Thursday, September 12, 2024

စာဖတ်ပါ

 

စာဖတ်ပါ

ရန်ကုန် ဌေးဇော်

မိဘတို့သည် သားသမီးများ စကားပြော တတ်သည့် အရွယ်သို့ ရောက်လျှင်ပင် စာရေးတတ် စာဖတ်တတ် လေအောင် ကျောင်းသို့ စေလွှတ်၍ စာသင်စေသည်။ ကလေးများ ကျောင်းသို့ရောက် သော် ဆရာဆရာမ တို့သည် ထိုကလေးများကို စာရေးတတ် စာဖတ်တတ် ကြစေရန် ပထမဦးဆုံး ဗျည်းအက္ခရာ များမှစ၍ စာကြီးပေကြီး များအထိ သင်ကြားပို့ချကြ လေသည်။ ဤသို့ ငယ်စဉ်ကအစပြု၍ မိဖဆရာသမား တို့က စာဖတ်တတ်အောင် သင်ကြားပေးကြ သည်မှာ စာဖတ်တတ် ခြင်းကြောင့် ကလေးတို့၏ အနာဂတ် ကောင်းကျိုးကို ဖန်တီးနိုင်စေရန် ရည်သန်သောကြောင့် ဖြစ်လေသည်။ လူမျိုးအသီးသီး၊ ဘာသာအသီးသီး တို့တွင် အများအားဖြင့် စာနှင့်စာပေ ဟူ၍ ရှိကြသည်။ စာပေသည် စာမှပေါ်ပေါက် လာသည်။ စာသည် စကား၏ သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စံနစ်တကျ စီစဉ်ရေးသား တင်မှတ်ထားသော အမှတ်အသား ဖြစ်သည်။ အချို့ နိုင်ငံများတွင် ရုပ်ပုံသင်္ကေတ များမှ ဆင်းသက်လာသည့် အရေးအမှတ် များကိုပါ စာဟု ခေါ်ကြသည်။

Tuesday, September 10, 2024

ဉာဏ်ရည်တုနည်းပညာ နှင့် ဦးနှောက်နှင့်အာရုံကြောဆက်နွယ်အကျိုးပြုနေမှု

 

ဉာဏ်ရည်တုနည်းပညာ နှင့် ဦးနှောက်နှင့်အာရုံကြောဆက်နွယ်အကျိုးပြုနေမှု

ဒေါက်တာဉမ္မာစော

          ကမ္ဘာကြီးသည် သိပ္ပံနည်းပညာ တော်လှန်ရေးဖြစ်ခဲ့ပြီး အရွေ့တစ်ခုနှင့် ခေတ်တစ်ခု စနစ်တစ်ခုစီကို ပြောင်းရွှေ့နေ ပါသည်။ ထိုအရာသည် Artificial Intelligence ဟုခေါ်သည့် ဉာဏ်ရည်တု များနှင့် တည်ဆောက် ထားသော စက်များ၊ စက်ရုပ်များဖြင့် အလိုအလျောက် လုပ်ဆောင်နိုင်သည့် ခေတ်ပင်ဖြစ်ပါသည်။ AI သည် လူများတွင်ရှိသော အသိဉာဏ်အတု တစ်မျိုးဖြစ်ပြီး ၎င်းကိုလူသားတို့မှ တီထွင်ထားခြင်း ဖြစ်ပါသည်။ Russell နှင့် Norvig ဆိုသည့် သိပ္ပံပညာရှင် နှစ်ဦးမှAI သည် လူသားတို့၏ ဉာဏ်ရည်ကို လေ့လာပြီး ၎င်းလူသားများ၏ ဉာဏ်ရည်အတိုင်း တုပ၍ လုပ်ဆောင်ထားသည့် အရာဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆို ထားပါသည်။

Sunday, September 8, 2024

စိတ်ပင်ပန်းမှုတွေ ပြေပျောက်မည့် နည်းလမ်းကောင်းများ

 

စိတ်ပင်ပန်းမှုတွေ ပြေပျောက်မည့် နည်းလမ်းကောင်းများ

နိုင်ငံတကာ စိတ်ရောဂါဆိုင်ရာ ကျန်းမာရေး သုတေသီများ၏ လေ့လာချက်များ အရ ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၃၅၀ ခန့် သည် စိတ်ဖိစီးမှု အမျိုးမျိုးကြောင့် စိတ်ရောဂါများ ဖြစ်ပွားလျှက် ရှိကြောင်း နှင့် အောက်ဖော်ပြပါ အကြောင်းရင်းများက လူသား များအား စိတ်ဖိစီးမှုကို အများဆုံး ဖြစ်ပေါ်စေ တတ်ကြောင်း သိရပါသည်။  

·         ထင်ပေါ်ကျော်ကြား အောင်မြင်ချင်လွန်းသော စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာရသော စိတ်ဖိစီးမှုကို လူငယ်များ တွင် ၆၀ ရာခိုင်နှုန်း တွေ့ရသည်။

