Sunday, December 13, 2009

ကောက်ညှင်းကျည်ထောက်

ကောက်ညှင်းကျည်ထောက်

ကျိုင်းတုံမြို့နဲ့ ရှစ်မိုင်ဝေးတဲ့ ၀မ်ဝိန်းရွာမှာ ဖိုးဖွားတွေပိုင်တဲ့ လယ်နဲ့ ယာခင်းတွေ ကနေ့ထက်ထိ ရှိတယ်။ ဖိုးလေးတို့ ဖွားလေးတို့နဲ့ ရွာကအမျိုးတွေ ကနေ့ထက်တိုင် စပါးတွေ စိုက်ပျိုး လုပ်ကိုင်ဆဲပဲ ဖြစ်တယ်။ ဧက ဘယ်လောက်ကျယ်ကျယ် ရှိပြီး မျိုးစပါး ဘယ်နှတင်းကြဲတယ် ဆိုတာတော့ တစ်ခါမှ မေးကြည့်ဖူးခြင်း မရှိခဲ့ပါဘူး။ အပေါ်ယံအနေနဲ့ လယ်တွေရှိတယ်၊ ငယ်က အလည်ရောက်ဖူးတယ် ဆိုတာလောက် ပါပဲ။ ကိုယ်တိုင် ကိုယ်ကျ စိုက်ပျိုးတတ်ဖို့ ဆိုတာ ဝေးသော အကြောင်းပါ။ အထင်ကြီးအောင် ပြောရမယ်ဆိုရင် လယ်ကန်စင်းရိုးပေါ်တောင် ဖြောင့်မှန်အောင် လမ်းမလျှောက်တတ် ခဲ့ပါဘူး။

စပါးပေါ်ချိန်မှာ ဖိုးလေးတို့က စပါးကိုကြိတ်ခွဲပြီးမှ ဆန်တွေကို နွားလှည်းနဲ့ အိမ်တိုင်ရာရောက် လာပို့ပေးတယ်။ ကျိုင်းတုံအခေါ် ရှမ်းဆန်နဲ့ ကောက်ညှင်းဆန် တွေဖြစ်တယ်။ ဒီလို ဆောင်းဥတု စပါးပေါ်ချိန်ပဲ လာပို့တာ ဖြစ်တယ်။ ဆန်တွေ ကောက်ညှင်းတွေနဲ့ အတူ သပ်သပ်ခတ်ခတ် ခုတ်ထားတဲ့ ၀ါးလုံးစိမ်း ပိုင်းလေးတွေလဲ အများကြီး ပါတယ်။ အဲဒီ ၀ါးလုံးတွေကို ဘာလုပ်ရသလဲ ဆိုတော့ ကောက်ညှင်းကျည်ထောက် ပေါင်းစားတာပါ။ ကောက်ညှင်းကျည်ထောက် လုပ်စားနည်းကတော့ လွယ်ပါတယ်။ ညဘက်မှာ ကောက်ညှင်းကို ရေဆေးပြီး ရေစိမ်ထားရတယ်။ ဒါမှမဟုတ် ၀ါးလုံးထဲ တစ်ခါတည်း ထည့်စိမ်လို့လည်း ရတယ်။ ကောက်ညှင်းဆန်နဲ့ ရေကို ၀ါးလုံးပေါက် မရောက်ခင် လက်လေးလုံးစာလောက် နေရာ ချန်ထားပေးရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကောက်ညှင်းကျက်လာရင် ပွတက်ပြီး နေရာယူလာလို့ ကောက်ညှင်းပွစာအတွက် နေရာချန်ထားပေးတဲ့ သဘောပါ။ ဆားကို သင့်ရုံထည့်ပေးရပါတယ်။ ဒါမှ ကောက်ညှင်းကျည်ထောက်ကို ဒီအတိုင်း ကိုက်စားလဲ အရသာရှိစေ ပါတယ်။ ၀ါးလုံးအပေါက်ကို ငှက်ပျောရွက်နဲ့ လိပ်ပြီး ဆို့ထားရပါတယ်။ ဒီလိုနဲ့ တစ်ညလုံး ၀ါလုံးကိုထောင်ထားပြီး ကောက်ညှင်းကို စိမ်ထားရပါတယ်။ ၀ါးကျည်ထောက်ကို မီးမြိုက်ဖို့ အနေတော် မြေကျင်းလေးတူးပေးရတယ်။ ၀ါးလုံးအရှည်ကိုကြည့်ပြီး သင့်တော်တဲ့ အနက်ကို တူးရပါမယ်။ ၀ါးလုံးအရှည်က ၃ ပေဆို ကျင်းကို ၂ ပေခွဲလောက် တူးထားရင် အဆင်ပြေပါတယ်။ (မြို့မှာတော့ အိမ်ရှေ့မြောင်းကို ရှင်းပြီး ဆော်ပစ်လိုက်တာပဲ)

