Monday, March 9, 2009

သံယောဇဉ်အမျှင် တန်းတယ် .. ..

တိမ်တောက်နေတဲ့ ကောင်းကင်ကို မြင်တော့ ရင်ကို ပိုအိုက်လာစေတယ်။ ဒီလို ပြိုးပြက်တဲ့ အလင်းရောင်ဟာ လွမ်းကျန်ခဲ့တဲ့ ကိုယ့်အဖို့ ဘယ်လိုမှ ခံနိုင်ရည် မရှိဘူးဆိုတာ မင်းလေး ယုံနိုင်မလားပဲ။ မင်းနဲ့ အတူရှိနေခဲ့တဲ့ ခဏတာ အချိန်လေးမှာ ရာသီဥတုလေးက တကယ့်ကို ထာဝရ အိုအေစစ်လေးပါ။ ဒီအချိန်လေးကိုပဲ ဖမ်းဆုပ်ထားနိုင်မယ် ဆိုရင် ကိုယ့်အတွက် အတိုင်းထက် အလွန် ကျေနပ်မှုကို ဖြစ်မစေမှာ အမှန်ပါ။ နွေးနေတဲ့ ရေမှုန်လေးတွေရယ်၊ မြေသင်းရနံ့လေးရယ်၊ တိမ်ကင်းတဲ့ ကောင်းကင်ပြာပြာ ကြီးရယ်က မင်းလေးကို ဒီနွေရက်မှာ ပြောပြ ပါလိမ့်မယ် .. ကိုယ်မင်းကို သံယောဇဉ် ရှိနေတယ် ဆိုတာကိုပါ။

မဟာဆန်တဲ့ မျက်နှာလေးနဲ့ အပြုံးတွေ ဝေနေတဲ့ မင်းလေးကို မျက်စိထဲကနေ မထွက်နိုင်ခဲ့ဘူးလေ။ မင်းလေးရဲ့ ဂုဏ်ပုဒ်တွေက အချစ်ကဲ့သို့ နူးညံ့သိမ်မွေ့ခြင်း တွေနဲ့ အတူ အမျက်ဒေါသ ကင်းသူလည်း ဖြစ်တယ်။ အလွန်နူးညံ့သိမ်မွေ့ တတ်သူတစ်ဦးဖြစ်ပြီး နှုတ်ထွက် စကားတွေတိုင်းက တစ်ပါးသူအတွက် ပျားသကာလို ချိုမြိန်စေတယ်။ မင်းလေးရဲ့ ဂရုတစိုက် လုပ်ကိုင်ပေးတတ်မှုတွေ အမြဲပဲ တစ်ဘက်လူအပေါ် အကာအကွယ် ပေးတတ်မှုတွေနဲ့ ကျေနပ်မှုတွေကြောင့် လူချစ်လူခင် ပေါများသူဖြစ်တယ်။ ဒါပေမဲ့ လည်း ကိုယ်တိုင်မှာတော့ အမြဲခံစားကျိုးပဲ့ လွယ်တတ်တဲ့  စိုးရိမ်ပူပန်ခြင်းတွေနဲ့  ချစ်စရာ အလွန်ကောင်းသူ တစ်ဦးပါတဲ့။ ဒီလို စိုးရိမ် ကြောင့်ကျစိတ် ကြောင့်ပဲ ကိုယ့်ကို အပြည့်အ၀ မယုံကြည်ခဲ့ တာလေလားပဲနော်။

ကိုယ်မင်းကို လွမ်းတယ်။ နှုတ်ခမ်းနဲ့ လွမ်းတာမဟုတ်ပါဘူး။ ရင်မှာဖြစ်တဲ့ နှလုံးသားနဲ့ လွမ်းတယ် ဆိုတာကို ယုံစေချင်တယ်။ တစ်နေ့နေ့ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ မင်းလေးကို စောင့်နေမိတယ်။ မင်းဆီက နူးညံ့တဲ့ အပြုံးတစ်ပွင့်နဲ့အတူ နွေးထွေးတဲ့ လက်တစ်စုံရဲ့ အင်အားကို ကိုယ်တမ်းတ နေမိတယ်။ ကိုယ်ညည်းဖို့ မင်းလေး ပေးထားတဲ့ သီချင်းလေးတွေကို ကောင်းကင်ပေါ် ကြယ်တွေစုံတဲ့ ညမှာ မင်းလေးရှိနေမယ့် နေရာကို ရော်ရည်မှန်းပြီး ညည်းချင်းထပ် နေမိတယ်။ ကိုယ့်သံယောဇဉ်တွေဟာ အဖော်မပါတဲ့ လမ်းမပေါ် ရှင်သန်လျက်ပါ။ အလွမ်းတွေနဲ့ ဝေးစေမယ့် နေရာသစ်ဆီကို ခေါ်သွားနိုင်မယ့် သူဟာ မင်းလေးပဲ ဖြစ်တယ်ဆိုတာ ကိုယ်ယုံကြည်တယ်။

အဖြူသက်သက် ကိုယ့်နှလုံးကို ပုံရိပ်ထင်စေတာ မင်းလေးပဲဆို ယုံမှားသံသယ မဖြစ်မိပါဘူး။ အလတ်ဆတ်ဆုံး နဲ့ အသန့်ရှင်းဆုံး ရင်ခုန်သံတွေကို ပထမဆုံး ဖြစ်ပေါ် စေခဲ့တာလည်း မင်းလေးပဲ ဖြစ်တယ်ဆို ၀န်ခံပါရစေ။ မင်းလေးကို သံယောဇဉ်ရှိ တယ်ဆိုတာကို ကိုယ် အပွင့်လင်းဆုံး ၀န်ခံခဲ့ပါပြီ။ ပကတိ ရိုးသားတဲ့ စကားလုံးတွေရဲ့ နောက်မှာ အစစ်မှန်ဆုံး ရင်ခုန်သံတွေကို မင်လေး မေ့နိုင်မှာလား။ ကိုယ့်ဘ၀မှာ အမြတ်နိုးဆုံး ဆိုတဲ့ နေရာလေးမှာ ရှိနေစေဖို့ ရည်ရွယ်ရင်း၊ မျှော်လင့်ရင်း မင်းလေးနဲ့ ဝေးရမှာ ကြောက်မိတဲ့ ကိုယ့်ရဲ့ စိုးရိမ်စိတ်နဲ့အတူ မင်းလေး ပြောဖို့ကျန်နေသေးတဲ့ စကားလေး တစ်ခွန်းကို စောင့်မျှော်နေလျက်ပါ။






23 comments:

မမသီရိ said...

သီချင်ေးလး နားထောင်ရင်း
စာဖတ်ရ တဲ့ အရ လေး က တမျိုးပဲ
ဆုတောင်းတွေ ဆန္ဒတွေ အမြန်ပြည့်ပါစေ နော်

Anonymous said...

သီချင်းလေးကို သဘောကျတယ် .... အချစ်ကြောင့် စကားလုံး နူးနူးညံ့ညံ့လေးတွေထွက်ကျလာသလားပဲရယ် ...

tg.nwai said...

ဖတ်မိစေချင်တဲ့သူ ဖတ်မိပြီး အဆင်ပြေ ချောမွေ့ပါစေ...

Anonymous said...

ဘယ်သူ့ ကို ဖတ်စေချင်လည်း ဒီ စာ... ကျွန်တော့ တောင် ဖတ်ပြီးနည်းနည်း ကြွေချင်သွား ပြီ...။ စာကို ပဲနော် ဟွမ်းဟွမ်း..။

ရှိတ် ဘရာ ... အားမနာနဲ့  ဖတ်စေချင်တဲ့သူ ရှိရင်ပြော ..။
ဒါမျိုးကို ကူညီချင်တာကြာ ပြီ

လင်းဒီပ said...

ဟေ့လူ အဲဒီသီချင်းလေးက ကျုပ်ကြိုက်တယ်ဗျ...
အဲဒီကောင်မလေးကတော့(ဟီး)ခင်ဗျားပဲ ကြိုက်လိုက်..
နူးနူးညံ့ညံ့လေးရေးပြီး သီချင်းနားထောင်ခိုင်းတော့
နောက်တီးနောက်တောက်လေးရေးပြီး ပြန်သွားသည်..:P

သက်ဝေ said...

ကိုဝင်းဇော်ရေ...
အမဆီမှာ ရေးခဲ့တဲ့ Comment အတွက် ကျေးဇူးအထူးပါနော်.. မကြိုက်စရာ ဘာမှ မရှိပါလေ... ကိုယ်နဲ့ ဆွေမျိုးတစ်ယောက် နေမကောင်းတဲ့ သတင်းကြောင့် စိတ်သောကတွေ ရောက်နေလို့ပါ...
အဲဒီသတင်း ကြားကြားချင်းနေ့ကတော့ တော်တော်ကို မရှုနိုင် မကယ်နိုင်နဲ့ပေါ့။ ဒီနေ့တော့ သတင်းကောင်းလေး နဲနဲကြားရလို့ အသက်ပြန်ရှုနိုင်လာတယ်လေ...
အမဆီ အမြဲတမ်းလာလည်ပြီး အားပေးတတ်တာ သတိတရ မှတ်တမ်းတင်ထားပါတယ်..

ဆောင်းဦးလှိုင် သီချင်းလေး နားထောင်ရတာ စိတ်ထဲမှာ နူးနူးညံ့ညံ့ရှိလှတယ်... ဆန္ဒတွေ အမြန်ဆုံး ပြည့်ဝပါစေလို့ အမက တလှည့် ပြန်ပြီး ဆုတောင်းပေးသွားတယ်နော်..

Anonymous said...

ကိုဝင်းဇော် ဆန္ဓတွေအမြန်ပြည့်ပါစေ. အလွမ်းတွေလည်း ... .....

သူကြီးမင်း (တုံးဖလား) said...

လိုအင်တွေ ပြည့်ပါစေဗျာ။
စာရေးတာ အရမ်းကောင်းတယ်။
သက်ဆိုင်သူသိသွားရင် ညှိသွားမှာ သေချာတယ်။

စိုင်းစိုင်းလားရှိုး said...

သီချင်းလေးနားထောင်သွားတယ် ၀င်းဇော်ရေ

Sein Lyan Tun said...

အလွမ်းဓာတ်ခံ ရှိတဲ့ကျနော့်အဖို့ 
ဖတ်ရင်းနဲ့ လွမ်းသလိုလိုဖြစ်တော့
ပထမတစ်ခါ မမန့် သွားဘူး..
အခုလဲဘာမှန်းမသိ
လွမ်းပြန်ပီး..
သက်ဆိုင်သူတကယ်ရှိရင်
သူဖတ်ခဲ့တယ်ဆိုရင်
လွမ်းမှာသေချာတယ်..

Anonymous said...

wish u good luck :)

ကောင်းကင်ပြာ said...

တိမ်ကင်းတဲ့ ကောင်းကင်ပြာပြာ က ဒီနွေရက်မှာ သွားပြောပေးမယ်နော်၊ ဖျားနေလို့ ခဏတော့စောင့်ပေး:)

Anonymous said...

ကြောင်ကလေး ကိုဝင်းဇော်က ” I Miss U ” တဲ့ :)

Heart Breaker said...

ဆင်ဆင်ပြေစေဖို့ ၀ိုင်းဆုတောင်းလိုက်တယ်။

Unknown said...

ချာသားလေးတွေကို ခိုက်စေတယ်။
ကောင်မလေး ရှိသေးဘူးဆိုတာ မယုံဘူးနော်..
သီချင်းလေးလည်း ကောင်းတယ်။

မု;သုင်ခု, said...

ကိုယ့်လူ မရိုးတော့ဘူး
မြန်မြန်သာ အဆင်ပြေပါစေလို့...
ရည်းစားစာထက်တောင်ကောင်းသေးတယ်
ဒီခေတ်က စာပေးတဲ့ခေတ်မဟုတ်တော့ဘူးလေနော်
ဒီလိုပဲရင်ထဲခံစားချက်ကို လာဖတ်ဖြစ်ပါစေ။

Welcome said...

မျက်စိထဲ မြင်ယောင်စေတယ်
အားပေးလျက်ပါ... ။။။။

Unknown said...

ဆောင်းဦးလှိုင်သီချင်းကောင်းတယ်
ဘယ်သူ့ကိုများ အမှတ်တရဖြစ်နေပါလိမ့်နော်။
နီးနီးလေးဆို အပြေးသာသွားလိုက်ပါ။

Unknown said...

အားပေးနေမယ် အမြောက်ကြီးနဲ့ (ဟဲ ဟဲ)
ဒါပဲ တတ်နိုင်တာ စိတ်မရှိပါနဲ့

Unknown said...

ရန်ကုန်နွေအလှကို မျက်စိထဲ ၀င်ကြည့်သွားတယ်။
သီချင်းလေးလည်း နားထောင်သွားတယ်။
ဘယ်တော့လဲ သံယောဇဉ်တွေ
များမှများပဲနော် မယုံချင်တော့ဘူး ယောက်ျားတွေကို (အဟိ အားလုံးအားလုံး)

My Diary said...

သီချင်း နားထောင်လို့ရဘူး
ကောင်မလေးက အဲလောက်တောင်ပဲလားဟင်
သူ့နှုတ်က စကားတွေကို ပျားရည်သုတ်ပီးမှ ပြောတာထင်တယ်။

ရွှေအင်းသူ said...

တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်ရှိတယ်၊ သံယောဇဉ်ထားတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ အချစ်က အချစ်ကနေ အမုန်း ဖြစ်သွားနိုင်တယ်။ မုန်းရာကနေ လွမ်းနိုင်တယ်၊ ဆွေးနိုင်တယ်။ သံယောဇဉ်ဆိုတာကတော့ ဖြူစင်တယ်။ တစ်ယောက်ကို တစ်ယောက် သတိရလာရင် ဒီသံယောဇဉ်လေးက ဖေးမ ကူညီ ပါလိမ့်မယ်။ လှပတဲ့ နေ့ရက်လေးတွေ နီးသထက် နီးလာတယ်လို့ ထင်မိတယ်။

နှင်းဆီနီ said...

စာလေးတွေ နှစ်နှစ်ကာကာ ဖတ်သွားတယ်။
ဆက်လက်ရေးသားနိုင်ပါစေ