Wednesday, July 3, 2024

ဒေါသထွက်လွယ်ခြင်းနှင့် အိပ်ရေးပျက်ခြင်း

 



ဒေါသထွက်လွယ်ခြင်းနှင့် အိပ်ရေးပျက်ခြင်း

ဒေါက်တာလွင်သန့်

        မကြာခဏ ဒေါသဖြစ်လွယ်ခြင်းက ရေရှည်မှာ ကိုယ်တိုင်ရဲ့ နှလုံးကျန်းမာရေး တုံ့ပြန်ပြီး ထိခိုက်မှု ဖြစ်စေတယ်လို့ သုတေသီက ဆိုတယ်။ အချိန်မရွှေး၊ နေရာမရွှေး၊ ဒေါသမထိန်းဘဲ ၊ပေါက်ကွဲနေတတ်သူ တွေမှာ နှလုံးသွေးကြော တွေကို နာတာရှည် ထိခိုက်ဒဏ်ရာ ရရှိသွားစေတယ် လို့ အမေရိကန်၊ နယူးယောက်မြို့ ကိုလံဘီဟာ တက္ကသိုလ် အာဗင် ဆေးပညာစင်တာ သုတေသန ခေါင်းဆောင်း ဒေါက်တာ ဒိုင်တီချိုချင်ဆိုတာ က ပြောကြားတယ်။ လူတွေစိတ်တို့ ဒေါသထွက် နေချိန်မှာနဲ့ စိတ်သောက ဖိစီးချိန်၊ ဝမ်းနည်းနေချိန်နဲ့ ပုံမှန်အနေထား စိတ်ခံစားချက် ရှိနေချိန်တွေမျိုးမှာ သွေးကြောတွေရဲ့ လုပ်ဆောင်ချက် တွေကို သုတေသီတွေက လေ့လာမှု လုပ်ခဲ့ကြတာ ဖြစ်တယ်။


      ဒေါသထွက်ချိန်မှာ သွေးကြောတွေက ယာယီအနေနဲ့ ပြေလျော့နိုင်စွမ်း မရှိဘဲ၊ တင်းကျပ်တဲ့ အခြေအနေကို ဒေါသ ပေါက်ကွဲပြီးလို့ မိနစ်(၄၀)ကြာမျှထိ ခံစားရတယ်လို့ တွေ့ရှိခဲ့ကြ ပါတယ်။ လေ့လာတွေရှိချက် အရ ဒေါသဖြစ်တာကြောင့် နှလုံး ကျန်းမာရေးကို ဆိုးကျိုးတွေ ဖြစ်စေနိုင်တာ သိရှိတားမယ် ဆိုရင် ဒေါသကို ပြေလျော့ သွားစေဖို့ အကောင်းဆုံး စီမံထိန်းချုပ်နိုင်စွမ်း ရှိတဲ့အခါ နှလုံးရောဂါ ဖြစ်နိုင်ခြေ တွေကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ သုတေသန လေ့လာမှုက ဆိုထားပါတယ်။ နယူးယောက်မြို့မှ ကျန်းမာရေး ကောင်းတဲ့ (၇၄)နှစ်အောက် အရွယ်ရောက်ပြီးသူ (၂၈၀)ဦး ပူးပေါင်းပါဝင် လေ့လာမှုကို ဆောင်ရွက်ထားခဲ့တာ လို့ဆိုတယ်။

      လေ့လာမှုထဲမှာ ပါဝင်သူတွေရဲ့ အသက်ပျမ်းမျှ (၂၆)နှစ်ဖြစ်ပြီး ယခင်က နှလုံးရောဂါ (သို့) သွေးတိုးရောဂါ၊ ကိုလက်စထရော များတာ၊ ဆီးချိုရောဂါ လိုမျိုး၊ နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်းခံ တွေမရှိထားသူတွေ ဖြစ်တယ်လို့ သိရတယ်။ လေ့လာမှုမှာ ပါဝင်သူတွေကို (၈)မိနစ်ကြာ စကားပြောဆို စေကာ စာဖတ်ခိုင်းတာတွေ လုပ်စေကာ သူတို့ရဲ့ စိတ်ခံစားချက် အခြေအနေ အမျိုးမျိုးမှာ သွေးကြောရဲ့ လုပ်ဆောင်ချက် ပြောင်းလဲတဲ့ အခြေအနေတွေကို လေ့လာထားခဲ့ ကြတာ ဖြစ်ပါတယ်။

