Monday, February 23, 2009

တစ်ချိန်တုန်းက ဒုက္ခ၊ အခုတော့ ဟာသ

ကျောင်းနှစ်ဝက်ပိတ်တော့ တောင်ကြီးအိမ်ကို မပြန်ဘဲ ရန်ကုန်ကို တစ်ယောက်ထဲ သွားလည်ဖို့ အစီအစဉ်ဆွဲတယ်။ တောင်ကြီးအိမ်ကို field ဆင်းရမှာဖြစ်လို့ အိမ်မပြန်တော့ဘူး ဆိုပြီး လူကြုံနဲ့ စာရေးပေးလိုက်တယ်။ အမှန်က ကျွန်တော်ယူတဲ့ မေဂျာက ဘာဖီးလ်မှ ဆင်းရတာ မရှိပါဘူး။ လည်ချင်တဲ့ အကြောင်းပြချက် တစ်ခုထဲနဲ့ပါ။ ကိုယ်က အိမ်ကိုစာရေး အသိပေးလိုက်ပြီ ဆိုပြီး စိတ်အေး လက်အေးနဲ့ ခရီးထွက်ဖို့ ပြင်ပါတယ်။ လူကြီးတွေ ခွင့်ပြုတယ် မပြုတယ်တော့ မသိဘူး။ ကိုယ့်အစီအစဉ်တိုင်း အဒေါ်တွေရှိတဲ့ ရန်ကုန်ကို လိပ်စာကိုင်ပြီး မန်းလေး- ရန်ကုန် အဆန်ရထားလက်မှတ် ၀ယ်တယ်။ အိပ်စင်အထူးတန်း ဆိုတာကို မေးဝယ်တယ်။ အဆင်ပြေပါတယ်။ ပေးဝယ်ရမယ့် လက်မှတ်ခထက် ၅ ဆလောက် ပိုပိုသာသာ ထည့်ပေးလိုက်လို့ ဘာမေးခွန်းမှ ဖြေစရာမလိုပဲ ရထားလက်မှတ်တစ်စောင် ရလိုက်တယ်။

အရင်က အဒေါ်တွေက ကန်တော်ကလေး၊ ၇၈ လမ်း၊ မန်းလေးလမ်းသွယ် ထဲမှာနေတယ်။ ဘူတာနဲ့လည်းနီးတာပေါ့။ ခြေလျင်လျှောက်ရင် မန်းလေးအခေါ် ၂ပြ လောက်ဆို ရောက်နေပြီ။ ဒါကို မသိတဲ့ကျွန်တော် ပထမဆုံး ရန်ကုန်ကို ရောက်တာ လာလည်တာဆိုတော့ ရထားပေါ်ကဆင်းတာနဲ့ B-600 taxi ပေါ် တက်စီးလိုက်တယ်။ ကားဆရာကလည်း ဘယ်သွားမလဲလို့ တစ်ခွန်းမှ မမေးဘူး။ ကျွန်တော်ကလည်း ဟန်ကိုယ့်ဖို့ဆိုပြီး တစ်ခွန်းမှ မပြောဘူး။ ဘူတာဝင်းကထွက်တော့ ညာဖက်ကိုချိုးတယ်။ ပန်းဆိုးတန်း ဂုံးတံတားပေါ် ကျော်တယ်။ ပန်းဆိုးတန်း လမ်းဆုံး ကမ်းနားလမ်း ရောက်တော့ ညာဖက်ပဲ ဆက်ကွေ့ပြီး မောင်းပြန်တယ်။ (၅၁)အစိမ်း လိုင်းကားလမ်းအတိုင်း မောင်းလာပြီး ဘုန်းကြီးလမ်း၊ ပြည်လမ်းအတိုင်း တက်လာပြီး မြေနီကုန်း၊ ဟံသာဝတီအ၀ိုင်းအထိ ဘာစကားမှ မပြောဖြစ်သေးဘူး။ ကိုယ်ကလည်း ဟန်အပြည့်ပါပဲ။ နောက် လွှတ်တော်ရှေ့ရောက်တော့ ရွှေတိဂုံကို လှမ်းဖူတော့ ရွှေတိဂုံဘုရားလား မသိဘူး လို့ မေးမိတယ်။ ဒါနဲ့တင် ကားဆရာက နယ်ကတက်လာတဲ့ အချဉ်မှန်း သိသွားပြီ။ ဒါကိုရိပ်မိတဲ့ ကျွန်တော်ကပဲ ဘယ်ကို လျှောက်မောင်းနေတာလဲဗျ။ ကျွန်တော်က ကန်တော်ကလေး သွားမလို့ဗျ ဆိုတော့မှ ကားဆရာကလည်း ခေသူတစ်ယောက် မဟုတ်ပါဘူး။ ညီလေး ရန်ကုန်ရောက်တုန်း ရွှေတိဂုံဘုရား ဖူးစေချင်လို့ တမင်လိုက်ပို့တာပါ တဲ့။ မှတ်ကရော။ ဒါနဲ့ လိပ်စာထုတ်ပြလိုက်မှ နောက်ကြောင်း ပြန်ကွေ့တော့တယ်။ အမှန်အတိုင်း ၀န်ခံရရင် ကိုယ်ကလည်း လမ်းသိတာ မဟုတ်တော့ သူခေါ်ရာ လိုက်လာမိတာပါ။

