Tuesday, December 5, 2017

ဦးနှောက်ထက်မြက်စေမည့် နည်းလမ်း ၁၀ မျိုး


ဦးနှောက်ထက်မြက်စေမည့် နည်းလမ်း ၁၀ မျိုး

ဦးနှောက်ဟာ ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်ပေးတဲ့ ဗဟိုဌာန ဖြစ်တာကြောင့် အင်မတန်မှ ရှုပ်ထွေးတဲ့ အင်္ဂါ အဖွဲ့အစည်း တစ်ခုဖြစ်တယ်။ ဦးနှောက် ကျန်းမာဖို့ အရေးကြီးသလို ထက်မြက်တဲ့ ဦးခေါင်းပိုင်ရှင် ဖြစ်ချစ်ကြတာ လူသားတိုင်းရဲ့ ဆန္ဒပါ။ ဦးနှောက် ကျန်းမာနေမှသာ ဦးနှောက်နဲ့ အာရုံကြောရောဂါ တွေအပြင် အယ်လ်ဇိုင်းမား ခေါ် အရွယ်အတိုင်ခင် ဦးနှောက်ဇရာ အကြိုရောဂါ တွေပါ ဖြစ်မလာစေနိုင်တော့ ပါဘူး။ ဒါကြောင့် ဦးနှောက် ထက်မြက်စေဖို့ အောက်ပါ နည်းလမ်း ၁၀ ခုဖြင့် မိမိကိုယ်ကို စောင့်ရှောက်ကြည့် စေလိုပါတယ်။



  • တစ်နေ့ကို အနည်းဆုံး ၈ နာရီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်ပါ။ အိပ်ရေးမ၀ခြင်းက မှတ်ဥာဏ်စွမ်းရည် ကျဆင်းခြင်း ၊ ကိုယ်ခံစွမ်းအား ကျဆင်းခြင်း ၊ ဆီးချိုအမှတ်(၂) ဖြစ်လာခြင်း ၊ ဆူညံသံတွေ မခံစားနိုင်တော့ဘဲ အကြားအာရုံ ချို့ယွင်းလာခြင်း၊ မကြာခဏ သမ်းဝေငိုက်မျဉ်းကာ လန်းဆန်းမှု မရှိခြင်း ၊ ခေါင်းကိုင်၍ မျက်စိအမြင်ေ၀၀ါးခြင်း ၊ စိတ်မရှည်ဘဲ အလိုလို ဒေါသထွက်ခြင်း ၊ နှလုံးခုန်နှုန်း မူမမှန်တော့ဘဲ နှလုံးရောဂါဖြစ်ခြင်း ၊ ကိုယ်အပူချိန် ကျဆင်းလာခြင်း ၊ အ၀လွန်ရောဂါ ၊ သွေးတိုးရောဂါ ၊ အသားအရေ ပျော့တွဲ အရောင်မွဲလာခြင်း ၊ ဂယောင်ချောက်ချား ဖြစ်ခြင်း ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိတော့ဘဲ ဆုံးဖြတ်ချက်တွေ မှားယွင်းလာခြင်း စသည့် နောက်ဆက်တွဲ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
  • ဦးနှောက်ကို အလုပ်လုပ်ခိုင်းတာက ထက်မြက်လာစေမယ့် လေ့ကျင့်ခန်း တစ်ခုပါ။ လူကို အပျင်းပြေစေပြီး ပျော်စရာလည်း ကောင်းတဲ့ Scrabble ၊ Chess ၊ ဥာဏ်စမ်းပဟေဠိ ဖွတ်ခြင်း ၊ Crosswords ၊ Sudoku စတဲ့ ဦးနှောက် လေ့ကျင့်ခန်းတွေ မကြာခဏ ဆော့ကစားပါ။ 
  • တွေးခေါ်ကြံဆပြီး နည်းလမ်းရှာရတဲ့ သင်္ချာပုစ္ဆာလေးတွေ ၊ စာရင်းအင်း ပညာတွေ ကို အဖြေညှိကြည့်ပါ သို့မဟုတ် လွန်ခဲ့တဲ့ နှစ်ရက် ၊ သုံးရက်ခန့်က မိမိစားခဲ့သော ဟင်း အမျိုးအမည် ၊ ၀တ်ဆင်ခဲ့သော အ၀တ်အစား အရောင် ၊ တွေ့ဆုံခဲ့သော သူတွေအကြောင်းကို အချိန်ယူ ပြန်လှန်စဉ်းစားရင် ဦးနှောက်ကို အလုပ်ပေးပါ။
  • ဗီတာမင်စီ ၊ ဗီတာမင်ဘီ ၊ ဗီတာမင်အီး ၊ ဘီတာကယ်ရိုတင်း ၊ ဖက်တီးအက်စစ် ၊ ဖောလစ်အက်စစ် တွေက ဦးနှောက် ကို ခွန်အား ဖြစ်စေပါတယ်။ ဦးနှောက်ကို အားပြုစေတဲ့ အစားအစာများမှာ သောက်ရေသန့် ၊ မက်မွန်သီး (အစိမ်း) ၊ ပန်းသီး ၊ ထောပတ်သီး ၊ ပြောင်းဖူး ၊ ငှက်ပျောသီး ၊ ချိုသော အနက်ရောင် ဘယ်ရီသီး နှင့် အနီရောင် ချဉ်သော ဘယ်ရီသီးများ ၊ ချယ်ရီသီး ၊ ဂရိတ်ဖရု ၊ ကီဝီ ၊ သံပရာ ၊ သံလွင်ဆီ ၊ လိမ္မော် ၊ အနီရောင်စပျစ် ၊ စတော်ဘယ်ရီ ၊ ခရမ်းချဉ် ၊ မျောက်ဥ ၊ ကြွေဥ ၊ ၀ဥ ၊ ကန်စွန်းဥ ၊ ပဲပင်ပေါက် ၊ ရှောက် ၊ သံပယို ၊ သစ်တော် ၊ ဆီးသီး-ဆီးယို ၊ တလည်း ၊ ရက်စ်ဘယ်ရီ ၊ ဒေါက်ခွရွက် ၊ သစ်ကြား ၊ ဆန် ၊ ဂျုံ-ဆပ်-လူး ၊ ရွှေဖရုံသီး နှင့် ရွှေဖရုံစေ့ ၊ ကလျာဏီပင် ၊ ၀က်သစ်ချ ၊ ပင်စိမ်းရွက် ၊ စပျစ်ခြောက် ၊ ကညွတ် ၊ မတ်ပဲ ၊ ပဲနီကလေး ၊ ပဲပိစပ် ၊ ငရုတ်ချိုသီးများ ၊ သကြားမုန်လာ ခေါ် မုန်လာဥနီ အလုံး ခေါ် beets ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥနီ ၊ အဆီနည်းသော ချိစ် ၊ မချိုသောဒိန်ချဉ် ၊ ကိုကိုးမှုန့်နှင့် ပြုလုပ်ထားတဲ့ ချောကလက် အနက်ရောင် ၊ အစိမ်းရောင် လက်ဖက်ရည် ၊ တို့ဟူး ၊ တူနာငါး ၊ အရေခွံမပါသော ကြက်သား ၊ အဖြူရောင် ကြက်ဥ ၊ ငါးကြီးဆီ ၊ ပျားရည် ၊ အရေခွံမပါသော ဘဲငန်းသား ၊ ဆယ်လ်မွန်ငါး ၊ အိုမီဂါ-၃ ၊ ဖက်တီးအက်စစ် ကြွယ်ဝသောငါးများ စသည်တို့ ဖြစ်ကြပါတယ်။
  • လမ်းလျှောက်ခြင်း ၊ ပြေးခြင်း ၊ စက်ဘီးစီးခြင်း ၊ ရေကူးခြင်း ၊ ယောဂကျင့်ခြင်း ၊ အေရိုးဗစ် စတဲ့ ကိုယ်လက် လှုပ်ရှား အားကစားတွေက သွေးလည်ပတ်မှု အားကောင်း စေတာကြောင့် ဦးနှောက် အရည်အသွေးကို တိုးတက်လာစေ ပါတယ်။ ဒါ့ပြင် လူကို စိတ်အပန်းပြေစေပြီး တွေခေါ်ဥာဏ် စွမ်းရည် မြင့်မား စေပါတယ်။ တရားထိုင် ၊ တရားမှတ်ခြင်း ကိုလည်း နေ့စဉ် ပြုလုပ်ပေးသင့် ပါတယ်။
  • လုံးဝ မတူညီသော ဘာသာစကားများ ဖြစ်ကြတဲ့ ဥပမာ အင်္ဂလိပ်ဘာသာ နဲ့ ဂျပန်ဘာသာကို တစ်ပြိုင်းတည်း သင်ယူလေ့လာ ကျက်မှတ် ပြောဆိုခြင်းက ဦးနှောက်ကို အလုပ်လုပ် စေလို့ ဥာဏ်ရည်ထက်မြက် စေတဲ့ နည်းလမ်းကောင်းများ ဖြစ်ပါတယ်။
  • သတင်းစာ ၊ ၀တ္ထု ၊ မဂ္ဂဇင်း ၊ ကဗျာ ၊ အင်တာနက် သတင်းများး စသည်ဖြင့် ဗဟုသုတရဖွယ်ရာ စာပေအမျိုးမျိုးကို ဖတ်ရှုလေ့လာပြီး မိမိနှစ်သက်တဲ့ စာသားတွေကို မှတ်စုရေးသား ပြုစုကာ မကြာခဏ ပြန်လည် ဖြတ်ရခြင်းက ဦးနှောက်ဆဲလ် များကို ကောင်းစွာ အလုပ်လုပ် စေပါတယ်။
  • ဦးနှောက် လန်းဆန်းတက်ကြွ စေဖို့အတွက် တစ်နေ့လျှင် လက်ဖက်ရည် သို့မဟုတ် ကော်ဖီ အနည်းဆုံးတစ်ခွက်မျှ သောက်ပေးပါ။ လက်ဖက်ရည် ၊ ကော်ဖီ နေ့စဉ်သောက်သုံးသူ တွေဟာ လုံးဝမသောက်သူ တွေထက် ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ကြောင်း အမေရိကန် အာဟာရဂျာနယ် မှာ ဖော်ပြ အကြံပြုထား ပါတယ်။
  • ပီကေ၀ါးစားခြင်းက ဦးနှောက်နဲ့ အာရုံကြော တွေကို ကောင်းစွာ လှုံ့ဆော်ပေး ပါတယ်။ 
  • အထက်ပါ ဦးနှောက်ထက်မြက် လာစေမယ့် အလေ့အကျင့်ကောင်း တွေကို လေ့လာ လိုက်စားရင်း ဦးနှောက် အားရှိစေမယ့် အစားအစာတွေ စားသောက်နေထိုင် ပါသော်လည်း သိသိသာသာ တိုးတက်လာမှု မရှိဘဲ ထုံထိုင်း ၊ မေ့လျော့ခြင်း ဖြစ်ပါက ဦးနှောက်နှင့်အာရုံကြော ဆရာဝန်ဖြင့် တိုင်ပင် ဆွေးနွေးပါ။ လိုအပ်ရင် ဆေးဝါးကုသမှု ခံယူပါ။ ဦးနှောက်ဟာ လူတစ်ဦး တစ်ယောက်စီ အတွက် လွန်စွာ အရေးပါလှပြီး ထိခိုက်ပျက်စီးတဲ့ အခါ ကြီးမားတဲ့ ဆုံးရှုံးမှုကို ဖြစ်စေတာမို့ မပေါ့လျော့သင့် ပါကြောင်း စေတနာကောင်းဖြင့် ရေးသား လိုက်ရပါတယ်။


ပေါက်ပေါက်
မြ၀တီနေ့စဉ်

No comments: