Sunday, September 8, 2024

ဖြေသိမ့်စကား


ဖြေသိမ့်စကား

ဒေါက်တာလွင်သန့်

      လူတို့ဟာ ရင်းနှီးတဲ့ သူငယ်ချင်း(သို့) ဆွေမျိုး တစ်ယောက်ယောက် ဝမ်းနည်းစရာ၊ ကြေလွဲစရာ တစ်ခုခုနဲ့ကြုံရ ပါက ဘာမြောရမှန်း မသိ၊ ဘယ်လိုနှစ်သိမ့်ရမှန်း မသိ ဖြစ်နေတတ်တယ်။ သူတို့အနေနဲ့ ကြေကွဲဖွယ် ကောင်းတဲ့ အဖြစ်အပျက် တွေကိုရင်ဆိုင် ကျော်လွှားရာမှာ ကိုယ်က ဘယ်လိုကူညီ ရမှန်းမသိ တာကြောင့် ကိုယ်ပြောလိုက်ရင်၊ အမှားပါသွားမှာ စိုးတာကြောင့် ခပ်ရှောင်ရှောင် နေမိသွားတာမျိုး လည်းဖြစ်တတ်ကြ ပါတယ်။ အဲဒီလို ရှောင်ဖယ်ဖယ် လုပ်နေပါက သူတို့တွေကို ပိုအထီးကျန် ဆန်သွားတာ ပိုပြီးစိတ်ဆင်းရဲ ရတတ်ပါတယ်။ သူတို့ရဲ့ နာကျင်ခံစားမှုကို ကိုယ့်အနေနဲ့ ပျောက်ကင်း သွားအောင် ဖယ်ရှားပေး နိုင်ပေမယ့် မျှဝေခံစားပေး နိုင်ပါတယ်။ ဒါမှလည်း သူတို့အနေနဲ့ စိတ်သက်သာရာ ရပြီး အထီးကျန် မဆန်တော့ပါဘူး။


      ကိုယ့်နဲ့ ရင်းနှီးသူတွေ ကြေကွဲစရာ အဖြစ်အပျက်ကြုံတဲ့ အခါ ဘာတွေ ပြောသင့်လဲ၊ ဘယ်လို အကူအညီပေးနိုင် မလဲ ဆိုတာတွေကို အကြံပေးထား ပါတယ်။ အရေးကြီးဆုံးက နှစ်သိမ့်စကား မဆိုခင် သူဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တွေနဲ့ ပက်သက်ပြီး ဝမ်းနည်းစကား အရင်ပြောဖို့ လိုပါတယ်။

       အလုပ်ပြုတ်ခြင်း ဖြစ်နိုင်ပါတယ်။ ပြောသင့်တဲ့ နှစ်သိမ့်စကားက နောက်ထပ် ဘာဆက်လုပ်ချင်လဲ ဘဝအတွက် အချိုးအကွေ့ ကောင်း တစ်ခု ဖြစ်နိုင်တာပဲ စီဗီ(CV)ကို တစ်ချက်လောက် ပြန်စစ်ရအောင်။ အဲဒီအလုပ်နဲ့ ပက်သက်ပြီး ကိုယ့်နှစ်သက်ခဲ့တဲ့ ဘယ်လိုအချက် တွေကို အလုပ်သစ်မှာ ပြန်လိုချင်သလဲ နင့်လိုတော်တဲ့ သူတွေအတွက် အလုပ်မရှားပါဘူး။ ငါဘာကူညီရမလဲ။ ဒါမှမဟုတ် နောက်အလုပ် သစ်တွေ လျှောက်ဖို့ပြင်ဆင်ကြ ရအောင်ဆိုပြီး အဆိုးထဲက အကောင်းသတင်းနဲ့ ဖြေသိမ့်ပေးသင့် ပါတယ်။

