Tuesday, March 31, 2009

Neo's Safekeys 2008 2.3.0


စာရေးပျင်းတာနဲ့ ဖရီးရတာလေး ခြေဆန့်မိတယ်။ 1.8 MB ပမဏရှိတဲ့ freeware လေးပါ။ နက်ကဖီးဆိုင်သွားပြီး သုံးနေရတဲ့ သူတွေအတွက် ဆိုင်က ကွန်ပျူတာထဲမှာ key logger ဆိုတဲ့ ပရိုဂရမ်ထည့်ထားရင် မိမိ Keyboard ကနေရိုက်သမျှ တွေကို မသမာတဲ့သူက အကုန်သိနေမှာပါ။ ကိုယ့်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် တွေအတွက် မလုံခြုံတော့တာ အမှန်ပါပဲ။ ငွေကြေးနဲ့ ဆိုင်တဲ့ အချက်အလက် တွေသာမက ကိုယ်ရေးကိုယ်တာ အတွက် သုံးတဲ့ ဂျီမေးလ် အကောင့်တွေကိုပါ keyboard ကနေ ရိုက်မထည့်ပဲ ခု freeware ကရလာမဲ့ ကီးလေးတွေကို mouse နဲ့ ကလစ်နှိပ်ပြီး ဖွင့်ယူပါ။ key word တွေကို သူက (*) အက္ခရာ အနေနဲ့ ထုတ်ပေးမှာပါ။ ကီးဘုတ်ကို အသုံးပြုတာ မဟုတ်တဲ့အတွက် keylogger ကိုကြောက်စရာမလိုတော့ပါဘူး။ ဒီ freeware ရဲ့ zip ဖိုင်ကို ဒီကနှိပ် ပြီး ယူနိုင်ပါတယ်။ အဆင်ပြေကြ ပါစေ။

3 comments:

မမသီရိ said...

keyboard ကို မသုံးပဲ မောက်စ် ကိုပဲ သုံးရမယ်လို့ ပြောတာလား
ရန်ကုန်ရောက်ဖြစ်ရင် အင်တာနက်ကဖေး တွေဘာတွေ ရောက်ရင် ရောက်မှာ ဆိုတော့ မေးထားအုံးမှ
ဟိုတယ်တွေ မှာ ရှိတဲ့ နက်တွေ ကရော စိတ်ချရသလား သိချင်တယ်
ကျေးဇူး နော် ဒီပို့စ်လေး အတွက်

Co2zeиith said...

အကို ကျွန်တော် ရောက်တရ်နော်၊၊

ဒါလေး ဝေမျှပါရစေ အကို၊၊

ကျေးဇူးတင်ပါတယ် နော့၊၊

Unknown said...

အသုံးတည့်တယ်၊ ကျေးဇူး