အိမ်ရှေ့ရောက်တော့ ကားပေါ်က မဆင်းဖြစ်သေးဘူး။ မြင်နေကျမဟုတ်တဲ့ ရန်ကုန်တိုက်ခန်း အိမ်မဲမဲကြီးထဲကို စိုက်ကြည့်နေမိတယ်။ ဒေါ်လေးက လှမ်းမြင်ပြီးထွက်လာမှ ကားထဲက ဆင်းလိုက်တယ်။ ကားခ ထုတ်ရှင်းမယ် လုပ်တော့။ ဒေါ်လေးက ငါပေးမယ်၊ ကားဆရာ ဘယ်လောက်ကျလဲ ဆိုတော့ .. ကားဆရာက ၃၀၀၀ိ- ပါအစ်မ လို့ပြောတယ်။ ဒေါ်လေးက ပြာပြာသလဲ ကျွန်တော့်ဘက်လှည့်ပြီး နင်ဘယ်ကနေစီးလို့ ဒီလောက် မီတာတက်ရ သလဲပေါ့။ ဘူတာကနေ ငှားလာတာလို့ လည်း ဆိုရော ဒေါ်လေးက ကားဆရာကို ရန်လုပ်ပါလေရော။ ဒါနဲ့ ၁၀၀၀ိ- နဲ့ ဈေးတည့်သွားတယ်။ လူလည်း ဇောချွေးကို ပြန်သွားတာပဲ။ နင့်ကို ထောက်ကြန့်ဖက်ခေါ်သွားပြီး သတ်လိုက်ရင် ဘယ်လို လုပ်မလဲတဲ့။ ရန်ကုန်ကိုလာတာ လူကြီးတွေ သိလားလို့ မေးတော့ .. ဟုတ်ကဲ့ စာရေးထားတယ်လို့ပဲ ပြောလိုက်မိတယ်။ ဒေါ်လေးရဲ့ စိုးရိမ်စိတ်က ဒီလောက်နဲ့တော့ မီးမငြိမ်းသေးပါဘူး။ တောင်ကြီးအိမ်ကို ဖုန်းဆက်တိုင်မယ် လုပ်တယ်။ တော်ပေသေးတယ်။ လိုင်းမကောင်းတာနဲ့ စကားမပြောဖြစ်တော့ဘူး ကံကောင်းလေစွ။

