Monday, February 2, 2009

What is .. .. ?

What is .. .. ?

အချိန်နဲ့အမျှ တိုးတက်နေတဲ့ အင်တာနက် IT ခေတ်ကြီးရဲ့ တောင်းဆိုမှုအရ လူငယ်တွေ အင်တာနက် ဆိုတာနဲ့ မပတ်သက်ချင်သည် ဖြစ်စေ၊ ပတ်သက်နေရလို့ ဖြစ်စေ နည်းပညာနဲ့ အင်တာနက်ကို အကျွမ်းမ၀င်သေး သူတွေအတွက် modem ဆိုတာ ဘာလဲ၊ BIOS ဆိုတာ ဘာလဲ၊ CMOS ဆိုတာ ဘာလဲ ဆိုတာတွေကို ဂဃနဏ သိစေနိုင်မဲ့ ၀က်ဘ်ဆိုက်လေးကို မျှဝေပေး ချင်ပါတယ်။ မသိခြင်းတွေဟာ လေ့လာ သင်ယူသူများရဲ့ အားငယ်စိတ်ကို ဖြစ်ပေါ် စေတတ်တဲ့ အတွက် နည်းပညာကို ကြောက်မသွားဖို့နဲ့ အကျွမ်းတ၀င် ဖြစ်နေစေဖို့ ဒီဝက်ဘ်ဆိုက် လေးက အများကြီး ပံ့ပိုးပေး ပါလိမ့်မယ်။ ကွန်ပျူတာ အင်တာနက်နဲ့ ပတ်သက်ပြီး ဘာအကြောင်းပဲ သိချင်သိချင် ဒီဝက်ဘ်ဆိုက်လေးမှာ လေ့လာကြည့်ဖို့ တိုက်တွန်း ချင်ပါတယ်။ Active X ကစလို့ WA28 အထိ အဓိပ္ပာယ် ဖွင့်ဆို ရှင်းလင်းချက်တွေ အပြည့်အစုံနဲ့မို့ အင်တာနက်မှာ ကောင်းစွာ ရှာဖွေစေနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လေးကို ဒီကနေ Click လုပ်ပြီး သွားနိုင်ပါတယ်။

Photobucket

4 comments:

Anonymous said...

ကျေးဇူးပါဗျာ ကျနော်တို့လိုလူတွေ အတွက်
အသု့းဝင်ပါတယ်ဗျာ။ ကျနော်တို့က ဘာမှကို
မသိတာဗျ ကိုယ်သု့းတဲ့ စက်ကို အိပ်ပီမှန်း မသိ
ဗစ်စတာမှန်းမသိ။ ကိုယ်စိးတဲ့မြင်း အထီးမှန်း
မသိ အမမှန်းမသိဆိုတာလိုပဲဗျ အထီးအမ
ခွဲခြားသိရအောင် လဲ အောက်ငုံ့ မကြည့်ရဲဘူး
လေ မျက်စေ့ ရှက်လို့ အဟီး။

Anonymous said...

သေချာသွားလေ့လာပါဦးမယ်.. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

mirror said...

သွားလိုက်ပါဦးမယ်..(ပြန်ခါနီးလို့ နှုတ်ဆက်တာမဟုတ်ဘူးနော်၊)

ကျမဆိုပိုဆိုးတာပေါ့လေ..။စိတ်လဲ မ၀င်စားသလိုလေ့လဲ မလေ့လာခဲ့တဲ့ ခုမှ ပြန်လိုက်နေရတာ။

ကျေးဇူး။

Anonymous said...

သွားလေ့လာပါ့မယ်.. အကိုညွှန်းရင် အားလုံးကောင်းတာချည်းပဲ...