      ညဆိုရင် အိပ်မပျော်ဘူးလို့ ပြောနေသူတွေ အတွက် ကိုယ်ပြုလုပ်နေတဲ့ အချိုအချက် တွေက ကိုယ့်စိတ်ကို တင်းကျပ်စေပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေတယ်လို့ သတိထားမိ ကြတယ်။ နှလုံးနဲ့ နွယ်ပါတယ်။     ညစာ အများကြီး စားမိခြင်း လည်း ဖြစ်နိုင်ပါတယ်။ ညစာကို ဗိုက်အရမ်းတင်း အောင်စားလိုက်ပြီး ပရိုတင်း များသွားတာက အိပ်စက်မှုကို အနှောင့်ယှက် ဖြစ်စေပါတယ်။ ကိုယ်ခန္ဓာကိုယ်က အိပ်စက်နေချိန်မှာ အစာခြေစနစ်ကို လုပ်ဆောင်ဖို့ နှေးကွေး နေတာကြောင့် ဖြစ်တယ်။

     မအိပ်ခင် တီဗီကြည့်ခြင်း၊ ဂိမ်းဆော့ခြင်း၊ ဖေ့ဘွတ်ကြည့်ခြင်း ရှောင်သင့်တယ်။ ညအချိန်မှာ ကိုယ်ခန္ဓာကိုယ်က အမှောင်ထုကို ခံစားတတ် ပါတယ်။ တီဗီ၊ ဖုန်း၊ လျှပ်စစ်ပစ္စည်းနဲ့ ကွန်ပြူတာ အလင်းရောင်တွေက ကိုယ့်ခန္ဓာကိုယ် တိုက်ခိုက်ပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ကိုယ်က နာရီနှိုးစက်ပေးဖို့ လိုအပ်လို့ အခန်းထဲမှာ နာရီမီး အလင်းရောင် ထားရရင် အဝတ်နဲ့ အုပ်ထားသင့် ပါတယ်။

      အရက်သောက်ပြီး အိပ်စက်ခြင်း မပြုသင့်ပါဘူး။ ဒေါသရဲ့အစ ကလည်း အရက်ပဲဖြစ်တယ်။ လူအများစုက အရက်သောက်ပြီး အိပ်စက်တာက ပိုအိပ်ပျော်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အရက်သောက်ပြီး အိပ်ပျော်တာဟာ နိုးတစ်ဝက်၊ အိပ်တစ်ဝက် အိပ်ပျော်တာမျိုး ဖြစ်တာက ပိုများပါတယ်။ အိမ်မက်မက်သလို၊ အိပ်ပျော်သလို ဖြစ်နေပြီး၊ ကြာရင် ကိုယ့်မှတ်ဉာဏ်နဲ့ ကိုယ်သင်ယူ နိုင်စွမ်းကို လျော့နည်း စေပါတယ်။

      နေ့ခင်းဘက် ကြာကြာအိပ်စက် တတ်ခြင်း မဖြစ်သင့်ပါဘူး။ နေ့ခင်းဘက်မှာ တစ် ရေး အိပ်စက်တာက ညဖက် ကောင်းစွာ အိပ်ပျော်စေတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်(၁၅-၄၅) မိနစ်ထက် တော့မပိုသင့် ပါဘူး။ နေ့ခင်း အချိန်ကြာကြာ အိပ်ရင် ညဖက် အိပ်မပျော် ဖြစ်တတ်ပါတယ်။

    ညနေဖက် ကဖင်းပါတဲ့ အရည်သောက်ခြင်း မပြုသင့်ပါဘူး။ ကဖင်းပါတဲ့ ဖျော်ရည်တွေက ကိုယ့်ကို(၁၂)နာရီ လောက် လန်းဆန်းနေစေ ပါတယ်။ ဒါကြောင့် ညနေခင်းမှာ ကော်ဖီ သောက်တာမျိုးက ကိုယ့်အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ နေ့(၁၂)နာရီ နောက်ပိုင်း ကဖင်းပါတဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ အအေး သောက်တာ မပြုသင့်ပါဘူး။

      စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်များ လျော့သင့်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုနဲ့ စိုးရိမ်စိတ်တွေက ကိုယ့်အိပ်စက်မှုရဲ့ အဓိက အနှောင့်အယှက် တွေပဲဖြစ်တယ်။ အသက်ရှူ လေ့ကျင့်ခန်း တွေပြုလုပ်ပြီး၊ ဖိစီးမှုတွေကို လျော့ချပေးသင့် ပါတယ်။

      အိပ်ဆေး သောက်တတ်ခြင်း မပြုသင့်ပါဘူး။ အိပ်ဆေးက ကိုယ့်ကိုအိပ်ပျော် စေတာ မှန်ပါတယ်။ ဒါပေမယ့် အမြဲတမ်း စွဲသုံးရင် အန္တရာယ်များပြီး နောက်ပိုင်း အိပ်ဆေး မသောက်တာနဲ့ အိပ်မပျော်တဲ့ ပြဿနာဖြစ်စေ နိုင်ပါတယ်။

     အဝတ်အစာများ သက်သောင့် သက်သာရှိသင့် ပါတယ်။ လူမှာ အဝတ်အစား (၂)မျိုးထားသင့် ပါတယ်။ တစ်ခုက အိပ်နေရင် ဝက်ဖို့နဲ့ တစ်စုံက အပြင်ထွက်ရင် ဝတ်ဖို့ပဲ ဖြစ်တယ်။ အိပ်စက်ချိန်မှာ ကိုယ့်အဝတ်အစားနဲ့ အိပ်ရာခင်းတွေဟာ ကိုယ့်ကို အများကြီး အထောက်ကူ ဖြစ်စေပါတယ်။ ကျပ်လွန်းတဲ့ အဝတ်အစား ကြယ်သီးတစ်လုံး တွေနဲ့ အလှဆင်ထားတဲ့ အဝတ်အစားတွေနဲ့ သက်သောင့်သက်သာ မရှိတဲ့ အိပ်ရာခင်း တွေကြောင့် ကိုယ့်အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အိပ်စက်ချိန်မှာ ချည်သား အိပ်ရာခင်းနဲ့ ညအိပ်တစ်စုံတွေ ရွှေးဝတ်ဆင် သင့်ပါတယ်။

      အိမ်မွေးတိရစ္ဆာန် လေးတွေနဲ့ အတူအိပ်စက်ခြင်း မပြုသင့်ပါဘူး။ အိပ်‌‌မွေးတိရစ္ဆာန် လေးတွေက မကြာခဏ ဦးစားပေးတတ် ကြပြီး၊ သူတို့တွေက နိုးထလာချိန်မှာ ကိုယ့်ခန္ဓာပေါ် နင်းလျှောက် သွားတာကြောင့် မိမိရဲ့ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ သူတို့လေးတွေကို ကိုယ်ပိုင် အိပ်ရာလေတွေနဲ့ သီသန့် ကိုယ်အခန်း အပြင်မှာ အိပ်စေသင့် ပါတယ်။

      ညစ်ပေနေတဲ့ ခြေထောက်နဲ့ အိပ်ရာဝင်ခြင်း မပြုသင့်ပါဘူး။ ကိုယ့်အိပ်ရာထဲမှာ ကိုယ့်ခန္ဓာကိုယ်က ဆဲလ်သေတွေနဲ့ ပြည့်နေပြီးသား ဖြစ်တယ်။ ဒါကို ကိုယ်က ခြေထောက် မသန့်ရှင်းဘဲ အိပ်ရာဝင်လိုက်မယ် ဆိုရင် ကိုယ့်ခြေထောက်က အညစ်အကြေး တွေနဲ့ ဘက်တီရီးယား တွေက ကိုယ့်အိပ်ရာခင်းမှာ ကောင်းကောင်း ပေါက်ပွါးလာ စေပါတယ်။ ဒါက ကိုယ့်အိပ်စက်မှုကို အနှောင့်အယှက် ပေးနိုင်တဲ့ အချက်ပါပဲ။ ခြေလက်ပေကျံ‌ နေရင်ဦးစွာ သန့်စင်ပြီးမှ အိပ်ရာဝင်သင့် ပါတယ်။

       အရည်အသွေး ညံ့တဲ့ အိပ်စက်ခြင်းဟာ နှလုံးကို ကျယ်စေပါတယ်။ အိပ်ရေးဝအောင် အိပ်သင့်ပါတယ်။ အချိန်မှန် အိပ်သင့်ပါတယ်။ မှန်ကန်တဲ့ အိပ်ချိန်ကို ရယူသင့် ပါတယ်။ ခန္ဓာကိုယ် သန်မာစေရုံ မကဘဲ ၊နှလုံးကျန်းမာရေး အတွက်လည်း ကောင်းမွန် စေပါတယ်။ လူအများစုဟာ အိပ်ချိန်နည်းခြင်း၊ အလွန်အကျွံ အိပ်ခြင်း (သို့) ကျယ်လောင်စွာ ဟောက်ခြင်းတို့ကို မသိကြလို့ ဖြစ်တယ်။ အိပ်လို့မရဘူး နှလုံးကြီးခြင်း၊ နှလုံးနဲ့ ပက်သက်တဲ့ ရောဂါအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ နှလုံးကို စစ်ဆေးပြီး၊ အိပ်တဲ့ အလေ့အထကို မြန်မြန်ဆန်ဆန် မပြင်ဆင်ရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

      အိပ်ရေးက သူ့ဖာသာသူ မကောင်းပါဘူး။ ကိုယ့်ခန္ဓာကိုယ် နာရီနေပြီး အလုပ်နောက်ကျတာ အချိန်မှန် အိပ်မပျော်တတ် ပါဘူး။ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်း၊ အဝလွန်ခြင်း၊ ခန္ဓာကိုယ် အလေးချိန် လွန်ကဲခြင်း၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဓာတ်မထည့်မှု နှလုံးနဲ့ ဦးနှောက်ရောဂါ များပါဝင်တယ်။

      အပြုအမှုဆိုင်ရာ အချက်များ ပါဝင်ပါတယ်။ လေ့ကျင့်ခန်း အရမ်းလုပ်တယ်။ ကဖင်းပါတဲ့ အဖျော်ယမကာ သောက်တယ်။ ဆေးသောက်တယ်။ အီးစီးကရက် (vape) သောက်တယ်။ အရက်သောက်တယ် တို့မှာ ရေရှည် မအိပ်ပါဘူး။

      သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်များ ပါဝင်ပါတယ်။ တောက်ပတဲ့ မီးများ (သို့) ကျယ်လောင်တဲ့ အသံများ၊ အခန်းအပူချိန် မသင့်တော်ခြင်း၊ လေထု ညစ်ညမ်းမှုတွေက အိပ်ရေးပျက်ကာ နှလုံးကို ထိခိုက်စေတယ်။

      (၆)နာရီ အိပ်သင့်တယ်။ အမျိုးသား ဆေးတိုက်မှ အချက်အလက်များ အရ လွန်ခဲ့တဲ့နှစ် ၅၀ မှာလူတစ်ဦးမှာ ပျမ်းမျှအိပ်ချိန် နာရီ(၁.၅-၂)နာရီ လျော့သွားခဲ့ပြီး၊ (၁၀)နှစ်တာ ကာလအတွင်း နေ့စဉ်ဘဝမှာ အိပ်ချိန် (၃၇)မိနစ် လျော့နည်း သွားကာ (၆)နာရီအောက် လျော့နည်း သွားကြောင်း၊ တစ်နေ့မှာ နာရီပေါင်းများစွာ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ပေါ် သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ဟာ မင်လတိုနင် (Melatonin) ထုတ်လွှတ်မှု လျော့ချပေးတယ်။ အလိုအလျောက် အာရုံကြော စနစ်ကို အလွန်အကျွံ လှုံ့ဆော်ခြင်းက နှလုံးခုန်မြန် စေတယ်။ သွေးတိုး ရှိလာတယ်။ အင်ဆူလင် ခုခံမှုအလုံးစုံ အနေနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ဦးတည်တယ်။ လူတစ်ဦးရဲ့ အိပ်ချိန်(၆-၈) နာရီမပြည့်ရင် ရေရှည် နှလုံးရောဂါ ရနိုင်ပါတယ်။

ဓာတ်ပုံ - အင်တာနက်


No comments: