မကြာခဏခရီးသွားနေရတာက တစ်ကြောင်း၊ ခရီးသွားရင်လည်း ညပိုင်းဖြစ်တာက တစ်ကြောင်းမို့ အအိပ်အနေ အချိန်မှားပြီး ကျွန်တော့်မှာ ကိုယ်စိတ်ကြည်လင်ခြင်း မရှိတတ်ပါဘူး။ အိပ်ယာနေရာ ခဏခဏ ပြောင်းအိပ်တာကလည်း နှစ်နှစ်ခြိုက်ခြိုက်အပ်စက်ဖို့ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အိမ်မှာ နားနေပြန်တော့ အင်တာနက်ကို အချိန်ကုန်သည်အထိ လျှောက်လည်နေတာ အကျင့်တစ်ခုလို ဖြစ်နေတာကြောင့် ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူလို ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နားနေနိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေ ပေးလိုက်ပါတယ် -
(၁)
သင့်ရဲ့အိပ်ယာကို အိပ်ဖို့အချိန်အတွက်ပဲ အသုံးပြုပါ။ အိပ်ရာထဲမှာ နေရင်း ရုပ်မြင်သံကြား ကြည့်တာမျိုးနဲ့ စာဖတ်တာတွေကို မလုပ်ပါနဲ့ ။
(၂)
အိပ်ရာထဲရောက်ထဲအခါ နာရီကို မကြည့်ပါနဲ့။ အိပ်မရတဲ့ကိစ္စနဲ့ အိပ်ရေးမဝတဲ့ ကိစ္စတွေကို တွေးတော ပူပန်နေတဲ့ သောကစိတ်တွေ ဖြစ်နေရင် အိပ်ချင်တဲ့စိတ် ကွယ်ပျောက်သွားပြီး အိပ်မရပြန်ပြီး ဖြစ်တတ် ပါတယ်။
(၃)
အိပ်ရာမ၀င်ခင် ကိုယ်ရောစိတ်ပါ အကြောလျော့တဲ့ အလေ့အကျင့်မွေးမြူဖို့ လိုအပ်ပါတယ်။ အိပ်ရာ မ၀င်ခင် (၃)နာရီလောက် အလိုကစပြီး စိတ်လှုပ်ရှားစရာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း တွေပြုလုပ်တာ၊ ရုပ်မြင်သံကြား ဇာတ်လမ်းကြည့်တာ၊ လုံးချင်းဝတ္ထုဖတ်တာနဲ့ စကားအခြေအတင် ငြင်းခုန်တဲ့ အလုပ်တွေကို မလုပ်မိပါစေနဲ့။
(၄)
အိပ်ရာဝင်၊ အိပ်ရာထ အချိန်မှန် ဖြစ်သွားအောင် ထိန်းသိမ်းထားဖို့ လိုအပ်ပြီး၊ အိပ်ချိန်ကအပ ကြား အချိန်တွေမှာ မှေးစက်တာမျိုး မလုပ်မိပါစေနဲ့။ စောစောအိပ်ပြီး စောစောထတာဟာ ကျန်းမာရေးကို အထောက်အကူပြု ပါတယ်။ ဇီးကွက်လိုမျိုး ညမအိပ်ဘဲ အလုပ်လုပ်တာမျိုးဟာ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်
(၅)
အိပ်မရတဲ့အခါ စိတ်ကို အတင်းအကြပ်ကြီး ကြိုးစားပြီးတော့ မအိပ်ပါနဲ့။ အဲဒီအချိန်မှာ အိပ်ခန်းထဲက ထွက်လို့ အချိန်နည်းနည်းပေးပြီး အိပ်ချင်တဲ့ ဖြစ်ပေါ်လာမှ ပြန်အိပ်ပါ။
(၆)
