Sunday, September 8, 2024

စိတ်ပင်ပန်းမှုတွေ ပြေပျောက်မည့် နည်းလမ်းကောင်းများ

 

စိတ်ပင်ပန်းမှုတွေ ပြေပျောက်မည့် နည်းလမ်းကောင်းများ

နိုင်ငံတကာ စိတ်ရောဂါဆိုင်ရာ ကျန်းမာရေး သုတေသီများ၏ လေ့လာချက်များ အရ ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၃၅၀ ခန့် သည် စိတ်ဖိစီးမှု အမျိုးမျိုးကြောင့် စိတ်ရောဂါများ ဖြစ်ပွားလျှက် ရှိကြောင်း နှင့် အောက်ဖော်ပြပါ အကြောင်းရင်းများက လူသား များအား စိတ်ဖိစီးမှုကို အများဆုံး ဖြစ်ပေါ်စေ တတ်ကြောင်း သိရပါသည်။  

·         ထင်ပေါ်ကျော်ကြား အောင်မြင်ချင်လွန်းသော စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာရသော စိတ်ဖိစီးမှုကို လူငယ်များ တွင် ၆၀ ရာခိုင်နှုန်း တွေ့ရသည်။

·         ဖြစ်ချင်မှု၊ လိုချင်မှု ပြင်းပြသော စွဲလမ်း ရူးသွပ်စိတ်ကို လူငယ်များတွင် ၄၉ ရာခိုင်နှုန်း တွေ့ရသည်။

·         ကျန်းမာရေး ပြဿနာအမျိုးမျိုး ရင်ဆိုင်ရသဖြင့် စိတ်ဖိစီးမှုကို အရွယ်ရောက်ပြီး သူများတွင် ၃၆ ရာခိုင်နှုန်း တွေ့ရ သည်။

 

·         အ၀လွန် အဆီပိုလာကာ ခန္ဓာကိုယ်ပုံပန်းမကျ မလှပခြင်းကြောင့် စိတ်ဖိစီးမှုကို အမျိုးသမီး များတွင် ၃၆ ရာခိုင် နှုန်း နှင့် အမျိုးသား များတွင် ၂၃ ရာခိုင်နှုန်း တွေ့ရသည်။

·         အိမ်ရာ နေထိုင်ရေး အတွက် စိတ်ဖိစီးမှုကို အရွယ်ရောက်ပြီး သူများတွင် ၃၂ ရာခိုင်နှုန်း တွေ့ရသည်။

·         လုပ်ငန်းခွင် အဆင်မပြေခြင်း သို့မဟုတ် အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် စိတ်ဖိစီးမှုကို အရွယ်ရောက်ပြီး သူများ တွင် ၂၆ ရာခိုင်နှုန်း တွေ့ရသည်။

·         ကြွေးမြီကိစ္စ များကြောင့် စိတ်ဖိစီးမှုကို အရွယ်ရောက်ပြီး သူများတွင် ၂၂ ရာခိုင်နှုန်း တွေ့ရသည်။

စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသော ယနေ့ခတ် ကမ္ဘာကြီးတွင် ရှင်သန်လှုပ်ရှား နေထိုင်ရသူများမှာ ရာသီဥတုဒဏ်၊ အလုပ် တာဝန် နှင့် လူမှုရေးဆိုင်ရာ စိတ်ဖိစီးမှုများ ခံစားနေကြ ရသည်ဖြစ်ရာ အင်္ဂလန်နိုင်ငံမှ သုတေသီများ၏ တွေ့ရှိချက် အသစ်အရ လူသားများသည် လက်ရှိ အနားယူကြသည့် အခြေအနေထက် ပိုမို အနားယူရန် လိုအပ်ကြောင်း၊ အနားယူမှုသည် အိပ်စက်ခြင်း ကိုသာ ဆိုလိုသည် မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စသည့် အနားပေးခြင်းကို လိုအပ်နေကြောင်း သတိပေးထားသည်။

