Thursday, October 9, 2008

ထာဝရချစ်သူ .. .. မင်း


ဒီညမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဟာ
မနေ့ညက ထွန်းလင်းခဲ့တဲ့ လမင်းကြီးပဲ ဖြစ်တယ်
မင်းနဲ့ကိုယ်နဲ့
တစ်ယောက်ကို တစ်ယောက်
သံယောဇဉ်ရှိနေဆဲ
တစ်ယောက်ကို တစ်ယောက်
လိုအပ်နေဆဲပါ .. ..

စက္ကန့်တံတွေ အလီလီ
မိနစ်တံတွေ အလီလီ
နာရီတံတွေ အလီလီ
အချိန်နရီတွေ အလီလီ
မရပ်မနား ပြောင်းလဲနေသည့်တိုင်
မင်းနဲ့ကိုယ်နဲ့
တစ်ယောက်ကို တစ်ယောက်
ချစ်နေကြဆဲ
တစ်ယောက်ကို တစ်ယောက်
ထာဝရ
လိုအပ်နေဆဲပါပဲ .. .. ။


3 comments:

Chaos said...

အားမနာတမ်း ဝေဖန်ရရင် ကဗျာလေး ကောင်းတယ်။
အကြံပြုစရာကတော့ ထွေထွေထူးထူး မရှိပါဘူး။ ကဗျာတွေဆက်ရေးဦးနော်

မြတ်သွယ် said...

ရိုးရှင်းတဲ့ ကဗျာလေးပေမယ့် ခေါင်းစဉ်နဲ့လိုက်ပါတယ် ကောင်းတယ် အားပေးသွားပါတယ်

Anonymous said...

like