အိပ်ပျော်ဖို့အတွက် အထူးသတ်မှတ်ထားတဲ့ အစားအစာရယ်လို့ မရှိပါဘူး။ ဒါပေမဲ့လည်း အိပ်ကာနီး (၃)နာရီလောက်အလိုမှာ အစားအစာ အလွန်အမင်း ဗိုက်အပြည့် စားထားတာမျိုး၊ အပူအစပ်များတဲ့ အစားအစာတွေ စားတာမျိုးတွေကို ရှောင်ကြဉ်ပါ။ နွားနို့ပူပူလေးနဲ့ ဒိန်ခဲနည်းနည်းလောက် စားပေး လိုက်ရင်တော့ အိပ်ဖို့အတွက် တော်တော့်ကို အထောက်အကူ ဖြစ်စေပါတယ်။
(၇)
စိတ်ဓာတ်တက်ကြွ လန်းဆန်းစေတဲ့ ကယ်ဖင်း(Caffeine)နဲ့ နီကိုတင်း (Nicotine) ဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို မွန်းလွဲနဲ့ ညနေပိုင်းအချိန်တွေ မစားမိပါစေနဲ့။ အရက်နည်းနည်းလောက် သောက်တာဟာ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေနိုင် ပေမယ့်လည်း မိမိရဲ့ အိပ်ချိန် ပုံစံဇယားကို ထိခိုက်နိုင် ပါတယ်။
(၈)
အလွယ်တကူ ၀ယ်ယူရရှိနိုင်တဲ့ အိပ်ဆေးတွေကိုတော့ ဆရာဝန်ညွှန်ကြားမှုနဲ့ပဲ သုံးစွဲသင့်ပါတယ်။ အိပ်မရတဲ့ ဝေဒနာကို ခံစားနေရပြီ ဆိုရင်တော့ အကြောင်းရင်းကို သိရှိအောင်လို့ နားလည်တဲ့ ဆရာဝန်တွေဆီကိုသွားပြီး စစ်ဆေးမှုခံယူလို့ အကြံဥာဏ်တွေကို တောင်းခံယူဖို့ လိုအပ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။ ကျေနပ်နိုင်ကြပါစေ...... ။
13 comments:
ကိုဝင်းဇော်ရေ---
ပိုစ့်လေးကို ဖတ်ပြီး ပညာရသွားတယ်---
ကျေးဇူးတင်ပါတယ်ရှင်----ကျမလည်း
အိပ်မရ တဲ့ ရောဂါ ရနေတာ ကြာပြီလေ----
အမိမြေက မိဘဆွေမျိုးသားချင်းတွေကို
လွမ်းနေတာလည်းပါတယ်---အိပ်ရာဝင်
တာနဲ့ သတိရတယ်--မျက်ရည်ကျတယ်---
အိပ်မရတော့ ထ တယ်--စာဖတ်လိုက်-
အင်တာနက်လုပ်လိုက်နဲ့ သံသရာလည်ပြီး
အိပ်မရ ရောဂါ စွဲသွားပုံ ရပါတယ်---
ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။ အဲဒီထဲမှာ ပါတဲ့အချက်တွေက သုတေသနပြုထားတာတွေ ဖြစ်နိုင်ပေမယ့် သုတေသန ပြုထားတာ မဟုတ်ပေမယ့် လက်တွေ့ အသုံးတည့်တာတခုကို မျှဝေချင်ပါတယ်။ အိပ်မရရင် ၀င်လေထွက်လေ တရားသာမှတ်ကြည့်ပါ၊ တရားမှတ်ရင်းအိပ်ပျော်သွားရင် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်ပါတယ်။ ဘယ်ကျမ်း ဘယ်စာအုပ်ကကိုးကားတာ မဟုတ်ပဲ ကိုယ်တွေ့ အတွေ့အကြုံကို မျှဝေတာသာ ဖြစ်လို့ တယောက်နဲ့ တယောက် တူချင်မှတူနိုင်မယ်။ ဒါပေမယ့် စမ်းကြည့်ရင်တော့ မမှားပါဘူး။
အိပ်မရတဲ့ ရောဂါကတော့ အဆိုးဆုံးပါပဲ။ အိပ်မပျော်မှာကို စိုးရိမ်လေ ပိုအိပ်မရလေနဲ့ သံသရာလည်နေတာ။ ခေါင်းချတာနဲ့ အိပ်ပျော်တဲ့သူတွေကို အရမ်းအားကျတယ်။ တချို့များဘတ်စကားပေါ်မှာ အိပ်ပျော်သွားလို့ မှတ်တိုင်တောင် ကျော်သွားသေးတယ်။
အစ်ကိုဝင်းဇော်ပိုစ့်လေးက ဗဟုသုတရသွားပြီဗျာ။ ဘာလို့လည်းဆိုရင် ကျွန်တော်လည်းညညအိပ်မရဘူးဖြစ်နေလို့ဗျာ။ ကိုဝင်းဇော်ပြောသလိုပဲနေတာကောင်းမယ်နော်။ အခုတော့ကျွန်တော်က အိပ်ယာထဲမှာချေနေနေတာဆိုတော့ အဆင်မပြေဘူးဗျာ။
ကျေးဇူးပဲကိုဝင်းဇော်ရေ အခုလိုမျှဝေးပေးတဲ့အတွက်ပါ ပျော်ရွှင်အဆင်ပြေပါစေဗျာ။
ကိုဝင်းဇော်ရေ ကောင်းတယ်ဗျာ။ အိပ်စက်ခြင်းအတွက် လိုအပ်ချက်လေးတွေရေးထားတာ။ ဗဟုသုတအများကြီး ဖြစ်စေပါတယ်။ အခုလို ပြန်လည်ဝေမျှပေးတဲ့ အတွက်ကျေးဇူးပါဗျာ။
ကိုဝင်းဇော်ရေ...အခုလိုဗဟုသုတများကိုမျှဝေပေးလို့...
ကျေးဇူးအထူးပါ။
ဆက်လက်ရေးသားပေးပါဦး...
အားပေးလျက်ပါ...
အစ်ကိုရေ...အစ်ကိုပြောတဲ့မလုပ်နဲ့ဆိုတဲ့အချက်အားလုံးညီမလုပ်မိနေတယ်...အဲဒီတော့အိပ်မပျော်ဖူးပေါ့..ဟို့နေ့ကဆိုစာမေးပွဲ မနက်(၁၀)နာရီဖြေရမယ်ဆိုပြီးစိတ်လောနေတာ..မနက်(၄)နာရီမှာအိပ်ပျော်တယ်..ပြီးတော့(၆)နာရီထိုးတော့နိုးလာတယ်...အိပ်နေတဲ့(၂)နာရီအတွင်းမှာလည်း အိပ်မက်ထဲစာမေးပွဲကဖြေလိုက်သေးတယ်..ဟီး..
သိပ်ကောင်းတဲ့ ပိုစ်ပါပဲ။ ဒီလိုမျိုးတွေ ရေးနိုင်အောင် ကျွန်တော်တို့လဲ ကြိုးစားရအုံးမှာပါ။ ဆရာတွေလို ရေးနိုင်ဖို့ မလွယ်ကူမှန်း သိပါတယ်။
ကိုဝင်းဇော်ရေ
နံပါတ်(၈)ကလွဲပြီး ကျန်တဲ့(၇)ချက် အားလုံးလုပ်မိနေတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သေးတယ်။ အိပ်မရတဲ့ ရောဂါတော့မဖြစ်ဘူး။ အိမ်မက်ကယောက်ကယက်တွေတော့ မက်တယ်။ ညတိုင်းလိုလိုပဲ။
ကိုဝင်းဇော်ရေ....
အကျိုးပြု စာပေလေးကို လေးလေးစားစား
ဖတ်သွားပါတယ်...
ဖတ်ခွင့်ရတဲ့ အတွက်လဲ ကျေးဇူးပါဗျာ....
ကျနော်လဲ အအိပ်အနေနဲတယ်..။
မှတ်သားသွားပါတယ်.. စာတွေများတော့ ကောဖီသောက်ပြီး မအိပ်ပဲနေရတာများတော့ စိတ်မကောင်းဘူးကွာ....။
ဟိဟိ တစ်ခုမှ မလွတ်ဘူး။ :P
အစ်မအတွက် မှတ်သားစရာ တကယ်အကျိုးရှိတဲ့ ပို့စ်ပါပဲ။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ် မောင်လေးဝင်းဇော်ရေ...
Post a Comment