         မပြောသင့်တဲ့ စကာက အဲဒီအလုပ်မှာ နင်အနှိမ်ခံရတယ် ဒါမှမဟုတ် ငါထင်မိတာပဲ။ အဲဒီအလုပ်က အလကားပါ။ ဇာတ်လမ်း မရှိပါဘူး။ နင်ဘာတွေများ အမှားလုပ်မိ လိုက်လို့လဲ။ နောက်တစ်ခေါက် မဖြစ်အောင် ဆင်ခြင်ပေါ့ ဒါမှမဟုတ်" ဟာဒုက္ခပါပဲ။ အလုပ်အကိုင်တွေ ရှားပါးတဲ့အချိန်မှ အလုပ်ပြုတ် ရတယ်လို့၊ ကံဆိုးလိုက်တာ" လို့ မပြောသင့် ပါဘူး။

    ဘယ်လို ကူညီနိုင်မလဲ ဆိုတော့ အလုပ်ပြုတ် သွားတဲ့သူ အများစုဟာ နောက်ပိုင်းမှာ အလုပ်ပြုတ်သွား ရခြင်းက ဘဝရဲ့ အချိုးအကွေ့ ကောင်းလို့ ပြောတတ်ကြ ပါတယ်။ ဒါကြောင့် သူ့ကို အကောင်မြင်စိတ် ကနေ တွေးတတ်အောင် ကူညီပေးသင့် ပါတယ်။ အပြစ်မတင်သင့် ပါဘူး။ သူငယ်ချင်း တစ်ယောက် အနေနဲ့ အကြံဉာဏ်ပေးမယ့် အစား မေးခွန်တွေ ပေးတာ၊ သူ့ကိုယ်သူ ပြန်ဆန်းစစ် နိုင်အောင် ကူညီပေးသင့် ပါတယ်။ ဒါမှစာရင် အလုပ်နဲ့ ပက်သက်ပြီး ဘာတွေ ကြိုက်သလဲ၊ ဘာတွေ အဆင်မပြေသလဲ၊ ရှင်းရှင်းလင်းလင်း သိတာ နောက်အလုပ် ရှာရာမှာ ပိုအဆင်ပြေမှာပဲ ဖြစ်ပါတယ်။

        လူတစ်ယောက် အလုပ်ပြုတ် သွားရင် သူကိုယ်သူ တန်ဖိုးထားမှု လျော့နည်းတာ အသုံးမကျသလို ခံစားရပြီး စိတ်ဓာတ်ကျသွား တတ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ် မကျအောင် သူရဲ့ အားသာချက်တွေ၊ အောင်မြင်မှုတွေကို ဖော်ထုတ်ပြောပေး သင့်ပါတယ်။ နောက်အလုပ်သစ် ရှာရာမှာ ကူညီပေးသင့် ပါတယ်။ စီဗီ(CV)အသစ် ပြင်ဆင်ရာမှာလည်း ကူညီပေးသင့် ပါတယ်။

       ရောဂါကြီးကြီးမားမား ရှိခြင်းမျိုးမှာ ပြောသင့်တဲ့ နှစ်သိမ့်စကားက နင်ပြောတာကို ကြားရတာ ယုံတောင် မယုံနိုင်ဘူး။ ဘယ်လို ကူညီရမလဲ။ နင်ဒီအကြောင်း ပြောပြချင်သလား။ နင်ဒီအကြောင်း ပြောပြချင်သလား။ ငါနင့်ကို ဖက်ထားပေးမယ်။ ဆေးကုသမှု ခံယူတဲ့အခါ ဘာအကူအညီ လိုလဲပြောပါကွာ။ ဒါမှမဟုတ် ဘာမှအားမငယ်နဲ့ ငါရှိနေမယ်။ စသဖြင့် စိတ်ကျေနပ် သွားအောင် ကူညီပေးသင့် ပါတယ်။

