Thursday, March 12, 2009

ဖြစ်ချင်မိတဲ့ ဆန္ဒလေး .. ..

ခရီးထွက်နေရရင် ပျော်စရာ သိပ်ကောင်းမှာပဲလို့ လူတွေက ထင်ကြပါမယ်။ အပျော်ခရီး ကို သူငယ်ချင်းတွေနဲ့ သွားရတယ် ဆိုရင်တော့ ပျော်စရာအတိ ဖြစ်မှာပါ။ ခုတော့ အလုပ်တစ်ဖက်နဲ့ ခရီးထွက်တာဆိုတာ့ ပျော်ဖို့ နေနေသာသာ အန္တရာယ် မဖြစ်အောင် ဂရုစိုက်နေတာနဲ့ပဲ စိတ်ဖိစီးမှုတွေ များများ လာရတယ်။ အလုပ်က ခရီးထွက်နေရတဲ့ အလုပ်ပေမို့ ခရီးသွားရတဲ့ ကံပါတယ်လို့ ဆိုရမှာပေါ့။ ခရီးစဉ်တိုင်းတော့ အဆင်ပြေ ချောမွေ့တယ် ရယ်လို့တော့ မဟုတ်ပါဘူး။ ကားက မဖောက်ရင် လူက ဖောက်တယ်။ လူနဲ့ ကားနဲ့ ကောင်းရင် ကုန်တွေက ဖောက်တယ်။ နောက် လမ်းကအဆင်မပြေ တာတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် နိစ္စဒူဝ လုပ်နေရတဲ့ အလုပ်မို့ ပျော်တာလည်း မဟုတ်တော့ဘူး၊ မပျော်ဘူးလည်း မဆိုနိုင် တော့ပါဘူး။ ခရီးထွက်လို့ လက်ငင်း ရဖြစ်တဲ့ အကျိုးကတော့ ဘုရားစာ များများ ရွတ်ဖြစ်တာပဲ ပြောစရာရှိပါတယ်။ ဒုက္ခကို ကြောက်လို့တော့ ဟုတ်ပါဘူး မမြင်နိုင်တဲ့ အန္တရာယ်တွေ ကင်းအောင်ပါ။

မနေ့က ပဲခူးကနေ ပြန်ရောက်ရောက်ချင်းပဲ ပင်ပန်းတာကို အကြောင်းပြပြီး ချက်ချင်း ရေချိုးလိုက်မိတယ်။ အပူရှပ်သလို ဖြစ်ပြီး ခုတော့ ကိုယ်လက် မအီမသာ ဖြစ်ရတယ်။ ဖွင့်ထားတဲ့ Chat Box ကနေ ကျောက်မြောင်းက သယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ကိုးကွယ်တဲ့ ဘာသာအယူ ၀ါဒမတူတဲ့ ချစ်သူနှစ်ဦးရဲ့ ရင်တွင်းဇာတ်လမ်း အဖြစ်အပျက်လေးကို ဆွေးနွေးဖြစ်ခဲ့တယ်။ တစ်ယောက်က ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်၊ ကျန်တစ်ယောက်က ခရစ်ယာန်ဘာသာ ကိုးကွယ်တယ်။ စိတ်တူကိုယ်တူ ချစ်သူဘ၀ကို မရောက်ဖြစ်သေးတဲ့ သယ်ချင်း နှစ်ယောက်ပါ။ တစ်ယောက်ကို တစ်ယောက် မြတ်နိုးခဲ့ ပေမယ့်လည်း ဘာသာတရား ကိုင်းရှိုင်းလွန်းတဲ့ နှစ်ဖက် မိဘဆွေမျိုး တွေကြောင့် ရှေ့ဆက်မတိုးနိုင်တဲ့ မေတ္တာဘွဲ့ဖွင့် ဇာတ်လမ်းလေးပါ။ ဒီအကြောင်းလေး ပြောဖြစ်တော့ ကျိုင်းတုံက စီနီယာ သူငယ်ချင်း စုံတွဲကို သွားသတိရမိတယ်။ စီနီယာ အစ်မက ခရစ်ယာန်၊ စီနီယာ အစ်ကိုက ဗုဒ္ဓဘာသာ ကိုးကွယ်တယ်။ ယူခါစတုန်းကတော့ သူ့ဘာသာ ကိုယ့်ဘာသာကို ယုံကြည်သလို နှစ်ဦးသဘောတူ တစ်မျိုးစီ ကိုးကွယ်ခဲ့ကြတယ်။ ဘာမှတော့ ပြဿနာ ကြီးကြီးမားမား မရှိခဲ့တဲ့ အေးချမ်းတဲ့ အိမ်ထောင်ရေးလေးပါ။ ဒါပေမယ့် နှစ်တွေကြာပြီး သားသမီးတွေ ရလာတဲ့အခါ အမေနဲ့ ပိုအနေနီးတဲ့ သားသမီးတွေက ခရစ်ယာန်လေးတွေ ဖြစ်ကုန်တယ်။ စီနီယာ အစ်ကိုခင်မျာလည်း ဇနီးနဲ့ သားသမီးကို ချပ်ကျောင်း အကြိုအပို့ လုပ်ရင်းကနေပဲ နောက်ဆုံးတော့ မိသားစုကို ငဲ့ညာပြီး ဘာသာခြားကို ကူးသွားခဲ့တယ်။ ခုထက်ထိ နွေးထွေးတဲ့ မိသားစုလေးနဲ့အတူ ရှေ့ခရီးကို ချီတက်ဆဲပါ။ နောက်ပေါက် ကောင်လေးနဲ့ ကောင်မလေးကရော တံတိုင်းလို ခြားနေတဲ့ ဘာသာအယူဝါဒကို ဘယ်လို ကျော်လွှားနိုင်မှာ လဲနော်။ ရှေ့ဆက်ဖြစ်ရင်တော့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်လာမှာ အမှန်ပါပဲ။

တကယ်တော့ အချစ်ဆိုတာ သူ့ကဏ္ဍနဲ့သူ၊ သူ့ကံဇာတာနဲ့သူ သတ်မှတ်ပြီးသား ဖြစ်နေရင် အင်မတန် မြတ်နိုးစရာ ကောင်းတဲ့ ခံစားချက် တစ်ခုပါ။ အဲဒီအချစ်ကို ဘာသာအယူဝါ တွေနဲ့ ပိုင်းခြား၊ ငွေကြေးအရှိန်အ၀ါ တွေနဲ့တိုင်းတာ၊ မာနအတ္တတွေ တကိုယ်ကောင်း ဆန်မှုတွေနဲ့ ချိန်ထိုး နေမယ်ဆိုရင် အချစ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်သွားပါမယ်။ အမှန်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလည်း မဟုတ်သလို၊ ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်ပါဘူး။ အနီးစပ်ဆုံး ပြောရရင် တစ်ဦးနဲ့ တစ်ဦး စိတ်တူ ကိုယ်တူ ဖလှယ်ခြင်းလို့ မြင်မိပါတယ်။ တစ်ဦးရဲ့ ပျော်ရွှင်မှုကို တစ်ဦးဆီကို ပေးပြီး ဖလှယ်တာဟာ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်စေပါတယ်။ ဒါကြောင့် ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိနေပါစေ တစ်ဦးအပေါ် တစ်ဦး နားလည်မှုရှိပြီး အပေးအယူ မျှတခဲ့မယ်ဆိုရင် ပျော်ရွှင်တဲ့ ဘ၀တစ်ခုကို တည်ဆောက် ယူနိုင်မယ်လို့ ထင်မြင်မိပါတယ်။

သယ်ချင်းနဲ့ အပေါ်ကအတိုင်း ဆွေးနွေးနေရင်းနဲ့ပဲ အင်တာနက် ကွန်နက်ရှင်းက ပြတ်သွားတယ်။ သွေးရိုးသွေးတန်း ကွန်နက်ရှင် ဒေါင်းတယ်လို့ပဲ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် ဂရုမပြုဘဲ ပစ်ထားတာ ကြာပီဖြစ်တဲ့ ဖုန်းတွေ အလိမ်းလိမ်းတက်နေတဲ့ modem ကိုဖုန်သုတ်ဖို့ ကောက်ကိုင်လိုက်တာ မီးစွဲနေတဲ့ မီးသွေးခဲကို ကိုင်လိုက်မိသလို လက်တစ်ခုလုံး အပူလောင် သွားတယ်။ အပူလွန်ကဲနေတဲ့ modem ကိုလည်း လက်ကနေ လွတ်ချလိုက်ရတယ်။ ခုမှပဲ အိပ်ခန်းကို ညော်နံ့သင်းနေစေတဲ့ တရားခံကို တွေ့တာ ဖြစ်တယ်။ အိပ်ခန်းထဲမှာ လျှပ်စစ်ပစ္စည်းတွေ ချည်းပဲဆိုတော့ ဒီလို ညော်နံ့က နှာခေါင်း ယဉ်နေတာမို့ ဖာသိဖာသာပဲ နေခဲ့မိပါတယ်။ Modem မကောင်းရင်တော့ အင်တာနက်တက်ဖို့ တစ်ရက် နှစ်ရက်လောက်တော့ သည်းခံရပါအုန်းမယ်။ ဒီလိုတွေးပြီး စိတ်မကောင်း ဖြစ်ရတယ်။ နေ့တိုင်း အင်တာနက်ပေါ် အလည်လွန် နေတတ်သူ တစ်ယောက်အနေနဲ့ ရုတ်တရက် အင်တာနက်ပေါ် မတက်ဖြစ်တဲ့ ရင်ထဲက ခံစားချက်ကို နားလည်နိုင်ကြမှာပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

