Wednesday, October 8, 2008

မှားပုံများဗျာ


ဆေးရုံတစ်ရုံမှာ ဆရာဝန်တွေဟာ မိမိတို့ရဲ့ တစ်နေ့တာ ဂျူတီချိန်ပြီးဆုံးချိန်မှာ တစ်နေ့တာ လုပ်ဆောင်ခဲ့တာတွေကို ဆေးရုံအုပ် ဆရာဝန်ကြီးဆီ သတင်းပို့ရပါတယ်။ မှန်ရင် ချီးကျူးပြီး၊ မှားရင် အမှားပြင်ပေးတတ်ပါတယ်။ တစ်နေ့တော့ ဆရာဝန်လေး တစ်ယောက်က ဂျူတီချိန်ပြီးလို့ ဆေးရုံအုပ်ကို သတင်းပို့ရာမှာ
ဆရာဝန် = ဆရာကြီးခင်ဗျာ၊ ဒီနေ့ ကျွန်တော်အမှား နည်းနည်းပါးပါး လုပ်မိပါတယ်။
ဆေးရုံအုပ် = မှားတဲ့အခါလည်း မှားမှာပေါ့၊ ဘာတွေ လုပ်မိလို့လဲကွာ
ဆရာဝန် =ကျောက်ကပ်ထုပ်ရမယ့် လူနာကို အသည်းထုတ်မိသွားလို့ပါ ဆရာ။
ဆေးရုံအုပ် = ရတယ်လေ၊ ဒီလောက်တော့ မှားမှာပေါ့။
ဆရာဝန် = ဆက်ပြောပါရစေ ဆရာကြီး၊ လူနာနဲ့ လူနာစောင့် မှားပြီး လူနာစောင့်ရဲ့ အသည်းကို ထုတ်မိသွားပါတယ်။
ဆေးရုံအုပ် = ဒါလည်း ဖြစ်တတ်ပါတယ်၊ အမှားက ဒါပဲလား။
ဆရာဝန် = ရှိပါသေးတယ်၊ လူနာက ဆရာကြီး ခယ်မဖြစ်ပြီး၊ လူနာစောင့်က ဆရာကြီးရဲ့ မိန်းမပါ။
ဆေးရုံအုပ် = မှားပုံများဗျာ... ။

4 comments:

thonn thonn said...

ဗုဒ္ဓေါ..ဂလို ဆရာဝန်လည်း ရှိတာပဲလား။ ဟဟ ဖြစ်ပုံများ။

မသက်ဇင် said...

ဟာသလေးလာဖတ်တယ်---
စာစုံရေးတယ်နော်----
ကောင်းပါတယ်---အားပေးနေပါတယ်--
ခင်မင်လျက်
မသက်ဇင်

မြတ်သွယ် said...

ဟာသလေးဆိုတော့ ရီပြီးဖတ်သွားပါတယ်
အားပေးသွားပါတယ်

ကဗျာမလေး said...

ရီတော့ရီဖြစ်သွားတယ်....ဒါပေမယ့် ဘယ်လိုမန့်ရမှန်းမသိလို့ ဒီလိုပဲ မန့်ခဲ့ပါတယ် နော် :)