Thursday, March 26, 2009

အရင်းစစ်တော့


ကိုချစ်ဖေဇနီး မအေးငြိမ်းက အညာသူစစ်စစ်ပါ။ အေးဆေးတည်ငြိမ်ပြီး နားအေးပါးအေး နေတတ်တဲ့ အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်တယ်။ နယ်မှာနေစဉ်ခါက ဆိတ်ငြိမ်တဲ့ ၀န်းကျင်ကြောင့် စိတ်နေစိတ်ထားလည်း နူးနူးညံ့ညံ့ ရှိလှပါတယ်။ အလုပ်ကို အကြောင်းပြုပြီး ကိုချစ်ဖေတို့ ဇနီးမောင်နှံ တာမွေကို ပြောင်းလာကြရတယ်။ ကိုချစ်ဖေတို့ နေတဲ့တာမွေက တော်တော်လေးကို စည်ကားပြီး အချက်အခြာကျ လှပါတယ်။ မနက်ဖက်ဆို လမ်းဘေးဈေးသည်တွေ အစီအရီနဲ့ ပလက်ဖောင်း ဈေးခင်းလေး ရှိတတ်သလို ညဖက် လူခြေတိတ်ချိန်ထိ အသွားအလာ ပြတ်တယ်ရယ်လို့ မရှိတတ်ပါဘူး။ ဆိုက်ကားသံ၊ အမှိုက်သိမ်း တွန်းလှည်းသံ၊ ရေသန့် တွန်းလှည်းသံ၊ အလှူခံတွေရဲ့ အော်သံတွေအပြင် ဥဒဟို သွားလာနေတဲ့ လိုင်းကားအစုံစုံရဲ့ ဟွန်းသံ၊ ဘရိတ်နင်းသံ၊ လီဘာညစ်သံ တွေကို နိစ္စဓူဝ ကြားနေရတဲ့ ဆူညံသံတွေကြောင့် မအေးငြိမ်းခင်မျာ သည်းမခံနိုင်တော့ပါဘူး။ နူးညံ့တဲ့ စိတ်တွေ ပျောက်ပြီး ကြားသမျှ အသံတွေနောက်ကို တိုက်ခန်းထဲကနေ တဗျစ်တောက်တောက် ရေရွတ်နေတော့တာပါပဲ။ ပြောရခက်လို့သာ ကြည့်နေရတာ၊ နို့မဟုတ်ရင် အော်လွှတ်မယ့် သူပါ။

တစ်နေ့တစ်နေ့ နားမခံသာတဲ့ ဆူညံသံတွေကို အကြောင်းပြုပြီး ဇနီးသည်ကို နားချရတယ်။ သည်းခံပါ၊ ခွင့်လွှတ်ပါ၊ သူတို့မှာလည်း သူတို့မိသားစုရဲ့ တစ်ဝမ်းတခါး အတွက် လှုပ်ရှား သွားလာ လုပ်ကိုင်နေရတာ ဖြစ်လို့ ခန္ဓီတရားနှလုံးသွင်းပြီး နားလည်ပေးဖို့ တိုက်တွန်းရတယ်။ ဒီလိုနဲ့ စိတ်ရင်းမှန်တဲ့ မအေးငြိမ်း တစ်ယောက် တရားသဘော နှလုံးသွင်းပြီး တစ်ယောက်ထဲ အလိုမကျဘဲ ဗျစ်တောက်ဗျစ်တောက် ပြောတဲ့ ဥာဉ်ဆိုးလေး လျော့သွားတယ်။ တစ်နေ့ ရုံးအားရက် တစ်ရက်မှာ နေ့လည်စာစားပြီး ကိုချစ်ဖေ တစ်ယောက် မှေးကနဲ အိပ်ပျော်သွားတယ်။ သိပ်ကြာလိုက်မယ် မထင်ပါဘူး။ ကလေးနဲ့ လူငယ်လူရွယ် သုံးလေးယောက် လောက်က သံပြိုင်အော်လိုက်တဲ့ အသံကြောင့် ကိုချစ်ဖေ လန့်နိုးပြီး ကပြာကယာ ထထိုင်လိုက်မိတယ်-