22 comments:

Anonymous said...

အလုပ်မအားတာနဲ့ အင်တာနက်နဲ့ ဝေးနေတာ ၂ ပတ်လောက်ရှိသွားပီ မောင်လေးရေ..
ခရီးသွားစာလေးတွေ ဖတ်သွားတယ်နော်။
စာတွေ အရင်ကထက် ပိုဖတ်လို့ ကောင်းလာတယ်။
ရင်ထဲမှာ အစိုင်အခဲလေးတွေ အရည်ပျော်နေပြီ ဆိုရင်တော့ ဖတ်လို့ကောင်းမဲ့ စာတွေ ကဗျာတွေ စိမ့်ထွက်လာမှာပါ။

တောင်ပေါ်သား said...

အပါး တော်သေးတာပေါ့ အကိုရာ အသိမြန်ပေလို့.. တော်ကြာ ဒုက္ခ ရောက်နေဦးမယ် သတိထားဗျ.. ဘာသာမတူ သမီးရည်းစားများနဲ့ ပတ်သက်ပြီးကတော့ အင်းးး အားလုံး အတူတူ ညှိနှိုင်းပြီး ဆက်ချစ်နိုင်ပါစေလို့ပဲ........


လေးစားလျက်
တောင်ပေါ်သား

တောင်ပေါ်သား said...

အပါး တော်သေးတာပေါ့ အကိုရာ အသိမြန်ပေလို့.. တော်ကြာ ဒုက္ခ ရောက်နေဦးမယ် သတိထားဗျ.. ဘာသာမတူ သမီးရည်းစားများနဲ့ ပတ်သက်ပြီးကတော့ အင်းးး အားလုံး အတူတူ ညှိနှိုင်းပြီး ဆက်ချစ်နိုင်ပါစေလို့ပဲ........


လေးစားလျက်
တောင်ပေါ်သား

မု;သုင်ခု, said...

ကိုယ်လည်း ခရီးထွက်ရတာ ကြိုက်တယ်။
အိမ်မှာနေရတဲ့ အချိန်ကနည်းပါတယ်။
တောင်ကြီးကို ပြန်ရောက်ရင်တောင်မှ
အိမ်မပြန်ဖြစ်ပဲ အေးသာယာမှာပဲ ကားနဲ့ နေဖြစ်တယ်။ အလုပ်သံယောဇဉ်ပေါ့နော်
အားတုံး လာလည်တယ် ကျေးဇူး။

မု;သုင်ခု, said...

ဘာသာခြားတွေကရော တစ်ယောက်နဲ့ တစ်ယောက် မချစ်ရတော့ဘူးလား။ အစိုးရိမ် လွန်သူများအတွက်တော့ ဖြစ်နိုင်ပါတယ်။
ကိုယ်က တစ်ကယ်ချစ်တယ်
တစ်ကယ်မြတ်နိုးတယ် တယောက်နဲ့တယောက် အပြန်အလှန်နားလည်မှု ရှိတယ်ဆိုရင် အိမ်ထောင်ဖက် ဖြစ်နိုင်တာပဲ။ (ဒါပေမယ့်လည်း မြောက်မပေးချင်ပါဘူး)
အိမ်ထောင်ရေးကိစ္စက သိမ်မွေ့ပြီး နက်နဲလွန်းလှ ပါတယ်။

flowerworld said...

အင်တာနတ်ကလက်မခံနိုင်တော့တာ
ကိုယ်လုံးကြီးလာလို့ဖြစ်မှာပေါ့..ဟိဟိ
ဘာသာမတူပဲယူထားတဲ့သူတွေအများကြီးတွေ့ဖူးပါတယ် မီးလေး..သူငယ်ချင်းမိသားစုတွေလဲ နေထိုင်သွားကြတာအဆင်ပြေပါတယ် အဓိကကတော့ နားလည်မှု့ပေါ့

မမသီရိ said...

ခရီးထွက်ရတာ ကောင်းပါတယ် ကိုဝင်းဇော်ရဲ့
သူများတွေ ဆို.. အသက်သာ သေသွားတယ်
ကိုယ့်မွေးရပ် ကနေ ဘယ်မှ မရောက်ဖူးသူတွေ
တပုံ ကြီးလေ..
ကိုဝင်းဇော် အတွေ့ အကြုံလေး တွေ.. ပြန်ဝေမျှတော့
ကျမတို့.. ဗဟုသုတ ရတာပေါ့...
...
ဘာသာ မတူတဲ့ အိမ်ထောင်ရေး ကတော့..
အင်း... ကျမတွေ့ဖူး တယ် ဘာသာ
မတူကြဖူး... ဒါပေမဲ့ သူတို့ ကွယ်လွန်တဲ့ ထိ အတူတူ နေသွား ကြတယ်.. ကိုယ် ယုံကြည်ရာ အတိုင်း ပဲလေ

သူတို့ရဲ့ ကလေးတွေ လဲ.. တယောက်က အမေ့ ဘာသာ..နောက်တယောက်ကျတော့ အဖေ့ ဘာသာ
အေးအေး ချမ်းချမ်း ပါပဲ

တယောက်ါအပေါ် တယောက် နားလည်ပေးနိုင်မယ်
ဆွေးမျိုးတွေ နဲ့ ဘေး ပတ်ဝန်းကျင် ရဲ့ ဖိအားပေးမှုတွေ ကို လဲ ခံ နိုင်မယ် ဆိုရင်
ပြသနာ တော့ မဟုတ်လောက် ဖူး

မမသီရိ said...

အဲ... မီးတော့ ဂရုစိုက်ပါ ဆရာ ရယ်..
တောနေကြာ ကျမတို့
အတွေ့ အကြုံသစ်လေးတွေ မဖတ်ရ ရှိနေပါအုံးမယ်

Anonymous said...

ခုရောနေထိုင်ကောင်းသွားပြီလား ရှမ်းလေးရေ ... နောက်ဆို အနံ့ယဉ်လဲ ညှော်နံ့ရရင် ပစ်မထားနဲ့ဦး ...

နှင်းဆီနီ said...

အလုပ်ကို ဦးစားပေး လုပ်တတ်တဲ့ ယောက်ျားတွေ ကို ဂုဏ်ယူပါတယ်။ ဘာလို့လဲ ဆိုတော့ အဖေတို့ အိမ်က အစ်ကိုတို့ဆို တအားကြောက်ရတယ်။ သူတို့က အလုပ်ထွက်လုပ်ရတာကိုးနော်။ အဆင်မပြေ တာရှိရင် အိမ်ကို သယ်လာပြီး မျက်နာကြီး ဆူပုတ်နေလို့ မေတို့ စကားတောင် ကျယ်ကျယ် မပြောရဲဘူး။ ကိုဝင်းဇော်လည်း ခရီး သွားရင် ဂရုစိုက်စေချင်ပါတယ်။ ကျန်းမာရေးရော အစစ အရာရာပေါ့

ခင်မင်တဲ့

နှင်းဆီနီ said...

ဘာသာမတူတဲ့ ပြဿနာက ပြောရခက်တယ်။ သိပ်ပြီး ဘာသာတရား ကိုင်းရှိုင်းလွန်းတဲ့ မိသားစု တွေဖြစ်ကြရင်တော့ ခက်ခဲနိုင်ပါတယ်။ တွေ့ကြုံ ဖူးတာကတော့ အဲလို ဘာသာခြားစုံတွေက အိမ်က သဘောမတူရင် လိုက်ပြေးသွားကြတာ များတယ်။ ကလေးတွေ ဘာတွေ ရမှ အိမ်က ပြန်လက်ခံ တယ်လေ။ ဒီလိုပြောပုံထောက်တော့ ကိုဝင်းဇော် ကြီးရဲ့ ချစ်ချစ်က ဘာသာခြားမို့လား၊ စိုးရိမ်တယ်။

Unknown said...

အင်တာနက်ပေါ် များများလည်ချင်သေးရင် မော်ဒင်း ပြန်ဝယ်လိုက်အုန်းနော် (ကောင်းဒယ်)
ကိုဝင်းဇော် ကောင်မလေးက ဘာသာခြား ခရစ်ယာန် မို့လို့ မေးနေတာလား။
ရိုးရိုးသားသားတော့ မဟုတ်လောက်တော့ဘူး ..

take care ...အစစ အရာရာတွေပေါ့

Anonymous said...

ကိုဝင်းဇော်ပြောတဲ့ အချစ်အကြောင်းကိုလက်ခံပါတယ် အဲလိုပဲဖြစ်သင့်တယ် ကျွန်မတို့လည်း မိုဒမ်ဒေါင်းသွား လို့ အသစ်ဝယ်လိုက်တာ မကြာသေးပါဘူး..

Anonymous said...

အားလုံး အဆင်ပြေပါစေ အကိုရေ..

Anonymous said...

ကျန်တာတော့မသိဘူးဗျာ..။ အင်တာနက်မသုံးရလို့ အွန်လိုင်း မ၀င်ဖြစ်ပဲ ပိုစ့်အသစ်မတွေ့ လို့ ကတော့ လာလာအော်မှာနော်..ဟဲဟဲ သိတယ်ဟုတ်..။

ဘာသာမတူတာ ကတော့ ကျွန်တော်ကတော့အယူမရှိဘူး ဗျာ..။ ကျွန်တော့သူငယ်ချင်းနှစ်ယောက်ဆို ဒီဇင်ဘာ ကမှ မင်္ဂလာဆောင်သွားတာ..။ နှစ်ယောက်စလုံးကကျောင်းနေ ဘက်တွေ..။ယောကျာင်္းလေးက ကရင် ခရစ်ယာန်..မိန်း ကလေး ကတရုတ်ဗုဒ္ဒဘာသာ.။ အစကတော့ ဒုနဲဒေး ပြဿနာတွေ..ကျွန်တော်တောင်အစစ်ပါသေးတယ်..။ လိုက်ကူညီရတာ.. အခုတော့ သူတို့ ယူဖြစ်သွားကြတာ ပဲ..။
ဘာမှမပူနဲ့လို့ ပြောလိုက်ပါဗျာ...။

Dream said...

ဘယ်လောက်ပဲ ချစ်ချစ် ဘာသာမတူတော့ တချိန်မှာ အခက်တွေ့နိုင်တာပေါ့။ သူ့ဘက်လည်း မကောင်း ကိုယ့်ဘက်လည်း မကောင်း နဲ့ အခက်တွေ့စေပါတယ်။ မယူခင်ကတည်းက အချိန်ယူ သေချာ စဉ်းစားကြရင် ကောင်းမယ်လို့ ထင်ပါတယ်။
နားလည်မှုတွေ ပေးနိုင်ပါ့မလား ဆိုတာကိုပေါ့။
း))
အဆင်ပြေကြပါစေ။

ဘာသာသာသနာ တည်တန့်နိုင်ပါစေ။

Co2zeиith said...

ထိတရ်ဗျာ၊၊

သီချင်းလေးနဲ့ ကို မျှောနေပြီ၊၊
စာကိုဖတ်လိုက်ရတော့း( သွားသလိုပဲ၊၊

မသက်ဇင် said...

ကိုဝင်းဇော်စာအရေးကောင်းတာ--
အစကနေအဆုံးထိ လိုက်ပါသွားတယ်--

မိုးသား said...

စာတွေ ဖတ်သွားပါတယ်နော်

Heart Breaker said...

ဘာသာမတူပေမယ့်
စိတ်ချင်းတူရင်
အနေနီးနိုင်တာပဲ
ဘယ်သူတွေ ဘာပြောပြော
စိတ်ချမ်းသာတာလုပ်ပါ

ရွှေအင်းသူ said...

နာလည်း ဒိတော့ဘူး ..
နက်ပေါ် မရောက်ဖြစ်ရင်တော့ အားငယ်တဲ့ စိတ်က ထိန်းလို့ကို မရဘူး။ နောက်ပြီး စိတ်ရောဂါ ရနိုင်တယ်။ အဟုတ်ပြောတာ။

Anonymous said...

ဇာတ်လမ်းတွေ ကောင်းတယ်။ နောက်ဆုံး ထုတ်ဖော်ပြသလိုက်တဲ့ အချစ်ရဲ့ အဓိပ္ပာယ်လဲ ကောင်းတယ်ဗျာ။