မြန်မာနိုင်ငံနှင့် စိတ်ဖိစီးမှုအခြေအနေ

မြန်မာနိုင်ငံ တွင်လည်း လူဦးရေ တစ်ထောင်လျှင် ပျမ်းမျှ ၅၇ ဦး စိတ်ရောဂါ ဖြစ်ပွားလျှက် ရှိကြောင်း၊ ထို့အပြင် လူလေးဦး လျှင် တစဦးနှုန်းမှာ တစ်ချိန်ချိန်တွင် စိတ်ကျန်းမာရေး ရောဂါ ဖြစ်နိုင်ခြေရှိကြောင်း ကမ္ဘာပေါ်ရှိ ဖြစ်ပွားနေသော ရောဂါအခြေ အနေများကို စစ်တမ်း ကောက်ယူနေသည့် Global Burdern of Disease (GBD) ၏ စစ်တမ်းများတွင် ဖော်ပြထားပါသည်။ စိတ် ရောဂါ အမျိုးအစားပေါင်း များစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် အဖြစ်များသော စိတ်ရောဂါများမှာ စိတ်ကျရောဂါ၊ စိုးရိမ်မှုလွန် ကဲရောဂါ၊ စိတ်ဖောက်ပြန်ရောဂါ၊ အတက်ရောဂါ၊ ဥာဏ်ရည်နိမ့်ကျရောဂါ၊ သတိမေ့တတ်ခြင်း နှင့် သူငယ်ပြန်ခြင်း စသည့် ရောဂါ များ ဖ်ြကြသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လူငယ်လူရွယ်များ စိတ်ကျရောဂါ ဖြစ်ပွားမှုသည် သက်ကြီးပိုင်း အရွယ်များထက် သုံးဆခန့် မြင့် တက်နေကြောင်း၊ အသက်အရွယ် ပိုင်းခြားအရ အသက် ၆၀ အထက် သက်ကြီးပိုင်း များနှင့် ယှဉ်လျှင် အသက် ၁၈ နှစ်မှ ၂၉ နှစ် အတွင်းက သုံးဆခန့် ပိုများပြားကြောင်း၊ အမျိုးသားများထက် အမျိုးသမီးများက သုံးဆကျော် ပိုဖြစ်ကြောင်း စသည့် သတင်း အချက်အလက် တို့ကို ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီး၏ ဆေးရုံမှတ်တမ်း များအရ လေ့လာသိရ ပါသည်။ လူငယ်တွေမှာ စိတ် ကျရောဂါဖြစ်နှုန်း ပိုများနေခြင်းမှာ နေထိုင်မှုပုံစံများနှင့် ဆက်စပ်နေပါသည်။ ရုန်းကန်လှုပ်ရှားမှု များလာလေလေ စိတ်ဖိစီးမှု ပို များလာပြီး တစ်ဖက်ကလည်း ၄င်းစိတ်ဖိစီးမှုတွေကို ပြေပျောက်အောင် ကြိုးစားမှုပိုင်းမှာ လိုအပ်ချက်တွေ ရှိလာသည်နှင့်အမျှ ပို၍ ပို၍ စိတ်ခံစားရကာ နောက်ဆုံးမှာ စိတ်ကျရောဂါ ဖြစ်လာပါသည်။  

ကောင်းဆိုးနှစ်တန် လောကဓံ

နိမ့်တုံမြင့်တုံ လောကဇာတ်ခုံ အဖုံဖုံတွင် လူတို့ကျင်လည်ကြ ရာမှာ ရံခါ၌ မာန်မာန တက်ခြင်း၊ ရံခါ၌ စိတ်ပျက်အားငယ် ခြင်း တို့ဖြစ်လာကာ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်ခံစား လာကြသည်။ လူအများစုက ပုထုဇဉ်ပီပီ မာန်မာနတက်ခြင်းကို လောကဓံဟု မ ထင်မှတ်ကြပေ (ဝါ) ထင်မှတ်စရာဟု အသိမရှိကြပေ။ ဘ၀တွင် အောင်မြင်မှုရ၍ မာန်မာနများ တက်မည်ဆိုပါက မိမိထက် အဆ များစွာ အောင်မြင်ပြီး ဘ၀ကိုရိုးရှင်းစွာဖြင့် ဖြတ်သန်းနေသူများ အကြောင်းကို သတိရကြည့် ပေးပါ။ ထိုအခါ မိမိစိတ်သန္တာန်တွင် မာန်မာန တက်တော့မည် မဟုတ်ပေ။ ထို့နည်းတူ မိမိဘ၀တွင် အခက်အခဲများ ကြုံနေရ၍ စိတ်ဓာတ်ကျဆင်းချိန်များ၌ မိမိထက် ဆင်းရဲဒုက္ခရောက်ပြီး အဆင်မပြေ သူများကိုကြည့်၍ “မိမိ၏အခက်အခဲ များက မပြောပလောက် ပါတကား” ဟူ၍ သံဝေဂယူတတ် မည်ဆိုပါလျှင် အတော်အတန် စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်ကာ စိတ်ခွန်အား ရစေပမည်။ ရှေးလူကြီးများက “ကောင်းကျိုးနှစ်တန် လောကဓံ ခံနိုင်သူမှလူတော်ကွ” ဟု ဆိုရိုးစကားရှိပါသည်။ ထို့ကြောင့် (က) အဆင်ပြေ၍ မာန်တက်မည်ဆိုပါက အထက်ကို မော်ကြည့်လိုက်ပါ၊ မိမိထက် အစစအရာရာ သာသူတွေ လောကတွင် တပုံကြီးရှိနေပါသည်။ (ခ) အဆင်မပြေ၍ စိတ်ဆင်းရဲနေပါ က ငုံ့ကြည့်ပါ၊ မိမိထက် ဆင်းရဲဒုက္ခရောက်သူတွေ ဒုနဲ့ဒေး ရှိနေပါသည်။

စာဖတ်ခြင်းက စိတ်ဖိစီးမှု ပြေပျောက်နိုင်

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း လူအများကို အိမ်၌သာ နေထိုင်ရန် ညွှန်ကြားချက် ကြောင့် နိုင်ငံအချို့တွင် စာအုပ် တ်သူဦးရေ နှစ်ဆတိုး လာခဲ့ကြောင်း UNESCO က ထုတ်ပြန်ထားပါသည်။ လူတစ်ဦး တစ်နေ့လျှင် အနည်းဆုံး မိနစ် ၂၀ ခန့် စာဖတ်ခြင်းက တစ်နှစ်အတွင်း စကားလုံး နှစ်သန်းနီးပါး ဖတ်ရှုခြင်းနှင့် ညီမျှကြောင်း သုတေသီများက သုံးသပ်ထားသည်။ ထို့ပြင် ယူကေ တက္ကသိုလ် တစ်ခုဖြစ်သော University of Sussex ၏ သုတေသန ပြုလုပ်ချက်များ အရ လူတစ်ဦးသည် လမ်းလျှောက်၍ စကားစမြည် ပြောခြင်းကြောင့် ၄၂ ရာခိုင်နှုန်း၊ လက်ဖက်ရည် သို့မဟုတ် ကော်ဖီ တစ်ခွက် သောက်ခြင်းကြောင့် ၅၄ ရာခိုင်နှုန်း၊ သီချင်း နားထောင်ခြင်း ကြောင့် ၆၁ ရာခိုင်နှုန်း စသည်ဖြင့် စိတ်ဖိစီးမှုကို လျှော့ကျစေပါသည်။ သို့ရာတွင် စာဖတ်ခြင်းကြောင့် စိတ်ဖိစီးမှုကို ၆၈ ရာခိုင်နှုန်းအထိ လျှော့ချစေ နိုင်ကြောင်း တွေ့ရှိထားပါသည်။ ထို့ကြောင့် အားလုံးနှင့် နှိုင်းယှဉ်လျှင် စာဖတ်ခြင်းက  စိတ်ဖိစီးမှုကို သိသိသာသာ လျှော့ကျစေပါသည်။ သို့သော် စာပေလေ့လာ ဖတ်ရှုရာတွင် မည်သည့်စာပေ အမျိုးအစားကို ဖတ်ရှု ရမည်ဆိုခြင်းထက် မိမိ စိတ်ပါဝင်စားရာ၊ သိရှိလိုရာ အကြောင်းအရာ များပါဝင်သည့် စာအုပ်များကို ဖတ်ရှုသင့်ပါသည်။