ရန်ကုန်ရောက် စွန့်စားခန်းလေးက ဒီလောက်နဲ့ မပြီးသေးတာ အမှန်ပါ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ခုနေချိန်မှာပြန်တွေးကြည့်တော့ ဟာသ တစ်ပုဒ်လိုပဲ မြင်မိပါတယ်။ စူးစမ်းချင်တဲ့ လူငယ်တွေရဲ့ စိတ်ကို ချွန်းအုပ်လို့ မရပေမယ့် အန္တရယ်ကို အမှန်ပဲ ဖိတ်ခေါ်နေသလို ဖြစ်ခဲ့ပါတယ်။ ကဲညီငယ် ဖိုးဂျယ် ရေ Tag ထားတာလေး ပြန်ဖြေလိုက်ပြီနော်။ ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကပဲ သူငယ်ချင်းတွေ tag တာကို ရေးနေရတာ။ ဒီတစ်ခါတော့ ကျွန်တော့် သူငယ်ချင်းတွေကို ပြန် tag ချင်ပါသေးတယ်။ အချိန်ရသည် ဖြစ်စေ၊ အချိန်မပေး နိုင်သည်ဖြစ်စေ အောက်က မမတွေကို tag ပါတယ်။ ရေးပေးမယ်ဆိုရင်တော့ ၀မ်းသာစရာပါပဲ။ အိုကေပါ tag လိုက်ပြီနော် .. ..
Tag ထားတဲ့ သူငယ်ချင်းအားလုံး စိတ်ဝင်တစားနဲ့ ရေးပေးလို့ ကျေးဇူးတင်တယ်။

28 comments:

ကောင်းကင်ပြာ said...

အယ် လုပ်ပြန်ပေါ့ ကိုကိုဝင်းဇော်ရယ်၊ လာမယ်ကြာမယ်နော်

မောင်မျိုး said...

တော်သေးတာပေါ့ ဟန်ကိုယ့်ရုံမို့း) ရန်ကုန်ကိုတော့ကြောက်တယ် ဘယ်ကိုမောင်းမှန်းလဲမသိ ကိုယ်က ခပ်တုံးတုံးဆိုတော့ ကားခ ဘယ်လောက်တောင် တောင်းမလဲမသိဆိုပြီး အတိတ်က ဒုက္ခတွေက အခုတော့ ရယ်စရာ သုခလေးတွေပေါ့ဗျ ။

ကိုတိုး said...

ရန်ကုန်ုကိုကတော့ကြောက်တယ်နော် တော်သေးတာပေါ့ ဟန်ကိုယ်ဖို့လေးမိုလို့လေ။ ဒုက္ခတွေနဲက အခုတော့ ရယ်စရာလေးဖြစ်သွားပြီနော် tag ထားတဲ့ မမတွေရေးတာလေးကိုဖတ်ချင်တယ် မြန်မြန်လေးရေးခိုင်းပါ အကိုရေ။

စိုင်းနောင့် said...

အဟတ် ဟတ် ..
ထောက်ကြန့်ထိ မခေါ်တော့ဘူး
ဆီကုန်သက်သာအောင် မင်္ဂလာဒုံတင်
အဟောင်းဆိုင်ထဲ သွင်းလိုက်မယ်။
တစ်ကယ်နောက်တယ်ဗျာ
အဆင်ပြေပါစေ ...

Cherrymaw said...

ခရီးသွားတာပဲ
တိုးတိုးဖော် တစ်ယောက်လောက် ရှာသွားပါ့လား
မေးမေးစမ်းစမ်းလဲ မလုပ်ဖူးပဲကူး
ကောင်းတယ်။

မု;သုင်ခု, said...

ဟေ့ရောင် ငါတို့ စစ်ကိုင်းသွားတုန်းက မှတ်မိလား။ လမ်းပြကလေးတွေကို ပညာပြတာလေ
အဲဒါ မင်းဝဋ်လည်တာ ဖြစ်မယ်။

zawphyowai said...

ရန်ကုန်ရောက် စွန့်စားခန်းလေးတွေ ရှိသေးရင်ပြော.. ဟဲဟဲ...

Sai said...

အလွဲလေးတွေလုပ်ပါအုန်း
ခပ်လွဲလွဲလေးပဲ ကောင်းပါတယ်။
ပြန်စဉ်းစားကြည့်တော့ စိုးရိမ်စရာဖြစ်နေမှာပဲ။

Su said...

ဟိုက် . . .ကိုဝင်းဇော်တို့ကတော့ လုပ်ပြီ စာမရေးတတ်ပါဘူးဆို ရေးခိုင်ပြီ . . စာရေးရမှာကြောက်လို့ သူငယ်ချင်းပေးတဲ့ ကဗျာလေးတွေ တင်နေတာ အခုတော့ပြေးမလွတ်တော့ဘူးရေးရတော့မယ် :(

Su said...

ဟိုက် . . .ကိုဝင်းဇော်တို့ကတော့ လုပ်ပြီ စာမရေးတတ်ပါဘူးဆို ရေးခိုင်ပြီ . . စာရေးရမှာကြောက်လို့ သူငယ်ချင်းပေးတဲ့ ကဗျာလေးတွေ တင်နေတာ အခုတော့ပြေးမလွတ်တော့ဘူးရေးရတော့မယ် :(

ဝှိုက်ဝှိုက် said...

တော်သေးတာပေါ့ ကားသမားကညာပြီးခေါ်မသွားလို့

ရွှေညာသူ said...

တဂ်ထားတဲ့ စာလေးလာဖတ်ပါတယ်။
ကြုံလိုက်ရင်ဖြင့် ရီစရာကြီးပဲ။
နောက်ရီစရာတွေ လွဲချော်တာတွေ ထပ်ရေးအုန်း။
ဗဟုသုတပေါ့။

flowerworld said...

အမလဲအဲ့လိုလုပ်ဖူးတယ်မောင်လေးရေ နောက်မှပဲခရီးသွားမှတ်တမ်းဆိုပြီးတင်တော့မယ်
ရေးထားတာမပြီးသေးဘူး တတ်ခ်နဲ့တိုးလို့ခဏထားလိုက်တယ်

war war khaing min said...

ဟဟဟား ..ရယ်ရတယ် မောင်ဝင်းဇော်ရေ..
အဲလိုလေးတွေကဖြစ်တတ်ပါတယ်နော်။း)

အစ်မလဲ ဒီတက်ဂ်တော့လွတ်ပြီလို့တွေးနေတာ.. တဆင့်
အတက်ဂ်ခံရလေရဲ့.. မလွတ်ဘူး။း)
ဘာရေးရမယ်မှန်းလဲ မသိဘူး။
ကလေးတွေရေးတာတွေကိုပဲ ပညာလိုက်ယူလိုက်ဦး
မယ်။း)

ရွှေအင်းသူ said...

ရီစရာ ပျော်စရာလေး
လာဖတ်သွားတယ်။
ခုတလော ဒီခေါင်းစဉ်တွေ အများကြီး ဖတ်ရတယ်။
ပျော်စရာကြီး။

Phu Mon said...

သေပြီ... အတက်ခံလိုက်ရတယ်... မနက်ဖြန်၊ သဘက်ခါစာမေးပွဲရှိသေးလို့ အဲဒါပြီးမှရေးပေးမယ်နော်... ဒါနဲ့ ညီမနာမည်က ဖူးမွန်ပါရှင် ဖြူမွန်ဟုတ်ဘူးရှင့်... :P

ဆုငယ်. said...

လာဖတ်သွားတယ်နော် .ရယ်ရတယ် အကို..........

ဝလုံးဝိုင်းဝိုင်း said...

အလွဲလေးကို လာဖတ်သွားပါတယ် ကိုဝင်းဇော်။ တော်သေးတာပေါ့ တစ်ထောင်နဲ့ ပြောလို့ ရသွားလို့။ နောက်မို့ဆို အဒေါ်နဲ့ ပြဿနာ ထပ်ဖြစ်ကြမယ်။ :P
ဒါနဲ့ မန်း-ရန်က အစုန်လို့ ပြောတာ မဟုတ်လားဂျ။ :D အဆန်ဆိုတော့ ကြောင်သွားလို့။

mgnge said...

အဟီ.. ရန်ကုန် ရောက်တိုင်း ကြုံနေကျ..ပဲ...။
အနော်က တော့ရိုံးတွား ပီအဲ့ဒုက္ခ
:P

နှင်းပွင့်ဖြူလေး said...

ဟတ်ဟတ် ကိုဝဲကမ်းမှမဟုတ်ပါဘူး.....
နယ်ကလာတဲ့ ကျွန်မ အသိတွေလည်း အဲ့သလို ခနခန မှားတယ်.. တရုတ်တန်းမှာကိုပဲ ပတ်ချာလည်နေတော့တာ ဟီးး

အိမ် said...

မှတ်ထား ရန်ကုန်ဆိုတာ ပူဓါးမြရန်ပဲ ကုန်သေး
တာ အေးဓါးပြရန်က နေရာတိုင်းမှာရှိသဗျ။
နောက်ဆို လူပါ ရောင်းစားခံရမယ်။ အမှီးကျက်
အမှီးစား၊ ခေါင်းကျက်ခေါင်းစား ခေတ်က ကုန်
နေပြီ၊ အခုခေတ်က အစိမ်းလိုက်ဝါးစားတာ ဘာ
မှတ်လဲ။အဟီး ပြောသာပြောရတာ ကျနော် ရန်ကုန်သားတောင် အစိမ်းလိုက်အစားခံရတာ
ပါပဲဗျာ။

hlaminnlay said...

လွဲချော်တာလေး လာဖတ်တယ်။
ဟုတ်တယ်။ အရင်က ဖြစ်ခဲ့တဲ့ အဆင်မပြေမှု တွေက နောက်မှ ပြန်စဉ်းစားမိရင် ရီစရာဖြစ်တယ်။
နောက်လည်းရေးပါအုန်း။

မယု said...

မောင်လေးရေ
အတိတ်က ရီစရာလေး လာဖတ်သွားတယ်။
လူတိုင်းမှာရှိခဲ့ဖူးတဲ့ အမှားလေးတွေပေါ့နော်
ဒိကနေသင်ခန်းစာယူနိုင်တာပေါ့။

Heart Breaker said...

အဟတ်
ရှမ်းလေး ရန်ကုန်မှာ အရောင်းစားခံရ တော့မလို ဖြစ်ခဲ့သေး တာပေါ့။

Phu Mon said...

ကိုဝင်းဇော်ရေ.. ရေးပြီးပြီရှင့်.. မျက်ရည်လွမ်းသောစာမျက်နှာဆိုတဲ့ဟာကတော့ Aya Kito အကြောင်းသီးသန်းဘလော့မို့လို့ ညီမရဲ့ www.ainmatchitthu.co.cc မှာပဲတင်လိုက်ပါတယ်ရှင်...

ဖိုးဂျယ် said...

အကိုရေ ဒါဆို တခါတည်း ရွှေတိဂုံဘုရားဖူးဘူးသွားပေါ့း)

နှင်းဆီနီ said...

လွဲချော်တတ်တဲ့ သဘာဝလေး ဖတ်သွားတယ်
ဘယ်တုန်းက တောကတက်လာမှန်းမှ မသိတာ။
ပျော်စရာကြီး ခံလိုက်ရလို့ ..။

သက်တန့် said...

အကိုဝင်းဇော်ရေ...
တစ်ချိန်လုံး ဟန်ကိုယ့်ခဲ့ပြီးမှ ရွှေတိဂုံဘုရားကို ဖူးရတဲ့အခိုက်မှာ ဟန်ကိုယ့်ဖို့ မေ့သွားတယ်ပေါ့... :)