Wednesday, December 2, 2009

မနာလို ၀န်တိုမှု ကင်းပါစေ

မနာလို ၀န်တိုမှု ကင်းပါစေ

ပုထုဇဉ် လူသားတွေရဲ့ သဘော သဘာဝဟာ သူတကာတွေထက် တော်ချင်တယ်၊ တတ်ချင်တယ်၊ ထင်ပေါ်ချင်တယ်၊ ကျော်စောချင်တယ်၊ အချီးမွမ်းခံ ချင်တယ်၊ အရေးပါ အရာရောက်သူ ဖြစ်ချင်တယ်၊ ဘယ်နေရာပဲ ဖြစ်ဖြစ် မိမိသည်သာ နံပါတ်တစ် ဖြစ်ချင်တယ်။ လောဘစိတ် မွှန်တယ်လို့ ဆိုနိုင်ပါတယ်။ တစ်ဦးတစ်ယောက်ကြောင့် မိမိက နံပါတ်တစ် ဖြစ်မလာခဲ့ရင်၊ အရေးမပါ အရာမရောက်ဘဲ မှေးမှိန်သွားခဲ့ရင်၊ အပြစ်တင် ဝေဖန်ပုတ်ခတ် ခံရင် ထိုထိုသော တစ်ဦးတစ်ယောက် အပေါ် မကျေမနပ် ဖြစ်လာတတ်ပါတယ်။ မိမိရဲ့ လိုအင်ဆန္ဒကို မဖြည့်ဆည်းဘဲ ငြင်းပယ်ခံရတဲ့ အခါ အငြိုးအတေး ကြီးစွာနဲ့ လက်တုန့်ပြန်ဖို့ အခွင့်ကောင်း အချိန်အခါကောင်းကို စောင့်နေတတ်ပါတယ်။

ဖြစ်တည်လာတဲ့ မကျေနပ်စိတ်ကို အရင်းခံပြီး မနာလိုစိတ် ၀န်တိုစိတ်တွေ တိုးလာတယ်။ အဆိုးမြင်လာတယ်၊ အပြစ်တင်ချင်လာတယ်၊ မကောင်းပြောလာမယ်၊ ချောက်တွန်းတာ အဆုံး ပြုမူလာတတ်တယ်။ သူတစ်ဦးတစ်ယောက်ကို မကောင်းကြံတဲ့ စိတ်မွေးပြီး သူ့အကျိုး ပျက်စီးအောင် နည်းမျိုးစုံနဲ့ ကြံဆောင်လာ တတ်တဲ့ အမှောင်ထဲက ရန်သူတွေမို့ ကြောက်ရွံ့ တုန်လှုပ်စရာ ကောင်းလှပါတယ်။

ကျွန်တော်တို့ ခင်တွယ်နေတဲ့ ဘလောဂ့်ရပ်ဝန်းမှာ ဘလောဂ်ဂင်း နေကြတဲ့ ဦးရေပမာဏဟာ မပြောကောင်း မဆိုကောင်း လက်ချိုး ရေတွက်နိုင်အောင်ပဲ နည်းပါးလှတဲ့ အစုအဖွဲ့လေးပါ။ ဒီဘလောဂ်ရပ်ဝန်း ငယ်လေးကို ခိုင်မြဲအောင် တိုးပွားအောင် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိအောင် အပြုသဘောနဲ့ တစ်ဖက်တစ်လမ်း ကနေ ကြိုးစား ကြံဆောင်နေကြတဲ့ ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ ၀မ်းသာ ဂုဏ်ယူစရာပါ။ ဒါပေမယ့်လဲ တစ်ဦးတစ်ယောက်ရဲ့ ပယောဂကြောင့် ဘလောဂ်လောကကနေ ပျောက်ကွယ်သွားရတဲ့ သူငယ်ချင်းတွေလဲ ရှိပါတယ်။ လတ်တလောဆို မေ၊ ရုံလေးနဲ့ ဂျပန်မလေး တို့ဖြစ်ပါတယ်။ နှမြောတသ ဖြစ်မိတာတော့ အမှန်ပါ။ အပေါ်က ပြောခဲ့သလို မိမိရဲ့ မကျေနပ်စိတ် တစ်ခုတည်းနဲ့ ပျော်ရွှင်နေတဲ့ တစ်ပါးသူရဲ့ဘ၀ကို ညစ်နွမ်းအောင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်လောက်အောင် မလုပ်သင့်ဘူးလို့ ထင်မြင်မိပါတယ်။ ကိုယ့်ဘလောဂ်ကို အဝေဖန်ခံနိုင်တဲ့ စွမ်းအားရှိကြပေမယ့် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လာရင်ဖြင့် အရှက်ကြီးတဲ့ မိန်းမသားတွေမို့ မမြင်နိုင်တဲ့ အွန်လိုင်း မျက်နှာစာပေါ်မှာတောင် ဆက်လှုပ်ရှားဝံ့မှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။

