Tuesday, March 31, 2009

ရေစီး ကမ်းပြို စေတနာ

အိမ်ကနေ ထွက်နေကျ အချိန်ထက် ကနေ့တော့ စောပြီးရုံးကို ထွက်လာခဲ့သည်။ တာမွေကနေ ရွှေဂုံတိုင် ၁၀၀ ကျပ်၊ ရွှေဂုံတိုင်ကနေ ဆူးလေ ၁၀၀ ကျပ် ဆိုပြီး ကားဆရာတွေက လမ်းပိုင်းနှစ်ခု ခွဲလိုက်တဲ့အတွက် ၂၀၀ ကျပ် တောင်းတာကြောင့် အသွားအပြန် အတွက် ၄၀၀ ကျပ်ကုန်သည်။ ရေရှည် အကျိုးအတွက် စဉ်းစားပြီး လိုင်းကားမစီးဘဲ မြို့ထဲသွားနိုင်မယ့် နည်းလမ်းလေး ညကတည်းက တစ်ကိုယ်တည်း ကြိတ်တွေးထားသည်။ တာမွေလမ်းမပေါ်မှာ ဆူးလေ ရောက်မည့် ကားတွေ လိုင်းစုံ၊ နံပါတ်စုံ၊ အရွယ်အစား စုံလင်လှပေမယ့် ရတဲ့ဝင်ငွေနဲ့ ကုန်ကျမယ့် ထွက်ငွေညီမျှအောင် ကြိုးစားတွက်ဆ သုံးစွဲရမှုာမို့ လိုင်းကားကို တစ်ချက်စောင်းငဲ့ ကြည့်ပြီး တာမွေဘူတာကို ကိုချစ်ဖေတစ်ယောက် ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။ မြို့ပတ်ရထားလက်မှတ်ကို ၁၀ ကျပ် နဲ့ဝယ်ပြီး ရထားဆိုက်ချိန်ကို ကြည့်တော့ နောက် ၅ မိနစ်ဆို ဆိုက်မည်ဖြစ်သည်။ လက်ျာရစ် ပလက်ဖောင်းပေါ် ရပ်စောင့်ရင်း ဘေးပတ်ဝန်းကျင်ကို စနည်းနာကြည့်တော့ သူလိုကိုယ်လို ရုံးသမားတွေများသည်။ မြို့ထဲ ဆိုင်သွားဖွင့်မည့် ဈေးသည် သုံး-လေးယောက်ပါသည်။ ကျောင်းသားတွေလည်း ပါသည်။ ယူနီဖောင်းဝတ် တွေလည်း ပါသည်။ ရန်ကုန်မြို့ရောက်မှ ပထမဆုံး စီးဖြစ်တဲ့ မြို့ပတ်ရထားပေါ်ကနေ မလှမပရှုခင်းတွေ ခံစားရင်း ဘူတာကြီးမှာ ဂိတ်ဆုံးသည်။ ပန်းဆိုးတန်း ဂုံးတံတားကို ကျော်တော့ ရုံးကအနီးကလေး ဖြစ်သွားသည်။ ၄၀၀ ကျပ်ကုန်မည့် ခရီးကို ၂၀ ကျပ်နဲ့ ချွေတာနိုင်ခဲ့တာကြောင့် ကိုချစ်ဖေ တစ်ယောက် အကျေနပ်ကြီး ကျေနပ်ကာ ရင်ထဲ အေးမြမြလေး ခံစားမိတာ အမှန်ဖြစ်သည်။

နေ့ခင်း ၁၂ နာရီမှာ နယ်အရောင်း ကိုယ်စားလှယ်နေနဲ့ လုပ်မည့် အစည်းအဝေးအတွက် မနက်ကတည်းက ပြင်ဆင်ရသည်။ ရုံးရောက်တယ် ဆိုရင်ပဲ အစည်းအဝေးအတွက် လိုအပ်သည်များ ညွှန်ကြားရသည်။ မိမိကိုယ်တိုင်လည်း ပြောစရာရှိသည်များကို ပြင်ဆင်ရသည်။ စာရွက်စာတမ်းများ၊ ဖိုင်တွဲများ၊ စာအုပ်များကို အဆင်သင့်ဖြစ်အောင် စုစည်းရသည်။ သည်ကြားထဲ နေ့စဉ် လုပ်ဆောင်နေကျ ပုံမှန်အလုပ်ကိုလည်း လုပ်ဆောင် ပေးရသေးသည်။ အလုပ်များပြီ ဆိုရင် ဖြစ်နေကျ ဖုန်းက တဂွမ်ဂွမ်လာသည်။ စိတ်ပျက်စရာ ဖြစ်ပေမယ့် ဖြေကြား ပေးနေရတာက ၀တ္တရားတစ်ခု ဖြစ်သည်။ ဟန်းဖုန်းဆိုရင်တော့ ပိတ်ထားလို့ ဖြစ်သေးသည်။ ပိတ်မရတဲ့ ကြိုးဖုန်းဆိုတော့ ခေါ်သမျှဖုန်းကို ဒိုင်ခံဖြေရှင်း ပေးရသည်။ ၁၂ နာရီမတ်တင်းပြီဖြစ်လို့ ကိုချစ်ဖေတစ်ယောက် အစည်းအဝေးခန်း သွားဖို့ အခန်းထဲက ထွက်ဖို့ ပြင်ဆင်လိုက်သည်။ အဲဒီခဏမှာပဲ စားပွဲပေါ်က ဖုန်းမြည်လာလို့ စိတ်အလိုမကျပေမယ့် ကောက်ယူ ထူးလိုက်ပါသည်။

" ဟလို "
" မောင်လား "


ရင်းနှီးခြင်း မရှိတဲ့အသံ ဖြစ်တဲ့အပြင် ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ အသံချိုချိုလေးဖြစ်သည်။ အိမ်က ဇနီးသည် မအေးငြိမ်းကတော့ ကိုချစ်ဖေကို " ကိုချစ်ဖေ " လို့သာ တုံးတိတိ ခေါ်သည်။ တဖက်က ဖုန်းအသံရှင်သည် မအေးငြိမ်း တစ်ယောက် မဟုတ်သည်မှာ သေချာသည်။ ဖုန်းနံပါတ် မှားဝင်လာတာ ဖြစ်မည်။ အတွေးတွေ ဝေနေတာကြောင့် " ဟုတ် " လို့တစ်ခွန်း ၀င်ထောက်လိုက်သည်။ ဒါနဲ့ တစ်ဖက်ဖုန်းရှင်က ..

" မောင် .. ညနေပြန်ရင် မှာလိုက်တဲ့ ကလေးအားဆေးရယ် ပါရာစီတမော ဆေးအရည်ရယ် မမေ့နဲ့နော်"
" အေးပါ "

အလုပ်များတဲ့ပုံနဲ့ စကားစဖြတ်ပြီး ဖုန်းကိုချမယ် လုပ်တော့ တစ်ဖက် အသံရှင်က ဆက်ထွက်လာသည်

" ပြီးတော့ ငယ် သုံးနေကျ ဟိုဆေးလည်း ကုန်နေပြီ .. သိလား "
" ဘာဆေးလည်း မသိ .. .."
" အော် မောင်ကလည်း .. သောက်နေကျ ဆေးလုံးအနီလေးပါဆို .. "

မိန်းကလေးရဲ့ မချင့်မရဲ အသံစာစာလေးက ထွက်လာပြန်သည်

" အေး .. အေး .. ဟုတ်ပါပြီ၊ ဒါပဲနော် .. "


ကိုချစ်ဖေ တစ်ယောက် ပြောပြောဆိုဆို ဖုန်းကိုအတင်းချ။ တိုင်ကပ်နာရီကို တစ်ချက်လှမ်းကြည့်ရင်း အစည်းအဝေးခန်းမ ဆီကို ကသိုက်ကရိုက် အပြေးတပိုင်းနဲ့ ထွက်လာခဲ့သည်။ အစည်းအဝေးက ရုံးဆင်းချိန်လွန်မှ အစသတ်နိုင်ခဲ့သည်။ စိတ်မောလူမော ဖြစ်သွားတာကြောင့် ရုံးခန်းထဲ ထားစရာရှိတာ ထားပြီးတာနဲ့ အိမ်တန်းပြန်သည်။ ပန်းဆိုးတန်း ဂုံးတံတားပေါ်အတက် ရုပ်ရှင်ပိုစတာကို လှမ်းအကြည့်မှာ အစည်းအဝေးခန်း သွားခါနီး ဖုန်းမှားဝင်သည့်အကြောင်း ပြန်ပြောင်း အမှတ်ရ မိလိုက်သည်။

"ကလေးအားဆေး၊ ပါရာစီတမော့အရည် နဲ့ နောက် သောက်နေကျ ဆေးလုံးအနီလေး .. " တဲ့

ဇနီးသည်က လင်တော်မောင်ကို သတိမရမှာ စိုးရိမ်စိတ်နဲ့ ဖုန်းဆက်အသိပေး တာဖြစ်မယ်လို့ ကိုချစ်ဖေ တွေးမိသည်။ တစ်ဖက် ဖုန်းဆက်သူ ကလည်း ဖုန်းနံပါတ်ကို သေချာမမေး မစူးစမ်း။ ကိုချစ်ဖေကလည်း အလုပ်ရှုပ်နေလို့ ပြန်မရှင်းပြနိုင်။ နောက်ပြီး " ဆေးလုံးအနီလေး " တဲ့။ ဘာဆေးပါလိမ့်။ ကိုချစ်ဖေ တစ်ယောက် မဆီမဆိုင် ခေါင်းစားမိသည်။

ဘယ်လိုပင် ဖြစ်ပါစေ ညနေအိမ်အပြန်မှာ ဇနီးသည် အထပ်ထပ် အမှာချွေခဲ့တဲ့ ကြားက " ဆေး ၃ မျိုး " လုံး ၀ယ်မလာတဲ့ " မောင် " ဆိုတဲ့ လူကြီးမင်း တစ်ယောက် အတွက်တော့ ကျဉ်းထဲကြပ်ထဲ ခဏတာ ရောက်သွားမယ့် အဖြစ်အပျက်လေးကို တွေးမိပြီး ကိုချစ်ဖေ တစ်ယောက် ပြုံးလိုက်မိသည်။

(ပုံကို google image ကနေယူထားပါတယ်)

26 comments:

ကြယ်ပြာ said...

အဟဲ ... ပြုံးသွားပါတယ် ....

flowerpoem said...

ကိုဝင်းဇော် . ခေါင်းစဉ်နဲ့စာသားနဲ့ကွက်တိပဲ ဟီး၂ ရေးထားတာ ရီရတယ်..

flowerpoem said...

ကိုဝင်းဇော် . ခေါင်းစဉ်နဲ့စာသားနဲ့ကွက်တိပဲ ဟီး၂ ရေးထားတာ ရီရတယ်..

Zayarr said...

ကိုချစ်ဖေနော်
ကိုချစ်ဖေရဲ့ မအေးငြိမ်းနဲ့ တိုင်ပြောမယ်
ရုံးမှာ ဘယ်သူ ဘယ်သူနဲ့ ပြောနေတယ် ဆိုတာကို
ဝေး ဟေးဟေး

သဉ္ဇာအောင် said...

မြို့ပတ်ကို စီးဖူးဘူးရယ်။
ကိုချစ်ဖေက ဘယ်မှာ ရုံးတက်လည်း မသိ ။
အေပြီဖူလ်းမှာ နောက်ရအုန်းမယ်။

hlaminnlay said...

ဦးချစ်ဖေကြီးနော် မကောင်းဘူး။ စိတ်ပုတ်တယ်။
ဒါနဲ့ ဆေးလုံးအနီလေးဆိုတာက
ခန့်မှန်းလို့ရပြီလား ပြောပြအုန်းနော် (စပ်စုတာ)

naymin said...

ဟဟ..တကယ်ကောင်းတယ်ဗျာ အားပေးလျက်ပါ
အဆင်ပြေပါစေ

နှင်းဆီနီ said...

ရောက်တိုင်း အမောပြေစေတဲ့အတွက် ကျေးဇူး။ ဖြစ်တတ်တဲ့ သဘောလေးကို ဟာသနှောထား တာကြောင့် ကြိုက်တယ်။ အားပေးနေပါမယ်။

ကောင်းကင်ပြာ said...

ဟီဟိ။ ကောင်း၏

မေဒီဇာ said...

ချစ်သူဟောင်းနဲ့များ မှားသလားနော်... ခစ်ခစ်ခစ်

ဖိုးစိန် said...

ဆေးဝယ်ပြီးလိုက်သွားတယ်ထင်တယ်နော်

mgnge said...

လူဆိုး ကြီး....
သိသာတယ် အကျင့်ကိုက..။
ဂျောက်တွန်းဖို့ ဆို ထိပ်ပဲ

မိုးသား said...

အတွေးကမ္ဘာထဲ နစ်မြောသွား တယ်။ အေပြီဖူးလ် လေပဲလား။

မု;သုင်ခု, said...

ကိုချစ်ဖေရေ အသက်သာဆုံးကတော့ ၉၆၉၃ ကိုစီး ပါလား။ ဘာတပြားမှ မကုန်ဘူး။ (ကိုယ့်ခြေထောက် ကိုသုံး=၉၆၉၃)။။

မိုးခါး said...

အကျင့်မကောင်းဘူးတော့ ကိုချစ်ဖေကြီးက .. သူများကြားထဲ ပြသနာဖြစ်အောင်လုပ်တယ် .. :P စေဒနာ စေဒနာ :D

စိုင်းနောင့် said...

ရန်ကုန်ဂိတ်စ-ဂိတ်ဆုံး ၂၀၀ ကတန်ပါတယ်။ နယ်မှာ ခရီးသွားရ ခက်မှခက်ပဲ။ ကားပေါ် တက်တာနဲ့ အစိမ်းရောင် တရွက်ပဲ။
ဆေးလုံးအနီလေးက ဘာဆေးထင်လဲ။

နှင်းပွင့်ဖြူလေး said...

အဟတ် ကိုချစ်ဖေတို့ကတော့

sonata-cantata said...

ကိုချစ်ဖေကမ်း ပြိုရင် ပြိုပစေ
ကိုဝင်းဇော်ကမ်း မပြိုစေနဲ့နော်
သတိ
ရှေ့မှာ ချောက်ရှိသည်။

Cherrymaw said...

ရန်ကုန်ရဲ့ ခြေကြွခက တစ်နေ့ တစ်နေ့ ထောင်ကျော်တယ်။ ဒါတောင် တက်စီ မဟုတ်သေးဘူး။ မြို့ပတ်တော့ အကြောင်း မသင့်သေးလို့ မစီးဖြစ်ဘူး။ လမ်းကြောင်း မသိလို့လေ။ ကိုချစ်ဖေကိုတော့ ချီးကျူးတယ်။

Sai said...

ဖုန်းမှားဝင်တာ ပျော်စရာ
(ဒုက္ခရောက်အောင်တော့ မလုပ်လိုက်ပါနဲ့)

hlaung09 said...

ကနေ့ အတော်များများ ဖတ်သွားတယ်။
အားပေးနေမယ်

ရွှေညာသူ said...

နက်မကောင်းဘူး စိတ်ညစ်တယ်
သံယောဇဉ်သေးသေးနဲ့ လာတာမဟုတ်ဘူး
သိတယ်မဟုတ်လား
စတီးကြိုးသံယောဇဉ်နဲ့ အဟေး ...)))

JulyDream said...

အခု ၀တ္ထုလေးကို ဖတ်ပြီး ရန်ကုန်မှာတုန်းက မြို့ပတ်ရထားကို ရုံးတတ်တိုင်း ရုံးဆင်းတိုင်း အားပေးခဲ့တာကို အမှတ်ရမိသေးတယ်။ ရထား စီးရလွန်းလို့ လက်မှတ်ကိုတောင် လပေး လက်မှတ် ၀ယ်သုံးခဲ့တာ။ ရထားဘူတာရောက်မှ လက်မှတ် ၀ယ်နေရလို့ ရထားလွတ်သွားတာမျိုး မရှိဘူးပေါ့။

မယု said...

မြို့ပတ်ကို တစ်ကြိမ်စီးဖူးတယ်။ လိုင်းကားတွေ ထက်တော့ တိုးကြိတ်ရတာ သက်သာတယ်။ အချိန်နဲ့ အလုပ်လုပ် သူတွေ အတွက်တော့ စီးသင့်တယ်။ ကိုချစ်ဖေလို စီးပွားရေးတွက်တာပဲ ဖြစ်ဖြစ် ချွေတာတာပဲ ဖြစ်ဖြစ် မြို့ပတ်ကိုပဲ အားပေး သင့်တယ်လို့ မြင်ပါတယ်။

Heart Breaker said...

ထပ်လာတယ်။ စာကြွေးတွေ ပြန်လာဖတ်တာ။
ဝတ္ထုတိုလေးတွေ ကောင်းမွန်ပါတယ်။
ဆက်ရေးဖို့ အားပေးပါတယ်။

MMR Marine said...

ကျွန်တော့မှာတော့ သားငယ်တစ်ကောင်ရှိပါတယ်..အလုပ်ကပြန်လာတိုင်း တိရိဆန်ရုံသွားပြီး မြွေကြီး ကြီး ကြည့်ဖို့အမြဲပူဆာနေတယ်ဗျာ...တစ်ရက်တော့စိတ်ပေါက်ပေါက်ရှိတာနဲ့ အခန်းထဲက အဖိုးလက်ထက်အနှစ်နှစ် အလလ ရိုရိုသေသေ သိမ်းထားတဲ့ မှန်ဘီလူးထုတ်ပေးပြီး " ကဲရော့.. ခြံနောက်ဖေးမှာ တီကောင်သွားကြည့်" ........