Monday, March 16, 2009

သူ့အတွက် ရိုးဂုဏ်မျှသာ


ဖုန်ထနေတဲ့ မြေနီလမ်းပေါ် ကလေးငယ်တစ်သိုက် လွတ်လွတ်လပ်လပ် ပြေးလွား ဆော့ကစားနေကြတယ်။ ပျော်ရွှင်နေတဲ့ ကလေးငယ်တွေကို ကြည့်ပြီး သူတို့လေးတွေရဲ့ အပူအပင်ကင်းတဲ့ ဘ၀လေးကို အားကျမိခဲ့တယ်။ လောဘတွေ မောဟတွေ မာနတွေ ကင်းစင် နေတာကြောင့်လဲ သူတို့ရဲ့ ဘ၀လေးတွေ ဖြူစင်တယ်။ လိုချင်တပ်မက်မှု ဆိုတာလည်းဘာမှ မရှိသေးတာမို့ သူတို့ အတွေးလေး တွေလည်း စင်ကြယ်တယ်။ ဆာရင်စားမယ်၊ ပျော်စရာတွေ့ရင် ရယ်မောမယ်၊ ၀မ်းနည်းစရာတွေ့ရင် အမေ့ကို တမ်းတပြီး ငိုမယ်။ နေညိုလို့ အိပ်ချိန်တန်ရင် အမေ့ရဲ့ နွေးထွေးတဲ့ ရင်ငွေ့အိပ်ယာက အသင့်မို့ လိုလေးသေးမရှိ ပြည့်စုံပါတယ်လို့ ပြောနိုင်ပါတယ်။

ကြောင့်ကျမဲ့ ကလေးဘ၀ကို ပြန်တမ်းတလို့ မရနိုင်မှန်းသိပေမယ့် ပြန်ရောက်ချင် မိပါတယ်။ ကလေးသဘာဝ ဘာပဲ လိုချင်လိုချင် ပူဆာလိုက်ရုံနဲ့ ရနိုင်တယ် မဟုတ်ပါလား။ ရောက်နေတဲ့ လက်ရှိဘ၀လေးကို ကျေနပ်တင်းတိမ် နိုင်ပေမယ့် တခါတလေ အားငယ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်လိုချင်နေတာ ကိုယ်ဖြစ်ချင် နေတာတွေ ထင်သလို ဖြစ်မလာလို့ပါ။ အားငယ်စရာ မဟုတ်ပေမယ့် အားငယ်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လိုချင်လွန်းတဲ့ အရာက ပင်မြင့် တော်ဝင်ပန်း ဖြစ်နေလို့ပါ။

အဆုံးစွန်မှာတော့ လူတစ်ယောက်မှာ ပညာမရှိရင် အသိဥာဏ်ရှိမယ်။ အသိဥာဏ်မရှိရင် ဆွေမျိုး အသိုင်းအ၀ိုင်းရှိမယ်။ ဆွေမျိုး အသိုင်းအ၀ိုင်းမရှိရင် မိတ်ကောင်း ဆွေကောင်းတွေ ရှိမယ်။ ဘာမှ မရှိတော့ရင်တောင်မှ ဘာများ အားငယ်နေမှာလဲနော်။ အမေပေးထားတဲ့ ဦးနှောက်ရှိသေးတယ်။ နောက် ခြေနှစ်ဖက်၊ လက်နှစ်ဖက် ရှိသေးတယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် အာမခံပေးနိုင်မဲ့ ရိုးသားမှုနဲ့ ကိုယ်ကျင့်တရားလဲ ရှိသေးတယ်။ ဒါဆို လူဖြစ်ရကျိုးတော့ နပ်ပါသေးတယ် မဟုတ်ပါလား။ ရိုးသားမှုကိုတော့ ကမ္ဘာပေါ်မှာ ဈေးအချိုဆုံးနဲ့ အမြတ်အစွန်း အများဆုံး ရရှိစေတဲ့ အရင်းအနှီး တစ်မျိုး ဖြစ်တယ်လို့ ထင်မိပါတယ်။ မိမိနဲ့ ဆက်သွယ်လာသူ မှန်သမျှ အပေါ်မှာ ယဉ်ယဉ်ကျေးကျေးနဲ့ ရိုးသားမှုကို ပြသပါ။ ရိုးသားမှုကို ပြသဖို့အတွက် အချိန်တော့ လိုပါမယ်။ ရိုးသားမှုအတွက် အချိန်ပေးဆပ်မှုကတော့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါမယ်။ ရိုးသားခြင်းဟာ အင်မတန် ရှားပါးတဲ့ ရတနာတစ်မျိုးလည်း ဖြစ်ပါတယ်။ လူတိုင်း လိုအပ်တဲ့ ပေးဆပ်ခြင်းမျိုးလည်း ဖြစ်ပါတယ်။ ရိုးသားပြီး သိမ်မွေ့တဲ့လူကိုတော့ ဘယ်သူမှ ဥပေက္ခာမပြုနိုင်ဘူးလို့ ထင်မိပါတယ်။ အသိအမှတ် မပြုဘဲလည်း နေလို့ မရနိုင်ပါဘူး။ ကျွန်တော့်မှာက ရိုးသားမှုတစ်ခုပဲ ပေးနိုင်စွမ်းသေးလို့ပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ .. .. ။


21 comments:

စိုင်းနောင့် said...

အားငယ်တတ်ရန်ကော
ပြော ပြော ဘယ်ကောင်မလေးလဲ ..
သွားတောင်းပေးမယ် အဟိ .. ..

လင်းဒီပ said...

ရိုးသားတာ အကောင်းဆုံးပါပဲဗျာ

ရွှေအင်းသူ said...

အားကိုကြီး
ရိုးသားတာလေး တပိဿာဖိုးလောက် ရောင်းပေး ပါလားနော်။ လိုက်ဝေချင်လို့...

ဘယ်သူအတွက်များ ရိုးသားပြီး ကြိုးစားနေပါလိမ့်နော် ..

ကောင်းကင်ပြာ said...

အင်မတန် ရှားပါးတဲ့ ရတနာလေး လာမျှယူတယ်။ ဘယ်ကောင်မလေးဆီ ပို့ပေး၇မလဲ အမ ကိုပြော။ သူများအကျိုးဆောင် ကိုယ်အကျိုးလေးများအောင်မလားလို့:)

hlaminnlay said...

တစ်စုံတစ်ယောက်ကို ဦးတည်ပြီး ရေးထားတာများလား၊ အမြဲပဲ ပဟေဠိလုပ်နေလို့ မယုံတော့ဘူး ..
ရိုးဂုဏ်ကိုတော့ ချစ်တယ် (အဟိ)

hlaminnlay said...

စကားမစပ်၊ တနေ့က ရတဲ့ လက်ဆောင် ဘာလဲလို့ ပြောမပြသေးဘူးနော် အကြွေးတွေ များနေပြီ နောက်ပို့စ်ကျရင် ရေးပြတော့

Win said...

လူတစ်ယောက်မှာ ရှိသင့်တဲ့ ရိုးသားမှုကို လာရှာပါတယ်။
(ကိုယ်က အရိုးပေါ်အရည်တင်တဲ့လူကို ပိုယုံတာ)
(အရိုးပိုများလို့လေ အဟီး)

ဝလုံးဝိုင်းဝိုင်း said...

ဘာမှ မရှိတော့ရင်တောင်မှ ဘာများ အားငယ်နေမှာလဲနော်။ ဒီစာသားလေး တွေ့တော့ သူခိုး ခိုးခံလိုက်ရတဲ့ ဂျပန်ဘုန်းကြီးကျောင်း ပုံပြင် ထင်ပါတယ်။ အဲဒါကို သတိရမိတယ်ဗျာ။ တစ်ကျောင်းလုံး ဘာပစ္စည်းမှ မကျန်တော့ လောက်အောင် သူခိုးက ခိုးသွားချိန်၊ ကျောင်းထိုင် ဘုန်းကြီးက လေသာပြတင်းပေါက်ကနေ ကောင်းကင်ကို မော့ကြည့်ပြီး “အင်း ငါ့အတွက် လခြမ်းပဲ့ကလေးတော့ ကျန်နေသေးတာပဲ” လို့ ဆိုငြီးတယ် ဆိုတာလေးပါ။ ရိုးဂုဏ် ရှိစေဖို့ ကြိုးစားလိုက်နာ လိုလှပါတယ်။ ကျေးဇူးပါ ကိုဝင်းဇော်။

မသက်ဇင် said...

ချစ်စရာကောင်းသောရိုးသားမှု--
ပိုစ့်ကောင်းလေးပါ--

ဖိုးစိန် said...

ရိုးသားမှု တစ်ခု နဲ့ တင်လုံလောက်ပါတယ်ဗျာ...
ရိုးသားရိုးရှင်းတဲ့ဘဝသည်သာလျှင်အေးချမ်းဆုံးပါ.
ခင်တဲ့
ဖိုးစိန်

မိုးခါး said...

ဘယ်လောက်ပဲ ရိုးသားအောင်နေနေ ငယ်ငယ်ကလိုတော့ မရိုးသားဖြစ်တော့တာအမှန်ပဲ .. ငယ်ငယ်က မကြိုက်ရင် မကြိုက်ဘူး ပြောခွင့်ရှိတယ် ပြောနိုင်တယ် .. ခုတော့ .. ဟန်ဆောင်တာတွေသိပ်များတယ် .. ဒါပေမယ့် ဘယ်သူ့မျတော့ မထိခိုက်စေဘူးထင်တာပါပဲ ..း)

flowerpoem said...

တစ်ယောက်ကတော့ ပြောဘူးပါတယ် ရိုးသားမှုဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်ဘူးတဲ့ကို ၀င်းဇော်..

မမသီရိ said...

ကိုယ်ကို့ကိုယ် ရိုးသားဖို့ ရော..
သူတပါးအပေါ် ရိုးသားဖို့ရော အရေးကြီးတာပေါ့..
ငွေကုန်ကြေးကျ မရှိဘူး
ဟန်မဆောင်ရတဲ့ အတွက် မပင်ပန်း ဘူး
လိမ်ညာစရာ မလိုတဲ့ အတွက် တသက်လုံး ကိုယ့် လိပ်ပြာ ကိုယ် သန့် တယ်..
လူတွေ မှာ အရေး ကြီးဆုံး က ကိုယ့်လိပ်ပြာ ကိုယ် သန့် ဖို့ပါပဲ.....
တကယ်ကောင်းပြီး တန်ဖိုး ရှိတဲ့ အရေးအသားလေး..

မယု said...

မောင်လေးရေ
လူတိုင်းမှာ ရှိသင့်တဲ့
ရိုးဂုဏ်လေးပေါ့နော်..အမှန်လိုအပ်ပါတယ်
အလွန်တကူ ရတတ်တဲ့
တန်ဖိုးမရှိဘူးလို့ ထင်တတ်တဲ့ အရာတွေက
ပို အရေးကြီးကြောင်း သိစေချင်တာ ကျေးဇူးတင်တယ်။

အလွမ်းခရီးသည် said...

Great ... go on ..))))))
thz for u r massage..

မု;သုင်ခု, said...

ငါလည်းရိုးသားချင်တယ်
ဒါပေမယ့် အင်တာနက်ပေါ်ရောက်ရင်
မရိုးမသား ဖြစ်ဖြစ်သွားတယ် (အဟတ်)
ပျော်စေပျက်စေ ပြောခဲ့ပေမယ့်
အမှန်တော့ ထိခိုက်စေချင်တဲ့ ဆန္ဒ မရှိပါဘူး။
ကနေ့ကစ ရိုးသားပြီးမှတ်။

နှင်းဆီနီ said...

လူရိုးတွေများ ဘယ်မှာများရှိနိုင်မလဲနော်
သိရင်ပြောပြပေးပါ (စတာ)
ပင်မြင့်တော်ဝင်ပန်းဆိုတာက
သူလား
ငါလား
ရှင်းရှင်းလင်းလင်း လုပ်နော်
ခဲနဲ့လာထုမှာ

မောင်မျိုး said...

ရိုးသားမှုဆိုတာ ငွေနဲ့ပေးဝယ်လို့မှမရတာ
တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုကို အစ်ကိုပိုင်ဆိုထားတာပဲ အားတင်ထား ညီဆို အဲ့ရိုးသားမှုလေးတောင်ပျက်တော့မလိုလို။။။

သက်တန့် said...

အင်း...
ခုခေတ်မှာတော့ ရိုးဂုဏ်ဆိုတာ ရှားပါးပစ္စည်းပဲ...
တန်ဖိုးဖြတ်လို့ မရဘူးပေါ့လေ...
ဂုဏ်ယူပါတယ် အကိုဝင်းဇော်... :)

အိမ် said...

ကိုဝဲကုတ်ကြီးကလဲ အားငယ်စရာမရှိ ကြံဖန်ငယ်
နေပြန်ပါပြီ။ အဲဒီရိုသားမှုကအဓိကဗျ ရိုးသားမှု
မရှိပဲ ဘာလုပ်လုပ် ၊ဘာမှ မအောင်မြင်ဘူးဗျို့
သိပ်ရိုးအသွားရင်တော့ တမျိုးပေါ့ဗျာ ဒါပေမဲ့
ကိုဝဲကုတ်ကြီးကိုလူရိုး လူအလို့တော့ မထင်......

Zayarr said...

ဖတ်သွားတယ်