မိမိကြံစည်ခဲ့သလို အောင်မြင်ပြီး မိမိ မနာလိုဝန်တိုတဲ့သူတွေ ထိခိုက်ပျက်စီးသွားပေမယ့် ကဖျက်ကယက် လုပ်သူတွေအတွက် ဘာအကျိုးအမြတ်မှ မရနိုင်ပါဘူး။ အကျိုးအမြတ် မရနိုင်သလို သူကိုယ်တိုင်လဲ စိတ်ပန်းကိုယ်နွမ်း ဖြစ်ရတာပဲ အဖတ်တင်ကျန်ခဲ့မှာပါ။ တစ်ပါးသူ ထိခိုက် ပျက်စီးသွားမှုမှာ သူလဲပဲကြာရှည် ၀မ်းသာနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် နှစ်ဦးနှစ်ဖက် အကျိုးမရှိတဲ့ မနာလိုခြင်းအမှုကို သတိနဲ့ဆင်ခြင် ရှောင်ကျဉ်နိုင်ကြ ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



32 comments:

Anonymous said...

မုန်းစတိုလို့ ချစ်စရှည်စေချင်ပါတယ်။

မနာလို ၀န်တိုမှုကင်းပြီး နွေးထွေး ပျော်ရွှင် တက်ကြွ နေတဲ့ ဘလောက်ရပ်ဝန်း ဖြစ်စေချင်တဲ့ ဆန္ဒတူညီပါတယ်။

မောင်လေးလဲ ပျော်ရွှင်ပါစေ။

အဖြူရောင်ဒဏ္ဍာရီ said...

မြန်မာဘလောက်အိမ်တွေ အများကြီး ရှိတာသိပေမယ့် အမြဲတမ်းစာဖတ်ဖြစ်တဲ့ နေရာက နည်းနည်းပါ။ အွန်လိုင်းပေါ်မှာ ဒီလို အဖြစ်မျိုး ရှိတယ်ဆိုတာ ကြားဖူးတယ်။ အားလုံးကို ခင်ခင်မင်မင်ရှိစေချင်ပါတယ်

လှပတဲ့ ဒီဇင်ဘာညချမ်းဖြစ်ပါစေနော်

မိုးသား said...

ကွန်မင့်တစ်ခုရေးဖို့ ခြံကျော်နေရတာနဲ့ ဘယ်မှ မရောက်ဖြစ်ဘူး။ ခုတောင် ပေါ်လိုက် ပျောက်လိုက် နဲ့ အဆင်မပြေပါဘူးဗျာ။
စာတွေ လာဖတ်ဖြစ်ပါတယ်

လေးစားလျက် ညီ ...

Unknown said...

ဂျပန်မလေး ဆိုတာ megumi ကိုပြောတာလား။ သူ့ကိုတော့ သိတယ်။ အကောင်းနဲ့ အဆိုးဆိုတာ ဒွန်တွဲနေတဲ့ သဘာဝပဲလေ။ သံသရာဆိုတာ လည်တတ်စမြဲပါ။ ကိုယ်ကသာ ကောင်းအောင်လုပ်ပါ ကောင်းကျိုးခံစားရမယ်။ ဒီလိုပဲ သဘောထားလိုက်ရင် ကမ္ဘာကြီး အေးချမ်းသွားပါမယ်။

ခင်မင်လျက်

myawady said...

လူတိုင်း မနာလို ၀န်တိုမှုတွေ ကင်းရှင်းနိုင် ပါစေဗျာ --

Unknown said...

ကိုဝင်းဇော်ရေ့

လောကမှာ တန်ဖိုးအကြီးဆုံးနဲ့
တန်ဖိုး အထားသင့်ဆုံး အရာက
" ကိုယ်ကျင့်တရား " ပဲဖြစ်တယ်တဲ့ ..
ဒီလိုမှတ်သားထားဖူးတယ်။

ခင်မင်လျက်

kiki said...

