Saturday, December 2, 2017

ဝက်ခြံများက ပြောပြနေသော သင့်ကျန်းမာရေး


ဝက်ခြံများက ပြောပြနေသော သင့်ကျန်းမာရေး

မျက်နှာပေါ်မှာ ပေါက်နေသော ၀က်ခြံများကို ကြည့်ပြီး အရေပြား ဆရာဝန်တွေက လူနာရဲ့ ရောဂါကို ဟောကိန်းထုတ်ကြ သလို တရုတ် တိုင်းရင်း သမားတော် တွေကလည်း မျက်နှာ အသားအရေနဲ့ ၀က်ခြံကိုကြည့်ပြီး ဆေးကုသရာ ထိရောက်မှု ရှိတယ်လို့ ဆိုကြပါတယ်။ ဒါ " Face Mapping " ကုသနည်းလေးပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ရှုရင်း မျက်နှာပေါ်က ၀က်ခြံအနေအထားကို ကြည့်ပြီး မိမိ ကျန်းမာရေး အခြေအနေကို တစေ့တစောင်း အကဲခတ်၍ ဝေဒနာ ကြီးကြီးမားမား မဖြစ်ခင် ကြိုတင်ကာကွယ် ထားကြနိုင်ရန် မျှဝေပေးလိုက်ပါတယ်။


နဖူးပြင်ပေါ်က ၀က်ခြံများ

ဆီးအိမ်နဲ့ အစာခြေ လမ်းကြောင်းပေါ်မှာ ပြဿနာ တစ်ခုခု ရှိနေပါပြီ။ ဒါ့အပြင် အစာမကြေခြင်း ၊ ရေဓာတ် မလုံလောက်ခြင်း ၊ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက် များနေခြင်း တွေနဲ့လည်း ဆက်စပ် နေပါတယ်။ အဲဒီနေရာတွေမှာ မကြာခဏဆိုသလို ၀က်ခြံ ပေါက်ခဲ့ရင် ရေများများ သောက်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာတွေ ပိုစားပေး ရပါမယ်။ ဆေးသုတေသီ တွေရဲ့ အဆိုအမိန့် များအရ အမျိုးသမီးတွေမှာ အများဆုံး ပေါက်လေ့ရှိတဲ့ နေရာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

မျက်ခုံးမွှေးနှစ်ခု အလည်ကောင်တည့်တည့်က ၀က်ခြံများ

၎င်းနေရာကို T-Zone လို့ခေါ်ပါတယ်။ အသည်းရောဂါနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဒါကြောင့် အသည်းကို ထိခိုက်စေမယ့် အရက်သေစာ အမျိုးမျိုး ၊ ကစီဓာတ် ကြွယ်ဝတဲ့ အစားအစာများ ၊ သကြား ၊ နို့မလိုင် ၊ နို့ထောပတ် ၊ ဆီကြော်မုန့် များကို လျှော့စားပေး ရပါမယ်။

နားရွက်တွေကို စစ်ဆေးပါ

နားရွက်နှစ်ဖက် စလုံးကလည်း ဘယ်/ညာ ကျောက်ကပ်တွေနဲ့ ဆက်နွှယ်မှု ရှိနေကြပါတယ်။ အကယ်၍ နားရွက် နှစ်ဖက်စလုံး နီပြီးထူပူနေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ များလာပြီမို့ ရေသန့် များများ သောက်ပေးရ ပါမယ်။ အရက် ၊ ဆိုဒါ တွေအပြင် ကဖိန်းဓာတ် များပြားတဲ့ လက်ဖက်ရည် ၊ ကော်ဖီ ၊ ကိုလာ အချိုရည် တို့ကို လျှော့သောက်ပေး ရပါမယ်။ နားတွေကလည်း ကျောက်ကပ်နဲ့ ချိတ်ဆက် နေတာမို့ ခန္ဓာကိုယ်ထဲက ရေဓာတ် ခမ်းခြောက်တဲ့အခါ နားပေါ်မှာ ၀က်ခြံပေါက်လာတတ် ပါတယ်။ အဲဒီအခါ အငန်(ဆား) လျှော့စားပြီး ရေများများ သောက်ပေးသင့် ပါတယ်။

ပါးပေါ်က ၀က်ခြံများ

(က) အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့တဲ့ ဝေဒနာရှင်တွေ ၊ ဓာတ်မတည့်မှု ဖြစ်သူတွေ ၊ အသက်ရှူ လမ်းကြောင်း တစ်လျှောက် ဆံခြည်မျှင် သွေးကြောများ ပျက်စီးနေသူ တွေနဲ့ ဆေးလိပ်စွဲသူ တွေမှာ ပါးရဲ့ အပေါ်ဘက်မှာ ၀က်ခြံ ပေါက်လေ့ ရှိပါတယ်။ (ခ) ပါးရဲ့အောက်ဖက်မှာ ၀က်ခြံပေါက်နေသူ များက သွားဖုံးရောင် ဝေဒနာနဲ့ ဆက်စပ်မှု ရှိနေပြီမို့ သွားဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။ (ဂ) ပါးပြင်မှာ ၀က်ခြံပေါက်စေတဲ့ အခြားနည်းလမ်း များလည်း ရှိနေပါသေးတယ်။ ၄င်းတို့မှာ ဖုန်းဟန်းဆက် တွေကို မျက်နှာဖြင့် ဖိကပ်၍ ပြောခြင်း ၊ ခေါင်းအုန်း ၊ စောင်တွေ သန့်ရှင်းမှု အားနည်းခြင်း ၊ ညအိပ်ရာဝင်ခါနီး သွားကို ပုံမှန် မတိုက်ခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။

နှာခေါင်းပေါ်က ၀က်ခြံများ

နှာခေါင်း ပတ်ဝန်းကျင်နဲ့ နှာတံ တစ်လျှောက် ၀က်ခြံတွေက နှလုံးရောဂါ နဲ့ သွေးတိုးရောဂါ တွေ ဖြစ်ကြောင်းကို ညွှန်ပြပါတယ်။ သွေးဖိအား ပုံမှန်ဖြစ်ပြီး ကျန်းမာရေး ကောင်းစေဖို့ အတွက် အားဖြည့် အချိုရည်များ ၊ အငန်များကို လျှော့စားပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များကို ပိုစားပေးပါ။ လက်ရှိ အသုံးပြုနေတဲ့ နှုတ်ခမ်းနီ ဆိုးဆေး ၊ အိုင်းလိုင်နာ တွေနဲ့ ဓာတ်မတည့်တဲ့အခါ နှာခေါင်းရဲ့ အောက်ခြေ သို့မဟုတ် အပေါ်နှုတ်ခမ်းရဲ့ အထက်ပိုင်းမှာ ၀က်ခြံ ထွက်လာတတ်လို့ နှုတ်ခမ်းဆိုးဆေး နောက်တစ်မျိုး ပြောင်းလဲ အသုံးပြု သင့်ပါတယ်။

မျက်လုံးတစ်ဝိုက်ပေါ်က ၀က်ခြံများ

ကျောက်ကပ် ဝေဒနာသည် များက နားထင်နဲ့ မျက်လုံး ပတ်ဝန်းကျင်တွေမှာ ၀က်ခြံ ထွက်လေ့ ရှိပါတယ်။ မျိုးရိုးဗီဇကြောင့် မျက်ကွင်းညိုသူ များကို မဆိုလိုသော်လည်း ရံဖန်ရံခါ သို့မဟုတ် မကြာခဏ မျက်ကွင်းညို တတ်သူ များက ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုံး နေတာကို ဖော်ပြတာကြောင့် ရေများများ သောက်ပေးရင်း ၊ အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးဖို့ လိုပါတယ်။

မေးစေ့ပေါ်က ၀က်ခြံများ

ရှေးဆိုရိုး စကားပုံးလေးကတော့ " မေးဖျားထက်မှာ ၀က်ခြံပေါက် ၀မ်းမြောက်ဝမ်းသာ မရှိရာ " တဲ့။ ၄င်းနေရာမှာ ၀က်ခြံ ပေါက်တဲ့အခါ အခြားနေရာများထက် ပို၍နာကျင်စွာ ခံရတတ်သလို ၊ ညှော်မိတဲ့အခါ မှာလည်း ငန်းမန်း ၀င်လွယ်ပါတယ်။ မေးစေ့ နဲ့ မေးဖျား တစ်ဝိုက်ရှိ ၀က်ခြံများက ခန္ဓာကိုယ်တွင်း ဟော်မုန်းတွေ ဖောက်ပြန်နေပြီ ဖြစ်ကြောင်းကို ဖော်ပြနေတာ ဖြစ်ပြီး ဓမ္မတာရာသီ လာခါနီး ကာလတွေနဲ့ စိတ်ဖိစီးမှု များတဲ့သူတွေမှာ ပေါက်လေ့ ရှိပါတယ်။ ဒါ့အပြင် ၀မ်းချုပ်သူတွေနဲ့ ခန္ဓာကိုယ်တွင်း အပူအပုပ် များသူတွေလည်း မေးစေ့ပေါ်မှာ ၀က်ခြံ ပေါက်တတ်တာမို့ အမျှင်ဓာတ်များတဲ့ အစားအစာတွေ များများ စားပေးသင့်ပါတယ်။

အောက်နှုတ်ခမ်း (သွားရည်စီးကြောင်းတစ်လျှောက်) နှင့် မေးရိုးပေါ်က ၀က်ခြံများ

ဟော်မုန်းမညီမျှသူ တွေမှာလည်း အဲဒီလိုနေရာ တွေမှာ ၀က်ခြံပေါက်တတ်ပြီး သွားပိုးစားသူတွေ ၊ ခံတွင်းပုပ်သူတွေ ၊ ခံတွင်းရောဂါ အမျိုးမျိုးနဲ့ ဆက်စပ်နေတာ ဖြစ်လို့ မပေါ့ဆသင့် ပါဘူး။ နီးစပ်ရာ သွားဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။

လည်ပင်းတွက် နီမြန်းနေခြင်း

အအေးမိ နှာစေး စေတဲ့ရာသီ ဖျားနာတုပ်ကွေးပိုးတွေ ကူးစက်ခံရတဲ့အခါ လည်ပင်းတွေ နီးမြန်း လာတတ်ပါတယ်။ အဲဒီအခါမျိုးမှာ အာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို စားရင်း ကောင်းကောင်း အနားယူပါ။ နေပူထဲ လုံးဝ မထွက်ဘဲ ရေများများ သောက်ဖို့လည်း အထူးလိုအပ်ပါတယ်။

ပေါက်ပေါက်
မြ၀တီနေ့စဉ်

No comments: