Tuesday, March 31, 2009

Duplicate File Finder 3.5


နောက် freeware လေးတစ်ခုပါ။ 112 KB လေးပဲရှိတယ်။ သူ့ရဲ့ စွမ်းဆောင်ချက်ကတော့ ကွန်ပျူတာထဲက ဖိုင်တစ်ခုဟာ နေရာခွဲပြီး ၂ ဖိုင် ၃ ဖိုင် ဖြစ်နေရင် စုစည်းပြီး ရှာပေးပါတယ်။ ထပ်နေတဲ့ ဖိုင်တွေကို ဖျက်ပစ်နိုင်တာကြောင့် ကွန်ပျူတာရဲ့ free space ကိုပိုရစေပါတယ်။ မိမိရှာလိုတဲ့ ဖိုင်ရဲ့ Extension (jpeg, doc, pmd, p65, xls, pdf .....etc ) နဲ့ ရှာချင်တဲ့ Drive ကို ရွေးချယ်ပေးယုံပဲ ဖြစ်ပါတယ်။ ကွန်ပျူတာထဲ ထပ်နေတဲ့ ဖိုင်တွေကို မိနစ်ပိုင်းအတွက် ရှာပေးနိုင်တဲ့ freeware လေးရဲ့ Zip ဖိုင်ကို ဒီကနှိပ် ပြီး ယူနိုင်ပါတယ်။ အဆင်ပြေကြပါစေ။

13 comments:

တလနွန် said...

download လုပ်လိုက်ပြီး စမ်းသုံးလိုက်အုံးမယ်
ကျေးဇူးပါ အခုလို ဝေမျှတဲ့အတွက်

ကဗျာမလေး said...

လေးစားပါတယ် .... အောင်မြင်ပါစေ... ပျော်ရွှင်ပါစေ။

may16 said...

ကိုဝင်းဇော် အတော်ပဲ ထပ်နေတာတွေများလို့ ယူသွားပြီ..... (နတ်မင်းကြီးလေးပါးလည်း ပြင်လိုက်ပြီ ပြောပြတာကျေးဇူးပါ)

ရွှေအင်းသူ said...

ရုံးကစက်မှာ တင်ပြီး သုံးကြည့်တယ်၊ အိုကေတယ်။ ကျေးဇူး။

လင်းဒီပ said...

ကျေးဇူး UPG..:P
အဲ ကျေးဇူး welcome..

Heart Breaker said...

ဒေါင်းသွားတယ်။ Search နဲ့ဘာကသာတယ်မသိ

Unknown said...

ပေါ့ပေါ့ပါးပါးလေးမို့ run ကြည့် သုံးကြည့်အုန်းမယ်။ ရှယ်ပေးလို့ ၀မ်းသာတယ်။

Unknown said...

2 ခုလုံးစမ်းသုံးဖို့ ယူသွားတယ်။ အဆင်ပြေမယ် ထင်ပါတယ် ....))))

မိုးခါး said...

ကျေးဇူးပါ ဘရားသားး)

Anonymous said...

မျှဝေပေးလို့ ကျေးဇူးဘဲ ဘော်ဘော် ၊ စမ်းကြည့်လိုက်အုံးမယ်၊

မသက်ဇင် said...

ကိုဝင်းဇော်ရေ---
စာတွေလာဖတ်ပါတယ်---
မျှဝေပေးတာကျေးဇူးပါ---
ပျော်ရွှင်ပါစေ---

chocothazin said...
This comment has been removed by the author.
chocothazin said...

စတွေ့ တဲ့နေကတည်းက ယူသုံးကြည့်ပြီးပါပြီ
အိုကေပါတယ်
တစ်ခုပဲရှိတယ်...
ရှာတွေ့ တာအားလုံးက duplicated ပဲလေဆိုပြီး delete all duplicate နဲ့ဖျက်လိုက်မိတယ်...
ntoskrnl.exe file လေးပါသွားလို့ OS မတက်တော့ပါ...
ဟီး
ရုံးကစက်မှာတင်သုံးသူများသတိထားစေလိုပါတယ်..အခုရုံးကစက်မှာဒီပြသနာဖြစ်တော့ သိပ်မလွယ်လှဘူး... ဟီး
any way ... ကျေးဇူးပါပဲနော်