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။
ကမ္ဘာမြေကြီး အေးချမ်းပါစေ ။

မနာလို ဝန်တိုစိတ်ဟာ သူတပါးကို ပူပြင်းစေတတ်သလို ၊ မိမိကိုယ်ကို ပိုပြီး လောင်ကျွမ်းစေတတ် တာမို့  ဆင်ခြင်နိုင်ကြရင် ကောင်းမယ်နော် ။

Nge Naing said...

ဒီဇင်ဘာနဲ့ ဇန္န၀ါရီက နယူးဆောက်ဝေးမှာ အပူဆုံးလ၊ ဒါကြောင့် ဆစ်ဒနီ ဒီဇင်ဘာက ပုံမှန်ဆို မချမ်းဘူး သိပ်ပူတယ်။ ဒါပေမဲ့ ညကတော့ ဒီဇင်ဘာ ညပူကနေ ညချမ်း ဖြစ်သွားလို့ စောင်ထဆွဲခြုံရတယ်။ ဒီမနက် ဘလော့ဂ်က C-Box ကိုတွေ့မှ ညပူကနေ ညချမ်း ဖြစ်သွားတာကို သဘောပေါက်တော့တယ်။ ၀င်းဇော် ဆုတောင်းပြည့်ပါတယ်။

Unknown said...

မကိ ပြောတဲ့အတိုင်းပါပဲ ကိုဝင်းဇော်ရေ

ကိုဝင်းဇော်လည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ။။

Welcome said...

welcome ==> မငယ်နိုင်

ဆောရီးမငယ်နိုင်ရေ၊ တောင်ကြီးမှာက တော်၂လေး အေးနေတော့ လူတိုင်းကို ညချမ်းလို့ နှုတ်ဆက်မိခဲ့တယ်။ ကျွန်တော့် အလွဲတွေက ခပ်များများပါ၊ အလည်ရောက် လာလို့ ၀မ်းသာပါတယ်။

ပျော်ရွှင်တဲ့ မိသားစုဖြစ်ပါစေ
လေးစားတဲ့

Unknown said...

အသိပညာပေးပို့စ်လေး လာအားပေးပါတယ်။

လူတိုင်း စိတ်ထားလှသူများဖြစ်ကြပါစေ။။။

Unknown said...

ရင်မှ ဖြစ်သော စေတနာစကားတွေ အတွက် ၀မ်းသာစွာ ကျေးဇူးတင်ပါတယ်

ခင်မင်စွာဖြင့်

မိုးခါး said...

ဘာလို့ ဒါတွေကြီး မြင်နေကြားနေရလဲ မသိပါဘူးနော် ..း((

flowerpoem said...

မနာလိုဝန်တိုမှုတွေ ကင်းရှင်းနိုင်ပါစေလို့ ပဲပြောတတ်တော့တယ်..

rose of sharon said...

မနာလိုဝန်တိုလို့ ဒီလိုလုပ်ကြတာလား... ဘာပြောရမှန်းမသိပါဘူး... စိတ်မကောင်းတာဘဲသိတယ်....

kaungkinpyar said...

အားလုံးပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေလို့ ပဲ ဆုတောင်းနေမိပါတယ်..

Waing said...

မုန်းစတိုလို့ ချစ်စရှည်ပါစေ
လူအချင်းချင်း အထင်သေးခြင်း မနာလိုခြင်းလည်း ကင်းပါစေ
အခုမှပဲ ဘလော့တွေထဲ ရောက်ဖြစ်တယ် ကိုဝင်းဇော်ရေ
အခုရက်ပိုင်း မအားလို့ပါး) ကော်ဖီဆိုင်ဖွင့်ရ၊ ငါးမွေးရ၊ လယ်စိုက်ရလေ ဒီကြားထဲ ဘောလုံးကွင်းထောင်လိုက်သေးတယ် ဟဲဟဲဟဲ အကိုလည်း အသင်းထဲမှာ ပါတယ်သိလား ကြိုးစားပြီး ကန်ပေးနော်

ပျော်ရွှင်ဖွယ် ဒီဇင်ဘာလ ဖြစ်ပါစေ

Unknown said...

သူတစ်ပါးမျက်ရည်ကျမှ ရရှိတဲ့ ပျော်ရွှင်မှုမျိုးကို မနှစ်သက်သင့်ဘူးလို့ ထင်မိပါတယ်၊
ဘာလို့လဲ ဆိုတော့ ၀ဋ်ဆိုတာ လည်တတ်စမြဲမို့ပါ။

Unknown said...

