ်သူများ အတွက် မလိုအပ်လှ၊ သိပ်အကျိုးမရှိဟု ဆိုသည်။ ဆေးလိပ်ကို ရေရှည်သောက်ခဲ့ သူများ အတွက်တော့ အဆုတ်ကင်ဆာ ကြိုတင်ရှာဖွေရေး လုပ်ငန်းများက တစုံတရာ အကျိုးရှိပါသည်။ အဆုတ်ကင်ဆာ ကြိုတင် ကာကွယ်ရေး အတွက် Primary Prevention ခေါ်သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ရှောင်ကြဉ်ခြင်း၊ လေထုညစ်ညမ်းမှု လျော့ချခြင်း နည်းလမ်းများက အကျိုးရှိပါသည်။

Sunday, June 2, 2024

နာတာရှည်ကင်ဆာဖြင့် အသက်မဆုံးရှုံးစေလို




နာတာရှည်ကင်ဆာဖြင့် အသက်မဆုံးရှုံးစေလို

နှစ်စဉ် ဇွန်လ ပထမပတ်၏ တနင်္ဂနွေနေ့ကို National Cancer Survivors Day အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက အထူးတလည်သတ်မှတ်ထားကြပြီး ထိုနေ့သို့ရောက်တိုင်း ကင်ဆာရောဂါများနှင့်ပတ်သက်သော ကျန်းမာသုတမျှဝေပွဲကို ကျင်းပလေ့ရှိကြသည်။ထိုသို့အထူးတလည် သတ်မှတ်ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်များမှာကင်ဆာရောဂါများ ခံစားရသော်လည်း အသက်ရှင်သန်နိုင်ကြောင်း၊ နာတာရှည်ကင်ဆာဝေဒနာသည်များကို စိတ်ဓာတ်ခွန်အားဖြစ်စေရန်၊ အချိန်မီကုသမှုခံယူရန်နှင့် ကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေ လျော့ချနိုင်ရန် စသည်တို့ဖြစ်သည်။