·         ဖြစ်ချင်မှု၊ လိုချင်မှု ပြင်းပြသော စွဲလမ်း ရူးသွပ်စိတ်ကို လူငယ်များတွင် ၄၉ ရာခိုင်နှုန်း တွေ့ရသည်။

·         ကျန်းမာရေး ပြဿနာအမျိုးမျိုး ရင်ဆိုင်ရသဖြင့် စိတ်ဖိစီးမှုကို အရွယ်ရောက်ပြီး သူများတွင် ၃၆ ရာခိုင်နှုန်း တွေ့ရ သည်။

ဖြေသိမ့်စကား


ဖြေသိမ့်စကား

ဒေါက်တာလွင်သန့်

      လူတို့ဟာ ရင်းနှီးတဲ့ သူငယ်ချင်း(သို့) ဆွေမျိုး တစ်ယောက်ယောက် ဝမ်းနည်းစရာ၊ ကြေလွဲစရာ တစ်ခုခုနဲ့ကြုံရ ပါက ဘာမြောရမှန်း မသိ၊ ဘယ်လိုနှစ်သိမ့်ရမှန်း မသိ ဖြစ်နေတတ်တယ်။ သူတို့အနေနဲ့ ကြေကွဲဖွယ် ကောင်းတဲ့ အဖြစ်အပျက် တွေကိုရင်ဆိုင် ကျော်လွှားရာမှာ ကိုယ်က ဘယ်လိုကူညီ ရမှန်းမသိ တာကြောင့် ကိုယ်ပြောလိုက်ရင်၊ အမှားပါသွားမှာ စိုးတာကြောင့် ခပ်ရှောင်ရှောင် နေမိသွားတာမျိုး လည်းဖြစ်တတ်ကြ ပါတယ်။ အဲဒီလို ရှောင်ဖယ်ဖယ် လုပ်နေပါက သူတို့တွေကို ပိုအထီးကျန် ဆန်သွားတာ ပိုပြီးစိတ်ဆင်းရဲ ရတတ်ပါတယ်။ သူတို့ရဲ့ နာကျင်ခံစားမှုကို ကိုယ့်အနေနဲ့ ပျောက်ကင်း သွားအောင် ဖယ်ရှားပေး နိုင်ပေမယ့် မျှဝေခံစားပေး နိုင်ပါတယ်။ ဒါမှလည်း သူတို့အနေနဲ့ စိတ်သက်သာရာ ရပြီး အထီးကျန် မဆန်တော့ပါဘူး။

Sunday, September 1, 2024

စာပေလေ့လာဖတ်ရှုမှု လူသားတိုင်းကို ကောင်းကျိုးပြု

 



စာပေလေ့လာဖတ်ရှုမှု လူသားတိုင်းကို ကောင်းကျိုးပြု

          ယနေ့ခေတ်လူငယ် တော်တော်များများ အွန်လိုင်း၊ မီဒီယာများဖြင့် ပျော်မွေ့နေကြသည်။ လူငယ်တွေသာမက လူလတ် ပိုင်း၊ တချိုလူကြီးပိုင်း တွေလည်း အွန်လိုင်းကို စွဲလန်းနေကြသည်။ ကလေးများ ဂိမ်းစွဲလာကြသည်။ ကိုယ်လက် လှုပ်ရှားမှု မရှိ။ လေးလံ လာကြသည်။ လူမှုဆက်ဆံရေး နယ်ပယ် ကျဉ်းမြောင်းခြင်းနှင့် အတူ လောကနီတိ သဘောသဘာဝ ချို့ယွင်း လာကြသည်။ အရေးကြီးဆုံး အချက်ဖြစ်သည့် စာပေလေ့လာ ဖတ်ရှုမှုလည်း အားနည်း လာကြသည်။ စာဖတ် အားနည်းခြင်းက ဘ၀တိုးတက်မှု နာရီလက်တံများကို အတိုင်းအတာ တစ်ခုအထိ ရပ်တန့်သွား စေသည်။ ခေတ်စနစ်၏ တောင်းဆိုချက်အရ ရုပ်ဝတ္တုတွေ တိုးတက် လာသည်။ အကျိုးပြု စာပေများ ဖတ်ဖိုထက် အွန်လိုင်းများ၊ အီလက်ထရောနစ် မီဒီယာများ၊ ဒစ်ဂျစ်တယ်လ် များဖြင့်သာ ပျော်မွေ့နေကြသည်။ သို့သော် အွန်လိုင်းကို အကျိုးရှိရှိ မသုံးမပြုကြပေ။ စာမဖတ်ကြဘဲ ဂိမ်းဆော့ခြင်း၊ မီဒီယာကြည့်ခြင်း တို့ဖြင့်သာ အချိန် ကုန်မှန်းမသိ တစ်နေ့တာ ပြီးဆုံးသွားပြန်သည်။