မနက် ၄ နာရီလောက်ဆို တူးထားတဲ့ကျင်းထဲ ထင်းမီးမွှေးပြီး ညက ကောက်ညှင်းစိမ်ထားတဲ့ ၀ါးလုံးတွေကို အစီအရီစီထားပြီး ချက်လို့ရပါပြီ။ အမှန်တော့ ချက်တယ် ဆိုတာထက် ၀ါးကျည်ထောက်ကို မီးမြိုက်လိုက်တာပါ။ မီးအမြိုက်ညီအောင် ၀ါးလုံးကို လှည့်ပေးရပါတယ်။ ဒါမှလည်း ကောက်ညှင်းက အကျက်ညီမှာ ဖြစ်ပါတယ်။ သတိထားဖို့က မီးကင်နေတဲ့ ၀ါးကျည်ထောက်တွေ မီးမလောင်အောင် ဂရုတစိုက်နဲ့ လှည့်လှည့် ပေးရပါတယ်။ ကောက်ညှင်း ကျက်မကျက်ကို ငှက်ပျောရွက်အဖုံး ဟဖွင့်ပြီး လက်နဲ့တို့ စမ်းကြည့်ရတယ်။ အမှန်တော့ သာမန်မျက်စိနဲ့ ကြည့်ရင်တောင် ကျက်မကျက် သိနိုင်ပါတယ်။ ၀ါးကျည်ထောက်ထဲ ရေလဲခမ်းပြီ ၀ါးစိမ်းနံ့နဲ့ ကောက်ညှင်းနံ့ သင်းနေပြီဆိုရင် ကျက်ပါပြီ။ နောက်ဆုံးအဆင့်အနေနဲ့ မီးကင်ပြီး ကျက်နေတဲ့ ၀ါးကျည်ထောက်ကို မီးကင်ထားတဲ့ အပြင်ဘက် မီးလောင်ထားတဲ့ ၀ါးလုံးမျက်နှာစာကို ဓားထက်ထက်နဲ့ စိပ်ထုတ်ပစ်လိုက် ရပါမယ်။ လက်နဲ့ နွှာလို့ရအောင် ပါးလွှာသွားပြီဆိုရင် ၀ါးစွယ်တွေ လက်မစူးမိအောင် အချောသင်ပေးရတယ်။ ဒါလောက်ဆိုရင် အသင့်စားလို့ရတဲ့ ၀ါးစိမ်းနံ့သင်းနေတဲ့ ပူပူနွေးနွေး ကောက်ညှင်းကျည်ထောက် ရပြီဖြစ်ပါတယ်။

ဝါစိမ်းနံ့မွေးနေတဲ့ ကောက်ညှင်းကျည်ထောက်ကို သူ့အတိုင်း စားလည်း အရသာရှိပါတယ်။ ကျွန်တော်တို့ကတော့ (ထိုနောက်)လို့ ခေါ်တဲ့ ပဲပုတ်ချပ်အခြောက်ကို မီးကင်၊ မှုန့်နေအောင်ထောင်း၊ စားနဲ့ ငြုတ်သီးမုန့် နည်းနည်း ထည့်ပြီး ကောက်ညှင်းကျည်ထောက် နဲ့ တို့စားတာကို နှစ်သက်တယ်။ နောက်ပြီး ထို့ဟူးဆီစိမ်နဲ့ စားလဲ လိုက်ဖက်တယ်။ ပိုလို့ကောင်းတာကတော့ မုန်ညှင်းချဉ် (ချဉ်ဖတ်)ကို အနေတော်ဖြစ်အောင် ဓားနဲ့လှီးပြီး နှပ်နှပ်စင်း သုံးထပ်သားနဲ့ ကျော်ထားတဲ့ ၀က်သားမုန်ညှင်းချဉ်ကြော် က အကောင်းဆုံး ဖြစ်ပါတယ်။ (သွားရည်ကျသွားလို့ ဆောရီးဗျာ) ဒီဗမာပြည်ဘက်မှာတော့ ကောက်ညှင်းကျည်ထောက်ကို သကြားနဲ့ပဲ တို့စားကြတာ တွေ့မိတယ်။ သူ့အရပ်နဲ့ သူ့အထာ ဖြစ်မှာပါ။ နောက်ပြီး ၀ါးနံ့သင်းနေတာမျိုးလည်း မရှိဘူး။ ကောက်ညှင်းထက် ဆန်ကြမ်းရောတာ များတော့ မုန့်အသားက မာတောက်တောက် ဖြစ်နေတတ်တယ်။ စားရတာ အာမစွဲလှပါဘူး။

ဆောင်းမနက် ချမ်းချမ်းမှာ မိသားစု ညီအစ်ကို မောင်နှမတွေ စုံစုံလင်လင် ၀ိုင်းဖွဲ့ပြီး ကောက်ညှင်းကျည်ထောက် ကင်ရင်းနဲ့ မီးလည်း လှုံနိုင်တယ်။ နံနက်စောစာကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အရသာရှိရှိ စားနိုင်တယ်။ ပျော်စရာကောင်းတဲ့ ရှမ်းပြည်က ဓလေ့လေးတစ်ခုပါ။ အခွင့်အခါသင့်ရင် ဘလောဂ့်ပေါ်က ရောင်းရင်းတွေကိုပါ ကောက်ညှင်းကျည်ထောက် လုပ်ကျွေးပါအုန်းမယ်။ ခုတော့ ဒီမျှပါပဲ။





41 comments:

flowerpoem said...

ကောက်ညှင်းကျည်တောက် လာစားအုံးမယ် ကိုယ်တိုင်တော့ လုပ်လို့ အဆင်ပြေမှာဟုတ်ဘူး (ကိုယ့်အကြောင်းကိုယ်သိတယ်):)

မမသီရိ said...
This comment has been removed by the author.
မမသီရိ said...

မန်မာ့ ဆောင်းတွင်းရဲ့ မြန်မာ့ အစားအစာ

တကယ်လုပ်ကြွေးမှာလား ဝေ့.. မောင်လေး ရေ
ရှမ်းပြည်ထိ လိုက်စားရမှာလား...း)

~ဏီလင်းညို~ said...

ကိုဝင်းဇော်...
အရမ်းနှိပ်စက်ရက်ပါပေ့ဗျာ...။
မစားရတာ...ဘယ်နှနှစ်တောင် ရှိနေပလဲမသိတော့ဘူး... ရွှတ်...။
ကျွန်တော်က..သိပ်ကြိုက်တာလေ...။
ဒါပေမယ့် ကိုဝင်းဇော်ပြောသလို..မီးမြိုက်ထားတာတော့..စားဖူးဘူးဗျ...။
ရန်ကုန်မှာ ဘုရားပွဲဈေးတန်းတွေမှာ ရောင်းတဲ့ ပြုတ်ထားတာကို...ခြမ်းထားတဲ့ အတုံးလေးတွေထဲ အုန်းသီးနဲ့ သကြားထည့်ထားတာကိုပဲစားဖူးတာ...။ ကိုဝင်းဇော်ပြောထားသလို စားရရင် သိပ်ကောင်းမှာပဲ....။
ဘယ်တော့လုပ်ကျွေးမှာတုန်း...၊ လာစားမှာတစ်ကယ်ဗျ...။
(တောင်ကြီးတော့ တစ်ခေါက်ရောက်ဖူးတယ်...။ ၂၀၀၇ ဇွန်လတုန်းက...၊ ကလောက သူငယ်ချင်းတစ်ယောက်လိုက်ပို့ပေးလို့....။ ကြေးအိုးပဲ ဆွဲခဲ့ရတာ...ဟီး...)

ခင်မင်တဲ့

ဏီလင်းညို

Ree Noe Mann said...

ကျနော် လည်းကြိုက်တယ်ဗျ။

သရေကျအောင်လုပ်တယ်။

ရီနို

နေ့အိပ်မက် said...

အဟင့် သူ့စာဖတ်ပြီး ရေကျော်သီတင်းကျွတ်က ကောက်ညှင်းကျည်တောက်တွေ သတိရသွားပြီ... အီး.... ဒါနဲ့ ကောက်ညှင်းကျည်တောက်လို့ပေါင်းတာမဟုတ်ဘူးလားဟင်.. ရှမ်းလို ကျည်ထောက်လို့ အသံထွက်လို့လား.. အဟုတ်မသိလို့မေးတာနော်...

