Wednesday, October 29, 2008

နဂိုအတိုင်းပါပဲ


အလင်းနဲ့အမှောင်ဟာ
အတူယဉ်တွဲ လမ်းလျှောက်နေတုန်းမှာ
ပိုင်ဆိုင်ချင်တဲ့ စွန့်လွှတ်မှုဟာ
မဆုံနိုင်တဲ့ ဆုံမှတ်တစ်ခုဖြစ်ခဲ့တယ်
နဂိုအတိုင်းပါပဲ .. ..

တည်ကြည်တဲ့ ဝန်တိုစိတ်ဟာ
မင်းလေးရဲ့ အရွဲ့စကားတွေ
ခါးသီးတဲ့ ခနဲ့သံတွေကြားကနေ
ယုံကြည်မှု အတုတွေနဲ့
ကိုယ့်ရဲ့ရင်ကို
သွက်လက်စွာနဲ့ တစ်ဟုန်ထိုး ကျလာလေရဲ့
နဂိုအတိုင်းပါပဲ .. ..

လတ်ဆတ်အေးမြတဲ့ ဆောင်းလေအဝှေ့မှာ
နောက်ကျိပေမဲ့ ကြည်လင်နေတဲ့
ငါ့ရဲ့ နှလုံးသားဟာ
မင်းလေးကြောင့် ပင်စင်ယူတော့မတဲ့လေ
သိပ်ချစ်လွန်းလို့ စိတ်ညစ်ခဲ့ရပေမဲ့
ကိုယ်လေ မင်းလေးကို
နဂိုအတိုင်းပါပဲ .. .. ။

10 comments:

ကိုတိုး said...

အကိုရေ ကဗျားလေကိုတော့ကြိုက်သွားပြီဗျာ။
ငါ့ရဲ့နှလုံးသားဟာ
မင်းလေးကြောင့်ပင်စင်ယူတော့မတဲ့လေဆိုတာလေးက ပိုကောင်းတယ်ဗျာ အချစ်ကြီးချစ်တော့လည်း ပင်စင်တော့မယူလိုက်အပါနဲ့အုံးဗျာ အချစ်သစ်လေးတွေနဲ့ဆက်လက်ရှင်သန်ပါအုံးအကိုရာ။

mgngal said...

နဂိုအတိုင်းပဲလား ကိုဝင်းဇော်ရ ။ ကဗျာလေးကောင်းတယ်ဗျ။ ကြိုက်တယ် ။
ပင်စင်တော့မယူပါနဲ့ ဦး ။ နောက်ဆုံးထွက်သက်ထိ တာဝန်ရှိတယ်လေဗျာ။ :P

တက်လူငယ် said...

ဆက်ရေးပါ အကိုရေ.။ အားပေးမဲ့သူတွေထဲမှာ ကျနော်လည်းပါတယ်ဗျ။ ကောင်းတယ် ဒီပို့စ်လေး။ ဆက်ရေး..ဆက်ရေး။
အားပေးလျက်
တက်လူငယ်...

Anonymous said...

အစ်ကို့ရဲ့ နဂိုအတိုင်းပါပဲ လေး ထပ်တိုးလာတာ ကျနော်ရဲ့ရင် နဂိုအတိုင်း မဖြစ်တော့ဘူးဗျာ.. ပျာယာခတ် လှုပ်ရှားသွားတယ်.. နောင်တော့ နဂို အတိုင်း ပြန်ဖြစ်ကောင်းပါရဲ့ဗျာ..

Pinkgold said...

ကောင်းတယ် တော်တော်လေးကို ကောင်းတဲ့ ကဗျာလေးပါ အကိုရေ

Anonymous said...

နဂိုအတိုင်း ရှိနေတဲ့ အစ်ကိုယ့်ရဲ့စိတ် ...
အစ်ကိုရဲ့ အသဲမှာ ဒဏ်ရာများ ရသွားလားဗျာ.....

တားမြစ် ထားသော... said...

ကောင်းတဲ့ ကဗျာလေးပါ။
ကျွန်တော့် နှလုံးသားလေးကလည်း သူမဆိုသူအတွက် အရင်အတိုင်းပဲဗျ။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

Anonymous said...

ကောင်းတယ်ဗျာ
နဂိုအတိုင်းဆိုတဲ့ စာသားလေးက ထိတယ် ..
ကဗျာကောင်းလေး တစ်ပုဒ်ပါပဲဗျာ

ကဗျာမလေး said...

ကိုဝင်းဇော်ရေ နဂိုအတိုင်း ပဲဆိုတာက အချိန်ကာလအတိအကျနဲ့မှ ပိုပြီးသင့်တော်မယ်ထင်တယ်နော်..
ဆုံတွေ့စကာလ နဲ့ ဆုံတွေ့ပြီး ချစ်မိသွားတဲ့ကာလ ... အဲဒီတော့ နဂိုအတိုင်းဆိုတာက ...?
ပင်စင်ယူပါနဲ့ဦး ..... နှမြောစရာ :P

Dr Phyo Wai Kyaw said...

နှလုံးသားပင်စင်ယူတာ ဘယ်လိုမျိုးလဲ
သိဘူး..
နဂိုအတိုင်းပဲဆိုတာကိုတော့ကြိုက်တယ်
မှတ်သွားပြီ..
အသုံးချဖို့ဟုတ်ဖူး
ကြိုက်လို့..ဟက်ဟက်