Tuesday, September 23, 2008

ချစ်သူ

ငှက်လေးတွေ ဝေဟင်ထက်မှာ
မြင့်မြင့်ပျံကြတယ်
ဖမ်းဖို့ ခက်သလို
မင်းလို သူငယ်ချင်းကို
မေ့ဖို့ ခက်လှတယ် ။

ကြယ်လေးတွေ ကောင်းကင်ထက်မှာ
လင်းလက်နေကြတယ်
ဆွတ်ယူနိုင်ဖို့ ခက်သလို
မင်းလို ချစ်သူကို
မုန်းဖို့ ခက်လှတယ် ။

နေမင်းလည်း ပျောက်ကွယ်..
ပင်လယ်လည်း ခန်းခြောက်သွားမယ်ဆိုလည်း
မင်းလို ချစ်သူကို
ဘယ်လိုမှ
မေ့လို့မရနိုင်ဘူး တစ်ကယ် .. .. ။

1 comment:

မသက်ဇင် said...

နေမင်းလည်း ပျောက်ကွယ်..
ပင်လယ်လည်း ခန်းခြောက်သွားမယ်ဆိုလည်း
မင်းလို ချစ်သူကို
ဘယ်လိုမှ
မေ့လို့မရနိုင်ဘူး တစ်ကယ် .. .. ။

ဒီအပုဒ်ကောင်းတယ်---- မေ့မရလည်း အပိုင်သာရယူဖို့ စဉ်းစားပေတော့ ချစ်သူကို တမ်းတရင်း လှပသောကဗျာများ ဆက်လက်မွေးဖွားနိုင်ပါစေ---
ခင်မင်လျက်
မသက်ဇင်