စိတ်ဖိစီးမှု ဖြေဖျောက်နည်းများ

စာရေး၊ ၀တ်ရေး၊ နေရေး တည်းဟူသော လူမှုဘ၀ အရေးသုံးပါးကို အလွှာစုံ အသီးသီးမှ လူသားများက ပြေလည်အောင် ဖြေရှင်းကြရသည့်အခါ မိမိတို့ ကျင်လည် ကျက်စားနေရသော ပတ်ဝန်းကျင်မှာ အနည်း၊ အများဆိုသလို စိတ်ဖိစီးမှုများကို ကြုံရ စမြဲဖြစ်သည်။ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်သည့် အခါ  မိမိဖာသာ တစ်ဦးတည်း စိတ်အပန်းဖြေနည်း နှင့် မိမိ ပတ်ဝန်းကျင့်အတူ တကွ စိတ်အပန်းဖြေနည်း ဟူ၍ နှစ်မျိုးရှိပါသည်။

(က) မိမိဖာသာ တစ်ဦးတည်း စိတ်အပန်းဖြေနည်း။

တေးဂီတ နားထောင်ခြင်းသီချင်းဆိုခြင်းဈေးဝယ်ထွက်ခြင်းဆံပင်ပုံစံပြောင်း၍ ညှပ်ခြင်းပန်းပင်စိုက်ခြင်းစာရေးစာ ဖတ်ခြင်းဇာထိုးပန်းထိုးခြင်း သို့မဟုတ် စက်ချုပ်ခြင်းအနင်းအနှိပ်ခံခြင်းအိပ်ချိန် မဟုတ်သေး သော်လည်း တိတ်ဆိတ် ငြိမ်သက်ပြီး လေကောင်း လေသန့်ရသော အိပ်ယာထက်မှာ ခြေလက်ဆန့်၍ မျက်စိမှိုတ်ကာ အနားယူခြင်းလမ်းလျှောက် ခြင်း သို့မဟုတ် စက်ဘီးစီးခြင်း စသည်ဖြင့် အားကစားလုပ်ခင်း၊ ယောဂကျင့်ခြင်း၊ တရားဓမ္မစာပေတွေ ပွားများရွတ်ဖတ် ခြင်းအိပ်ခန်း သန့်ရှင်းရေး လုပ်ခြင်း၊ ဘုရားစင် သန့်ရှင်းရေး လုပ်ခြင်းနောင်တမရ နောက်ဆံမတင်းဘဲ ကြွေးမြီကင်းသော အလှူဒါနပြုခြင်း စသည်တို့က မိမိဖာသာ တစ်ဦးတည်း စိတ်အပမ်းဖြေ နည်းများ ဖြစ်ကြသည်။

လေ့လာမှု စစ်တမ်းများအရ တောင်ပေါ်ဒေသတွင် နေထိုင်သူများသည် မြေပြန့်တွင် နေထိုင်သူများထက် ဒေါသနည်းပြီး စိတ်ငြိမ်းချမ်းမှုများ ပိုရကြောင်း သိရသည်။ အဘယ်ကြောင့် ဆိုသော် တောင်ပေါ် ဒေသတွင် နေထိုင်သူ များသည် လေထု ဖိအားများသည့် အတွက် မြေပြန့်တွင် နေထိုင်သူများထက် ပို၍ အသက်ပြင်းပြင်း ရှုလေ့ရှိသည်။ ထိုအခါ ဦးနှောက်၏ အစာ အာဟာရဖြစ်သော အောက်ဆီဂျင် ပိုမိုရရှိကာ စိတ်ကြည်လင် လန်းဆန်းပြီး စိတ်အပန်းပြေ စေပါသည်။ ထို့နည်းတူစွာပင် ၀င်လေထွက်လေကို သတိပြုရသည့် တရားထိုင်ခြင်း သို့မဟုတ် အသက်ပြင်းပြင်း ရှုခြင်းသည်လည်း စိတ်ခွန်အားပြန် လည် ဖြည့်တင်းရန် မှတ်ကန်သော နည်းလမ်းဖြစ်၍ စိတ်အပန်းပြေ စေပါသည်။