  • " ကျေးဇူးရှင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့ခင်ဗျာ၊ အသုံးမလိုတော့တဲ့ နို့ဆီဗူးခွံများ၊ ရေသန့်ဗူးခွံများ၊ ဆေးပုလင်းခွံ၊ ကတ္တီပါ ဖိနပ်ပျက်များ၊ မီးချောင်း အကျွမ်းများ၊ မီးသီး အကျွမ်းများ ရှိရင် စွန့်ကြဲပေးပါ။ ကျေးဇူးရှင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ များခင်ဗျား "

လို့ အိမ်နောက်ဖေး လမ်းကြားကနေ သံပြိုင်အော်သံကို ကြားလိုက်ရတာကြောင့် ကိုချစ်ဖေ စိတ်ထဲမှာတော့ ဒီကလေးတွေ ငါ့မိန်းမနဲ့တော့ တွေ့တော့မှာပဲ ဆိုပြီး စိုးရိမ်စိတ် ၀င်သွားမိတယ်။ ဒါနဲ့ မအေးငြိမ်းကို ကြည့်လိုက်တော့ ဘုရားခန်းထဲမှာ ဘုရားပန်းအိုးတွေ တိုက်ချွတ်နေတာ တွေ့ရလို့ အနည်းငယ် စိတ်အေး သွားရတယ်။ အရင်လို ဒီလိုအနီးကပ် ဆူညံပူညံသံ ကြားလို့ကတော့ ဗျစ်တောက်ဗျစ်တောက် တင်မကတော့ဘူး အသားကုန် ကလော်တုပ် အဟုတ်လုပ်ခဲ့တယ်။ ဒါနဲ့ ကိုချစ်ဖေ တစ်ယောက် ဇနီးဆီ သွားပြီး

  • " မိန်းမရေ၊ ခုတခါတော့ တယ်ငြိမ်ပါလားနော်။ အေးပေါ့လေ စိတ်တိုစရာတွေ ကြုံတိုင်းသာ အော်ဟစ် နေမယ် ဆိုရင်လည်း ပတ်ဝန်းကျင်က ကဲ့ရဲ့ပါမယ်။ တရားသဘောနဲ့သာ စိတ်ကိုဖြေပါ"

လို့ တိုက်တွန်း လိုက်ပါတယ်။ ဒီအခါမှာ ဇနီးသည်ဖြစ်သူ မအေးငြိမ်း ပြန်ပြော လိုက်တာကတော့ -

  • " သြော် ကိုချစ်ဖေ၊ ရှင်က ဘာသိလို့လဲ၊ အရင်တုန်းက အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တဲ့ ဗူးခွံ၊ ပုလင်းခွံတွေ ရောင်းစားရမှန်း သိလို့ အခု လွှင့်မပြစ်တော့ဘဲ ရောင်းစား နေတာပါတော်၊ ဒီကောင်လေးတွေရဲ့ ကျေးဇူးကြောင့်ပဲ ရှင်ကြိုက်တတ်တဲ့ အရွက်ဟင်းတစ်ခွက် ပိုချက်နိုင်တာ။ အမှိုက်ထဲကနေ ငွေဖြစ်အောင် သူတို့လေးတွေ သင်ပေးထားတာလေ။ သူတို့က မိန်းမတို့ရဲ့ ကျေးဇူးရှင်လေးတွေ ဆိုလည်း မမှားဘူးပေါ့ " တဲ့ဗျာ။

ဘာကြောင့် ကမ္ဘာကြီး ဒီလောက် ငြိမ်းချမ်းနေမှန်း ခုမှအကြောင်းစုံ သိရတော့တယ်။ အော် .. ငြိမ်းချမ်းတဲ့ ကမ္ဘာမြေ၊ အေးချမ်းတဲ့ ကမ္ဘာမြေ .. ။

38 comments:

Anonymous said...

စာအရေးအသားကောင်းပါတယ် .... အမှားလေးတွေတော့ တွေ့နေရတုန်းပဲနော်။
စေတနာနဲ့ သတိပေးတာပါ။

မမသီရိ said...

ကိုချစ်ဖေ ကို ဇာတ်လိုက် လုပ်ခိုင်းတော့ မလို့ လား
ရယဇ၀င်ထဲ ကိုဒေါင်း တို့ လို...း)
.

Welcome said...

for .. (Anonymous)
စာရေးတာ Professional အလုပ် မဟုတ်တဲ့ အတွက် အမှားလေးတွေ မဟုတ်ပါဘူး အမှားကြီး တွေ မှားတာ ဖြစ်နိုင်ပါတယ်။ ပညာရှင်တွေ လာဖတ်ရင်တော့ ရီစရာ၊ ကဲ့ရဲ့စရာ၊ လှောင်စရာ ဖြစ်နေမှာ မလွဲပါဘူး။ အမှန်တော့ ဘယ်နေရာမှာ မှားတယ်/လိုသေးတယ် ဆိုတာ ထောက်ပြနိုင်ရင် ကျေးဇူးတင်မဆုံးပါဘူး။

ဘာဖြစ်ဖြစ် ဆဲမသွားတဲ့အတွက် ကျေးဇူးပါ။

လေးစားလျက် နဲ့ ၀င်းဇော်

Anonymous said...

အရွက်ဟင်းတစ်ခွက် ပိုချင်နိုင်တာ..... ကိုယ်အဖတ်မှားလားတော့ မသိပါ...။ ပညာရှင်လည်းမဟုတ်ပါ ... အမြဲဂရုထားလေ့ရှိသူပါ။
(အမြဲရှိနေပါတယ်)

ရွှေအင်းသူ said...

ဆိုလိုချင်တဲ့ ပွိုင့်က သေးပေမယ့် လိုရင်းရောက်အောင် ရေးနိုင်လို့ ဆုံးသည်အထိ ဖတ်ဖြစ်ခဲ့တယ်။ အားပေးနေပါမယ် ဘော်ဒါရေ။

ကြယ်ပြာ said...

ဖတ်သွားပါ၏ ... ကိုချစ်ဖေက မိန်းမနှစ်ယောက်တောင်ရှိနေပြီနော် (နောက်တာနော) ဖတ်လို့ကောင်းပါတယ် သူငယ်ချင်းရေ ... အားပေးလျက်ပါ ...

Welcome said...

အင်း သယ်ချင်းရေ
ကိုချစ်ဖေနဲ့ မအေးငြိမ်း တို့နဲ့ပဲ
စခန်းသွားမလားလို့ပါ။
သရုပ်ဆောင်များတော့လည်း ဟုံသွားမလားလို့။
ရေးတတ်တာမဟုတ်ပေမယ့်၊ အပျော်ဖတ်လို့ရရင် တော်ပါပီ၊ လာဖတ်ပေးလို့ ကျေးဇူး။

Unknown said...

ကိုချစ်ဖေရဲ့ ကစ်ကစ်ကြီးက
မအေးငြိမ်းပေါ့ မိုက်တယ်။
အကြောင်းအရာတွေ မထပ်ပဲ
ထပ်ရေးနိုင်မယ်လို့ မျော်လင့်တယ်။
စောင့်ဖတ်ပါမယ်။

Anonymous said...

ဇတ်လိုက်မင်းသမီးက မအေးငြိမ်း တဲ့လား
အားပေးနေတယ်ဗျို့

စိုင်းနောင့် said...

ရောက်ပြန်ပဲ အစ်ကိုရေ
နောက်မှ အသေအချာ ပြန်လာဖတ်ပါမယ်။
နက်က တုန်ချိ တုန်ချိ ဖြစ်နေလေရဲ့ .......

လင်းဒီပ said...

တော်ရှာပါတယ် မအေးငြိမ်းရယ်..

Unknown said...

တခုတ်တရလုပ်ကျွေးရှာတယ်
ကိုချစ်ဖေအတွက် မယားတောသူမို့ထင်ပ
အကြံမပိုင်၇င် ခြင်တောင်မရိုက်ဘူးဆိုပဲ .. ဂွတ်ထ

pandora said...

နှစ်ဦးနှစ်ဘက် အကျိုးရှိတာပေါ့ ဟုတ်လား
ဇာတ်လမ်းစဉ်းစားပုံလေး သဘောကျတယ်။

များများ ဆက်ရေးပါနော်။

Heart Breaker said...

ကိုဝဲလ်ကမ်းကြီး ဂျာနယ်ထုတ်မလို့လား (အဟေး)
စာလေးတွေ ဖတ်လို့ကောင်းတယ်။ ဆက်ရေးပါ။
ကိုဝဲလ်ကမ်းကြီးက ကိုချစ်ဖေပေါ့
မအေးငြိမ်းက ....)))
(ဗွေမယူပါနဲ့ စတာ နောက်တာ အတည်ပြောတါ)

mgnge said...

ကို ချစ်ဖေ ဆိုတဲ နာမည်က တော့လိုက် ပါတယ်.. ။
ခက်တာ က ဇါတ် ထဲမှာတော့ မအေးငြိမ်းနဲ့ တွဲ လို့ ..။
အပြင်မှာကျတော့..............................



လူပြို ကြီးရေ ကောင်းမှကောင်း..။ ပြန်ပြီတာ့တာ

အားပေးလျက်..။
ညီငယ်

Dream said...

ဦးဦးဝင်းဇော်ရေ။.. ဒီတခါ ဘီယာဗူးခွံတွေ ရောင်းစားမပစ်နဲ့နော်... ဟတ်ဟတ်။. သိမ်းထားသိမ်းထား.. ဗူးခွံတွေ စုလို့များလာရင်လည်း ရောင်းစားလိုက်.. နောက်တစ်လုံးလောက် ထပ်သောက်ရတာပေါ့.. ခစ်ခစ်.. ကျေးဇူးရှင်လေးတွေက လိမ္မာတယ်နော်.. ဟတ်ဟတ်... ဟင်းတခွက်ပိုစားရအောင် သင်ပေးတာဆိုတော့...း)

နောက်တာပါ.. တကယ်ပါ.. :P

Anonymous said...

သြော်..ကိုချစ်ဖေ.ကိုချစ်ဖေ..:))
မအေးငြိမ်းကိုကျေးဇူးတင်.သူကြောင့်.ဟင်းတခွက်ပိုစားနေရတာ.

Anonymous said...

သြော်..ကိုချစ်ဖေ.ကိုချစ်ဖေ..:))
မအေးငြိမ်းကိုကျေးဇူးတင်.သူကြောင့်.ဟင်းတခွက်ပိုစားနေရတာ.

မိုးခါး said...

ဖတ်လို့ကောင်းတယ်ဗျို့ .. အားပေးလျှက် ..

နွေးနွေးသဲမွန် said...

အဟတ်...အတွေးလေး ကောင်းပ အကို.. :-)

Anonymous said...

ဘော်ဒါကြီးရေ အတွေးကော၊ အရေးပါ ကောင်းပါ့ ယနေ့ဖြစ်ပျက်နေတဲ့ ရန်ကန်အခြေအနေမှန်ကို ဇတ်လမ်းလေးဖွဲ့ရေးပြပေးနိုင်တာ ကျေးဇူးပါ။

ကောင်းကင်ပြာ said...

ကိုချစ်ဖေနဲ့ မအေးငြိမ်းဘဲ ဇာတ်လိုက်လုပ်လုပ်၊ ကိုယ်တိုင် ပဲ ဇာတ်လိုက် လုပ်လုပ် စာရေးတာဖတ်လို့ ကောင်း၏

မိုးသောက်(ရှမ်းလေး) said...

ဝတ္ထုတိုဆိုရင် ကျွန်တော်က အ၇မ်းကြိုက်တာ အစ်ကိုရ... အခု အစ်ကိုရေးတာလဲ ကြိုက်တယ်...

Sein Lyan Tun said...

အမှိုက်ထဲက ငွေထွက်တဲ့ အကြောင်းလေးမှတ်သားသွားတယ်..
လုပ်စရာအလုပ်တစ်ခုမြင်သွားပါတယ်..

flowerpoem said...

ကိုဝင်းဇော် ဖတ်ပြီးသဘောအရမ်းကျတာပဲ ဟီး၂ ငွေရှာပုံကမိုက်တယ် အိမ်ကဟာတွေရောင်းအုံးမယ်..

Welcome said...
This comment has been removed by the author.
Anonymous said...

တောကတက်လာတဲ့ မအေးငြိမ်းတစ်ယောက်
မြို့ရောက်ပြီး သိပ်မကြာခင်မှာပဲ
ပုလင်းခွံတွေရောင်းမလောက်ရင်
ကိုချစ်ဖေကိုပါ ထည့်ရောင်းမယ့် အစီအစဉ်များ ရှိအုန်းမလားမသိနော်။

စာလေးဖတ်သွားတယ်
မယု

နှင်းဆီနီ said...

မပြည့်စုံတဲ့ ၀န်ထမ်းတွေရဲ့ ဘ၀တစိတ်တဒေသ များလားနော် အာ၈လောင်ချောင်ကြည့်တာ အဟဲ။
ဘာဖြစ်ဖြစ် စာကတော့ ဖတ်ကောင်းကောင်းနဲ့ ဖတ်သွားတယ်။ နောက်ဆို မယု ပြောသလို ကိုချစ်ဖေကိုပါ ရောင်းပီး အသားဟင်းများများ စားပစ်ရမယ် ထင်တယ်။

မိုးသား said...

အိမ်ရှင်မကို သင်ထားပေးရအုန်းမယ်၊
မှတ်သားလောက်ပါ၏ ...)))

Unknown said...

ကိုချစ်ဖေရဲ့ ကျေးဇူးရှင်က မအေးငြိမ်း၊ မအေးငြိမ်းရဲ့ ကျေးဇူးရှင်က အဟိ။ စတာနော်
ကိုဝဲလ်ကမ်းကြီးရဲ့ ဇာတ်လိုက်တွေကလည်း တောဆန်တဲ့ နာမည်ကြီး ဖြစ်နေတယ်။
ခေတ်ဆန်ဆန်လေး ပေးတာမဟုတ်ဘူး။

တားမြစ် ထားသော... said...

ကောင်းတဲ့ ပိုစ့်ပါပဲ။
ကျွန်တော်တို့ကိုဝင်းဇော်ကို ဒီမှာတွေ့လိုက်ရတယ်။ အမှားကြီးကြီး အမှားသေးသေး အတွေးအရေးလေးတွေ ဆက်စေချင်ပါကြောင်း..

သုခမိန်(E-Journal)

win latt said...

အမှိုက်ထဲ က ရွှေ
တန်ဘိုးရှိတယ်....။မအေးငြိမ်း တော်လာပြီ....အဲဒါကြောင့် ကိုချစ်ဖေ ချစ်နေရတာ...

စိတ်စမ်းရေ said...

တိုက်ဆိုင်တယ်...။လကုန်ခါနီးဆို ရောင်းလို့ရတာတွေ လိုက်လိုက်ရှာနေရတယ်....။

Unknown said...

ဝတ္ထုတိုလေး ဖတ်သွားတယ်။ ဆိုလိုရင်းလေး ကောင်းတယ်။ ဖတ်ပျော်တဲ့ စာလေးတွေ ဆက်ရေးဖို့ တိုက်တွန်းပါတယ် (နက်ကောင်းရင်ပေါ့)

မု;သုင်ခု, said...

ဘ၀သမားကိုချစ်ဖေနဲ့တော့ တွေ့ပြန်ပြီ။
(ဘီယာပုလင်းခွံတွေ ရောင်းရန်ရှိသည်)
ကြော်ငြာသွားတယ်နော့ တယောက်တ၀က်ပေါ့။

Unknown said...

ပျော်ရွှင်စရာ စာလေး ဖတ်သွားတယ်။ ကြိုးစားပါ၊ အားပေးနေ ပါတယ်ဝေ့ ..။။

Unknown said...

နောက်လည်း လာဖတ်ဖြစ်ပါမယ် ရီစရာနဲ့ ပညာပေး စာလေးတွေ ရေးပါ။ ကျေးဇူးတင်တယ်။

Unknown said...

ဟာသလေး ကြိုက်တယ်