Wednesday, February 25, 2009

မိန်းမစကား နားထောင်သင့် - မသင့်

အိမ်ထောင်ပြုတယ် ဆိုတာ အခြေခံအနေနဲ့ ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြ ကြိုက်ကြလို့ပါ။ အကြင်သူနှစ်ဦး ချစ်သူတွေ ဖြစ်ကြပြီးမှ လက်ထပ်ကြတာ ရာခိုင်နှုန်းများတတ် ပါတယ်။ ရာခိုင်နှုန်း အနည်းငယ် လောက်သာ အိမ်က လူကြီးတွေ ပေးစားလို့ ယူဖြစ်ကြတာ ဖြစ်ပါတယ်။ ချစ်ကြတယ် ဆိုတဲ့ နေရာမှာ တစ်ယောက် အကျိုးကို တစ်ယောက်က လိုလားတယ် နှစ်သက်တယ် စိတ်တူ ကိုယ်တူ ဖြစ်တယ် ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ချစ်ကြတယ်ပြောပြော အိမ်ထောင်တစ်ခု ထူထောင်လို့ အတူနေကြပြီ ဆိုတာနဲ့ တစ်ယောက်က အခြားတစ်ယောက်ကို မိမိလိုလားတဲ့စိတ်နဲ့ အားနည်းချက်တွေကို ဝေဖန် ထောက်ပြမှာ အမှန်ပါပဲ။ (ဥပမာအားဖြင့် သွားတိုက်ဆေးဘူးကို ညှစ်တဲ့ နေရာချင်း မတူတာတို့၊ ဆပ်ပြာကို အသုံးပြုပြီး ရေပြန် မဆေးထားတာတို့ တွေကအစပေါ့) လူဟာ ဘယ်သောအခါမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ယောက်ျားလေးမှာ မရှိတဲ့ အရည်အချင်းက မိန်းကလေးမှာ ရှိနေတတ်ပါတယ်။ ကိုယ်မတွေးမိတဲ့ အတွေးအခေါ်ကောင်းတွေ သူတွေးမိတာတွေလည် ရှိတတ်ပါတယ်။

ယောက်ျားလေးနဲ့ မိန်းကလေးတွေ များသောအားဖြင့် ပြဿနာတစ်ခုအပေါ်မှာ ရှုမြင်တဲ့ အမြင်တွေ သုံးသပ်ပုံတွေ မတူတတ်ကြပါဘူး။ စီးပွားရေး၊ လူမှုရေး၊ အထွေထွေ ကိစ္စ တွေမှာပဲဖြစ်ပါစေ ယောက်ျားလေးတွေရဲ့ အားနည်းချက်၊ ဟာကွက်တွေကို ထောက်ပြနိုင်စွမ်း တဲ့ မိန်းကလေးတွေ ရှိတယ်။ ဒါကိုလက်ခံတတ်ရင် သာယာတဲ့ အိမ်ထောင် တစ်ခု ဖြစ်လာမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ငါသာ စေ့စပ်သေချာတယ်။ ငါလို ယောက်ျားဆိုတဲ့ မဟာဖိုဝါဒ သမားတွေအတွက် ဘယ်မိန်းမစကားကိုမှ နားမထောင်သင့်ဘူး လို့ ထင်မှတ်ပြီး ကိုယ်ထင်ရာ ကိုယ်စိုင်းရင်ဖြင့် အိမ်ထောင်ရေး အမှားအယွင်းတွေ ဖြစ်တတ်ကြပါတယ်။ လူတိုင်း ကိုယ့်စိတ်ကြိုက် ပြုမူနေထိုင်နိုင်တယ် ဆိုပေမယ့် အိမ်ထောင်တစ်ခု ဖြစ်လာရင်တော့ ညှိနှိုင်းယူရတဲ့ အပိုင်းကို ဦးစားပေးရမှာပေါ့နော်။

ချစ်ခြင်းမေတ္တာကို အခြေခံပြီး အိမ်ထောင်ထူထောင် ထားတဲ့ မိသားစုတစ်ခုမှာ မိန်းမတွေအနေနဲ့ ကိုယ့်ယောက်ျားကို မကောင်းတဲ့ ဒုစရိုက်အလုပ်တွေကို လုပ်ခိုင်းမယ် မထင်ပါဘူး။ ခြွင်းချက်တော့ ရှိချင်ရှိမှာပါ။ ဒါပေမယ့် များသောအားဖြင့်တော့ မိန်းမတွေဟာ ကိုယ့်ယောက်ျားရဲ့ အကျိုး၊ ကိုယ့်မိသားစုရဲ့ အကျိုးကိုရှေးရှုပြီး ပြောတာ ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီနေရာမှာ ယောက်ျားက မိန်းမပြောတိုင်း ယုံကြည်နာခံမှာလား ဆိုပြီး စိုးရိမ်စရာ မရှိပါဘူး။ ယောက်ျားကလည်း ဘယ်စကားက ငါ့အကျိုးစီးပွား၊ ငါ့ကျန်းမာရေး အတွက်ပြောတယ်။ ဘယ်စကားကဖြင့် ငါ့မိသားစု တစ်ခုလုံးရဲ့ အကျိုးစီးပွား အတွက် ပြောတယ် ဆိုတာကို ဝေဖန် ချင့်ချိန်အုန်းမှာပါ။ သက်သက် ဒီမိန်းမ အစိုးရိမ်လွန်ပြီး ပြောနေတာ ဆိုရင်လည်းပဲ မိန်းမက စိတ်ရင်း အမှန်နဲ့ စေတနာနဲ့ ပြောတာဖြစ်လို့ သူရှေ့မှာတော့ လေးလေးစားစား နားထောင်သင့်ပါတယ်။ စကားပုံတောင် ရှိပါတယ်။ မိန်းမစကားနားထောင်ရင် အိုတောင် မဆင်းရဲဘူးတဲ့။ ဒါကြောင့် ကိုယ့်မိန်းမက ကိုယ့်အကျိုးကို လိုလားတဲ့ စိတ်နဲ့ အစစအရာရာကို ပြောမှာဖြစ်လို့ အိမ်ထောင်ရှင် ယောက်ျားတိုင်း ကိုယ့်မိန်းမစကားကို နားထောင်သင့်တယ်လို့ ဒီလို တွေးထင်မိ ပါတယ်။ ဒီအထဲမှာ ကိုယ်မပါသေးပေမယ့် နည်းနည်းတော့ ကျင့်သားရအောင် အင်ထရိုဝင်ပြီး ပရယ်ဒီကယ် လုပ်ထားရတာပါ။ အားလုံးပဲ ပျော်ရွှင် နိုင်ပါစေ။

Photobucket

30 comments:

Anonymous said...

နားထောင်သင့်တာရှိသလို ..... နားမထောင်သင့်တာလဲ ရှိမှာပါ။
နားလည်မှုနဲ့နေကြရင် အကောင်းဆုံးလို့ထင်ပါတယ်။

WWKM said...

မောင်ဝင်းဇော်..လူပျိုကြီးက ဒီလိုမျိုးလေးတွေလဲရတာပဲ
နော်။ တော်ပါပေ၏။း)

Anonymous said...

လူမှုဆက်ဆံရေးနယ်ပယ်မှာ
အဏုစိတ်ကျတဲ့ အိမ်ထောင်ရေးကဏ္ဍမှာ
တစ်ဦးအပေါ်တစ်ဦး နားလည်နိုင်ရင်
အကောင်းဆုံးဖြစ်ပါမယ်။
ဘယ်သူက ပိုသာတယ် ပိုတော်တယ်ဆိုတာ
တိုးတိုးတိတ်တိတ်ပဲ ပြောကြရမှာပါ။
စာကောင်းလေး ဖတ်သွားတယ်။

Unknown said...

နာလည်း သိပ်မီသိဘူး။
ခုထိတော့ ကိုယ့်ပြောစကားက တည်နေသေးတယ်။ ဘယ်အချိန်ဖောက်မယ် သိသေးဘူး။

တောင်ပေါ်သား said...

မိန်းမတွေစကားကို အမြဲနားထောင်နေရင်တော့ မကောင်းပါဘူး တခါတလေ အကျိုးသင့်အကြောင်းသင့် ပြောလာရင်တော့ လက်ခံရမယ်လို့ ယူဆမိပါတယ်။ ဒါမှလဲ အိမ်ထောင်ရေးက တည်မြဲနေမယ်လို့ ထင်မိပါတယ်


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ကိုဝင်းဇော်တော့ အင်ထရိုဝင်နေပြီ ဆိုတော့ မကြာခင် မင်္ဂလာသတင်းကြားရတော့မယ်နဲ့တူတယ်...
ကိုဝင်းဇော်ပြောတာမှန်ပါတယ် နားထောင်သင့်တဲ့စကား ဆိုရင် နားထောင်ရမယ် မဟုတ်ရင်လည်း ကိုယ့်အမျိုးသမီးကို နားလည်အောင်ညှိနှိုင်းသင့်တာပေါ့..

Unknown said...

ကိုယ်က အိမ်ထောင်ဦးစီးပဲ ဆိုပြီး နားမထောင်ပြန် ရင်ရော မဖြစ်ဘူးလား။ နားထောင်ရမယ်လို့ တော့ တထစ်ချ မဟုတ်လို့ တော်သေးတယ်။ ဘာဖြစ်ဖြစ် နားထောင်တာ ကောင်းမယ် ထင်ပါတယ်။ အတွေးတွေ အတွေးတွေ .. ..

နှင်းပွင့်ဖြူ said...

မိန်းမစကား နားထောင်သင့် မထောင်သင့် ...... ဆိုတာ ကိုယ့်အခြေအနေနဲ့ အချိန်အခါမှာ မူတည်တယ်ထင်တာပဲ. ပြန်မပြောနားမထောင်တဲ့ ယောကျားတွေလည်း အများသား.....

Unknown said...

တစ်ဖက်လှည့်နဲ့
ဘယ်သူ့ကိုများ မျက်နှာသာပေးနေပါလိမ့်နော်
ပြောပြလို့ မရသေးတဲ့ပုံပါပဲ။
မညားခင်နဲ့ ညားခါစတော့ ယောကျာ်းတွေက ပြောစကားသိပ်နားထောင်ပါတယ်။
ကြာလာရော ဗွေဖောက်တော့တာ။
ဟုတ်တယ် မဟုတ်လား။

ဇွန်မ said...

မိန်းမစကားကို နားထောင်သင့် မသင့်ဆိုတာကို မဆုံးဖြတ်ခင် သူဘာကိုဆိုလိုတယ် ဆိုတာကိုတော့ တလေးတစား စိတ်ရှည်ရှည် နားထောင်သင့်တယ်လို့ ထင်ပါတယ်ရှင်

လင်းဒီပ said...

ပြောရင်နားထောင်လိုက် နားထောင်လိုက် ပြီးတော့လည်း..ဟီး

စိုင်းစိုင်းလားရှိုး said...

မောင်ဝဲလ်ကမ်းက လုပ်တယ်ဟ။

Anonymous said...

အဟားဟား.. ကိုဝင်းဇော်တော့ ခြေဆင်းလေးပျိုးနေပါလား။ မိန်းမကြောက်တယ် အပြောခံရမှာစိုးလို့ ကြိုကာထားတာပေါ့လေ။ အဟတ်ဟတ်။
အလကား နောက်တာပါဗျာ။ ကျွန်တော်ထင်တာကတော့ မိန်းမစကားနားထောင်တာတို့ မိန်းမကြောက်တာတို့ အသာထား.. အရေးကြီးတာက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားမှုရှိဖို့က အရေးကြီးတယ်လို့ ထင်တာပါပဲ။ အပြန်အလှန် လေးစားမှု ယုံကြည်မှုရှိတယ်ဆိုရင် နဂိုကတည်းက မေတ္တာရှိပြီးသား လူနှစ်ဦးကြားမှာ ပြဿနာပေါ်စရာကိစ္စတွေ အတော့ကို နည်းပါးသွားမှာပါ။ အဆင်ပြေပါစေဗျာ။ ၂၁ နှစ်သမီးလေးနဲ့။ :P

Anonymous said...

မိန်းမစကား နားထောင်ရမယ်လို့လည်း မယူဆပါဘူး။ တော်ကြာ ကိုယ့်ရှေ့မှာ နားထောင်ပြီး ကွယ်ရာမှာ လုပ်ချင်တာလုပ်နေမှ အခက်လေ... ဘာပဲဖြစ်ဖြစ် လေးစားမှု နားလည်မှု စာနာတတ်မှု တွေရှိရင်တော့ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်လာမှာပဲ လို့ ထင်တာပဲ..... တတ်သလိုလို ဝင်ရောက်လေပေါသွားပါသည်.... :P

လင်းထက် said...

ကောင်းသဗျို့ ပွဲ မဝင်ခင် အပြင်က ကျင်း ဆိုသလိုပဲပေါ့ ကြိုတင်စဉ်းစား ထားတာကောင်းပါ၏ ..
လူပျိုကြီးတော့ ကျွတ်တော့မယ် ထင်ပါ၏ ခုတစ်လော စာတွေက အိမ်ထောင်ရေးနှင့် အချစ်ဖက် ကို သာ ဦးတည်နေသည်..

ကိုတိုး said...

အကိုဝင်းဇော်ရေ လာဖတ်သွားတယ်နော် အကိုတောင်မှာအဲ့လိုတွေးပြီးရေးတာကောင်းပါတယ်ဗျာ။ ပြိုင်ပွဲမပြိုင်ခင်မှာ အရင် အပြင်ကပွဲကြည့်ပရိတ်သတ်လုပ်တာအကောင်းဆိုးပါ အကို။ လာလည်ဖတ်ရှုသွားပါတယ်အကို အဆင်ပြေပါစေဗျာ။

Anonymous said...

ကိုဝင်းဇော်ကြီးက ကြိုပြီး မိတ္တူတွေ ပေးနေပြီလားမသိဘူးနော် :P
အဆင်ပြေပါစေဗျာ

မု;သုင်ခု, said...

ကျိုင်းတုံသားကတော့ လုပ်ချလိုက်ပြန်ပြီ။
မင်းကြောင့် ငါမိန်းမမယူတော့ဘူးကွာ .. ..

ရွှေအင်းသူ said...

ဂျာနယ်တစ်စောင်ထုတ်မလို့
ဂျာနယ်တိုက်မှာ အယ်ဒီတာ လာလုပ်ပါလား
ဖိတ်ခေါ်တယ်နော်
လစာကတော့ .......

နှင်းဆီနီ said...

ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးမို့
ယောက်ျားတွေဆို ကြောက်ကြောက်ပဲ။
ကိုဝင်းဇော်ကြီးက
ကွယ်ရာမှာ ဘယ်လိုလဲ ပြောပြ ..

Co2zeиith said...

အားလုံးပြောတာတွေ ကျွန်တော် မှတ်သွားတရ်၊
မိန်မ ယူတော့ဘူး၊၊
ဟဟ

Smilemay said...

အိမ်ထောင်ရေးမှာ
ယောက်ျားနဲ့ မိန်းမက
ဂီတာ ကြိုးလေးတွေလိုပဲ ညှိပေးနေရမယ်ထင်ပါတယ်
ဒါမှ
သာယာနာပျော်တဲ့ ချိုသာတဲ့အသံလေးတွေ ထွက်နေမှာ

Unknown said...

လင်နဲ့မယား လျှာနဲ့သွားတဲ့
နေ့တိုင်း ခုတ်ထစ်နေလို့လည်း မဖြစ်ဘူးလေ
တကယ်နားထောင်တဲ့ ယောက်ျား ရှားမှရှားပါ။
မယုံဘူး။ (ခစ်ခစ်)

စိုင်းနောင့် said...

အကိုရေ
ထိုးထိုးသာသာ မလုပ်ပါနဲ့ ပါတီတွေ ကွဲကုန်မယ်။
ယဉ်ကျေးသိမ့်မွေ့ပြီး
ရူပကာလည်းချော
ခေတ်ပညာတတ်
ဂန်မလေးတစ်ယောက်လောက်
(တတ်နိုင်ရင်ပါ)
ဒါဆို ပြောသမျှ နာခံတယ်။

စိုင်းနောင့် said...

အကိုရေ
ထိုးထိုးသာသာ မလုပ်ပါနဲ့ ပါတီတွေ ကွဲကုန်မယ်။
ယဉ်ကျေးသိမ့်မွေ့ပြီး
ရူပကာလည်းချော
ခေတ်ပညာတတ်
ဂန်မလေးတစ်ယောက်လောက်
(တတ်နိုင်ရင်ပါ)
ဒါဆို ပြောသမျှ နာခံတယ်။

သက်ဝေ said...

သူစိမ်းနှစ်ယောက် ပူးပေါင်းထူထောင်ထားတဲ့ ဘ၀လေးတစ်ခုမှာ တစ်ယောက်ကို တစ်ယောက် လေးလေးစားစားရှိကြတယ်ဆိုရင် တစ်ယောက်ပြောတာကို တစ်ယောက်က နားလည် လက်ခံ လိုက်နာ ကြဖို့ ၀န်လေးကြမယ် မဟုတ်ပါဘူး...
အရေးအကြီးဆုံးက တစ်ယောက်ကို တစ်ယောက် တကယ် ချစ်ကြဖို့ပါပဲ...
အခု အင်ထရိုဝင်နေပြီဆိုတော့ သိပ်မကြာတော့ဘူးပေါ့..
ဒီလိုလား...

Anonymous said...

ကိုယ့်စကားနားထောင်ရင် သူ့စကားလည်းနားထောင်မယ် အပြန်အလှန် လေးစားမှုတော့ရှိသင့်တာပေါ့ သူ့စကားကြီးပဲ နားထောင်နေရင် မယားကြောက်လို့ပြောခံထိမှာ ။

magyi-parchuu said...

သွား မကျိုးတာပါ ကျန်နေခဲ့တယ်လေ :P

My Diary said...

ခုကတည်းကကြောက်နေရပီထင်တယ်
အားပေးတယ်နော်
မိန်းမရိုသေအသက်ရှည်တဲ့
မသိမသာလေး ကြောက်ပေါ့ လူရှေ့မှာတော့ မထင်မခံနဲ့ အိမ်ရောက်မှ (အဟိဟိ)

Unknown said...

ကိုဝင်းဇော်
မိန်းမစကားကိုတော့
အမှန်နားထောင်သင့်တယ်နော်
ဒါမှ ညစာမခက်မှာ
အဟေဟေး

(အမှားပါရင် ခွင့်လွှတ်)