ကြယ်ပြာ said...

အုန်းသီးများများနဲ့ ကောက်ညှင်းကျည်တောက်စားချင်တယ်လိုက်တာ ...

လင်းဒီပ said...

ကျွန်တော်တို့ကတော့ ရန်ကုန်မှာဆိုတော့ သကြားနဲ့ပဲစားဖူးတယ်..။
ကိုဝင်းဇော်ကြီး အဲလို အသားတွေ ပဲပုတ်ခြောက်တို့ ဝက်မုန်ညင်းတို့ ငရုတ်သီးတို့နဲ့ ဝါးစိမ်းနံ့သင်းသင်းကလေး လုပ်ကျွေးမယ်ဆိုရင်တော့ စားချင်ပါသေးတယ် ။

လင်းကြယ်ဖြူ said...

ဟုတ်ပါ့ခင်ဗျား..
မစားရတာအတော်တောင်ကြာပါပေါ့နော..
စားချင်လိုက်တာ...ငါးခြောက်ဖုန် ဆီဆမ်းလေးနဲ့ ..း)
ပျော်ပါစေခင်ဗျာ

Unknown said...

လုပ်တတ်တယ်ပေါ့၊ တကယ်စားမယ်ဆိုရင် လုပ်ကျွေးရမှာနော့်၊ လမင်းလဲ ဘုရားပွဲက ခေါက်ညှင်းချည်တောက်ကို စားဖူးတယ်။ မောင်လေး ပြောသလိုတော့ မမွေးဘူး။ အေးစက်စက်နဲ့ မာတယ်။ အထူးအဆန်းဆိုတော့ စားဖြစ်ပါတယ်။ ရှမ်းပြည်က ကျည်တောက်တော့ လွမ်းရအုန်းမယ်ပေါ့။

Unknown said...

နယ်မှာတုန်းကတော့ စားနေကျပဲ ရန်ကုန်ရောက်တော့ တစ်ခါမှ မစားဖြစ်တော့ဘူး လုပ်စားဖို့ကျတော့လည်း ကောက်ညှင်းဆန်က မကောင်း၊ ၀ါးစိမ်းတွေ မရှိဆိုတော့ မလုပ်စားဖြစ်ဘူး၊ ရှမ်းခေါက်ဆွဲတော့ ကယိကထ မများတော့ ခဏခဏ လုပ်စားဖြစ်တယ်။ ဒါနဲ့ နင်ကိုယ်တိုင် လုပ်တာလား .

မု;သုင်ခု, said...

ကောက်ညှင်းချည်တောက် အချိုလုပ်နည်းရော ထည့်မရေးဘူးလားဟ ..

မု;သုင်ခု, said...

ရန်ကုန်မှာ စည်ပိုင်းပြတ်ထဲ မီးထည့်မွေးပြီး လုပ်စားသေးတယ်။ မီးခိုးတွေမွှန်တာနဲ့ တိုက်ပေါ်ကလူတွေ မျက်စောင်းတခဲခဲနဲ့ ထွက်ကြည့်တယ်။ အဆင်မပြေပါဘူးကွာ။

တောင်ပေါ်သား said...

ငါ့အကို မဟုတ်တော့ဘူး ဗိုက်ဆာနေပါတယ်ဆိုမှ ဟွန်း ဟွန်းးးး ကောက်ညှင်းကျည်တောက် စားချင်တယ်း) အချိုလေးလဲ ကြိုက်တယ် အဆိမ့်လေးလဲ ကြိုက်တယ် ပွဲဈေးလဲ သတိရတယ်


လေးစားလျက်
တောင်ပေါ်သား

ညလင်းအိမ် said...

ကျွန်တော်လည်း ကြိုက်တယ်ဗျ...
မစားရတာကြာပြီ...
ကိုဝင်းဇော်တကယ်လုပ်ကျွေးမှာလားဗျ...
လာစားမှာနော်...း)

Heart Breaker said...

လုပ်ကျွေးအုန်းမယ်ဆိုတော့ ခုမစားရသေးဘူးပေါ့ လူဆိုးပဲ

Unknown said...

ပဲပုတ်ထောင်းနဲ့ တို့စားသွားတယ် သွေးတက်မှာကြောက်လို့ များများမစားရဲဘူး ...

Waing said...

ကောက်ညှင်းကျည်တောက်ကို အုန်းသီးနဲ့ သကြားများများထည့်ပြီး စားဖူးတယ် အခုလို လုပ်နည်းတွေပါ ပြောပြတော့ သိရတာပေါ့ ဓါတ်ပုံလေးပါ တင်ပေးရင် ကောင်းမယ် စာဖတ်နေရင်းနဲ့ စားချင်စိတ်တွေတောင် ပေါ်လာတယ် မစားရတာ တော်တော်ကြာပြီလေ တောင်ကြီးလာလည်ခဲ့ရင် အမှတ်တရ တကယ်လုပ်ပေးရမယ်နော် ရှမ်းအစားအစာဆို အားလုံး စားကောင်းတယ် ကြိုက်လည်းကြိုက်တယ်လေ :P

Unknown said...

ဟုတ်ပ ငေးစရာ ပုံလေးတော့ တင်ထားအုန်းမှပေါ့။
ရှမ်းစာတွေတော့ အကုန်ကြိုက်တယ်။ အဆောင်မှာနေတုန်းက ဆီထိုဖူးတို့ဆို လက်မလွတ်တမ်းပဲ

Nge Naing said...

လာလည်တာနဲ့ အသစ်တင်ထားတာ တိုးနေလို့ မှတ်ချက်ထားခဲ့ပါတယ်။ အစ်မတို့ဘက်မှာတော့ ကျည်တောက်ကို အုန်းသီးခြစ်နဲ့ နယ်ပြီး ထည့်ကင်တယ်။ စားရင် ဓနိရည်ချိုနဲ့လည်း စားတယ်။ ငါးခြောက်ကြော် (သို့) အကင်နဲ့လည်း စားတယ်။ အစ်မတို့ဘက်မှာလည်း ဒီအချိန် ကောက်ညှင်းကျည်တောက် ဖုတ်နေကျ အချိန်ပဲ၊ ရွာကို သတိရလိုက်တာ။

Unknown said...

အံမယ် သူလဲ အလာကြီးနဲ့ပါလား။ အဟုတ်ကို လုပ်တတ်တယ် ဆိုပါတော့။ ဆောင်းတွင်းဆို ကောက်ညှင်းစားလဲ အပူမကန်ဘူး ပြောတာပဲ။ စားဖြစ်ပါတယ်။

Unknown said...

ချားသွားတယ် ကိုဝင်းဇော် ခြေသလုံးကို ..... ဆားငန်တယ်

YoungGun said...

အခုမှ လုပ်နည်းသိတယ်။ နိုင်ငံခြားသားတွေ ပါးစပ်အဟောင်းသားဖြစ်ရတတ်တဲ့ ဒီကျည်တောက်လေး သက်တော်ရာကျော်ရှည်စေသော်ဝ်...။ ကိုဝင်းဇော်ကြီးလဲ ဘလော့ဂါသူငယ်ချင်းတွေကို လုပ်ကျွေးနိုင်ပါစေသော်ဝ်။

Unknown said...

တကယ်လုပ်ကျွေးမယ်ဆိုရင် ရက်သာသတ်မှတ်လိုက်နော် အရောက်လာမှာ အစားဆို ဘယ်တော့မှ မငြင်းတတ်ဘူး အဟိ ။။

myawady said...

ဆားချက်တာလဲ မဟုတ်
ငံပြာရည် ကြိုတာလဲ မဟုတ်
ဆောင်းတွင်းမှာ အကြံအိုက်တော့
ကောက်ညှင်းကျည်တောက် ဖုတ်နေပြီပေါ့

စားသွားကြောင်းပါ

သုခုမလေဒီ said...

စားရတာလွယ်သလောက် လုပ်ရတာခက်တယ်နော်။ အချိန်လည်းကြာတယ်။ အမကတော့ကောက်ညှင်းကျည် ထောက်ကိုငါးခြောက်ကြော်လေးနဲ့ကြိုက်တယ်း)) ပြောရင်းတောင် သရေကျလာပီ။ ခု..ရန်ကုန်က ကောက်ညှင်းကျည်ထောက်တွေက မနပ်တော့ဘူး။

နှင်းဆီနီ said...

တို့လည်းကြိုက်တယ်
မုန့်မှန်သမျှ အကုန်ကြိုက်တာကို ပြောတာ

shwezinu said...

ကျနော်လည်း ကောက်ညှင်းကျည်ထောက်စားချင်တယ်ဗျာ
ဘလော့ပေါ်မှာ လုပ်ကျွေးမယ်ဆိုရင် ကျေးဇူး

မိုးသား said...

စာတွေလာဖတ်တယ် မစားဖူးသေးတဲ့ ကောက်ညှင်းချည်ထောက် ဆိုတာကို စိတ်ထဲမှန်းပြီး မြည်းသွားတယ် အဟေး

Unknown said...

မိုင်းပျဉ်းဖက် ခရီးထွက်ခဲ့တုန်းက အ၀စားဖြစ်ခဲ့တယ်။ မီးလှုံရင်းနဲ့ မီးပြန်ဖုတ်ပြီး စားခဲ့တယ်။ ကြိုက်ပါတယ်။

ဒဏ္ဍာရီ said...

ငယ်ငယ်တုန်းက ပွဲဈေးတန်းလျှေက်ရင်း ကောက်ညှင်းကြည်တောက် မွှေးမွှေးလေးကို အုန်းသီးလေးနဲ့ သကြားလေးနဲ့ စားခဲ့ရတာကို သတိရသွားတယ် အကို..။

ခင်မင်လေးစားလျှက်

Unknown said...

အစားဆို ရှေ့ဆုံးကပဲ ခုတော့ အရောက်နောက်ကျပြီ

Unknown said...

စာဖတ်ပြီး အစားအသောက်စားလို့ ဇိမ်ခံရမှာ ခုတော့ စာပဲဖတ်ရတယ်။ တိုင်းရင်းသား အစားအစာတွေ လိုက်စားကြည့်ချင်တယ်။ ချိုချို ချဉ်ချဉ်ပေါ့။

ခင်တဲ့

ရနံ့မပြယ်မယ့်အဆုံးမဲ့ကမ္ဘာ said...

ကိုဝင်းဇော်

အလည်လာတာတော့အခေါက်ခေါက်ပဲ။
စီဘောက်က ဝင်ရေးလို့မရတာနဲ့ မန့်သွားလိုက်တယ်နော်။
ကောက်ညှင်းကျည်တောက်လေးရရင် စားချင်တယ်။
အလည်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မတွေ့တာအတော်လေးကြာပြီ။ အိမ်တောင် အတော်ပြောင်းသွားပြီနော်။

အားပေးနေတဲ့
ရနံ့မပြယ်မယ့်အဆုံးမဲ့ကမ္ဘာ

Unknown said...

စည်စည်ကားကားနဲ့ ပျော်စရာကြီးပါလား ။

ဘာတွေဖုတ်ကျွေးနေလဲလို့ လာချောင်းတာ

Unknown said...

ရှမ်းအစားအစာဆို တကူးတက စားဖြစ်တယ်၊ ရှမ်းခေါက်ဆွဲတို့ ရှမ်းဟင်းထုပ်တို့ ရှမ်းခေါပုတ်တို့ လိုမျိုး။
ကောက်ညှင်းလည်း ကြိုက်တယ်လေ။ ဘယ်တော့ လုပ်ကျွေးမှာလဲ။

ခင်မင်တဲ့

Unknown said...

ကောက်ညှင်းကျည်တောက် လုပ်ကျွေးမယ့်နေ့သာ ပြောလိုက်၊ ရောက်ပြီးသားပဲ

Unknown said...

i like best shan foodssss

ကောင်းကင်ပြာ said...

တောင်ကြီးက ကောက်ညှင်းကျည်ထောက် သေးသေးလေးတွေ လွမ်းထှာ...
ကိုဝင်းဇော် လုပ်ကျွေးမဲ့ ကောက်ညှင်းကျည်ထောက်ကိုလဲ မျှော်လျှက်......

Unknown said...

လွမ်းလွမ်းလေး ဖတ်သွားတယ်နော် ကိုဝင်းဇော်
လူကိုဟုတ်ဝူး။ ကောက်ညှင်းကျည်တောက်ကို ပြောတာ
ချိတ်ချိုးနဲ့ ...

ရွှေအင်းသူ said...

ကောက်ညှင်းထဲကို ပဲသီးညိုတို့၊ အုန်းသီးကြိုက်ရင် အုန်းသီးခြစ်ပြီး ထည့်ပေါင်းလဲ စားလို့ကောင်းတယ်။


ခင်မင်စွာနဲ့