 

(ခ) မိမိပတ်ဝန်းကျင်နှင့်အတူတကွ စိတ်အပန်းဖြေနည်း။

အိမ်မွေး တိရိစ္ဆာန်လေး များကို အချိန်ပေးခြင်းကလေးငယ်များဖြင့် အဖော်ပြုခြင်းတစ်ပါးသူအပေါ် ကိုယ်ချင်း စာနာစိတ် ထားပြီး အတတ်နိုင်ဆုံး သီးခံစိတ်မွေးမြူခြင်းချစ်ခင်ရသူကို အနမ်းလက်ဆောင် ပေးခြင်းချစ်တင်းနှောခြင်းမာန်မာန လျော့ခြင်းတန်ဖိုးရှိလှသော အချိန်ကို အတင်းအဖျင်း ပြောဆိုခြင်းဖြင့် အချိန်ကုန်မခံခြင်းမိမိ ပတ်ဝန်းကျင်ကို တက်ကြွ လာအောင် လှုံ့ဆော်ပေးနိုင်ခြင်းအပြုံးမျက်နှာ ချိုသော စကားတို့ဖြင့် ပြုမူနေထိုင်ခြင်းအတ္တပရ မျှတခြင်းမိမိအတွေး အခေါ် ပြောဆိုနေထိုင်မှု အားလုံးသည် () ကုသိုလ်ကင်းပြီး အပြုသဘော ဆောင်သည့် လုပ်ဆောင်ချက် ဖြစ်အောင် ကြိုးစားခြင်းဒေါသမကြီးဘဲ အရာာကို အကောင်းမြင် တတ်ခြင်း စသည်တို့က မိမိပတ်ဝန်းကျင် နှင့်အတူတကွ စိတ်အ ပန်းဖြေနည်းများ ဖြစ်ကြသည်။ ထိုမျှမက မိမိနေထိုင် မကောင်းဖြစ် လာချိန်မှာ မိသားစုနှင့် မိတ်ဆွေရင်းချာ များကသာ ကိုယ့်ဘ၀အတွက် အားကိုးရာဖြစ်၍ မိမိကျန်းမာ အဆင်ပြေနေချိန်မှာ ထိုသူတို့ကို လစ်လျူမရှုဘဲ၊ ချစ်ခင်နွေးထွေးစွာ ဆက်ဆံတတ် ဖို့လည်း အထူးလိုအပ်သည်။

ဟိုးယခင်က မြန်မာလူမျိုး များသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းပြည်ပ အပန်းခြေရီး သွားလာမှု နည်းပါး သည်။ အွန်လိုင်း မီဒီယာများ ကျယ်ပြန် လာသည့်အခါမှ အပန်းခြေရီး သွားခြင်း၏ အရသာကို သိနားလည် လာကြသည်။ ထို့ကြောင့် ချစ်ခင်ရသူများနှင့် အပန်းဖြေ ခရီးထွက်၍ အမှတ်တရများ ဖန်တီးသင့် ပါသည်။ အကယ်၍ လုပ်ငန်းခွင် သို့မဟုတ် အိမ် စသည်တို့တွင် စိတိစီးမှုရှိပါက ပင်ပန်းနွမ်းနယ် မှုများ ပြေပျောက် စေရန်အတွက် ခဏတာ အပန်းခြေရီး ထွက်သင့်ပါသည်။ ခရီးမှပြန်လာ သောအခါ စိတ်ကြည်လင် လန်းဆန်းပြီး ခွန်အားများ ပြည့်လာပါသည်။

 

လူသားအားလုံး သက်ရှည်ကျန်းမာစွာဖြင့် စိတ်ပင်ပန်ူမှုများ ပြေပျောက်နိုင်ကြပါစေ။

 

စေတနာများစွာ

ဆောင်းပါးရှင် ပေါက်ပေါက်ရေးသားသည်

 

No comments: