Wednesday, October 8, 2008

စာပြင်ဆရာ


ကွန်ပျူတာစာစီသမား တစ်ယောက်ဟာ ဂျာနယ် ဖောင်ပိတ်ရက်မှာ ၀ိုင်းဖွဲ့ သောက်စားရင်းက အရက်မူးလွန်ပြီး သင်္ချိုင်းတစ်ခုထဲက အုတ်ဂူတစ်ခုပေါ်ကို ရောက်သွားပါတယ်။ အမူးပြေသွားမှ ဂူပေါ်ရောက်နေတာသိပြီး ကြက်သီးမွေးညင်း ထလာပါတယ်။ သူက တစ္ဆေ အလွန်ကြောက် တတ်တာကိုး။
သူ့ဘေးက ဂူကိုကြည့်လိုက်တော့ လူတစ်ယောက်က စူးတွေ ဆောက်တွေနဲ့ ဂူကိုထွင်းနေတာ တွေ့ရတယ်။ ဒါနဲ့
ကွန်ပျူတာသမား = ဟာ .. လန့်သွားတာပဲဗျာ၊ သရဲမှတ်လို့၊ ဒါနဲ့ ခင်ဗျားက ဘာလုပ်နေတာလဲ
ဒီမှာဗျာ စာလုံးပေါင်းမှားနေလို့ ပြင်ရေးမလို့ လုပ်နေတာပါ
ကွန်ပျူတာသမား = ခင်ဗျားက မှောင်ကြီးမည်းမည်းထဲမှာ စာလုံးပေါင်းမှာတာ ဘယ်လိုလုပ်သိသလဲ လို့ ပြန်မေးလိုက်တယ်။
ဒါက ကျွန်တော့်အုတ်ဂူလေ၊ ကျွန်တော့်နာမည် ဘယ်လိုစာလုံးပေါင်းလဲ သိတာပေါ့ဗျာ၊ ကျွန်တော်မသေခင်တုန်းက စာပြင်ဆရာ လုပ်ခဲ့တာပါ။
လို့လည်း ကြားလိုက်ရော ကွန်ပျူတာ စာစီသမားဟာ အမူးပြေပြီး တင်ပါးနဲ့ဖဝါး တစ်သားတည်းကျအောင် ပြေးပါလေရောဗျာ။

1 comment:

Nge Naing said...

ဒီတခါတော့ ၀င်းဇော်ရဲ့ ဟာသတွေက တကယ်ရီရတယ်။