စိတ်ထားကို ဖြူစင်အောင်ထားမယ်ဆိုရင် အရာရာတိုင်း လူတိုင်းနဲ့ အဆင်ပြေမှာပါ။

ခင်တဲ့

Unknown said...

အမှားတစ်ကြိမ် ကျူးလွန်ပြီးတိုင်း အမှန်တစ်ရာ ပြန်ရဖို့ သင်ခန်းစာ ယူတတ်ပါစေလို့ ဆန္ဒပြုလိုက် ပါတယ်။။။

နေ့အိပ်မက် said...

ဒီထက်တောင်ပိုပြီး ရှည်ရှည်ရေးသင့်သေးတာ.... နေ့အိပ်မက်လည်း အဲဒါမျိုးတွေ ဖတ်ရရင် တကယ်စိတ်မကောင်းဘူး.. ဘာလို့ ကိုယ်ချင်းမစာပေးတတ်ကြတာလဲ မသိဘူးနော်.. ကိုယ်မကြိုက်ရင် မဖတ်ကြနဲ့ပေါ့...

Unknown said...

လောကကြီးမှာ လူတိုင်းနဲ့ အဆင်ပြေပြေနေနိုင်ဖို့ စိတ်ကောင်းလေးတစ်ခုတော့ မွေးမြူထားသင့်တယ်လို့ ထင်ပါတယ်။

အခြားသူကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာကလည်း ကောင်းခြင်းတစ်ရပ်ပါ။

ညလင်းအိမ် said...

အေးဗျာ...တကယ်စိတ်မကောင်းဘူး...
အခုလို လုပ်ရပ်တွေကြောင့်...
ဘာပဲဖြစ်ဖြစ် စိတ်ကောင်းလေးတွေနဲ့ပဲ တစ်ယောက်နဲ့ တစ်ယောက် ဖေးမပြီး ကူညီသွားကြတာပေါ့ဗျာ...

Unknown said...

ထားရှိတဲ့ စေတနာတွေ လေးစားပါ၏။

မနာလို ၀န်တိုစိတ်တွေ လူတိုင်းကင်းဝေး နိုင်ပါစေ။။။

Anonymous said...

ရအောင် မန့်သွားပါပြီး)
တောင်ကြီးမှာလား ?

NweYoe

အဖြူရောင်နတ်သမီး said...

မနာလို ၀န်တိုစိတ်တွေ လူတိုင်းကင်းဝေး နိုင်ပါစေ။

မငုံ said...

အားလုံး ခင်ခင်မင်မင်ပေါ့နော်။

နှင်းဆီနီ said...

နွားကွဲရင် ကျားဆွဲမယ်

စု၂စည်း၂နဲ့ ခင်၂မင်၂ နေတာအကောင်းဆုံးပါ။

မု;သုင်ခု, said...

အားနွဲ့တဲ့ မိန်းကလေးတွေဆို ကိုယ်က ခွင့်လွှတ်ပြီးသားပဲ .. အားကြီးတဲ့ ယောက်ျားတွေကိုတော့ ထိပ်တိုက် မတွေ့အောင် အတတ်နိုင်ဆုံး ရှောင်တယ် .. ငှဲ ငှဲ ငှဲ

မု;သုင်ခု, said...

အားနွဲ့တဲ့ မိန်းကလေးတွေဆို ကိုယ်က ခွင့်လွှတ်ပြီးသားပဲ .. အားကြီးတဲ့ ယောက်ျားတွေကိုတော့ ထိပ်တိုက် မတွေ့အောင် အတတ်နိုင်ဆုံး ရှောင်တယ် .. ငှဲ ငှဲ ငှဲ

tg.nwai said...

ဖတ်ရတာ စိတ်မကောင်းပါဘူး ကိုဝင်းဇော်ရေ.. အတူတူ ဆုတောင်းသွားပါတယ်..ဘယ်နေရာမဆို မေတ္တာလေးထားနိုင်ကြရင်တော့ အနည်းဆုံး ကိုယ့်ဝန်းကျင်လေးတော့ အေးချမ်းနိုင်မှာပါ..

shwezinu said...

ကျနော်က အခုမှ ဘလော့စရေးတာဆိုတော့ ဘာမှ မသိတတ်ဘူးဗျာ လိုတာရှိရင် သင်ကြားပေးပါနော်
ဘလော့ တွေကိုလည်းချစ်တယ်လေ
လာရောက်အားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်