        မပြောသင့်တဲ့ စကားက "စိတ်ညစ်စရာကြီး ငါးလည်း နေမကောင်း ဖြစ်ဖူးတာပေါ့။ ဒီလိုရောဂါမျိုး ငါအသိ တစ်ယောက်မှာ တစ်ပုံစံတည်း ဖြစ်ဖူးတယ်။ ဒါပေမယ့် သူအခု ဆုံးသွားပြီးလေ။ ဒီရောဂါရှိတဲ့ လူတစ်ယောက်ကို ငါသိတယ်။ ဘာမှမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ပြီးသွားတယ်။ ဟယ် ကြောက်စရာကြီး။ တော်‌တော်ခံစား နေရသလားဟင်။ ဒါမှမဟုတ် ကုလို့ကော၊ ပျောက်နိုင်ပါ့ မလား။ အခြေအနေ အတော်ဆိုးလား" စကားမျိုး မပြောသင့်ဘူး။

       ဘယ်လို ကူညီနိုင်မလဲ ဆိုရင် ကိုယ့်သူငယ်ချင်း ဖြစ်နေပါက သူနေလို့ ကောင်းကြောင်း ပြောပြမယ့်အခါတိုင်း စကားလွှဲ လိုက်တာမျိုး မလုပ်သင့်ပါဘူး။ သူပြောတာကို သေသေချာစွာ နားထောင်ပြီး၊ သူ့ကိုယ်သူ သေချာဂရုတစိုက် နေထိုင်ဖို့ အားပေးသင့် ပါတယ်။ ပြန်ကောင်းမယ့် ရက်ကိုတွေးကာ အားတင်းခိုင်းသင့် ပါတယ်။ ပြန်မကောင်း နိုင်မယ့် ရောဂါမှန်း သိရတောင် စိတ်မလျော့ခိုင်းပဲ၊ ပြန်ကောင်း လာရမယ်ဆိုပြီး စိတ်တင်းခိုင်းသင့် ပါတယ်။ သူ အကူအညီ မတောင်းပေမယ့် လိုတာမှန်သမျှ ကူညီပေးသင့် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူတွေက အများအားဖြင့် အကူညီတောင်း ရမှာကို ဝန်လေးတတ်လို့ပဲ ဖြစ်တယ်။

       တစ်စုံတစ်ယောက် နေမကောင်း ဖြစ်နေရင် စိတ်ခံစားမှုမျိုးစုံ ပြောင်းလဲတတ် ပါတယ်။ ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တို စိတ်ဆတ်လွယ်ခြင်း၊ အလိုမကျခြင်း၊ ကိုယ့်ကိုယ်ကိုယ် အားမရခြင်းတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ မရည်ရွယ်ဘဲ အချို့စကား အတင်းတွေ ပြောဆိုတတ်ကြ တာကို ဗွေမယူသင့်ပါဘူး။ သူတို့ကို အားပေးဖို့ လိုအပ်တဲ့အခါ အားပေးကာ လက်ကို ဆုပ်ကိုင်တာ ပွေ့ဖက်တာတို့ ပြုလုပ်ပေးနိုင် ပါတယ်။

         ကိုယ်က သူရောဂါ ပျောက်ကင်းအောင် မပြုလုပ်နိုင် ပေမယ့် သူတစ်ယောက်တည်း အထီးကျန်ဆန်တာ၊ စိတ်ဓာတ်ကျတာ မဖြစ်ရလေအောင် သေချာပေါက် ကူညီပေးနိုင် ပါတယ်။

        အိမ်ထောင်ဖက် သေဆုံးခြင်း ဖြစ်နိုင်ပါတယ်။ ဖြေသိမ့်သင့်တဲ့ နှစ်သိမ့်စကားက ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဒါပေမယ့် အကူအညီလိုတိုင်း ငါရှိနေပါတယ်။ အိမ်မှာ ဘာတွေလိုအပ် နေပါသလဲ။ ဘာဝယ်ခဲ့ရမလဲ။ မင်းတို့ရဲ့ အပျော်ရွှင်ဆုံး ကာလလေးတွေက ဘာတွေလဲ။ သူနဲ့ပက်သက်တဲ့ အမှတ်တရ လေးတွေ ပြောပြပါလား။ ငါးနာထောင်ပေး နေပါတယ်။ ကံစီမံရာပဲပေါ့။ ရောဂါ အပြင်းအထန် မခံစားသွား ရတော့ တော်သေးပါတယ်။ ဆိုပြီးပြောသင့် ပါတယ်။

        မပြောသင့်တဲ့ စကားက မင်းဒီတောင်ကနေ ကျော်နိုင်သွားမှာ ပါပဲ။ အချိန်က ကုစားသွား ပါလိမ့်မယ်။ နင်ဘယ်လို ခံစားနေရမယ် ဆိုတာ ငါသိပါတယ်။ နောက်တစ်ယောက် ရှာတွေ့ဦးမှာ ပါပဲ။ သူဆုံးသွားတော့ နင့်အတွက် ကံဆိုးတာပဲ။ ရှေ့ဆက် ဘယ်လိုနေထိုင် သွားကြမလဲ။ ဆိုတာမျိုး မပြောသင့်ပါဘူး။

      ဘယ်လို ကူညီနိုင်လဲ ဆိုတော့ တစ်ယောက်ယောက် သေဆုံးသွားတဲ့ အခါ ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်ဖက် တွေကို မိတ်ဆွေ ဆွေမျိုးတွေက နှစ်ပတ်၊ သုံးပတ်လောက် ချော့မော့အားပေး ကြပြီး နောက်ပိုင်းမှာ သေသွားတဲ့သူ အကြောင်း တစ်ခွန်းမှ မဟကြ တော့ပါဘူး။ ကျန်ခဲ့သူ အနေနဲ့ ပြန်သတိရပြီး ဝမ်းနည်းနေမှာ စိုးတာကြောင့်လဲ ပါပါတယ်။

        ဒါပေမယ့် ကျန်ခဲ့တဲ့ အိမ်ထောင်ဖက်နဲ့ ဆုံးသွားသူ အကြောင်း ဆွေးနွေး ပြောဆိုခြင်း၊ အရင်ကသူတို့ ပျော်ရွှင်ခံရတဲ့ အမှတ်တရ ကာလလေးတွေကို စားမြုံ့ပြန်ပြောဆို တာကသူရဲ့ အလွမ်းဒဏ်ရာကို ကုစားပေးနိုင် ပါလိမ့်မယ်။ သူတို့တွေ ဘယ်လိုခံစား နေရသလဲဆိုတာကို မေးဖို့ ဝန်မလေးသင့်ဘူး။ ဒါပေမယ့် ကိုယ် နားမထောင်ချင် ပေမယ့် သွားအစဖော်တာ မေးမသင့်ဘူး။ သူတို့ကို လိုလိုလားလား ပြောလာရင် ဂရုတစိုက် နားထောင်ပေးသင့် ပါတယ်။

        အိမ်ထောင်ဖက် ဆုံးသွားတာက ကျန်ရစ်သူ အဖို့ အစစအရာရာ အားလျော့သွား နိုင်ပါတယ်။ အခြေအနေ တွေလည်း တည်ငြိမ်ဖို့ ခက်ခဲပါတယ်။ အရင်က နှစ်ယောက်အတူ နေခဲ့ရပြီး ဆုံးသွားပြီး နောက်မှာတော့ တစ်ယောက်တည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရတော့ မှာပါ။ အဲဒီအခါမှာ သူ့မှာ အင်မတန် စိတ်အားငယ် နေပါလိမ့်မယ်။ သူရဲ့ ခံစားချက်ကို လျစ်လျူမရူထား သင့်ပါဘူး။ စိတ်မကောင်းတဲ့ အခြေအနေ ကနေ ကျော်ဖြတ်နိုင်အောင် အချိန်ပေးသင့် ပါတယ်။ နောက်တစ်ယောက် ရတာပေါ့ကွာ ဆိုတဲ့စကားမျိုး ဘယ်တော့မှ မပြောသင့် ပါဘူး။ 

ဓာတ်ပုံ = အင်တာနက်


No comments: