Wednesday, March 25, 2009

'' ကောင်မလေးအတွက်ကဗျာ”


လှပခွင့် မရတဲ့  ညနေခင်းတစ်ခုမှာ
ကောင်မလေးနဲ့ ငါ မဆုံနိုင်အောင်ဝေးခဲ့ 
အချစ်မဲ့ နေပြီဖြစ်တဲ့  နေရာဟောင်းလေးတွေ ပြန်ရောက်တိုင်း
မျက်ဝန်းထဲ ကောင်မလေးရဲ့ ပုံရိပ်တွေမြင်တိုင်း
ရင်မှာ သွက်သွက်ခါအောင် လွမ်းတယ် . . .

ဝေးရပြီဆိုပေမယ့်လည်း သူနှစ်သက်တဲ့ 
သီချင်းတွေ ငါပြန်ဆိုမိနေတုန်းပဲ
အလွမ်းဆိုတာ စကားလုံးလေးလှသလောက်
သစ်ရွက်ကြွေလို ဝေပြဖို့ က
ရင်နင့်လွန်းလှပါတယ် ကောင်မလေးရယ် . . .

သတိရစိတ်နဲ့  တိတ်တိတ်ကလေးသိုဝှက်ထားတဲ့ 
မျှော်လင့် ချက်လေးတွေလည်း ပြိုပျက်ခဲ့ပြီ
တကယ်ဆို သူပြန်မလာနိုင်တော့ဘူး
ဆုံနိုင်ခွင့် ”ဆိုတဲ့  စကားလုံးလေးကိုပဲ
တိတ်တိတ်ကလေး ရွတ်ဆိုရင်း
လေလှိုင်းကြားက ကောင်မလေးရဲ့  အသံတွေ
ငါ့ နားစည်ထက် ပျံ့ လွှင့်နေတယ် . . .

( ပန်းခင်းလေး )

ကွန်နက်ရှင်မကောင်းလို့ ဘလောဂ့်ပေါ် တင်မဖြစ်သေးတဲ့ ပန်းခင်းလေး ရဲ့ ကဗျာလေးပါ။



19 comments:

Unknown said...

(ပန်းခင်းလေး)က ကောင်မလေးလား ကောင်လေးလား။ ကဗျာလေး က ကောင်းလေး ရေးထားသလိုပဲ။ ဖတ်လို့ကောင်းတယ်။ ခံစားချက် အပြည့်နဲ့ပေါ့။

မု;သုင်ခု, said...

ရိုးသား၊ ကျိုးစား၊ လုပ်အားနဲ့ နိုင်ငံတည်တဲ့။
ကိုယ်တော်ချောက ကောင်မလေး ကဗျာတွေနဲ့ ကြီးပွား နေပါ့လား။ ကဗျာလေးကောင်းတယ်။

ကဗျာမလေး said...

တကယ်ချစ်ရင် ... “ဆုံနိုင်ခွင့်” ဆိုတာ အလှမ်းမဝေးပါဘူး ကိုဝင်းဇော်..။
ပျော်ရွှင်နိုင်ပါစေ။

Unknown said...

စဉ်းစားသွားတယ် ;))))))))
ဘူလေးလဲ ဆိုတာကိုပါ... ဟတ် ဟတ်

Anonymous said...

တကယ်ချစ်ရင် ဆုံနိုင်ခွင့်ဆို တာ အနီးလေးပါ ရေးတဲ့ညီမလေးကို သဘောကျတယ်
တင်ပေးတဲ့ကိုဝင်းဇော်ကိုလည်း ထပ်ဆင့်ကျေးဇူးပါ..

နှင်းဆီနီ said...

ပန်းခင်းလေးရဲ့
ကဗျာလေး ဖတ်သွားတယ်
ငါကဗျာစပ်ရင်ရော တင်ပေးမှာလား
ခုကတည်းက ဘွတ်ကင်လုပ်ထားတာ ..

flowerworld said...

ပန်းခင်းလေးရေးထားတာပေါ့လေ ကဗျာလေးဖတ်ပြီး (heart ) ထိသွားပြီး ပြန်လျောပေး

Unknown said...

ကောင်မလေးရေးတဲ့ကဗျာဆိုပေမယ့်
ကောင်းလေးရဲ့ ခံစားချက်လိုဖြစ်နေတယ်။
ဘာကြောင့် ဘယ်သူ့ကြောင့် လဲနော် ...

Sein Lyan Tun said...

ကဗျာလေးကောင်းတယ်

Unknown said...

((အလွမ်းဆိုတာ စကားလုံးလေးလှသလောက်
သစ်ရွက်ကြွေလို ဝေပြဖို့ က
ရင်နင့်လွန်းလှပါတယ် ကောင်မလေးရယ် . . .))

စာသားလေးရွေးတာကောင်းတယ်။
အချစ်ကလူကို အမှန်ပဲ ပြောင်းလဲစေနိုင်သလို
အလွမ်းကလည်း စကားလုံးတွေကို လှပစေတယ်။

Anonymous said...

ဝေးရပြီဆိုပေမယ့်လည်း သူနှစ်သက်တဲ့ 
သီချင်းတွေ ငါပြန်ဆိုမိနေတုန်းပဲ
ကြိုက်တယ်..ခံစားသွားပါတယ်ဗျာ

Anonymous said...

သတိရစိတ်နဲ့  တိတ်တိတ်ကလေးသိုဝှက်ထားတဲ့ 
မျှော်လင့် ချက်လေးတွေလည်း ပြိုပျက်ခဲ့ပြီ
တကယ်ဆို သူပြန်မလာနိုင်တော့ဘူး

ပန်းခင်းရေ ..။
အရမ်းလွမ်းနေ ပြီလား.........။
ရင်ထဲကလာတာဆိုတော့ စကားလုံးတွေ ကပြင်းထန်နေတယ် ........။

ကို ၀င်းဇေါ်ကြီးရော......... မရေးဘူး လား ခံစားချက်လေး တွေ ထုတ်ပေး ပါဗျို့ 

Anonymous said...

အနှိုင်းမဲ့မေတ္တာနဲ့ ချစ်တတ်သူတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်ကို ကြည့်သွားတယ်။ ကဗျာကောင်းလေးပါ။

မိုးသား said...

ကဗျာလေးဖတ်သွားတယ်။

Unknown said...

ချစ်ရသူကို ဆွေးဆွေးမြေ့မြေ့ အမှတ်ရနေသူ တစ်ယောက်ရဲ့ ရင်တွင်းခံစားချက် ကဗျာလှလှ လေးကို ဖတ်သွားတယ်။

Kaung Kin Ko said...

ပန်းခင်းလေးရဲ့ ကဗျာလေး မိုက်တယ်ညီရေ။

ရွှေအင်းသူ said...

ကောင်မလေးတွေရဲ့ ကဗျာလေးတွေပဲ တင်နေပါ့လား။ ကောင်လေးနေရာကနေ ရေးထားတဲ့ ကဗျာလေးပဲ။ ဖတ်ကောင်းတယ်။ အားပေးနေပါမယ။

စိုင်းနောင့် said...

စာရေးကောင်းတဲ့ ပန်းခင်းလေး ဆီ ရောက်ခဲ့သေးတယ်။ သူ့ကဗျာလေးတွေလဲ ဖတ်လို့ ကောင်းတယ်။ ဖတ်ဖြစ်တယ်။ အတွေးအခေါ် တွေ ကောင်းတယ်။ ဘယ်ကောင်မလေး ကဗျာ ထပ်တင်အုန်းမလဲ၊ အဟဲ ရိုးသားမှုရှိပါစေ။

Unknown said...

ကဗျာတစ်ပုဒ်လုံး အပြစ်ပြောစရာမရှိအောင် ခံစားချက်တွေ ထုံလွှမ်းနေတယ်။ ခက်တာက ကောင်မလေးက ကောင်းမလေးအတွက် ရေးတာ မို့လို့ စဉ်းစားစရာဖြစ်မိတယ်။