Thursday, February 5, 2009

ZSoft Uninstaller 2.4.1


896 KB ပမာဏရှိတဲ့ အခမဲ့ Uninstaller software လေးပါ။ အသုံးပြုရတာ လွယ်ကူပြီး၊ မိမိ ကွန်ပျူတာမှာ အသုံးမလိုတော့တဲ့ software တွေကို Uninstaller လုပ်ရာမှာ လွယ်ကူ မြန်ဆန်ပါတယ်။ window's XP မှာပဲ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ မလိုလားတဲ့ .temp ဖိုင်တွေကိုလည်း ရှာဖွေပေးနိုင်ပါတယ်။ software ရဲ့ .exe ဖိုင်ကို ဒီကနေ Download လုပ်ယူနိုင်ပါတယ်။

Free software လေးတွေ install လုပ်ရတာ လွယ်ကူတယ် ထင်ရပေမယ့်။ လူတိုင်းအတွက် တကယ်ပဲ အသုံးတည့်ရဲ့လား ဆိုပြီး ကိုယ့် ကွန်ပျူတာမှာ အရင် Download လုပ်ကြည့်တယ်၊ နောက် Run ပြီး သုံးကြည့်တယ်။ တကယ်ပဲ အကျိုးရှိတယ်ဆိုမှ ပို့စ်အဖြစ် တင်ဖြစ်ပါတယ်။ software ၁၀ ခုလောက် စမ်းကြည့်မှ၊ run ကြည့်မှ တစ်ခုစ နှစ်ခုစ လောက်ပဲ အသုံးတည့်၊ အသုံးဝင် ပါတယ်။ ဒီလိုနဲ့ စမ်းသပ်ပြီး အသုံးမ၀င်ဘဲ install လုပ်မိတဲ့ software တွေကို ပြန်ဖြုတ်ပစ် ရတာကလည်း ဒုက္ခမသေးပါဘူး။ အချိန်ပေးရတာကို ပြောတာပါ။ ဒါကြောင့် ကိုယ့်စက်ထဲက ပိုနေတဲ့ Software တွေကို Uninstaller တွေအများကြီး ရှိတဲ့ အထဲက ဒီ ZSoft Uninstaller ကို အသုံးပြုရတာ လွယ်ကူ မြန်ဆန် ထိရောက်လှပါတယ်။ လက်တွေ့ သုံးပြီးမှ မျှဝေပေးတာ ဖြစ်လို့ စိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်။ (ကြော်ငြာခရလို့ တော့ မဟုတ်ပါဘူး၊ ၀ါသနာလေး တစ်ခုတည်းအတွက် နဲ့ပါ။) အဆင်ပြေ နိုင်ကြပါစေ။

Photobucket

2 comments:

လင်းထက် said...

ကြော်ညာခ မရတဲ့ ဝါသနာ က အများကောင်းကျိုးကို ဖြစ်စေတာမို့ ကောင်းမွန်တဲ့ ဝါသနာ တစ်ခုပါပဲ ကိုဝင်းဇော်ရေ နောက်လဲ အများကြီး ဝေမျှနိုင်ပါစေ..။

Myo Win Zaw said...

ကျေးဇူးတင်ပါတယ် အပင်ပန်းခံမျှဝေပေးနေတဲ့အတွက်