Friday, February 20, 2009

မေးသမျှ အဖြေပေးမယ်


ကျယ်ပြောလှတဲ့ လောကကြီးမှာ ကျွန်တော်တို့ သိထားတာထက် မသိနိုင်သေးတဲ့ အကြောင်းခြင်းရာတွေ အများအပြားကို အချိန်တိုအတွင်း ပြောပြပေးနိုင်မယ့် ၀က်ဘ်ဆိုက်လေးကို မျှဝေပေးခြင် ပါတယ်။ မိတ်ဆွေ သိလိုသမျှ မေးခွန်းမှန်သမျှကို ငွေကြေးမယူဘဲ သင့်ရဲ့ Mail box ထဲကို မိနစ်မဆိုင်းဘဲ အဖြေလွှာကို ပေးပို့ပေးမှာပါ။ အမေးကဏ္ဍမှာ Recreation & Outdoors, Computers & Internet နဲ့ Shopping & Product Advice ကဏ္ဍတွေ ခွဲခြားထားပါသေးတယ်။ ဒါပေမယ့် မေးခွန်းတိုင်းအတွက် အဖြေတိုင်းဟာ အမှန်တရားစစ်စစ် ဖြစ်တယ်လို့တော့ တထစ်ချ ယုံမှတ်ယူလို့တော့ မရပါဘူး။ ချင့်ချိန်ပြီး ယုံကြည် စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမေးအတွက် ဖြေကြားပေးတဲ့ ပုဂ္ဂိုလ်ဟာ မည်သို့သော မူကိုလက်ကိုင်ထားသည်ကို မသိနိုင်လို့ပါ။ ပျော်ရွှင်နိုင်ပါစေ။ အမေးကမ္ဘာ ၀က်ဘ်ဆိုက်လေးကတော့ www.answerly.com ဖြစ်ပါတယ်။

4 comments:

Anonymous said...

တယ်ထူးဆန်းပါလားစမ်းကြည့်အုံးမှ သိချင်တာတွေ ။

Myo Win Zaw said...

kowinzaw ဆီလာလည်ရတာ ကျွန်တော်တော်တော် အကျိုးရှိတယ် ကျေးဇူးဘဲ လျှောက်စမ်းကြည့်ဦးမယ်

Heart Breaker said...

the best ::))))))))))

နှင်းဆီနီ said...

ဆိုက်ကိုတော့ ကြိုက်သွားတယ်။
လင့်ခ်ယူသွားတယ်။